အူအတက္ေရာင္ျခင္းမွာ အသက္အႏၲရာယ္ကို ဒုကၡေပးႏုိင္သည့္ ေရာဂါျဖစ္ေၾကာင္း လူသိမ်ားေသာ္လည္း အူအတက္ႏွင့္ ပတ္သက္ၿပီး ေသခ်ာစြာ မသိသျဖင့္ ရမ္းသန္း ေဆးကုသမႈ ခံယူျခင္းမ်ဳိးလည္း ရွိၾကသည္။

ယင္းအတြက္ “အူအတက္ ေရာင္ရမ္းတာ ခြဲရမယ္ ေျပာတယ္”၊ “မခြဲခ်င္လို႔ မရဘူးလား” “ခြဲရင္ေရာ ဘာေတြ ျဖစ္ႏိုင္မလဲ” အစရွိသျဖင့္ ေမးခြန္းမ်ား ေမးျမန္းလာၾကသည္။ လတ္တေလာတြင္လည္း အူအတက္ ေရာင္ရမ္းနာေရာဂါမ်ား အျဖစ္မ်ားလာလ်က္ ရွိေၾကာင္း က်န္းမာေရး အသိုင္းအဝိုင္းမွ သိရသည့္အတြက္ သိေကာင္းစရာအျဖစ္ တင္ဆက္လိုက္ပါသည္။

အူအတက္ဆိုတာ

“အူအတက္ဆိုတာ လူတိုင္းမွာ ေမြးရာပါ အဂၤါအစိတ္အပိုင္းအျဖစ္ ရွိပါတယ္။ အခ်ဳိ႕လူေတြ ထင္ေနၾကတာက အူမွာ အတက္ေလး ေပါက္လာတယ္ ထင္ေနတာ။ အဲဒါလဲ မွားသိတာ တစ္ခုပဲ” ဟု ပါေမာကၡ ေဒါက္တာ ျမသိန္းဟန္ ဗိုလ္မွဴးခ်ဳပ္(ၿငိမ္း) အေထြေထြ ခြဲစိတ္ကု ဆရာဝန္ႀကီးက ေျပာသည္။ အူအတက္သည္ အူမႀကီး၏ အစဦးျဖစ္သည့္ ေဖာင္းပြေသာ အပိုင္းဆံုး အူမႀကီးအတြင္းရွိ အလ်ားလိုက္ တည္ရွိေနေသာ ႂကြက္သားမွ်င္မ်ား ေပါင္းစံုသည့္ ေနရာတြင္ရွိေသာ ခ်င္းလက္တက္ကဲ့သို႔ အေခါင္းပါေသာ ရွည္ေမ်ာေမ်ာ အေခ်ာင္းငယ္ျဖစ္ေၾကာင္း သိရသည္။

အူအတက္၏ တည္ေနရာ အူ

အူအတက္သည္ အူမႀကီးႏွင့္ အေခါင္းခ်င္း ဆက္ေနေသာ ကိုယ္ခႏၶာ အစိတ္အပိုင္းျဖစ္ကာ ဝမ္းဗိုက္၏ ယာဘက္ျခမ္း ေအာက္ပိုင္းတြင္ တည္ရွိေၾကာင္း သိရသည္။

အူအတက္ ဘာေၾကာင့္ေရာင္

“အူအတက္ရဲ႕ အေခါင္းအေျမႇးပါးနဲ႔ အူအတက္ နံရံမွာရွိတဲ့ အဆီရည္က်ိတ္ေတြဟာ ဗိုင္းရပ္စ္ေရာဂါပိုး၊ ဒါမွမဟုတ္ ဗက္တီးရီးယားပိုးေတြေၾကာင့္ ေရာင္ရမ္း ႀကီးထြားလာၿပီးေတာ့ အူအတက္ရဲ႕အေခါင္းကို ပိတ္ဆို႔တာမ်ဳိး၊ ဒါမွမဟုတ္ မာလကာသီးေစ့၊ ဆီးေစ့တို႔က ပိတ္ဆို႔တာမ်ဳိး၊ ဝမ္းခ်ဳပ္လို႔ စျမင္းတံုးေလးေတြ ပိတ္တဲ့အခါမွာ အူအတက္ထဲမွာ သားနံရည္၊ ေသြးပုပ္၊ ျပည္ပုပ္ေတြ စုေဆာင္းလာၿပီး အူအတက္ေရာင္ရမ္း ေဖာင္းကားလာျခင္း ျဖစ္ပါတယ္” ဟု ပါေမာကၡ ေဒါက္တာ ျမသိန္းဟန္က ေျပာသည္။



