
တစ္သားေမြးတစ္ေသြးလွဆိုတဲ့စကားေလးအတိုင္း သူမက အမႊာေလးေမြးထားေတာ့ ႏွစ္ဆတိုးၿပီး လွေနခ်က္ကေတော့ ေျပာစရာမလိုေလာက္ ေအာင္ပါပဲ။ ဝါသနာတူ ေလွ်ာက္လွမ္းေနတဲ့ လမ္းေၾကာင္းခ်င္းလည္းတူတဲ့ ခင္ပြန္းျဖစ္သူနဲ႔အတူ သီခ်င္းေတြ ဆိုၿပီး ႏွစ္ေယာက္သားရဲ႕ မိသားစုဘဝေလးကို နားလည္မႈေတြ ေပ်ာ္႐ႊင္မႈေတြနဲ႔အတူ ျဖတ္သန္းေနတာပဲျဖစ္ပါတယ္။ လက္ရွိမွာေတာ့ သူမက သမီးေလးႏွစ္ေယာက္ နာမည္နဲ႔ ပရဟိတေဖာင္ေဒးရွင္းေလးလည္းထူေထာင္ထားပါေသးတယ္။
အမိတကၠသိုလ္ရဲ႕ Fun Fair မွာ ေဖ်ာ္ေျဖအၿပီး သူမရဲ႕ဆရာျဖစ္သူက သူမကို ခ်ီးက်ဴး စကားဆိုတာ ဂုဏ္ျပဳမွတ္တမ္းလႊာေပးအပ္ခဲ့တာပဲ ျဖစ္ပါတယ္။ ဒီမွတ္တမ္း Video ေလးကို ” ဆရာ က အဲ့လိုေတြ ခ်ီးက်ဴးေတာ့ ကိုယ့္မွာၾကည္ႏူးရတယ္ေလ တကယ္ဆို ကိုယ္ျမတ္ႏိုးတဲ့ အရာေတြအားလုံးကို ဖမ္းဆုပ္ထားခ်င္တာပါ ခုလက္ရွိဘဝက အိမ္ထဲ မွာ ကေလး၂ေယာက္ ေမေမအျဖစ္တာဝန္ေက်ဖို႔အားထုတ္ရင္း ကိုယ့္careerမွာ ဟိုမေရာက္ဒီမေရာက္ျဖစ္ေနသလိုခံစားေနရလို႔ ” ဆိုၿပီး ခ်စ္သုေဝတစ္ေယာက္ သူမရဲ႕ လူမႈကြန္ယက္မွာ ျပန္လည္ေဝမွ်လိုက္တာပဲ ျဖစ္ပါတယ္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:burmese.asia
#Unicode Version#
မေမေထရီဇာတစ်ယောက် ဆေး(၁)ရဲ့ Fun Fair ပွဲမှာ အပြတ်အသတ်တွေ ကခုန်ပြီး ဖျော်ဖြေခဲ့တာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ဆရာဝန် အဆိုတော်မလေးတစ်ယောက် အဖြစ်ကနေ လက်ရှိမှာဆိုရင် အမွှာလေးတို့ရဲ့မေမေအဖြစ်နဲ့ ပရဟိတတွေ လုပ်ကိုင်နေ ပြီပဲဖြစ်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးက အေးချမ်းပြီး ပရိသတ် တွေကလည်း သူမရဲ့ ချစ်စဖွယ်သမီးလေးနှစ်ယောက်ဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့နှစ်ယောက်ကို အရမ်းကိုချစ်ကြပါတယ်။
တစ်သားမွေးတစ်သွေးလှဆိုတဲ့စကားလေးအတိုင်း သူမက အမွှာလေးမွေးထားတော့ နှစ်ဆတိုးပြီး လှနေချက်ကတေော့ ပြောစရာမလိုလောက် အောင်ပါပဲ။ ဝါသနာတူ လျှောက်လှမ်းနေတဲ့ လမ်းကြောင်းချင်းလည်းတူတဲ့ ခင်ပွန်းဖြစ်သူနဲ့အတူ သီချင်းတွေ ဆိုပြီး နှစ်ယောက်သားရဲ့ မိသားစုဘဝလေးကို နားလည်မှုတွေ ပျော်ရွှင်မှုတွေနဲ့အတူ ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမက သမီးလေးနှစ်ယောက် နာမည်နဲ့ ပရဟိတဖောင်ဒေးရှင်းလေးလည်းထူထောင်ထားပါသေးတယ်။
အမိတက္ကသိုလ်ရဲ့ Fun Fair မှာ ဖျော်ဖြေအပြီး သူမရဲ့ဆရာဖြစ်သူက သူမကို ချီးကျူး စကားဆိုတာ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီမှတ်တမ်း Video လေးကို ” ဆရာ က အဲ့လိုတွေ ချီးကျူးတော့ ကိုယ့်မှာကြည်နူးရတယ်လေ တကယ်ဆို ကိုယ်မြတ်နိုးတဲ့ အရာတွေအားလုံးကို ဖမ်းဆုပ်ထားချင်တာပါ ခုလက်ရှိဘဝက အိမ်ထဲ မှာ ကလေး၂ယောက် မေမေအဖြစ်တာဝန်ကျေဖို့အားထုတ်ရင်း ကိုယ့်careerမှာ ဟိုမရောက်ဒီမရောက်ဖြစ်နေသလိုခံစားနေရလို့ ” ဆိုပြီး ချစ်သုဝေတစ်ယောက် သူမရဲ့ လူမှုကွန်ယက်မှာ ပြန်လည်ဝေမျှလိုက်တာပဲ ဖြစ်ပါတယ်။
ဖိုးသူတော်(www.phothutaw.com)
Credit:burmese.asia