ေအာင္လအတြက္ စိတ္မပူၾကပါနဲ႔!!! ဝိတ္တန္းညီမွ ထိုးသတ္ခြင့္ရ!

ကမ ၻာ႔လိုက္ဟဲဗီးဝိတ္တန္း ေရႊခါးပတ္ကာကြယ္ ရန္ စိန္ေခၚသူ ဘရန္ဒန္ဗီရာ၏ တရားဝင္နုတ္ ထြက္စကားေၾကာင့္ ျမန္မာပိုင္သြန္ ေအာင္လအတြက္ ပရိတ္သတ္ေတြ ရတက္မေအးစိတ္ပူခဲ႔ၾကတယ္။ လက္ရွိမွာ စိန္ေခၚသူ ဖိလစ္ပိုင္နိုင္ငံသား ဘရန္ဒန္ ဗီရာက ဟဲဗီးဝိတ္တန္း ကမ ၻာ႔ခ်န္ပီယံ။ေအာင္လထက္ ဝိတ္တန္းပိုႀကီးတယ္။ေအာင္လက မစ္ဒယ္ဝိတ္နဲ႔ လိုက္ဟဲဗီးဝိတ္ ဝိတ္တန္း ၂- ခု ကမ ၻာ႔ခ်န္ပီယံသာ ျဖစ္တယ္။အစဉ္အတိုင္း ေရတြက္ၾကည့္မယ္ဆိုပါက မစ္ဒယ္ဝိတ္တန္း/လိုက္ဟဲဗီးဝိတ္နွင့္ ဟဲဗီးဝိတ္တန္း တို႔ျဖစ္တယ္။

မစ္ဒယ္ဝိတ္က ၁၈၅ ေပါင္/ လိုက္ဟဲဗီး ဝိတ္က ၂၀၅ ေပါင္/ဟဲဗီးဝိတ္တန္းကေတာ႔ ၂၆၅ ေပါင္ တို႔ပဲျဖစ္တယ္။လက္ရွိေအာင္လက ကမ ၻာ႔မစ္ဒယ္ဝိတ္ တန္း ခ်န္ပီယံကာကြယ္ထားတာဆိုေတာ႔ သူ႔ရဲ႕ဝိတ္ တန္း range က ၁၇၀ ေပါင္ မွ ၁၈၅ ေပါင္ အၾကား ဒါမွမဟုတ္ ၁၈၅ ေပါင္ ရွိေနလိမ္႔မယ္။ေအာင္လဟာ လိုက္ဟဲဗီးဝိတ္ကမ ၻာ႔ခ်န္ပီယံတစ္ေယာက္ ျဖစ္ေနတာ ေၾကာင့္လည္းလိုအပ္လွ်င္ လိုက္ဟဲဗီးဝိတ္တန္း range ျဖစ္တဲ႔ ၁၈၅ေပါင္ မွ ၂၀၅ ေပါင္္ သို႔ဝိတ္တိုးလာေအာင္ လည္းသူ႔အေနနဲ႔ အခုကတည္းက က်င့္ယူထားရမွာ ျဖစ္တယ္။

ဘရန္ဒီဗီရာ

သူက လက္ရွိမွာ ဟဲဗီးဝိတ္တန္း ကမ ၻာ႔ခ်န္ပီယံဆို ေတာ႔ ဝိတ္တန္း range က ၂၀၅ ေပါင္ ကေန ၂၆၅ ေပါင္ အထိ ရွိေနတယ္။သို႔ေသာ္လက္ရွိ သူ႔ရဲ႕ဝိတ္ ကို ၁၂၀.၂ ကီလိုဂရမ္(သို႔) ၂၆၅ ေပါင္ မွ ၁၁၃ ကီလို ဂရမ္(သို႔) ၂၄၉ ေပါင္ သို႔ ေလ်ာ႔ခ်ထားတယ္လို႔ သိရ တယ္။ဒီလိုဆိုေတာ႔ ၂၀၁၉ ေအာက္တိုဘာလ ပြဲမတိုင္ မီ သူ႔ရဲ႕ ဝိတ္တန္းကို ၁၈၅ ေပါင္ – ၂၀၅ ေပါင္ ဝိတ္ တန္းနဲ႔ညီေအာင္ ထပ္မံေလ်ာ႔ခ်ထားရမွာပဲ ျဖစ္တယ္။

ဘရန္ဒန္ဗီရာ အေနနဲ႔အဲဒီလို လိုက္ဟဲဗီးဝိတ္တန္း range နဲ႔ေကာ ေအာင္လနဲ႔ပါ ညီညြတ္မွ်တတဲ႔ ဝိတ္ တန္းရမွသာ ဒီၿပိဳင္ပြဲဟာအထေျမာက္မွာက္ျဖစ္သလို ေအာင္လနဲ႔လည္း သူထိုးသတ္ခြင့္ရမွာပါ။ဒီအတိုင္း ကေတာ႔ ဘယ္လိုမွ်မျဖစ္နိုင္သလို MMA အဖြဲ႕အစည္း အေနနဲ႔လည္း ထိုးသတ္ခြင့္ျပဳမွာမဟုတ္ပါဘူး။ ဒါေၾကာင့္ ပရိတ္သတ္ေတြအေနနဲ႔ ေအာင္လကိုခ်စ္ ေသာစိတ္ေၾကာင့္ အလြန္အမင္းမစိုးရိမ္ၾကပါနဲ႔။

မခ်ာဒိုနဲ႔ ပြဲအေတြ႕အၾကံဳ!

