ပံုထဲက အမ်ိဳးသမီး ဟာ ကြၽန္ေတာ့္ အေမတို႔ နဲ႔ တစ္ရပ္ကြက္ထဲပါ။
ျဖစ္သြားတာက သူတို႔ ရပ္ကြက္ထဲက မ႑ပ္မွာ ပါပဲ။
ကေလးအေမျဖစ္တယ္၊ ေပ်ာ္တတ္တယ္၊ သေဘာေကာင္းတယ္။

ေရပက္ခံထြက္ရင္း ရပ္ကြက္ထိပ္ မ႑ပ္ေရာက္ေတာ့ ရပ္ကြက္ထဲက ကာလသားေတြနဲ႔ ေရပက္ရင္း ဒီလို လုပ္ျပတယ္..။(ဘာလို႔လုပ္ျပလဲေတာ့မသိ..မလုပ္ျပသင့္တာေတာ့အမွန္ပါ)
ဒါကို သတင္းေထာက္က ဓာတ္ပံုေသခ်ာ႐ိုက္သြားတယ္။
သတင္းစာကလည္း မ်က္ႏွာမေျပာနဲ႔ က်င့္ဝတ္အရ ဖ်က္သစ္တဲ့ ဟာကိုေတာင္ ပံုမဖ်က္ပဲ….သတင္းစာေရာင္းေကာင္းလိုေဇာ နဲ႔ မူရင္းပံုအတိုင္း ထည့္လိုက္တယ္။
အက်ိဳးဆက္က..ဘာျဖစ္လဲ။
အာဏာသိမ္းၿပီးခါစ ယဥ္ေက်းမႈဘာညာ ေသြးဆူေနတဲ့ ဦးေနဝင္းအစိုးရ က ဓာတ္ပံုနဲ႔ တိုက္ၿပီး ဖမ္းတယ္။
အမ်ိဳးသမီး ေထာင္က်သြားတယ္။
အခု..သူ႔သား၊ သူ႔ေျမး ေတြ ႐ွိပါေသးတယ္။
သူ႔ေျမး တစ္ေယာက္ဆို လက္႐ွိ နိုင္ငံေက်ာ္..ေကာင္မေလးေတြ အသဲေၾကာ္ လူသိမ်ားတဲ့ အေနအထားမွာပါ။
တကယ္ေတာ့..သူဟာ လူ႔အဖြဲ႔အစည္းထဲ အရမ္းႀကီးမားတဲ့ အျပစ္ကို က်ဴ းလြန္မိတဲ့ အမ်ိဳးသမီး မဟုတ္ပါဘူး။
ယဥ္ေက်းမႈ ဆိုတဲ့ စည္းမ်ဥ္းကို အေပ်ာ္လြန္ရာက ခ်ိဳးေဖာက္မိခဲ့တာပါ။
မီဒီယာအေနနဲ႔ မ်က္ႏွာေတြ၊ ရင္သားေတြကို ဖ်က္ထားလို႔ ရပါလ်က္ တမင္ေဖာ္ျပလိုက္တဲ့အခါ သူလည္း ေထာင္က်သြားပါတယ္။
ၿပီးေတာ့ အခု သူကြယ္လြန္ၿပီး ႏွစ္မ်ားစြာၾကာမွ..ဒီလို ပံုေတြ တက္လာတဲ့အခါ..သူ႔သား၊ သူ႔ေျမးေတြ ဟာ အေၾကာင္းသိသူေတြၾကား အ႐ွက္ရၾကမွာပါ။
သူတို႔ အေမ၊ သူတို့အဘြားပံုကို ဒီလိုႀကီး ျပန္ျမင္ၾကတဲ့အခါ ဘယ္သူက စိတ္ေကာင္းႏိုင္ပါ့မလဲ။
အမ်ိဳးသမီးရဲ႕ မေစာင့္စည္းမႈ ေၾကာင့္ မွန္ေပမယ့္
မီဒီယာတစ္ခုရဲ႕ က်င့္ဝတ္မေစာင့္ထိန္းမႈေၾကာင့္..ဘာမွမဆိုင္တဲ့ ေဆြစဥ္မ်ိဳးဆက္ကပါ နွစ္ေပါင္းမ်ားစြာ ၾကာတဲ့အထိ အ႐ွက္ရတဲ့ အျဖစ္ပါ။
ခုေခတ္ဆို ႏို႔ေပၚတာေလာက္ကေတာ့…႐ိုး..ဟိုး..ေနတဲ့ ကိစၥ။
သူ႔တုန္းကေတာ့..ေထာင္ထဲပါ ဝင္လိုက္ရတယ္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:ၿဗိတိသ်ွကိုကိုေမာင္
#Unicode Version#
