ေကာင္ေလးေတြဟာ သူ႔ ခ်စ္သူ ေကာင္မေလး ကို တကယ္ ခ်စ္ရင္ ဒီလို အခ်က္ေလးေတြ မလြဲမေသြ လုပ္ေပးပါလိမ့္မယ္ …

1) ကိုယ့္ ခ်စ္သူ ကို ခ်စ္ခင္ေလးစားမႈ အျပည့္အဝ ေပးတယ္ …

ခ်စ္သူ ဟာ ဘယ္ေလာက္ နိမ့္က်ေန ပါေစ တကယ္ခ်စ္တဲ့ ေယာက္်ား တေယာက္ဟာ ဘယ္ေတာ့မွ ခ်စ္သူအေပၚ ၿပီးစလြယ္ မဆက္ဆံ ပါဘူး ။ယုတ္စြ အဆုံး ခ်စ္သူ ဟာ အေပ်ာ္မယ္ ျဖစ္ေနရင္ေတာင္ ခ်စ္သူကို ေလးစား ျမတ္ႏိုးမႈ အပိုင္းက တစက္ကေလးမွ ေလ်ာ့ မသြားပါဘူး ။

2) ခ်စ္သူ ရဲ႕ ဆႏၵေတြကို ျဖည့္ဆည္းေပး လိမ့္မယ္ …

ကိုယ့္ခ်စ္သူရဲ႕ ဆႏၵ က ဘာဆိုတာ အၿမဲ အေလးထား သူေတြ ျဖစ္တဲ့ အတြက္ ခ်စ္သူ႔မ်က္ႏွာကို တခ်က္ကေလး မညိဳးေစတဲ့ သူေတြ ျဖစ္ပါတယ္ ။ ဒါေပမဲ့ သူ ျဖည့္ေပးႏိုင္တာ မ်ိဳးေတာ့ ျဖစ္ရမယ္ေပါ့ ။

3) ခ်စ္သူကို လုံၿခဳံမႈ အျပည့္အဝ ေပးလိမ့္မယ္ …

ခ်စ္သူကို လုံၿခဳံမႈ ေပးႏိုင္တဲ့ ေနရာမွာလည္း ေျပာစရာ မလိုပါဘူး ။ ႐ုပ္ပိုင္းဆိုင္ရာ လုံၿခဳံမႈကို အသာထား ၊ သူကို ခ်စ္မိတဲ့ ခ်စ္သူကို စိတ္ပိုင္းဆိုင္ရာ လုံၿခဳံမႈ အျပည့္အဝ ေပးႏိုင္စြမ္းတဲ့ သူေတြ ျဖစ္ပါတယ္ ။

4) ခ်စ္သူကို သူ႔စိတ္ထဲမွာ ရွိတဲ့အတိုင္း ဖြင့္ေျပာတယ္

ဒီလိုေယာက္်ားေတြဟာ ကိုယ့္ခ်စ္သူအေပၚ ဘာကိုမွ လွ်ိဳ႕ဝွက္ဖို႔ စဥ္းစားတဲ့ သူေတြ မဟုတ္ပါဘူး ။ လုပ္စရာ ရွိရင္လည္း ခ်စ္သူနဲ႔ တိုင္ပင္တယ္ ၊ေျပာစရာ ရွိရင္လည္း ခ်စ္သူကို ဖြင့္ေျပာတယ္ ။ ႐ိုးသားတဲ့ ခ်စ္သူေတြမွာသာ ေတြ႕ရတဲ့ အမူအက်င့္ ျဖစ္ပါတယ္။

5) ကိုယ့္ရဲ႕ ဆုံးျဖတ္ခ်က္ ၊ အျပဳအမူေတြနဲ႔ ပတ္သက္ၿပီး တာဝန္ယူမႈ အျပည့္ ရွိတယ္ …

ခ်စ္သူနဲ႔ ပတ္သက္ရင္ သူ႔ရဲ႕ ဆုံးျဖတ္ခ်က္ေတြ ၊ အျပဳအမူေတြ ၊ ျဖစ္လာရင္ တာဝန္ယူမႈ အျပည့္ ရွိပါတယ္ ။အနီးစပ္ဆုံး ဥပမာ ေျပာရရင္ လြန္က်ဴး မိလို႔ မဖုံးႏိုင္ မဖိႏိုင္ ျဖစ္လာရင္ ဘယ္လို အခက္အခဲ ရွိပါေစ ခ်စ္သူကို ပစ္မထားဘဲ သူရဲ႕ တာဝန္သိ စိတ္ကို ျပတတ္သူေတြ ျဖစ္ပါတယ္ ။