အခ်ိန္လြန္ရင္ အသက္အႏၲရာယ္ရွိႏုိင္

အူအတက္ ေရာင္ရမ္းျခင္းကို အခ်ိန္မီ မကုသႏိုင္ပါက အူအတက္ ထိပ္ဖ်ားႏွင့္ ပိတ္ဆို႔ေနေသာ အရင္းပိုင္းမ်ား ပုပ္ေဆြးေပါက္ထြက္ကာ ျပည္ပုပ္ ေသြးပုပ္မ်ား ဗိုက္တစ္ျပင္လံုး ပ်ံ႕ႏွံ႔သြားတတ္ေၾကာင္း သိရသည္။ ယင္းကဲ့သုိ႔ ပ်ံ႕ႏွံ႔သြားပါက ဝမ္းဗုိက္ အတြင္းပုိင္းကုိ ဖုံးလႊမ္းကာ ကြယ္ေပးထားေသာ အေျမႇးပါးပါ ေရာင္ရမ္းကာ သားနံရည္ ျပည္ပုပ္မ်ား ပ်ံ႕ႏွံ႔ေနၿပီး ယင္းမွတစ္ဆင့္ ေသြးေၾကာမ်ားထဲဝင္ကာ ေသြးအဆိပ္တက္ျခင္း ျဖစ္ၿပီး ခႏၶာကုိယ္၏ အျခားေသာ အစိတ္အပုိင္းမ်ားျဖစ္ေသာ အဆုတ္၊ ႏွလုံး၊ အသည္း၊ ေက်ာက္ကပ္ႏွင့္ ဦးေႏွာက္မ်ားပါ ထိခုိက္ကာ အသက္အႏၲရာယ္ ျဖစ္ေပၚေစႏုိင္ေၾကာင္း သိရသည္။

ေရာဂါလကၡဏာေတြ

အူအတက္ေရာင္စျပဳေသာသူသည္ အဖ်ားရွိသူကဲ့သုိ႔ မအီမသာ ခံစားေနရၿပီး အဖ်ားတုိင္းၾကည့္ပါက ၉၀၊ ၁၀၀ ဒီဂရီဖာရင္ဟုိက္ ရွိၿပီး ႏွလုံးေသြးခုန္ႏႈန္းမွာလဲ ၈၀ မွ ၁၀၀ ၾကား ရွိၿပီး အနည္းငယ္ပ်ဳိ႕ကာ ဝမ္းခ်ဳပ္ျခင္းမ်ား ျဖစ္တတ္ေၾကာင္း သိရသည္။ ရင္ဝႏွင့္ ခ်က္ပတ္ဝန္းက်င္ ေနရာမ်ားတြင္ ေအာင့္ေနတတ္ၿပီး၊ ဗုိက္၏ ယာဘက္ေအာက္ပုိင္းသုိ႔ နာက်င္မႈေရြ႕လ်ားတတ္ေၾကာင္း သိရသည္။

