ေတာင္ကုတ္ၿမိဳ႕တြင္ ၿမိဳ႕မရဲစခန္းမွဴးကားျဖင့္တိုက္မိ၍ လူတစ္ဦးေသဆံုးခဲ့သည္ဟု လူမႈကြန္ရက္ စာမ်က္ႏွာ ေပၚတင္တြင္ေရးသားခဲ့သည္ဟုဆိုကာ သံတဲြေဒသခံတစ္ဦးကို ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ)ျဖင့္ ေတာင္ကုတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္လွစ္ ထားေၾကာင္း အမႈဖြင့္ခံရသူ ကိုျမင့္မိုးက ေျပာသည္။

၎ကို ေတာင္ကုတ္ၿမိဳ႕မရဲစခန္းမွဴးက ၆၆(ဃ)ျဖင့္ အမႈဖြင့္လွစ္ထားေၾကာင္းကို ယေန႔ ဧၿပီလ ၂၅ ရက္ေန႔ ၊နံနက္ ၁၀ နာရီေက်ာ္အခ်ိန္ခန္႔တြင္ စခန္းက အေၾကာင္းၾကားလာသည္ဟု ဆိုသည္။

“က်ေနာ့္ဖုန္းကို အခုပဲ သတင္း၀င္လာတယ္။ အခုပဲ အမႈဖြင့္လိုက္ၿပီတဲ့။ ေတာင္ကုတ္ စခန္းမွဴးက ၆၆(ဃ)နဲ႔ တဲ့” ဟု ကိုျမင့္မိုးက ေျပာသည္။

ဧၿပီလ ၂၃ ရက္ေန႔က ၿမိဳ႕မရဲစခန္းမွဴးကားျဖင့္တိုက္၍ လူေသဆံုးခဲ့သည္မွာ အမွန္ေရးသားထားျခင္းျဖစ္ၿပီး မ်က္ျမင္ သက္ေသမ်ား လည္း႐ွိေၾကာင္း ၎ကဆက္ေျပာသည္။

“သူ႔ကားနဲ႔တိုက္သြားတဲ့ အေထာက္အထားေတြရွိတယ္ေလ။ CCTV မွတ္တမ္းေတြရွိတယ္။ က်ေနာ္ေရးထားတာ အမွန္တိုင္းပဲဆိုေတာ့ အမ်ားႀကီးျပႆနာမရွိပါဘူး။ ေနာက္ၿပီး ေဘးမွာမ်က္ျမင္သက္ေသေတြလည္း ရွိတယ္ေလ” ဟု ကိုျမင့္မိုးက ေျပာသည္။

အဆိုပါ ကိစၥႏွင့္ပတ္သက္ၿပီး ေတာင္ကုတ္ၿမိဳ႕မစခန္းမွဴး ဦးလွတင့္ကို ဆက္သြယ္ေမးျမန္းရာတြင္ ၎ကိစၥအား ေျပာဆို၍ မရေသးဟု တုန္႔ျပန္သည္။

ေသဆံုးသူ ဦးမိုးႀကိဳးထြန္းမွာ ဧၿပီလ ၂၃ ရက္ေန႕က ဆိုင္ကယ္ေမာင္းႏွင္လာစဥ္ ေမွာက္လဲသြားခဲ့ရာမွ ေတာင္ကုတ္ၿမိဳ႕မစခန္းမွဴး လွတင့္၏ ကားျဖင့္ တက္နင္းမိ၍ ေသဆံုးသြားခဲ့ျခင္းျဖစ္ေၾကာင္း ေသဆံုးသူ၏ မိသားစုကဆိုသည္။