ဒီထက္ ပိုႏိုင္ေသးတာ ကေတာ့ ခ်စ္သူဟာ တပါးေသာ ေယာက္်ားနဲ႔ ေမွာက္မွားမိတယ္ ဆိုရင္ေတာင္ သူ႔မွာ ခ်စ္စိတ္နဲ႔ တာဝန္ယူစိတ္ ရွိပါတယ္ ။

6) အရာရာတိုင္းအတြက္ မားမား မတ္မတ္ ရပ္တည္တယ္ …

ခ်စ္သူနဲ႔ ပတ္သက္လာရင္ ေကာင္းသည္ ဆိုးသည္ ပဓာန မဟုတ္ ။ သူ႔ ဘက္က မားမား မတ္မတ္ ရပ္တည္ပါတယ္ ။ရင္ဆိုင္ ေျဖရွင္းဖို႔ ျပႆနာေတြ ေပၚလာရင္လည္း ခ်စ္သူေရွ႕ ကေန ရဲရဲ ရင့္ရင့္ ရင္ဆိုင္ ေျဖရွင္းတတ္သူေတြ ျဖစ္ပါတယ္။

7) သူ႔ခ်စ္သူကို အခက္အခဲ ၾကားကေန ကယ္တင္တယ္ …

ကိုယ့္ ခ်စ္သူဟာ အခက္အခဲေပါင္း မ်ားစြာနဲ႔ ရင္ဆိုင္ေနရ ရင္လည္း ေဘးကေန ပါးစပ္နဲ႔တင္ ပူပင္ျပတဲ့သူ မဟုတ္ပါဘူး ။သူ လုပ္ ႏိုင္တဲ့ ရႈ႕ေထာင့္ကေန ဝင္ေရာက္ ႐ုန္းကန္ေပးသူ ျဖစ္ပါတယ္။ စံခ်ိန္မွာလည္း အတူတူ ခံခ်ိန္မွာလည္း အတူတူ ဆိုတဲ့ စိတ္ဓာတ္မ်ိဳးရွိသူေတြ ျဖစ္ပါတယ္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:loveshortnotes
# Unicode Version # ျဖင့္ ဖတ္ပါ #


ကောင်လေးတွေဟာ သူ့ ချစ်သူ ကောင်မလေး ကို တကယ် ချစ်ရင် ဒီလို အချက်လေးတွေ မလွဲမသွေ လုပ်ပေးပါလိမ့်မယ် …

1) ကိုယ့် ချစ်သူ ကို ချစ်ခင်လေးစားမှု အပြည့်အဝ ပေးတယ် …

ချစ်သူ ဟာ ဘယ်လောက် နိမ့်ကျနေ ပါစေ တကယ်ချစ်တဲ့ ယောက်ျား တယောက်ဟာ ဘယ်တော့မှ ချစ်သူအပေါ် ပြီးစလွယ် မဆက်ဆံ ပါဘူး ။ယုတ်စွ အဆုံး ချစ်သူ ဟာ အပျော်မယ် ဖြစ်နေရင်တောင် ချစ်သူကို လေးစား မြတ်နိုးမှု အပိုင်းက တစက်ကလေးမှ လျော့ မသွားပါဘူး ။

2) ချစ်သူ ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေး လိမ့်မယ် …

ကိုယ့်ချစ်သူရဲ့ ဆန္ဒ က ဘာဆိုတာ အမြဲ အလေးထား သူတွေ ဖြစ်တဲ့ အတွက် ချစ်သူ့မျက်နှာကို တချက်ကလေး မညိုးစေတဲ့ သူတွေ ဖြစ်ပါတယ် ။ ဒါပေမဲ့ သူ ဖြည့်ပေးနိုင်တာ မျိုးတော့ ဖြစ်ရမယ်ပေါ့ ။