အူအတက္ဆုိတုိင္း ခြဲဖို႔မလို

“လူကုိ အထူး အက်ဳိးေက်းဇူးျပဳတဲ့ အဂၤါအစိတ္အပုိင္း မဟုတ္တဲ့အတြက္ ဒုကၡစေပးေနၿပီဆုိရင္ေတာ့ ခြဲစိတ္ထုတ္ပစ္တာ ပုိေကာင္းပါတယ္။ ဒါေပမဲ့ ႐ုိး႐ုိး အူအတက္အေခါင္း အေျမႇးပါး ေရာင္တာေလာက္ဆုိရင္ေတာ့ ေရာင္တာဟာ ေဆးေပးတာနဲ႔ ေလ်ာ့သြားၿပီး ေပ်ာက္ကင္းႏုိင္ပါတယ္။ တကယ္လုိ႔ အူအတက္အတြင္းမွာ ဆီးေစ့လုိ စျမင္းလုိ ပိတ္ေနရင္ေတာ့ ေသြးေတြ ျပည္ေတြ စုလာၿပီး အူအတက္ ေပါက္ထြက္ႏုိင္တဲ့အတြက္ ခ်က္ခ်င္း အေရးေပၚ ခြဲစိတ္ၿပီး ေရာင္ရမ္းေနတဲ့ အူအတက္ကုိ ထုတ္ပစ္ႏုိင္ပါတယ္” ဟု ယင္းက ဆုိသည္။

အူအတက္နာသည္ဆုိရာတြင္

အူအတက္သည္ ဗုိက္ယာဘက္ေအာက္ပုိင္း နာတတ္သည္ ဆုိေသာ္လည္း အဆုတ္ေရာင္ျခင္း၊ အဆုတ္အေျမႇးပါး ေရာင္ၿပီး ေရဝင္ျခင္း၊ သည္းေျခအိတ္ ေရာင္ျခင္းမ်ားသည္လည္း အလားတူ နာတတ္သည့္အတြက္ တတ္ကၽြမ္းနားလည္ေသာ ဆရာဝန္ႏွင့္ ျပသရန္ အထူးလုိအပ္ေၾကာင္း သိရသည္။ ေရာဂါသိႏုိင္ဖုိ႔ လကၡဏာေတြ အထက္ေဖာ္ျပပါ အူအတက္ေရာင္ ေရာဂါမ်ားအျပင္ ဝမ္းဗုိက္ကုိ လက္ႏွင့္ဖိၿပီး စမ္းသပ္ၾကည့္ပါက ဗုိက္၏ ယာဘက္ေအာက္ပုိင္းတြင္ အထိ၊ အဖိမခံႏုိင္ဘဲ နာက်င္ေနတာကုိ ေတြ႕ရေၾကာင္း သိရသည္။

“အဲဒီလုိ လက္နဲ႔ဖိၿပီး နာရာကေန လက္ကုိ ႐ုတ္တရက္ ဆတ္ခနဲ ျပန္လႊတ္ၾကည့္ရပါမယ္။ အူအတက္နဲ႔ ပတ္ဝန္းက်င္ ဝမ္းဗုိက္ အေျမႇးပါး ေရာင္ရမ္းေနရင္ေတာ့ အဲဒီလုိ လက္ျပန္လႊတ္လုိက္တဲ့အခါ လူနာဟာ ဖ်တ္ခနဲဆုိ နာသြားၿပီး အာေမဍိတ္ အသံေတာင္ ထြက္လာႏုိင္ပါတယ္။ ဒါ့အျပင္ ဝမ္းဗုိက္ႂကြက္သား တင္းမာမႈ အေျခအေနကိုပါ မွတ္သားၿပီးေတာ့ သိႏိုင္ပါတယ္။ အူအတက္ ေရာင္ရမ္းတာက လူေတြမွာ အျဖစ္မ်ားတတ္တဲ့ ေရာဂါျဖစ္တဲ့အတြက္ ဆရာဝန္တိုင္း ဒီေရာဂါရဲ႕ သြင္ျပင္လကၡဏာေတြကို သိထားဖို႔ ဘယ္လို စမ္းသပ္စစ္ေဆးဖုိ႔ ဆိုတာေတြကို ေဆးတကၠသိုလ္မွာ ထပ္ကာတလဲလဲ သင္ၾကားျပသေပးတာမို႔ ဆရာဝန္အမ်ားစု ဒီေရာဂါကို စမ္းသပ္ႏိုင္ပါတယ္” ဟု ေျပာၾကားခဲ့သည္။ အူအတက္ေရာင္ေရာဂါသည္ ေခတ္အဆက္ဆက္ အျဖစ္မ်ားခဲ့ၿပီး ယေန႔အထိ ျဖစ္ပြားမႈမ်ားဆဲ ေရာဂါျဖစ္သည့္အတြက္ ဗိုက္ေအာင့္ ဗိုက္နာျခင္းကို ႐ုတ္တရက္ခံစားရပါက တတ္ကၽြမ္းနားလည္ေသာ ဆရာဝန္မ်ားႏွင့္ အျမန္ဆုံး ကုသရန္ လိုအပ္သည္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:healthproducts.com
Source: ေငြစႏၵီ(yatanarpon)

