ရန္ကုန္တိုင္းေဒသႀကီး၊ ေမွာ္ဘီၿမိဳ႕နယ္၊ ေႏွာကုန္းေက်း႐ြာ၊ ႐ြာသစ္ပိုင္းတြင္ အသက္ ၇ ႏွစ္အ႐ြယ္ မိန္းကေလးငယ္အား အဓမၼျပဳက်င့္ကာ ဓားျဖင့္ ထိုးသတ္ခဲ့သူကို ၁ နာရီအတြင္း ဖမ္းဆီးရမိခဲ့ေၾကာင္း ရန္ကုန္တိုင္းရဲတပ္ဖြဲ႕မွ ဧၿပီလ ၆ ရက္ေန႔၊ ညေန ၆ နာရီဝန္းက်င္တြင္ သတင္းထုတ္ျပန္ထားသည္။

 ျပစ္မႈက်ဴးလြန္ခဲ့သူမွာ အသက္ ၂၂ ႏွစ္အ႐ြယ္ ေအာင္သိုက္ဆိုသူျဖစ္ၿပီး ေမွာ္ဘီၿမိဳ႕နယ္၊ ႐ြာသစ္ပိုင္း တြင္ ေနထိုင္သူျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ထုတ္ျပန္ထားခ်က္အရ သိရသည္။

 အမႈျဖစ္စဥ္မွာ ေမွာ္ဘီၿမိဳ႕နယ္၊ေႏွာကုန္းေက်း႐ြာ၊ ႐ြာသစ္ပိုင္း၊ အမွတ္(၅၇) ေနသူအမ်ိဳးသမီးမွာ ၎ေနအိမ္ႏွင့္ ကိုက္(၅၀)အကြာရွိ လူမႈကူညီေရးအသင္း႐ုံးေရွ႕တြင္ ကန္စြန္း႐ြက္မ်ား စည္းရန္သြားခဲ့ ေၾကာင္း၊ ထိုအခ်ိန္ ေနမေကာင္း ျဖစ္ေနေသာေျမးေတာ္စပ္သူ အသက္ ၇ ႏွစ္အ႐ြယ္ မိန္းကေလးကို ေနအိမ္၌ ထားခဲ့ေၾကာင္း သိရသည္။

 ထိုသို႔ ထားခဲ့ၿပီး ၁ နာရီခန႔္အၾကာတြင္ အဆိုပါ ကန္စြန္း႐ြက္သြားစည္းေသာအမ်ိဳးသမီးက အိမ္ တြင္က်န္ခဲ့ ေသာ ကေလးကို ေဆးတိုက္ရန္ တူမျဖစ္သူကို အိမ္သို႔ ျပန္လႊတ္ခဲ့ေၾကာင္း၊ တူမျဖစ္သူက ေနအိမ္သို႔ ျပန္ေရာက္သြားသည့္ အခ်ိန္တြင္ အသက္ ၇ ႏွစ္အ႐ြယ္ မိန္းကေလးငယ္ကို အိပ္ခန္းအတြင္း လည္ပင္း၌ ျပတ္ရွဒဏ္ရာမ်ားျဖင့္ လဲက်ေနသည္ကို ေတြ႕ရွိခဲ့ေၾကာင္း ရဲထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

ထိုအေျခအေနကို တူမျဖစ္သူက ကန္စြန္း႐ြက္သြားစည္းေနေသာအမ်ိဳးသမီးကို သြားျပန္ေျပာခဲ့ၿပီး ေနအိမ္ သို႔ျပန္လည္သြားခဲ့ရာ ေနအိမ္အိပ္ခန္းအတြင္း ကေလးငယ္မွာ လည္ပင္းထိုးသြင္း ျပတ္ရွဒဏ္ရာ (၁)ခ်က္၊ ဝဲဘက္ရင္ဘတ္ ထိုးသြင္းဒဏ္ရာ (၂)ခ်က္တို႔ျဖင့္ လဲက် ေသဆုံးေနသည္ကိုေတြ႕ရွိရသျဖင့္ ဓားျဖင့္ ထိုသတ္သူကို စုံစမ္းအေရးယူေပးရန္ ေမွာ္ဘီၿမိဳ႕ မရဲစခန္းသို႔ တိုင္းတန္းခဲ့ေၾကာင္း သိရသည္။

 ရဲတပ္ဖြဲ႕မွ ျပစ္မႈက်ဴးလြန္ခဲ့သူအား စုံစမ္းခဲ့ရာ အခင္းျဖစ္ေနအိမ္သို႔ အၿမဲ ဝင္/ထြက္ ေလ့ရွိသူမွာ အရက္ အလြန္အကြၽံေသာက္တတ္ေလ့ရွိေသာ တစ္႐ြာတည္းေနသူျဖစ္သည့္ ေအာင္သိုက္ တစ္ဦးတည္း သာရွိေၾကာင္း သိရွိခဲ့သည္။

 ထို႔ေၾကာင့္ ရဲတပ္ဖြဲ႕မွ ေအာင္သိုက္ဆိုသူအား ေခၚယူစစ္ေဆးခဲ့ရာ အခင္းျဖစ္ေနအိမ္သို႔ သြားေရာက္စဥ္ အသက္ ၇ ႏွစ္အ႐ြယ္ မိန္းကေလးငယ္တစ္ဦးတည္းသာေတြ႕ရွိသျဖင့္ ဓားႏွင့္ စေနာက္ခဲ့ရာမွ ဒဏ္ရာရရွိ သြားေသာ ေၾကာင့္ေသဆုံးသည္အထိ ဆက္လက္ျပစ္မႈက်ဴးလြန္ ခဲ့ျခင္းျဖစ္ေၾကာင္း ထြက္ဆိုခဲ့သည္ဟု ရဲထုတ္ျပန္ခ်က္ တြင္ ေဖာ္ျပထားသည္။