ဒါ႔အျပင္လည္း ေအာင္လမွာ ၂၀၁၈ေဖေဖာ္ဝါရီလ ၂၃ ရက္ေန႔မွာ ဘရာဇီးလ္နိုင္ငံသားအလက္ဇႏၵာ မခ်ာဒိုနဲ႔ ပြဲအေတြ႕အၾကံဳေတြလည္း ရွိေနပါေသးတယ္။ အဲဒီအခ်ိန္က ဒီထက္ပိုဆိုးပါတယ္။ေအာင္လက မစ္ ဒယ္ဝိတ္တန္းကေန လိုက္ဟဲဗီးဝိတ္တန္း ေရႊခါးပတ္ တက္လုရမွာ ျဖစ္ေပမယ္႔ မခ်ာဒိုကေတာ႔ ဟဲဗီးဝိတ္ တန္း ခ်န္ပီယံျဖစ္ေနတာမို႔ ေအာင္လမွာ ဝိန္တန္းတက္ ထိုးခဲ႔ရပါတယ္။ဒါေတာင္မွ အဆံုးသတ္ လွပခဲ႔တာမို႔ ဘာပဲေျပာေျပာ ေအာင္လကို အျပည့္အဝယံုၾကည္မွဳ ေပးၾကရင္း ၂၀၁၉ ေအာက္တိုဘာလပြဲစဉ္ဆီ ဆက္ လက္ေလွ်ာက္လွမ္းၾကည့္ၾကပါစို႔လားဗ်ာ။

ဗဟုသုတ ရရွိေစဖြယ္ရာ!

MMA Weight Categories

1.Flyweight ( 125.4 lb )

2.Bantamweight ( 125.4 lb – 134.2 lb )

3.Featherweight (134.2 lb – 145.2 lb )

4.Lightweight ( 145.2 lb – 154 lb )

5.Welterweight ( 154 lb – 169.4 lb )

6.Middleweight ( 169.4 lb – 185 lb )

7.Light Heavyweight ( 185 lb – 205 lb )

8.Heavyweight ( 205 lb – 265 lb )

9.Super Heavyweight ( N/A )

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မိုးေဇာ္

#Unicode Version# ျဖင့္ဖတ္ပါ ။

အောင်လအတွက် စိတ်မပူကြပါနဲ့!!! ဝိတ်တန်းညီမှ ထိုးသတ်ခွင့်ရ!

ကမ ္ဘာ့လိုက်ဟဲဗီးဝိတ်တန်း ရွှေခါးပတ်ကာကွယ် ရန် စိန်ခေါ်သူ ဘရန်ဒန်ဗီရာ၏ တရားဝင်နုတ် ထွက်စကားကြောင့် မြန်မာပိုင်သွန် အောင်လအတွက် ပရိတ်သတ်တွေ ရတက်မအေးစိတ်ပူခဲ့ကြတယ်။ လက်ရှိမှာ စိန်ခေါ်သူ ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန် ဗီရာက ဟဲဗီးဝိတ်တန်း ကမ ္ဘာ့ချန်ပီယံ။အောင်လထက် ဝိတ်တန်းပိုကြီးတယ်။အောင်လက မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ် ဝိတ်တန်း ၂- ခု ကမ ္ဘာ့ချန်ပီယံသာ ဖြစ်တယ်။အစဉ်အတိုင်း ရေတွက်ကြည့်မယ်ဆိုပါက မစ်ဒယ်ဝိတ်တန်း/လိုက်ဟဲဗီးဝိတ်နှင့် ဟဲဗီးဝိတ်တန်း တို့ဖြစ်တယ်။

