ေရွးေဟာင္းယဥ္ေက်းမႈ သာသနာ့နယ္ေျမျဖစ္သည့္ ပုဂံေရွးေဟာင္းယဥ္ေက်းမႈဇုန္နယ္ေျမတြင္ ပလတ္စတစ္အပါအဝင္ အမိႈက္စည္းကမ္းမဲ့ပစ္သူမ်ားတြင္ ႏုိင္ငံျခားသားမ်ားထက္ ျမန္မာႏုိင္ငံသားအမ်ား စုျဖစ္ေနေၾကာင္း ေရွးေဟာင္းသုေတသနႏွင့္ အမ်ဳိးသားျပတုိက္ ဦးစီးဌာန(ပုဂံဌာနခြဲ)မွ ၫႊန္ၾကားေရးမွဴး ဦးေအာင္ေအာင္ေက်ာ္က ေျပာသည္။

ပုဂံသည္ေရွးေဟာင္းယဥ္ေက်းမႈသာသနာ့ နယ္ေျမျဖစ္ၿပီး ႏုိင္ငံတကာခရီးသြားမ်ားႏွင့္ ျပည္တြင္းခရီးသြားမ်ား တန္ဖိုးထားသြားေရာက္ေလ့လာေနရသည့္ေနရာျဖစ္ေၾကာင္း၊ ပလတ္စတစ္အမိႈက္မ်ားအား စည္းကမ္းတက် စြန္႔ပစ္ေရးလုိက္လံႏိႈးေဆာ္မႈမ်ားျပဳလုပ္ေနၿပီး အမိႈက္ပံုးမ်ားလည္း ခ်ထားေၾကာင္း၊ အမိႈက္ကင္းစင္ေရး အဖြဲ႕မ်ားက အမိႈက္ေကာက္သည့္လုပ္ငန္းစဥ္မ်ား ျပဳလုပ္ေနေသာ္လည္း စည္းကမ္းတက်စြန္႔ပစ္မႈ ယေန႔အခ်ိန္ထိမရွိေသးေၾကာင္း သိရသည္။

”ကြၽန္ေတာ္တုိ႔ေတြ အခုအခက္အခဲရွိေနတာက စည္းကမ္းမရွိ အမိႈက္ပစ္ေနၾကတာပဲ။ ႏုိင္ငံျခားသားေတြက မလုပ္ဘူး။ ကိုယ့္ႏုိင္ငံသားေတြက ပစ္ေနၾကတာ။ ကားအနက္ႀကီးေတြစီးၿပီး စည္းကမ္းမရွိပစ္ေနၾကတာ ေတြ႕ရတယ္။ အမိႈက္ေကာက္တဲ့လူေတြကလည္း ေကာက္ေနတာပဲ။ စည္းကမ္းမရွိေတာ့ ေရွးေဟာင္း နယ္ေျမမွာထိန္းသိမ္းရတဲ့ေနရာမွာ အခက္အခဲျဖစ္တာေပါ့။ ကြၽန္ေတာ္တို႔မွာ နယ္ေျမကက်ယ္ေတာ့ အားလံုးကိုေတာ့ လံုၿခံဳေရးပိုင္းခ်မထားႏုိင္ဘူး။ ေနာက္ၿပီးေတာ့ ယဥ္ေက်းမႈနဲ႔မကိုက္ညီတဲ့ အဝတ္စားဝတ္ စားဆင္ယင္မႈေတြကိုလည္း မျပဳလုပ္ေစခ်င္ဘူး”ဟု ၫႊန္ၾကားေရးမွဴးဦးေအာင္ေအာင္ေက်ာ္က ေျပာသည္။

