ကားက Hijet ကား မိုးကာကို ခြာထားၿပီး သံကိုင္းပဲ ခ်န္ထားတာ၊ သံကိုင္းေပၚမွာ အဲ့ ကိုယ္တုံးလုံး နဲ႔ ေကာင္မေလးက တက္ခြ ထိုင္ၿပီး ကဲေနတာ၊ ကားက ႐ုတ္တရက္ မ်က္စိေရွ႕ ျဖတ္သြားတာ …ျမန္ေတာ့ ေသခ်ာ မေတြ႕လိုက္ဘူး။ က်ေနာ္လဲ မျမင္ဖူးတာနဲ႔ လိုက္ၾကည့္ကြာ ဆိုၿပီး ဆိုင္ကယ္ ထုတ္ၿပီး လိုက္တာ …..
တစ္လမ္းလုံး ေရပက္ ခံရတာ ေရေတြကို ခြၽဲေရာ၊ အံမယ္ တခ်ိဳ႕ေနရာဆို ေခါင္းေတြေတာင္ ေလွ်ာ္ေပး ေသးတာ မျဖဴတဲ့ အသားေတာ့ မဲတာပဲ၊ တစ္ခ်ိဳ႕ ေနရာဆို ဆိုင္ကယ္ ရပ္ေပးတာေတာင္ ခြက္ေစာင္းခုတ္ ေသးတယ္။
အဲ့ကား ကလဲ ေမာင္းတာ ျမန္ထားဆို လိုက္ေနတာ လူက ေလျဖတ္ေတာ့မယ္။ ေတာင္ႀကီးက နဂိုက ေအးတယ္ေလ သၾကၤန္တြင္း မိုးက အုံ႔ေနေတာ့ ပိုဆိုး

က်ေနာ္ကလဲ ျမင္ခ်င္ေဇာနဲ႔ ဒီတိုင္းပဲ ထြက္လာခဲ့တာ အက်ႌက လက္ျပတ္ ဆိုေတာ့ ေအးတာမွ ၾကက္သီး ဖ်န္းဖ်န္းထတယ္ သြားကလဲ အခ်င္းခ်င္း ဂတ္ … ဂတ္ … ဂတ္ … ဆိုၿပီး ႐ိုက္ေနၿပီ။
ေဟာ … ေတြ႕ ပါၿပီ။ ကိုယ္တုံးလုံးမမကို ဗဟို မ႑ပ္မွာ ရပ္ေနေတာ့ လမ္းပိတ္ေနတဲ့ ၾကားထဲ အတင္းႀကီး တိုးဝင္တာ မရတဲ့အဆုံး ဆိုင္ကယ္ကို ေဘးမွာ ထိုးရပ္ၿပီး ကားနား အေျပးသြားတာ၊ သူက မိန္းကေလးတန္မဲ့ သံကိုင္းေပၚမွာ မ႑ပ္က ကေနတဲ့ သီခ်င္းကို လိုက္ေအာ္ ဆိုၿပီး ကဲေနတုန္းပဲ။
အဲ့ကားနားေရာက္ေတာ့ …. အားပါး ….. ရက္စက္တယ္။ အာ့ေကာင္မ ဝတ္ထားတာ အလပ္စတစ္ အသားေရာင္ႀကီးဗ် င့လခြီးပဲ ….ဖစ္ဆိုဒ္ကို ဝတ္ထားတာ၊ ကိုယ့္မွာေတာ့ မျမင္ဖူးလို႔ အတင္းႀကီး လိုက္ၾကည့္ေနရတာ
ဆိုင္ကယ္နား ျပန္သြားေတာ့ ဆိုင္ကယ္က မရွိေတာ့ဘူး။ ဟာ .. ေသၿပီ ေသာ့ မျဖဳတ္ခဲ့ရဘူးေလ။ အေလာတႀကီး ဆိုေတာ့ ေမ့သြားတယ္။ ဟိုၾကည့္ ဒီၾကည့္ ဟိုရွာဒီရွာနဲ႔ မ်က္စိ ကစားလိုက္ေတာ့ ေတြ႕ပါၿပီ။ အြပ္တ္အြပ္တ္ ရဲ႕ ဆိုင္ကယ္
ကိုကို ေမာ္ေတာ္ပီေကက တြန္းေနတာ ေတာ္ေသးတယ္။ က်ေနာ့ ဆိုင္ကယ္လို႔ ေျပာတာ မယုံဘူးေလ အိမ္ျပန္ၿပီး အုံနာဘုတ္ ယူၿပီး လာျပတဲ့ အဲ့တာမွ ထုတ္ေပးမယ္ တဲ့ေလ။
3ာိုက္စ့္ ပဲ …..အလုပ္ကို ရႈပ္သြားတာပဲ။ ေတာ္ၿပီ ေနာက္ခါ ဘာျဖစ္ျဖစ္ မၾကည့္ေတာ့ဘူး။ အလုပ္ ပိုတယ္။ အြပ္တ္စကြတ္ ဒဂ်န္မွာ အဘြတ္ ခံရျပန္သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:အြပ္ တ္
#Unicode Version# ျဖင့္ဖတ္ပါ ။
ဟာာ …. ကိုယ်တုံးလုံး နဲ့ဟ၊ ရေပက်ခံ ကားပေါ်မှာ ကောင်မလေးတစ်ယောက် ဗလာကျင်း နဲ့ဗျ။
ကားက Hijet ကား မိုးကာကို ခွာထားပြီး သံကိုင်းပဲ ချန်ထားတာ၊ သံကိုင်းပေါ်မှာ အဲ့ ကိုယ်တုံးလုံး နဲ့ ကောင်မလေးက တက်ခွ ထိုင်ပြီး ကဲနေတာ၊ ကားက ရုတ်တရက် မျက်စိရှေ့ ဖြတ်သွားတာ …မြန်တော့ သေချာ မတွေ့လိုက်ဘူး။ ကျနော်လဲ မမြင်ဖူးတာနဲ့ လိုက်ကြည့်ကွာ ဆိုပြီး ဆိုင်ကယ် ထုတ်ပြီး လိုက်တာ …..