#Unicode Version#

အူအတက်ရောင်ခြင်းမှာ အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်သည့် ရောဂါဖြစ်ကြောင်း လူသိများသော်လည်း အူအတက်နှင့် ပတ်သက်ပြီး သေချာစွာ မသိသဖြင့် ရမ်းသန်း ဆေးကုသမှု ခံယူခြင်းမျိုးလည်း ရှိကြသည်။

ယင်းအတွက် “အူအတက် ရောင်ရမ်းတာ ခွဲရမယ် ပြောတယ်”၊ “မခွဲချင်လို့ မရဘူးလား” “ခွဲရင်ရော ဘာတွေ ဖြစ်နိုင်မလဲ” အစရှိသဖြင့် မေးခွန်းများ မေးမြန်းလာကြသည်။ လတ်တလောတွင်လည်း အူအတက် ရောင်ရမ်းနာရောဂါများ အဖြစ်များလာလျက် ရှိကြောင်း ကျန်းမာရေး အသိုင်းအဝိုင်းမှ သိရသည့်အတွက် သိကောင်းစရာအဖြစ် တင်ဆက်လိုက်ပါသည်။

အူအတက်ဆိုတာ

“အူအတက်ဆိုတာ လူတိုင်းမှာ မွေးရာပါ အင်္ဂါအစိတ်အပိုင်းအဖြစ် ရှိပါတယ်။ အချို့လူတွေ ထင်နေကြတာက အူမှာ အတက်လေး ပေါက်လာတယ် ထင်နေတာ။ အဲဒါလဲ မှားသိတာ တစ်ခုပဲ” ဟု ပါမောက္ခ ဒေါက်တာ မြသိန်းဟန် ဗိုလ်မှူးချုပ်(ငြိမ်း) အထွေထွေ ခွဲစိတ်ကု ဆရာဝန်ကြီးက ပြောသည်။ အူအတက်သည် အူမကြီး၏ အစဦးဖြစ်သည့် ဖောင်းပွသော အပိုင်းဆုံး အူမကြီးအတွင်းရှိ အလျားလိုက် တည်ရှိနေသော ကြွက်သားမျှင်များ ပေါင်းစုံသည့် နေရာတွင်ရှိသော ချင်းလက်တက်ကဲ့သို့ အခေါင်းပါသော ရှည်မျောမျော အချောင်းငယ်ဖြစ်ကြောင်း သိရသည်။

အူအတက်၏ တည်နေရာ အူ

အူအတက်သည် အူမကြီးနှင့် အခေါင်းချင်း ဆက်နေသော ကိုယ်ခန္ဓာ အစိတ်အပိုင်းဖြစ်ကာ ဝမ်းဗိုက်၏ ယာဘက်ခြမ်း အောက်ပိုင်းတွင် တည်ရှိကြောင်း သိရသည်။