မစ်ဒယ်ဝိတ်က ၁၈၅ ပေါင်/ လိုက်ဟဲဗီး ဝိတ်က ၂၀၅ ပေါင်/ဟဲဗီးဝိတ်တန်းကတော့ ၂၆၅ ပေါင် တို့ပဲဖြစ်တယ်။လက်ရှိအောင်လက ကမ ္ဘာ့မစ်ဒယ်ဝိတ် တန်း ချန်ပီယံကာကွယ်ထားတာဆိုတော့ သူ့ရဲ့ဝိတ် တန်း range က ၁၇၀ ပေါင် မှ ၁၈၅ ပေါင် အကြား ဒါမှမဟုတ် ၁၈၅ ပေါင် ရှိနေလိမ့်မယ်။အောင်လဟာ လိုက်ဟဲဗီးဝိတ်ကမ ္ဘာ့ချန်ပီယံတစ်ယောက် ဖြစ်နေတာ ကြောင့်လည်းလိုအပ်လျှင် လိုက်ဟဲဗီးဝိတ်တန်း range ဖြစ်တဲ့ ၁၈၅ပေါင် မှ ၂၀၅ ပေါင် သို့ဝိတ်တိုးလာအောင် လည်းသူ့အနေနဲ့ အခုကတည်းက ကျင့်ယူထားရမှာ ဖြစ်တယ်။

ဘရန်ဒီဗီရာ

သူက လက်ရှိမှာ ဟဲဗီးဝိတ်တန်း ကမ ္ဘာ့ချန်ပီယံဆို တော့ ဝိတ်တန်း range က ၂၀၅ ပေါင် ကနေ ၂၆၅ ပေါင် အထိ ရှိနေတယ်။သို့သော်လက်ရှိ သူ့ရဲ့ဝိတ် ကို ၁၂၀.၂ ကီလိုဂရမ်(သို့) ၂၆၅ ပေါင် မှ ၁၁၃ ကီလို ဂရမ်(သို့) ၂၄၉ ပေါင် သို့ လျော့ချထားတယ်လို့ သိရ တယ်။ဒီလိုဆိုတော့ ၂၀၁၉ အောက်တိုဘာလ ပွဲမတိုင် မီ သူ့ရဲ့ ဝိတ်တန်းကို ၁၈၅ ပေါင် – ၂၀၅ ပေါင် ဝိတ် တန်းနဲ့ညီအောင် ထပ်မံလျော့ချထားရမှာပဲ ဖြစ်တယ်။

ဘရန်ဒန်ဗီရာ အနေနဲ့အဲဒီလို လိုက်ဟဲဗီးဝိတ်တန်း range နဲ့ကော အောင်လနဲ့ပါ ညီညွတ်မျှတတဲ့ ဝိတ် တန်းရမှသာ ဒီပြိုင်ပွဲဟာအထမြောက်မှာက်ဖြစ်သလို အောင်လနဲ့လည်း သူထိုးသတ်ခွင့်ရမှာပါ။ဒီအတိုင်း ကတော့ ဘယ်လိုမျှမဖြစ်နိုင်သလို MMA အဖွဲ့အစည်း အနေနဲ့လည်း ထိုးသတ်ခွင့်ပြုမှာမဟုတ်ပါဘူး။ ဒါကြောင့် ပရိတ်သတ်တွေအနေနဲ့ အောင်လကိုချစ် သောစိတ်ကြောင့် အလွန်အမင်းမစိုးရိမ်ကြပါနဲ့။

မချာဒိုနဲ့ ပွဲအတွေ့အကြုံ!

ဒါ့အပြင်လည်း အောင်လမှာ ၂၀၁၈ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ဘရာဇီးလ်နိုင်ငံသားအလက်ဇန္ဒာ မချာဒိုနဲ့ ပွဲအတွေ့အကြုံတွေလည်း ရှိနေပါသေးတယ်။ အဲဒီအချိန်က ဒီထက်ပိုဆိုးပါတယ်။အောင်လက မစ် ဒယ်ဝိတ်တန်းကနေ လိုက်ဟဲဗီးဝိတ်တန်း ရွှေခါးပတ် တက်လုရမှာ ဖြစ်ပေမယ့် မချာဒိုကတော့ ဟဲဗီးဝိတ် တန်း ချန်ပီယံဖြစ်နေတာမို့ အောင်လမှာ ဝိန်တန်းတက် ထိုးခဲ့ရပါတယ်။ဒါတောင်မှ အဆုံးသတ် လှပခဲ့တာမို့ ဘာပဲပြောပြော အောင်လကို အပြည့်အဝယုံကြည်မှု ပေးကြရင်း ၂၀၁၉ အောက်တိုဘာလပွဲစဉ်ဆီ ဆက် လက်လျှောက်လှမ်းကြည့်ကြပါစို့လားဗျာ။

ဗဟုသုတ ရရှိစေဖွယ်ရာ!

MMA Weight Categories

1.Flyweight ( 125.4 lb )

2.Bantamweight ( 125.4 lb – 134.2 lb )

3.Featherweight (134.2 lb – 145.2 lb )

4.Lightweight ( 145.2 lb – 154 lb )

5.Welterweight ( 154 lb – 169.4 lb )

6.Middleweight ( 169.4 lb – 185 lb )

7.Light Heavyweight ( 185 lb – 205 lb )

8.Heavyweight ( 205 lb – 265 lb )

9.Super Heavyweight ( N/A )

ဖိုးသူတော် (www.phothutaw.com)
Credit: မိုးဇော်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top