တစ်လမ်းလုံး ရေပက် ခံရတာ ရေတွေကို ချွဲရော၊ အံမယ် တချို့နေရာဆို ခေါင်းတွေတောင် လျှော်ပေး သေးတာ မဖြူတဲ့ အသားတော့ မဲတာပဲ၊ တစ်ချို့ နေရာဆို ဆိုင်ကယ် ရပ်ပေးတာတောင် ခွက်စောင်းခုတ် သေးတယ်။
အဲ့ကား ကလဲ မောင်းတာ မြန်ထားဆို လိုက်နေတာ လူက လေဖြတ်တော့မယ်။ တောင်ကြီးက နဂိုက အေးတယ်လေ သြင်္ကန်တွင်း မိုးက အုံ့နေတော့ ပိုဆိုး
ကျနော်ကလဲ မြင်ချင်ဇောနဲ့ ဒီတိုင်းပဲ ထွက်လာခဲ့တာ အင်္ကျီက လက်ပြတ် ဆိုတော့ အေးတာမှ ကြက်သီး ဖျန်းဖျန်းထတယ် သွားကလဲ အချင်းချင်း ဂတ် … ဂတ် … ဂတ် … ဆိုပြီး ရိုက်နေပြီ။
ဟော … တွေ့ ပါပြီ။ ကိုယ်တုံးလုံးမမကို ဗဟို မဏ္ဍပ်မှာ ရပ်နေတော့ လမ်းပိတ်နေတဲ့ ကြားထဲ အတင်းကြီး တိုးဝင်တာ မရတဲ့အဆုံး ဆိုင်ကယ်ကို ဘေးမှာ ထိုးရပ်ပြီး ကားနား အပြေးသွားတာ၊ သူက မိန်းကလေးတန်မဲ့ သံကိုင်းပေါ်မှာ မဏ္ဍပ်က ကနေတဲ့ သီချင်းကို လိုက်အော် ဆိုပြီး ကဲနေတုန်းပဲ။
အဲ့ကားနားရောက်တော့ …. အားပါး ….. ရက်စက်တယ်။ အာ့ကောင်မ ဝတ်ထားတာ အလပ်စတစ် အသားရောင်ကြီးဗျ င့လခွီးပဲ ….ဖစ်ဆိုဒ်ကို ဝတ်ထားတာ၊ ကိုယ့်မှာတော့ မမြင်ဖူးလို့ အတင်းကြီး လိုက်ကြည့်နေရတာ
ဆိုင်ကယ်နား ပြန်သွားတော့ ဆိုင်ကယ်က မရှိတော့ဘူး။ ဟာ .. သေပြီ သော့ မဖြုတ်ခဲ့ရဘူးလေ။ အလောတကြီး ဆိုတော့ မေ့သွားတယ်။ ဟိုကြည့် ဒီကြည့် ဟိုရှာဒီရှာနဲ့ မျက်စိ ကစားလိုက်တော့ တွေ့ပါပြီ။ အွပ်တ်အွပ်တ် ရဲ့ ဆိုင်ကယ်
ကိုကို မော်တော်ပီကေက တွန်းနေတာ တော်သေးတယ်။ ကျနော့ ဆိုင်ကယ်လို့ ပြောတာ မယုံဘူးလေ အိမ်ပြန်ပြီး အုံနာဘုတ် ယူပြီး လာပြတဲ့ အဲ့တာမှ ထုတ်ပေးမယ် တဲ့လေ။
3ာိုက်စ့် ပဲ …..အလုပ်ကို ရှုပ်သွားတာပဲ။ တော်ပြီ နောက်ခါ ဘာဖြစ်ဖြစ် မကြည့်တော့ဘူး။ အလုပ် ပိုတယ်။ အွပ်တ်စကွတ် ဒဂျန်မှာ အဘွတ် ခံရပြန်သည်။
ဖိုးသူတော် (www.phothutaw.com)
Credit:အွပ် တ်