အူအတက် ဘာကြောင့်ရောင်

“အူအတက်ရဲ့ အခေါင်းအမြှေးပါးနဲ့ အူအတက် နံရံမှာရှိတဲ့ အဆီရည်ကျိတ်တွေဟာ ဗိုင်းရပ်စ်ရောဂါပိုး၊ ဒါမှမဟုတ် ဗက်တီးရီးယားပိုးတွေကြောင့် ရောင်ရမ်း ကြီးထွားလာပြီးတော့ အူအတက်ရဲ့အခေါင်းကို ပိတ်ဆို့တာမျိုး၊ ဒါမှမဟုတ် မာလကာသီးစေ့၊ ဆီးစေ့တို့က ပိတ်ဆို့တာမျိုး၊ ဝမ်းချုပ်လို့ စမြင်းတုံးလေးတွေ ပိတ်တဲ့အခါမှာ အူအတက်ထဲမှာ သားနံရည်၊ သွေးပုပ်၊ ပြည်ပုပ်တွေ စုဆောင်းလာပြီး အူအတက်ရောင်ရမ်း ဖောင်းကားလာခြင်း ဖြစ်ပါတယ်” ဟု ပါမောက္ခ ဒေါက်တာ မြသိန်းဟန်က ပြောသည်။

အချိန်လွန်ရင် အသက်အန္တရာယ်ရှိနိုင်

အူအတက် ရောင်ရမ်းခြင်းကို အချိန်မီ မကုသနိုင်ပါက အူအတက် ထိပ်ဖျားနှင့် ပိတ်ဆို့နေသော အရင်းပိုင်းများ ပုပ်ဆွေးပေါက်ထွက်ကာ ပြည်ပုပ် သွေးပုပ်များ ဗိုက်တစ်ပြင်လုံး ပျံ့နှံ့သွားတတ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ပျံ့နှံ့သွားပါက ဝမ်းဗိုက် အတွင်းပိုင်းကို ဖုံးလွှမ်းကာ ကွယ်ပေးထားသော အမြှေးပါးပါ ရောင်ရမ်းကာ သားနံရည် ပြည်ပုပ်များ ပျံ့နှံ့နေပြီး ယင်းမှတစ်ဆင့် သွေးကြောများထဲဝင်ကာ သွေးအဆိပ်တက်ခြင်း ဖြစ်ပြီး ခန္ဓာကိုယ်၏ အခြားသော အစိတ်အပိုင်းများဖြစ်သော အဆုတ်၊ နှလုံး၊ အသည်း၊ ကျောက်ကပ်နှင့် ဦးနှောက်များပါ ထိခိုက်ကာ အသက်အန္တရာယ် ဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။

ရောဂါလက္ခဏာတွေ

အူအတက်ရောင်စပြုသောသူသည် အဖျားရှိသူကဲ့သို့ မအီမသာ ခံစားနေရပြီး အဖျားတိုင်းကြည့်ပါက ၉၀၊ ၁၀၀ ဒီဂရီဖာရင်ဟိုက် ရှိပြီး နှလုံးသွေးခုန်နှုန်းမှာလဲ ၈၀ မှ ၁၀၀ ကြား ရှိပြီး အနည်းငယ်ပျို့ကာ ဝမ်းချုပ်ခြင်းများ ဖြစ်တတ်ကြောင်း သိရသည်။ ရင်ဝနှင့် ချက်ပတ်ဝန်းကျင် နေရာများတွင် အောင့်နေတတ်ပြီး၊ ဗိုက်၏ ယာဘက်အောက်ပိုင်းသို့ နာကျင်မှုရွေ့လျားတတ်ကြောင်း သိရသည်။

