ေရစက္ ရိွလို႔ ဆံုၾကတာပါ။အေျခအေနတစ္ခုေႀကာင့္မတုိက္ဆုိင္လုိ႔ လမ္းခြဲသြားၾကရင္ဝမ္းနည္းစရာ မလုိသလုိျပန္ျပီးလည္း မေမ်ွာ္လင့္ပါနဲ႔။ေရစက္ရွိလုိ႔ ဆုံခဲ့ႀကျပီးကံကုန္ရင္ လမ္းခြဲႀကရမယ္။ကံမကုန္ေသးရင္ျပန္ဆုံေတြ႔ျဖစ္ႀကမယ္။ဘဝရဲ႕လွည့္ကြက္ေတြေအာက္မွာတစ္ေယာက္နဲ႔ တစ္ေယာက္မေမွ်ာ္လင့္ဘဲ ေတြ႔ဆုံခဲ႔ၾကျပီးေမ်ွာ္လင့္မထားတဲ႔ ကံၾကမၼာမုန္တိုင္းဖန္တီးလာျပီဆိုရင္ ထင္မွတ္မထားတဲ႔အေျခအေနေတြေႀကာင့္လည္း …တစ္ေယာက္နဲ႔ တစ္ေယာက္ေဝးကြာသြားႀကရတာပါပဲ။

တစ္ကယ္ တမ္းႀကေတာ့ေရစက္ရွိလုိ႔ ဆုံတာထက္တစ္ေယာက္ကုိ တစ္ေယာက္ေႀကြးဆပ္ဖို႔ ဆံုျဖစ္ခဲ႔ၾကတာပါ။အနားမွာ ထြက္ခြာသြားသူကုိေက်းဇူးတင္လုိက္ပါ။သူ႔ေႀကာင့္ ဝဋ္ဒုကၡမွလြတ္ကင္းသြားလုိ႔ပါ။ဘဝဆုိတာ ကိုယ္က ခ်စ္ေနျပန္ေတာ့လည္းတစ္ဖက္သားက မုန္းေနျပန္တတ္တယ္။ကုိယ္က မုန္းေနျပန္ေတာ့လည္းတစ္ဖက္သားက ခ်စ္ေနတတ္ျပန္တယ္။

ခ်စ္ျခင္း မုန္းျခင္းေတြေအာက္မွာသိပ္ျပီးေတာ့လည္း လုိက္ခံစားမေနပါနဲ႔။ေတြ႔ၾက ဆုံၾက ခဏေလးပါ။ေနရတဲ႔အခ်ိန္ေလးမွာကုိယ့္ေႀကာင့္လည္းသူတစ္ပါး စိတ္မဆင္းရဲေစနဲ႔။သူတစ္ပါးေၾကာင့္လည္းမိမိကုိယ္ကုိ စိတ္ညစ္မခံပါနဲ႔။ကုိယ့္ကုိယ္ကုိယ္ ေအးခ်မ္းစြာေနရင္းဘဝလမ္းခရီးကုိ …အေကာင္းျမင္တတ္တဲ့ မ်က္လံုးစာနာတတ္တဲ့ ႏွလုံးသားကူညီတတ္တဲ့ လက္တစ္စုံနဲ႔ေလ်ွာက္လွမ္းႀကပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Original Writer

#Unicode Version# ျဖင့္ဖတ္ပါ ။

ရေစက် ရှိလို့ ဆုံကြတာပါ။အခြေအနေတစ်ခုကြောင့်မတိုက်ဆိုင်လို့ လမ်းခွဲသွားကြရင်ဝမ်းနည်းစရာ မလိုသလိုပြန်ပြီးလည်း မမျှော်လင့်ပါနဲ့။ရေစက်ရှိလို့ ဆုံခဲ့ကြပြီးကံကုန်ရင် လမ်းခွဲကြရမယ်။ကံမကုန်သေးရင်ပြန်ဆုံတွေ့ဖြစ်ကြမယ်။ဘဝရဲ့လှည့်ကွက်တွေအောက်မှာတစ်ယောက်နဲ့ တစ်ယောက်မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ကြပြီးမျှော်လင့်မထားတဲ့ ကံကြမ္မာမုန်တိုင်းဖန်တီးလာပြီဆိုရင် ထင်မှတ်မထားတဲ့အခြေအနေတွေကြောင့်လည်း …တစ်ယောက်နဲ့ တစ်ယောက်ဝေးကွာသွားကြရတာပါပဲ။

တစ်ကယ် တမ်းကြတော့ရေစက်ရှိလို့ ဆုံတာထက်တစ်ယောက်ကို တစ်ယောက်ကြွေးဆပ်ဖို့ ဆုံဖြစ်ခဲ့ကြတာပါ။အနားမှာ ထွက်ခွာသွားသူကိုကျေးဇူးတင်လိုက်ပါ။သူ့ကြောင့် ဝဋ်ဒုက္ခမှလွတ်ကင်းသွားလို့ပါ။ဘဝဆိုတာ ကိုယ်က ချစ်နေပြန်တော့လည်းတစ်ဖက်သားက မုန်းနေပြန်တတ်တယ်။ကိုယ်က မုန်းနေပြန်တော့လည်းတစ်ဖက်သားက ချစ်နေတတ်ပြန်တယ်။

ချစ်ခြင်း မုန်းခြင်းတွေအောက်မှာသိပ်ပြီးတော့လည်း လိုက်ခံစားမနေပါနဲ့။တွေ့ကြ ဆုံကြ ခဏလေးပါ။နေရတဲ့အချိန်လေးမှာကိုယ့်ကြောင့်လည်းသူတစ်ပါး စိတ်မဆင်းရဲစေနဲ့။သူတစ်ပါးကြောင့်လည်းမိမိကိုယ်ကို စိတ်ညစ်မခံပါနဲ့။ကိုယ့်ကိုယ်ကိုယ် အေးချမ်းစွာနေရင်းဘဝလမ်းခရီးကို …အကောင်းမြင်တတ်တဲ့ မျက်လုံးစာနာတတ်တဲ့ နှလုံးသားကူညီတတ်တဲ့ လက်တစ်စုံနဲ့လျှောက်လှမ်းကြပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:Original Writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top