ဒီသတင်းကိုတော့ ငယ်ငယ်ကတည်းက ကြားဖူးပြီးသားပါ။
ပုံထဲက အမျိုးသမီး ဟာ ကျွန်တော့် အမေတို့ နဲ့ တစ်ရပ်ကွက်ထဲပါ။
ဖြစ်သွားတာက သူတို့ ရပ်ကွက်ထဲက မဏ္ဍပ်မှာ ပါပဲ။
ကလေးအမေဖြစ်တယ်၊ ပျော်တတ်တယ်၊ သဘောကောင်းတယ်။
ရေပက်ခံထွက်ရင်း ရပ်ကွက်ထိပ် မဏ္ဍပ်ရောက်တော့ ရပ်ကွက်ထဲက ကာလသားတွေနဲ့ ရေပက်ရင်း ဒီလို လုပ်ပြတယ်..။(ဘာလို့လုပ်ပြလဲတော့မသိ..မလုပ်ပြသင့်တာတော့အမှန်ပါ)
ဒါကို သတင်းထောက်က ဓာတ်ပုံသေချာရိုက်သွားတယ်။
သတင်းစာကလည်း မျက်နှာမပြောနဲ့ ကျင့်ဝတ်အရ ဖျက်သစ်တဲ့ ဟာကိုတောင် ပုံမဖျက်ပဲ….သတင်းစာရောင်းကောင်းလိုဇော နဲ့ မူရင်းပုံအတိုင်း ထည့်လိုက်တယ်။
အကျိုးဆက်က..ဘာဖြစ်လဲ။
အာဏာသိမ်းပြီးခါစ ယဉ်ကျေးမှုဘာညာ သွေးဆူနေတဲ့ ဦးနေဝင်းအစိုးရ က ဓာတ်ပုံနဲ့ တိုက်ပြီး ဖမ်းတယ်။
အမျိုးသမီး ထောင်ကျသွားတယ်။
အခု..သူ့သား၊ သူ့မြေး တွေ ရှိပါသေးတယ်။
သူ့မြေး တစ်ယောက်ဆို လက်ရှိ နိုင်ငံကျော်..ကောင်မလေးတွေ အသဲကြော် လူသိများတဲ့ အနေအထားမှာပါ။
တကယ်တော့..သူဟာ လူ့အဖွဲ့အစည်းထဲ အရမ်းကြီးမားတဲ့ အပြစ်ကို ကျူ းလွန်မိတဲ့ အမျိုးသမီး မဟုတ်ပါဘူး။
ယဉ်ကျေးမှု ဆိုတဲ့ စည်းမျဉ်းကို အပျော်လွန်ရာက ချိုးဖောက်မိခဲ့တာပါ။
မီဒီယာအနေနဲ့ မျက်နှာတွေ၊ ရင်သားတွေကို ဖျက်ထားလို့ ရပါလျက် တမင်ဖော်ပြလိုက်တဲ့အခါ သူလည်း ထောင်ကျသွားပါတယ်။
ပြီးတော့ အခု သူကွယ်လွန်ပြီး နှစ်များစွာကြာမှ..ဒီလို ပုံတွေ တက်လာတဲ့အခါ..သူ့သား၊ သူ့မြေးတွေ ဟာ အကြောင်းသိသူတွေကြား အရှက်ရကြမှာပါ။
သူတို့ အမေ၊ သူတို့အဘွားပုံကို ဒီလိုကြီး ပြန်မြင်ကြတဲ့အခါ ဘယ်သူက စိတ်ကောင်းနိုင်ပါ့မလဲ။
အမျိုးသမီးရဲ့ မစောင့်စည်းမှု ကြောင့် မှန်ပေမယ့်
မီဒီယာတစ်ခုရဲ့ ကျင့်ဝတ်မစောင့်ထိန်းမှုကြောင့်..ဘာမှမဆိုင်တဲ့ ဆွေစဉ်မျိုးဆက်ကပါ နှစ်ပေါင်းများစွာ ကြာတဲ့အထိ အရှက်ရတဲ့ အဖြစ်ပါ။
ခုခေတ်ဆို နို့ပေါ်တာလောက်ကတော့…ရိုး..ဟိုး..နေတဲ့ ကိစ္စ။
သူ့တုန်းကတော့..ထောင်ထဲပါ ဝင်လိုက်ရတယ်။
ဖိုးသူတော်(www.phothutaw.com)
Credit:ဗြိတိသျှကိုကိုမောင်