ေရစက္မခ်ဘဲ လွဴတာကို “ဒါန”လို႔ ေခၚတယ္။ေရစက္ခ်ျခင္းကို “ပတိၱဒါန”လို႔ ေခၚတယ္။ ေရစက္မခ်ဘဲလွဴလ်ွင္ ဒါနအက်ိဳးသက္သက္မ်ွကိုသာ ရတယ္။ ေရစက္ခ်တဲ့အတြက္ ဒါနအက်ိဳးမွ် မကဘူး ၊ ပတိၱဒါနအက်ိဳးကိုလည္း ရတယ္။

ပတိၱဒါနအေၾကာင္းကို အနည္းငယ္ ေျပာျပဦးမယ္။ ပတိၱ+ဒါန ဆိုတဲ့ ပုဒ္ႏွစ္ပုဒ္မွာ  မိမိထံ ကုသိုလ္ေရာက္လာတာကို “ပတိၱ”လို႔ ေခၚတယ္။ ↔ဒါန ဆိုတာ ေပးျခင္း။ ဒါေၾကာင့္ မိမိထံ ေရာက္လာတဲ့ ကုသိုလ္ကို သူတစ္ပါးထံ အမ်ွေပး ေဝျခင္းကို ပတိၱဒါန လို႔ေခၚတယ္။

ေရွးဦးစြာ တစ္စုံတစ္ခုေသာ ဝတၳဳကို လွဴတယ္။ ထိုသို႔ လွဴတဲ့အတြက္ ေရာက္လာတဲ့ ဒါနေစတနာကို “ပတိၱ”လို႔ ေခၚတယ္။ မိမိထံေရာက္လာတဲ့ ဒါနေစတနာကို ၾကားၾကားသမ်ွ သာဓုေခၚေတာ္မူၾကပါလို႔ ေဝငွေပးတဲ့ ေစတနာကို “ပတိၱဒါန”လို႔ ေခၚတယ္။ ကိုယ္ရထားတဲ့ကုသိုလ္ကို သူတစ္ပါးတို႔အား ေပးလိုက္လ်ွင္ ကုိယ့္မွာကုသိုလ္ ကုန္သြား ေရာ့လားလို႔ ေတြးမွားစရာ ရွိတယ္။

မီးတိုင္တစ္တိုင္ ထြန္းထားရာက မီးတိုင္အမ်ား မီးလာကူးတဲ့အတြက္ မူလမီးရဲ႕ အေရာင္အလင္းဟာ ေလ်ာ့မသြားသည့္ အျပင္ အလင္းေရာင္ ပိုလာသလို မူလကုသိုလ္ရွင္မွာ ကုသိုလ္ မကုန္တဲ့အျပင္ ပတိၱဒါန ကုသိုလ္အက်ိဳးကိုပင္ ထပ္ၿပီး ရေသးတဲ့အတြက္ ေရစက္မခ်ဘဲ လွဴလ်ွင္ ဒါနအက်ိဳး သက္သက္မ်ွသာ ရတယ္။

ေရစက္ခ် အလွဴေပးတဲ့အတြက္ ပတိၱဒါနအက်ိဳးကိုပါ ရတယ္လို႔ မွတ္သားသင့္တယ္။ ေရစက္ခ်စဥ္ ခံယူရမည့္စိတ္ထားက᠌᠌᠌ ႐ုပ္တရား နာမ္တရား မွန္သမ်ွ ျဖစ္ၿပီး ပ်က္တတ္တာခ်ည္းမို႔ မၿမဲတဲ့ အနိစၥဆိုတာလည္း ႐ုပ္နာမ္ပဲ ။ ဆင္းရဲတတ္တဲ့ ဒုကၡဆို တာလည္း ႐ုပ္နာမ္ပဲ ။ ခိုင္မာမႈမရွိတဲ့ အနတၱဆိုတာလည္း ႐ုပ္နာမ္ပဲ ။ ဤကုသိုလ္ေၾကာင့္᠌᠌᠌ အနိစၥ ဒုကၡ အနတၱ ျဖစ္တဲ့ ႐ုပ္နာမ္တို႔၏ ခ်ဳပ္ၿငိမ္းရာ နိဗၺာန္ကို မ်က္ေမွာက္ျပဳရပါလို၏’ လို႔္ မိမိစိတ္ကို နိဗၺာန္ဆီ ညႊတ္ထားရမွာ ျဖစ္တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:အေထြေထြဗဟုသုတ