ပုဂံေရွးေဟာင္းယဥ္ေက်းမႈ ဇုန္နယ္ေျမတြင္အမိႈက္မ်ားအား သတ္မွတ္ထားေသာ အမိႈက္ပံုးမ်ားအတြင္းသို႔ စြန္႔ပစ္မွသာ ျပန္လည္တီထြင္အသံုးခ်ႏုိင္မႈ (ြၽနခပခူန) လုပ္ႏုိင္မည္ျဖစ္ေၾကာင္း၊ ပလတ္စတစ္အမိႈက္ႏွင့္ ေဖာ့ဘူးမ်ားသည္ ေက်ပ်က္မည္မဟုတ္သျဖင့္ ေျမႀကီးေပၚသို႔ မစြန္႔ပစ္ရန္ ေမတၲာရပ္သည့္ အသိပညာ ေပးလက္ကမ္းစာေစာင္မ်ား ျဖန္႔ေဝထားၿပီး၊ ပိုစတာမ်ားလည္း စိုက္ထူထားေၾကာင္း သိရသည္။

ပုဂံယဥ္ေက်းမႈဇုန္နယ္ေျမအတြင္း ႏုိင္ငံတကာ ႏွင့္ ျပည္တြင္းခရီးသြားမ်ား လာေရာက္လည္ပတ္မႈ မ်ားၿပီး ဓာတ္ပံု၊ ဗီဒီယုိ၊ ႐ုပ္ရွင္႐ုိက္ကူးမႈမ်ားေၾကာင္း၊ ယဥ္ေက်းမႈနယ္ေျမ သာယာလွပၿပီး ႏုိင္ငံတကာမွ က်ယ္က်ယ္ျပန္႔ျပန္႔သိေစရန္အတြက္ ယဥ္ေက်းမႈႏွင့္ အညီ ႐ုပ္ရွင္၊ ဗီဒီယို႐ုိက္ကူးသူမ်ားအတြက္ ဧၿပီလ ၁ ရက္ေန႔မွစတင္ကာ ၁ ရက္လွ်င္ ၁ သိန္းက်ပ္၊ စီးပြားျဖစ္ဓာတ္ပံု႐ုိက္ကူးသူမ်ားအတြက္ ၁ ရက္လွ်င္ ၃ ေသာင္းက်ပ္ေပးေဆာင္ရမည္ျဖစ္ေၾကာင္း သိရသည္။

”ယဥ္ေက်းမႈဇုန္နယ္ေျမက အေတာ္က်ယ္ပါတယ္။ ကြၽန္ေတာ္တို႔ ဝန္ထမ္းအင္အားနဲ႔ အကုန္လုိက္ လုပ္ဖုိ႔ဆုိတာ မလြယ္ပါဘူး။ အမိႈက္ပစ္တဲ့လူေတြကလည္း ပစ္စလက္ခတ္ ပစ္ၾကသူေတြရွိတယ္။ ေနာက္ၿပီး ယဥ္ေက်းမႈနဲ႔မကိုက္ညီတဲ့ ႐ုပ္ရွင္႐ိုက္ကူးမႈေတြ၊ ဓာတ္ပံု႐ုိက္တာေတြ ဒါေတြကိုလည္း ကြၽန္ေတာ္တုိ႔ လုိက္ထိန္းရတယ္။ ကိုယ့္ႏိုင္ငံက တန္ဖုိးရွိတဲ့အရာေတြကို ထိန္းသိမ္းၾကရမွာေလ။ အမိႈက္ဆုိရင္လည္း အခုပရဟိတအဖြဲ႕အစည္းေတြ၊ လူမႈေရးအဖြဲ႕အစည္းေတြက လုပ္ေနတာေတြရွိပါတယ္။ ဘယ္ေလာက္လုပ္ လုပ္ ကုန္မသြားဘူးပစ္တဲ့လူေတြကလည္း ပစ္ေနၾက တယ္”ဟု ေရွးေဟာင္းသုေတသနႏွင့္ အမ်ဳိးသားျပ တုိက္ဦးစီးဌာန (ပုဂံဌာနခြဲ)မွ ၫႊန္ၾကားေရးမွဴးဦးေအာင္ ေအာင္ေက်ာ္က ေျပာသည္။