သို႔ေသာ္ ၎၏ကားျဖင့္တိုက္မိျခင္းမဟုတ္ဘဲ ေသဆံုးသြားသူမွာ ဆိုင္ကယ္အ႐ွိန္မထိန္းႏိုင္ဘဲ ေမွာက္လဲသြားရာမွ ကားအနီးသို႔ေရာက္႐ွိလာျခင္းျဖစ္ေၾကာင္း ၿမိဳ႕မစခန္းမွဴး လွတင့္က ျငင္းဆိုထားသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ခင္သရဖီဦး / DMG
#Unicode Version#
တောင်ကုတ်မြို့တွင် မြို့မရဲစခန်းမှူးကားဖြင့်တိုက်မိ၍ လူတစ်ဦးသေဆုံးခဲ့သည်ဟု လူမှုကွန်ရက် စာမျက်နှာ ပေါ်တင်တွင်ရေးသားခဲ့သည်ဟုဆိုကာ သံတွဲဒေသခံတစ်ဦးကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တောင်ကုတ်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ် ထားကြောင်း အမှုဖွင့်ခံရသူ ကိုမြင့်မိုးက ပြောသည်။

၎င်းကို တောင်ကုတ်မြို့မရဲစခန်းမှူးက ၆၆(ဃ)ဖြင့် အမှုဖွင့်လှစ်ထားကြောင်းကို ယနေ့ ဧပြီလ ၂၅ ရက်နေ့ ၊နံနက် ၁၀ နာရီကျော်အချိန်ခန့်တွင် စခန်းက အကြောင်းကြားလာသည်ဟု ဆိုသည်။

“ကျနော့်ဖုန်းကို အခုပဲ သတင်းဝင်လာတယ်။ အခုပဲ အမှုဖွင့်လိုက်ပြီတဲ့။ တောင်ကုတ် စခန်းမှူးက ၆၆(ဃ)နဲ့ တဲ့” ဟု ကိုမြင့်မိုးက ပြောသည်။

ဧပြီလ ၂၃ ရက်နေ့က မြို့မရဲစခန်းမှူးကားဖြင့်တိုက်၍ လူသေဆုံးခဲ့သည်မှာ အမှန်ရေးသားထားခြင်းဖြစ်ပြီး မျက်မြင် သက်သေများ လည်းရှိကြောင်း ၎င်းကဆက်ပြောသည်။

“သူ့ကားနဲ့တိုက်သွားတဲ့ အထောက်အထားတွေရှိတယ်လေ။ CCTV မှတ်တမ်းတွေရှိတယ်။ ကျနော်ရေးထားတာ အမှန်တိုင်းပဲဆိုတော့ အများကြီးပြဿနာမရှိပါဘူး။ နောက်ပြီး ဘေးမှာမျက်မြင်သက်သေတွေလည်း ရှိတယ်လေ” ဟု ကိုမြင့်မိုးက ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး တောင်ကုတ်မြို့မစခန်းမှူး ဦးလှတင့်ကို ဆက်သွယ်မေးမြန်းရာတွင် ၎င်းကိစ္စအား ပြောဆို၍ မရသေးဟု တုန့်ပြန်သည်။

သေဆုံးသူ ဦးမိုးကြိုးထွန်းမှာ ဧပြီလ ၂၃ ရက်နေ့က ဆိုင်ကယ်မောင်းနှင်လာစဉ် မှောက်လဲသွားခဲ့ရာမှ တောင်ကုတ်မြို့မစခန်းမှူး လှတင့်၏ ကားဖြင့် တက်နင်းမိ၍ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူ၏ မိသားစုကဆိုသည်။

သို့သော် ၎င်း၏ကားဖြင့်တိုက်မိခြင်းမဟုတ်ဘဲ သေဆုံးသွားသူမှာ ဆိုင်ကယ်အရှိန်မထိန်းနိုင်ဘဲ မှောက်လဲသွားရာမှ ကားအနီးသို့ရောက်ရှိလာခြင်းဖြစ်ကြောင်း မြို့မစခန်းမှူး လှတင့်က ငြင်းဆိုထားသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:ခင်သရဖီဦး / DMG
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top