#Unicode Version# ျဖင့္ဖတ္ပါ ။

ရေစက်မချဘဲ လှူတာကို “ဒါန”လို့ ခေါ်တယ်။ရေစက်ချခြင်းကို “ပတ္တိဒါန”လို့ ခေါ်တယ်။ ရေစက်မချဘဲလှူလျှင် ဒါနအကျိုးသက်သက်မျှကိုသာ ရတယ်။ ရေစက်ချတဲ့အတွက် ဒါနအကျိုးမျှ မကဘူး ၊ ပတ္တိဒါနအကျိုးကိုလည်း ရတယ်။

ပတ္တိဒါနအကြောင်းကို အနည်းငယ် ပြောပြဦးမယ်။ ပတ္တိ+ဒါန ဆိုတဲ့ ပုဒ်နှစ်ပုဒ်မှာ  မိမိထံ ကုသိုလ်ရောက်လာတာကို “ပတ္တိ”လို့ ခေါ်တယ်။ ↔ဒါန ဆိုတာ ပေးခြင်း။ ဒါကြောင့် မိမိထံ ရောက်လာတဲ့ ကုသိုလ်ကို သူတစ်ပါးထံ အမျှပေး ဝေခြင်းကို ပတ္တိဒါန လို့ခေါ်တယ်။

ရှေးဦးစွာ တစ်စုံတစ်ခုသော ဝတ္ထုကို လှူတယ်။ ထိုသို့ လှူတဲ့အတွက် ရောက်လာတဲ့ ဒါနစေတနာကို “ပတ္တိ”လို့ ခေါ်တယ်။ မိမိထံရောက်လာတဲ့ ဒါနစေတနာကို ကြားကြားသမျှ သာဓုခေါ်တော်မူကြပါလို့ ဝေငှပေးတဲ့ စေတနာကို “ပတ္တိဒါန”လို့ ခေါ်တယ်။ ကိုယ်ရထားတဲ့ကုသိုလ်ကို သူတစ်ပါးတို့အား ပေးလိုက်လျှင် ကိုယ့်မှာကုသိုလ် ကုန်သွား ရော့လားလို့ တွေးမှားစရာ ရှိတယ်။

မီးတိုင်တစ်တိုင် ထွန်းထားရာက မီးတိုင်အများ မီးလာကူးတဲ့အတွက် မူလမီးရဲ့ အရောင်အလင်းဟာ လျော့မသွားသည့် အပြင် အလင်းရောင် ပိုလာသလို မူလကုသိုလ်ရှင်မှာ ကုသိုလ် မကုန်တဲ့အပြင် ပတ္တိဒါန ကုသိုလ်အကျိုးကိုပင် ထပ်ပြီး ရသေးတဲ့အတွက် ရေစက်မချဘဲ လှူလျှင် ဒါနအကျိုး သက်သက်မျှသာ ရတယ်။

ရေစက်ချ အလှူပေးတဲ့အတွက် ပတ္တိဒါနအကျိုးကိုပါ ရတယ်လို့ မှတ်သားသင့်တယ်။ ရေစက်ချစဉ် ခံယူရမည့်စိတ်ထားက᠌᠌᠌ ရုပ်တရား နာမ်တရား မှန်သမျှ ဖြစ်ပြီး ပျက်တတ်တာချည်းမို့ မမြဲတဲ့ အနိစ္စဆိုတာလည်း ရုပ်နာမ်ပဲ ။ ဆင်းရဲတတ်တဲ့ ဒုက္ခဆို တာလည်း ရုပ်နာမ်ပဲ ။ ခိုင်မာမှုမရှိတဲ့ အနတ္တဆိုတာလည်း ရုပ်နာမ်ပဲ ။ ဤကုသိုလ်ကြောင့်᠌᠌᠌ အနိစ္စ ဒုက္ခ အနတ္တ ဖြစ်တဲ့ ရုပ်နာမ်တို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလို၏’ လို့် မိမိစိတ်ကို နိဗ္ဗာန်ဆီ ညွှတ်ထားရမှာ ဖြစ်တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:အထွေထွေဗဟုသုတ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top