 သို႔ေသာ္ ရဲတပ္ဖြဲ႕မွ အေသးစိတ္ထပ္မံစစ္ေဆးခဲ့ရာ မိန္းကေလးငယ္ကို အဓမၼျပဳက်င့္ၿပီး ဓားႏွင့္ ထိုးခဲ့ျခင္း ျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သျဖင့္ အသက္ ၂၂ ႏွစ္အ႐ြယ္ရွိသည့္ ေအာင္သိုက္ဆိုသူကို အျမန္ဆုံး တရားစြဲတင္ပို႔ႏိုင္ေရးအတြက္ ေဆာင္႐ြက္ေနေၾကာင္းသိရသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ နှောကုန်းကျေးရွာ၊ ရွာသစ်ပိုင်းတွင် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်ကာ ဓားဖြင့် ထိုးသတ်ခဲ့သူကို ၁ နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ဧပြီလ ၆ ရက်နေ့၊ ညနေ ၆ နာရီဝန်းကျင်တွင် သတင်းထုတ်ပြန်ထားသည်။

 ပြစ်မှုကျူးလွန်ခဲ့သူမှာ အသက် ၂၂ နှစ်အရွယ် အောင်သိုက်ဆိုသူဖြစ်ပြီး မှော်ဘီမြို့နယ်၊ ရွာသစ်ပိုင်း တွင် နေထိုင်သူဖြစ်ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ထားချက်အရ သိရသည်။

 အမှုဖြစ်စဉ်မှာ မှော်ဘီမြို့နယ်၊နှောကုန်းကျေးရွာ၊ ရွာသစ်ပိုင်း၊ အမှတ်(၅၇) နေသူအမျိုးသမီးမှာ ၎င်းနေအိမ်နှင့် ကိုက်(၅၀)အကွာရှိ လူမှုကူညီရေးအသင်းရုံးရှေ့တွင် ကန်စွန်းရွက်များ စည်းရန်သွားခဲ့ ကြောင်း၊ ထိုအချိန် နေမကောင်း ဖြစ်နေသောမြေးတော်စပ်သူ အသက် ၇ နှစ်အရွယ် မိန်းကလေးကို နေအိမ်၌ ထားခဲ့ကြောင်း သိရသည်။

 ထိုသို့ ထားခဲ့ပြီး ၁ နာရီခန့်အကြာတွင် အဆိုပါ ကန်စွန်းရွက်သွားစည်းသောအမျိုးသမီးက အိမ်တွင် ကျန်ခဲ့ သော ကလေးကို ဆေးတိုက်ရန် တူမဖြစ်သူကို အိမ်သို့ ပြန်လွှတ်ခဲ့ကြောင်း၊ တူမဖြစ်သူက နေအိမ်သို့ ပြန်ရောက်သွားသည့် အချိန်တွင် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်ကို အိပ်ခန်းအတွင်း လည်ပင်း၌ ပြတ်ရှဒဏ်ရာများဖြင့် လဲကျနေသည်ကို တွေ့ရှိခဲ့ကြောင်း ရဲထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုအခြေအနေကို တူမဖြစ်သူက ကန်စွန်းရွက်သွားစည်းနေသောအမျိုးသမီးကို သွားပြန်ပြောခဲ့ပြီး နေအိမ် သို့ပြန်လည်သွားခဲ့ရာ နေအိမ်အိပ်ခန်းအတွင်း ကလေးငယ်မှာ လည်ပင်းထိုးသွင်း ပြတ်ရှဒဏ်ရာ (၁)ချက်၊ ဝဲဘက်ရင်ဘတ် ထိုးသွင်းဒဏ်ရာ (၂)ချက်တို့ဖြင့် လဲကျ သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ဓားဖြင့် ထိုသတ်သူကို စုံစမ်းအရေးယူပေးရန် မှော်ဘီမြို့ မရဲစခန်းသို့ တိုင်းတန်းခဲ့ကြောင်း သိရသည်။

 ရဲတပ်ဖွဲ့မှ ပြစ်မှုကျူးလွန်ခဲ့သူအား စုံစမ်းခဲ့ရာ အခင်းဖြစ်နေအိမ်သို့ အမြဲ ဝင်/ထွက် လေ့ရှိသူမှာ အရက် အလွန်အကျွံသောက်တတ်လေ့ရှိသော တစ်ရွာတည်းနေသူဖြစ်သည့် အောင်သိုက် တစ်ဦးတည်း သာရှိကြောင်း သိရှိခဲ့သည်။

 ထို့ကြောင့် ရဲတပ်ဖွဲ့မှ အောင်သိုက်ဆိုသူအား ခေါ်ယူစစ်ဆေးခဲ့ရာ အခင်းဖြစ်နေအိမ်သို့ သွားရောက်စဉ် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးတည်းသာတွေ့ရှိသဖြင့် ဓားနှင့် စနောက်ခဲ့ရာမှ ဒဏ်ရာရရှိ သွားသော ကြောင့်သေဆုံးသည်အထိ ဆက်လက်ပြစ်မှုကျူးလွန် ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု ရဲထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

 သို့သော် ရဲတပ်ဖွဲ့မှ အသေးစိတ်ထပ်မံစစ်ဆေးခဲ့ရာ မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ပြီး ဓားနှင့် ထိုးခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် အသက် ၂၂ နှစ်အရွယ်ရှိသည့် အောင်သိုက်ဆိုသူကို အမြန်ဆုံး တရားစွဲတင်ပို့နိုင်ရေးအတွက် ဆောင်ရွက်နေကြောင်းသိရသည်။

 ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top