3) ချစ်သူကို လုံခြုံမှု အပြည့်အဝ ပေးလိမ့်မယ် …

ချစ်သူကို လုံခြုံမှု ပေးနိုင်တဲ့ နေရာမှာလည်း ပြောစရာ မလိုပါဘူး ။ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုကို အသာထား ၊ သူကို ချစ်မိတဲ့ ချစ်သူကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု အပြည့်အဝ ပေးနိုင်စွမ်းတဲ့ သူတွေ ဖြစ်ပါတယ် ။

4) ချစ်သူကို သူ့စိတ်ထဲမှာ ရှိတဲ့အတိုင်း ဖွင့်ပြောတယ်

ဒီလိုယောက်ျားတွေဟာ ကိုယ့်ချစ်သူအပေါ် ဘာကိုမှ လျှို့ဝှက်ဖို့ စဉ်းစားတဲ့ သူတွေ မဟုတ်ပါဘူး ။ လုပ်စရာ ရှိရင်လည်း ချစ်သူနဲ့ တိုင်ပင်တယ် ၊ပြောစရာ ရှိရင်လည်း ချစ်သူကို ဖွင့်ပြောတယ် ။ ရိုးသားတဲ့ ချစ်သူတွေမှာသာ တွေ့ရတဲ့ အမူအကျင့် ဖြစ်ပါတယ်။

5) ကိုယ့်ရဲ့ ဆုံးဖြတ်ချက် ၊ အပြုအမူတွေနဲ့ ပတ်သက်ပြီး တာဝန်ယူမှု အပြည့် ရှိတယ် …

ချစ်သူနဲ့ ပတ်သက်ရင် သူ့ရဲ့ ဆုံးဖြတ်ချက်တွေ ၊ အပြုအမူတွေ ၊ ဖြစ်လာရင် တာဝန်ယူမှု အပြည့် ရှိပါတယ် ။အနီးစပ်ဆုံး ဥပမာ ပြောရရင် လွန်ကျူး မိလို့ မဖုံးနိုင် မဖိနိုင် ဖြစ်လာရင် ဘယ်လို အခက်အခဲ ရှိပါစေ ချစ်သူကို ပစ်မထားဘဲ သူရဲ့ တာဝန်သိ စိတ်ကို ပြတတ်သူတွေ ဖြစ်ပါတယ် ။

ဒီထက် ပိုနိုင်သေးတာ ကတော့ ချစ်သူဟာ တပါးသော ယောက်ျားနဲ့ မှောက်မှားမိတယ် ဆိုရင်တောင် သူ့မှာ ချစ်စိတ်နဲ့ တာဝန်ယူစိတ် ရှိပါတယ် ။

6) အရာရာတိုင်းအတွက် မားမား မတ်မတ် ရပ်တည်တယ် …

ချစ်သူနဲ့ ပတ်သက်လာရင် ကောင်းသည် ဆိုးသည် ပဓာန မဟုတ် ။ သူ့ ဘက်က မားမား မတ်မတ် ရပ်တည်ပါတယ် ။ရင်ဆိုင် ဖြေရှင်းဖို့ ပြဿနာတွေ ပေါ်လာရင်လည်း ချစ်သူရှေ့ ကနေ ရဲရဲ ရင့်ရင့် ရင်ဆိုင် ဖြေရှင်းတတ်သူတွေ ဖြစ်ပါတယ်။

7) သူ့ချစ်သူကို အခက်အခဲ ကြားကနေ ကယ်တင်တယ် …

ကိုယ့် ချစ်သူဟာ အခက်အခဲပေါင်း များစွာနဲ့ ရင်ဆိုင်နေရ ရင်လည်း ဘေးကနေ ပါးစပ်နဲ့တင် ပူပင်ပြတဲ့သူ မဟုတ်ပါဘူး ။သူ လုပ် နိုင်တဲ့ ရှု့ထောင့်ကနေ ဝင်ရောက် ရုန်းကန်ပေးသူ ဖြစ်ပါတယ်။ စံချိန်မှာလည်း အတူတူ ခံချိန်မှာလည်း အတူတူ ဆိုတဲ့ စိတ်ဓာတ်မျိုးရှိသူတွေ ဖြစ်ပါတယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit:loveshortnotes
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top