ပုဂံသာသနာ့နယ္ေျမတြင္ သန္႔ရွင္းတင့္တယ္မႈကိုပ်က္ယြင္းေစျခင္း၊ သဘာဝပတ္ဝန္းက်င္တန္ဖုိးကို ယုတ္ေလ်ာ့ေစျခင္း၊ ကင္ဆာေဘးသင့္ေစျခင္းတုိ႔ ေၾကာင့္ ပုဂံပလတ္စတစ္ကမ္ပိန္းကို ေစတနာရွင္မ်ား စုေပါင္း၍ ၂ဝ၁၄ ခုႏွစ္မွစတင္၍ ေဆာင္ရြက္ေနေၾကာင္း၊ ပုဂံပလတ္စတစ္ ကမ္ပိန္းအဖြဲ႕ႏွင့္ပူးေပါင္းၿပီး ဟိုတယ္ ဝန္ထမ္းမ်ား၊ အစုိးရဝန္ထမ္းမ်ား၊ ႏုိင္ငံေရး ပါတီမ်ား၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕တုိ႔ ပူးေပါင္းၿပီး အမိႈက္ေကာက္သည့္လႈပ္ရွားမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:News Watchဝင္းေဇာ္ႏိုင္

#Unicode Version#
ရှေးဟောင်းယဉ်ကျေးမှု သာသနာ့နယ်မြေဖြစ်သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်နယ်မြေတွင် ပလတ်စတစ်အပါအဝင် အမှိုက်စည်းကမ်းမဲ့ပစ်သူများတွင် နိုင်ငံခြားသားများထက် မြန်မာနိုင်ငံသားအများ စုဖြစ်နေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။

ပုဂံသည်ရှေးဟောင်းယဉ်ကျေးမှုသာသနာ့ နယ်မြေဖြစ်ပြီး နိုင်ငံတကာခရီးသွားများနှင့် ပြည်တွင်းခရီးသွားများ တန်ဖိုးထားသွားရောက်လေ့လာနေရသည့်နေရာဖြစ်ကြောင်း၊ ပလတ်စတစ်အမှိုက်များအား စည်းကမ်းတကျ စွန့်ပစ်ရေးလိုက်လံနှိုးဆော်မှုများပြုလုပ်နေပြီး အမှိုက်ပုံးများလည်း ချထားကြောင်း၊ အမှိုက်ကင်းစင်ရေး အဖွဲ့များက အမှိုက်ကောက်သည့်လုပ်ငန်းစဉ်များ ပြုလုပ်နေသော်လည်း စည်းကမ်းတကျစွန့်ပစ်မှု ယနေ့အချိန်ထိမရှိသေးကြောင်း သိရသည်။

”ကျွန်တော်တို့တွေ အခုအခက်အခဲရှိနေတာက စည်းကမ်းမရှိ အမှိုက်ပစ်နေကြတာပဲ။ နိုင်ငံခြားသားတွေက မလုပ်ဘူး။ ကိုယ့်နိုင်ငံသားတွေက ပစ်နေကြတာ။ ကားအနက်ကြီးတွေစီးပြီး စည်းကမ်းမရှိပစ်နေကြတာ တွေ့ရတယ်။ အမှိုက်ကောက်တဲ့လူတွေကလည်း ကောက်နေတာပဲ။ စည်းကမ်းမရှိတော့ ရှေးဟောင်း နယ်မြေမှာထိန်းသိမ်းရတဲ့နေရာမှာ အခက်အခဲဖြစ်တာပေါ့။ ကျွန်တော်တို့မှာ နယ်မြေကကျယ်တော့ အားလုံးကိုတော့ လုံခြုံရေးပိုင်းချမထားနိုင်ဘူး။ နောက်ပြီးတော့ ယဉ်ကျေးမှုနဲ့မကိုက်ညီတဲ့ အဝတ်စားဝတ် စားဆင်ယင်မှုတွေကိုလည်း မပြုလုပ်စေချင်ဘူး”ဟု ညွှန်ကြားရေးမှူးဦးအောင်အောင်ကျော်က ပြောသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု ဇုန်နယ်မြေတွင်အမှိုက်များအား သတ်မှတ်ထားသော အမှိုက်ပုံးများအတွင်းသို့ စွန့်ပစ်မှသာ ပြန်လည်တီထွင်အသုံးချနိုင်မှု (ျွနခပခူန) လုပ်နိုင်မည်ဖြစ်ကြောင်း၊ ပလတ်စတစ်အမှိုက်နှင့် ဖော့ဘူးများသည် ကျေပျက်မည်မဟုတ်သဖြင့် မြေကြီးပေါ်သို့ မစွန့်ပစ်ရန် မေတ္တာရပ်သည့် အသိပညာ ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေထားပြီး၊ ပိုစတာများလည်း စိုက်ထူထားကြောင်း သိရသည်။

