






Credit: ApannPyay
#Unicode Version#

တစ်ကယ်လုပ်ပြတဲ့ဇီးကိုင်းရွာ အတုယူဖို့ မျှဝေကြမယ်နော် ချစ်ပရိသတ်ကြီး

ဇီးကိုင်းကျေးရွာမှာ တစ်ရွာလုံး အရက်ရှောင်ရန်အလို့ငါ..။ ရွာသူရွာသားများ လူကြီးကလေး ယောက်ျားမိန်းမ မကျန် တက်ညီလက်ညီဖြင့် အရက်ဘီယာများကို အိမ်ပေါက်စေ့ ဝင်ရောက်ရှာဖွေပြီး ဖျက်ဆီးပစ်ကြောင်း သတင်းရရှိပါတယ်။

အခုလို တစ်ရွာလုံး တက်ညီလက်ညီ ဆောင်ရွက်ကြတဲ့ ကိစ္စအပေါ်မှာ မည်သူတစ်ဦးတစ်ယောက်ကမျှ ပြသနာရှာခြင်း တစ်စုံတစ်ရာ ပြသနာဖြစ်ပွားခြင်း မရှိပဲ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

တကယ်ကို ဝမ်းသာဂုဏ်ယူ အတုယူစရာလုပ်ရပ်ပါ..။ အခုလိုလုပ်လိုက်တဲ့လုပ်ရပ်ဟာ ရွာသားများ အရက်သောက်နှုန်းကို ရာနှုန်းပြည့်နီးပါလျှော့ကျနိုင်မယ်ဆိုတာ ကျိန်းသေးပါပဲ..။

မနေနိုင်လို့ တစ်ယောက်ယောက်က အခြားရွာမှာ ထွက်သောက်လာကာ မူးပြီး ပြန်လာခဲ့မယ်ဆိုရင်တောင် မိမိရွာသူ ရွာသားများအနေဖြင့် အခုလိုလုပ်ရပ်မျိုးကို လုပ်ဆောင်ထားပြီးဖြစ်လို့ အရက်သောက်ပြီး မူးလာခြင်းဟာ

အရင်ကထက် အဆပေါင်းများစွာ ပိုပြီး ရှက်စရာ ကောင်းတဲ့လုပ်ရပ်ဆိုတာ ပိုပြီး ထင်ထင်ရှားရှား သိရှိရမှာမို့ တစ်ခြားရွာမှာ အရက်သောက်တော့မယ်ဆိုရင်တောင် တော်တော်ကို စဉ်းစားရမယ့် အခြေအနေအထိ ရောက်ရှိသွားပါပြီ..။

အခုလို ဇီးကိုင်းရွာရဲ့ ရွာလုံးကျွတ် တက်ညီလက်ညီ အရက်ပပြောက်ရေး လုပ်ဆောင်ချက်အပေါ်  ပရိသတ်ကြီးရဲ့ အမြင်ကိုလည်း မျှဝေပေးခဲ့ပါဦးနော်..။



ဖိုးသူတော်(www.phothutaw.com)
Credit: ApannPyay
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top