အူအတက်ဆိုတိုင်း ခွဲဖို့မလို

“လူကို အထူး အကျိုးကျေးဇူးပြုတဲ့ အင်္ဂါအစိတ်အပိုင်း မဟုတ်တဲ့အတွက် ဒုက္ခစပေးနေပြီဆိုရင်တော့ ခွဲစိတ်ထုတ်ပစ်တာ ပိုကောင်းပါတယ်။ ဒါပေမဲ့ ရိုးရိုး အူအတက်အခေါင်း အမြှေးပါး ရောင်တာလောက်ဆိုရင်တော့ ရောင်တာဟာ ဆေးပေးတာနဲ့ လျော့သွားပြီး ပျောက်ကင်းနိုင်ပါတယ်။ တကယ်လို့ အူအတက်အတွင်းမှာ ဆီးစေ့လို စမြင်းလို ပိတ်နေရင်တော့ သွေးတွေ ပြည်တွေ စုလာပြီး အူအတက် ပေါက်ထွက်နိုင်တဲ့အတွက် ချက်ချင်း အရေးပေါ် ခွဲစိတ်ပြီး ရောင်ရမ်းနေတဲ့ အူအတက်ကို ထုတ်ပစ်နိုင်ပါတယ်” ဟု ယင်းက ဆိုသည်။

အူအတက်နာသည်ဆိုရာတွင်

အူအတက်သည် ဗိုက်ယာဘက်အောက်ပိုင်း နာတတ်သည် ဆိုသော်လည်း အဆုတ်ရောင်ခြင်း၊ အဆုတ်အမြှေးပါး ရောင်ပြီး ရေဝင်ခြင်း၊ သည်းခြေအိတ် ရောင်ခြင်းများသည်လည်း အလားတူ နာတတ်သည့်အတွက် တတ်ကျွမ်းနားလည်သော ဆရာဝန်နှင့် ပြသရန် အထူးလိုအပ်ကြောင်း သိရသည်။ ရောဂါသိနိုင်ဖို့ လက္ခဏာတွေ အထက်ဖော်ပြပါ အူအတက်ရောင် ရောဂါများအပြင် ဝမ်းဗိုက်ကို လက်နှင့်ဖိပြီး စမ်းသပ်ကြည့်ပါက ဗိုက်၏ ယာဘက်အောက်ပိုင်းတွင် အထိ၊ အဖိမခံနိုင်ဘဲ နာကျင်နေတာကို တွေ့ရကြောင်း သိရသည်။

“အဲဒီလို လက်နဲ့ဖိပြီး နာရာကနေ လက်ကို ရုတ်တရက် ဆတ်ခနဲ ပြန်လွှတ်ကြည့်ရပါမယ်။ အူအတက်နဲ့ ပတ်ဝန်းကျင် ဝမ်းဗိုက် အမြှေးပါး ရောင်ရမ်းနေရင်တော့ အဲဒီလို လက်ပြန်လွှတ်လိုက်တဲ့အခါ လူနာဟာ ဖျတ်ခနဲဆို နာသွားပြီး အာမေဍိတ် အသံတောင် ထွက်လာနိုင်ပါတယ်။ ဒါ့အပြင် ဝမ်းဗိုက်ကြွက်သား တင်းမာမှု အခြေအနေကိုပါ မှတ်သားပြီးတော့ သိနိုင်ပါတယ်။ အူအတက် ရောင်ရမ်းတာက လူတွေမှာ အဖြစ်များတတ်တဲ့ ရောဂါဖြစ်တဲ့အတွက် ဆရာဝန်တိုင်း ဒီရောဂါရဲ့ သွင်ပြင်လက္ခဏာတွေကို သိထားဖို့ ဘယ်လို စမ်းသပ်စစ်ဆေးဖို့ ဆိုတာတွေကို ဆေးတက္ကသိုလ်မှာ ထပ်ကာတလဲလဲ သင်ကြားပြသပေးတာမို့ ဆရာဝန်အများစု ဒီရောဂါကို စမ်းသပ်နိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။ အူအတက်ရောင်ရောဂါသည် ခေတ်အဆက်ဆက် အဖြစ်များခဲ့ပြီး ယနေ့အထိ ဖြစ်ပွားမှုများဆဲ ရောဂါဖြစ်သည့်အတွက် ဗိုက်အောင့် ဗိုက်နာခြင်းကို ရုတ်တရက်ခံစားရပါက တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့် အမြန်ဆုံး ကုသရန် လိုအပ်သည်။
ဖိုးသူတော်(www.phothutaw.com)
Credit:healthproducts.com
Source: ငွေစန္ဒီ(yatanarpon)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top