ပုဂံယဉ်ကျေးမှုဇုန်နယ်မြေအတွင်း နိုင်ငံတကာ နှင့် ပြည်တွင်းခရီးသွားများ လာရောက်လည်ပတ်မှု များပြီး ဓာတ်ပုံ၊ ဗီဒီယို၊ ရုပ်ရှင်ရိုက်ကူးမှုများကြောင်း၊ ယဉ်ကျေးမှုနယ်မြေ သာယာလှပပြီး နိုင်ငံတကာမှ ကျယ်ကျယ်ပြန့်ပြန့်သိစေရန်အတွက် ယဉ်ကျေးမှုနှင့် အညီ ရုပ်ရှင်၊ ဗီဒီယိုရိုက်ကူးသူများအတွက် ဧပြီလ ၁ ရက်နေ့မှစတင်ကာ ၁ ရက်လျှင် ၁ သိန်းကျပ်၊ စီးပွားဖြစ်ဓာတ်ပုံရိုက်ကူးသူများအတွက် ၁ ရက်လျှင် ၃ သောင်းကျပ်ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

”ယဉ်ကျေးမှုဇုန်နယ်မြေက အတော်ကျယ်ပါတယ်။ ကျွန်တော်တို့ ဝန်ထမ်းအင်အားနဲ့ အကုန်လိုက် လုပ်ဖို့ဆိုတာ မလွယ်ပါဘူး။ အမှိုက်ပစ်တဲ့လူတွေကလည်း ပစ်စလက်ခတ် ပစ်ကြသူတွေရှိတယ်။ နောက်ပြီး ယဉ်ကျေးမှုနဲ့မကိုက်ညီတဲ့ ရုပ်ရှင်ရိုက်ကူးမှုတွေ၊ ဓာတ်ပုံရိုက်တာတွေ ဒါတွေကိုလည်း ကျွန်တော်တို့ လိုက်ထိန်းရတယ်။ ကိုယ့်နိုင်ငံက တန်ဖိုးရှိတဲ့အရာတွေကို ထိန်းသိမ်းကြရမှာလေ။ အမှိုက်ဆိုရင်လည်း အခုပရဟိတအဖွဲ့အစည်းတွေ၊ လူမှုရေးအဖွဲ့အစည်းတွေက လုပ်နေတာတွေရှိပါတယ်။ ဘယ်လောက်လုပ် လုပ် ကုန်မသွားဘူးပစ်တဲ့လူတွေကလည်း ပစ်နေကြ တယ်”ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြ တိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူးဦးအောင် အောင်ကျော်က ပြောသည်။

ပုဂံသာသနာ့နယ်မြေတွင် သန့်ရှင်းတင့်တယ်မှုကိုပျက်ယွင်းစေခြင်း၊ သဘာဝပတ်ဝန်းကျင်တန်ဖိုးကို ယုတ်လျော့စေခြင်း၊ ကင်ဆာဘေးသင့်စေခြင်းတို့ ကြောင့် ပုဂံပလတ်စတစ်ကမ်ပိန်းကို စေတနာရှင်များ စုပေါင်း၍ ၂ဝ၁၄ ခုနှစ်မှစတင်၍ ဆောင်ရွက်နေကြောင်း၊ ပုဂံပလတ်စတစ် ကမ်ပိန်းအဖွဲ့နှင့်ပူးပေါင်းပြီး ဟိုတယ် ဝန်ထမ်းများ၊ အစိုးရဝန်ထမ်းများ၊ နိုင်ငံရေး ပါတီများ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး အမှိုက်ကောက်သည့်လှုပ်ရှားမှုများ ပြုလုပ်နေကြောင်း သိရသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:News Watchဝင်းဇော်နိုင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top