မႏၲေလးတိုင္းေဒသႀကီး၊ သာစည္ၿမိဳ႕နယ္၊ ၾကပ္စခန္းအုပ္စု ခုႏွစ္မိုင္ရြာမွာ ဧၿပီ ၇ ရက္ ညေနက ဘုန္းေတာ္ႀကီးေက်ာင္းတေက်ာင္းကို ေတာမီးကေနတဆင့္ မီးကူးစက္ေလာင္ခ့ဲတယ္ လုိ႔ သာစည္မီးသတ္တပ္ဖြဲ႔က ေျပာပါတယ္။



သာစည္ၿမိဳ႕နယ္မီးသတ္ဦးစီးမႉးက “ေက်းလက္ျပည္သူေတြနဲ႔ ယင္းမာပင္ရြာ မီးသတ္စခန္း က သေႏၶအရံ မီးသတ္တပ္ဖြဲ႔ဝင္ ၁၅ဦး မီးသတ္ကား ၂စီး သုံးၿပီး မီးၿငိမ္းသတ္ရတယ္။ ေရဂါလံ ၂၄၀၀ ေလာက္သုံးရတယ္။ လူနဲ႔တိရစာၦန္ ထိခုိက္မႈ မရွိပါဘူး။ ခန္႔မွန္းေျခ ၃၂ သိန္းဖိုးေလာက္ေတာ့ ဆုံး႐ႈံးသြားတယ္” လုိ႔ ဒီဗီြဘီကုိ ေျပာပါတယ္။



မီးေလာင္သြားတဲ့ ဘုန္းႀကီးေက်ာင္းရွိ သံဃာ ၁၀ ပါးဟာ သံဃာနားေနေဆာင္မွာ သတင္းသုံးေနၾကရၿပီး    ေက်ာင္းထိုင္ဆရာေတာ္ကေတာ့ မႏၲေလးမွာ သြားေရာက္ စာေမးပြဲ ေျဖေနတယ္လို႔ ရြာခံ ကုိထြန္းျမင့္ကေျပာပါတယ္။

ေတာမီးကေန မီးကူးစက္ေလာင္တာေၾကာင့္ အလ်ား ၄၅ေပ အနံ ၃၆ေပ ရွိ အေပၚထပ္ပ်ဥ္ကာ ေအာက္ထပ္ အုတ္ကာ သြပ္မိုး ပင္မေက်ာင္းေဆာင္ႀကီး တေဆာင္ မီးေလာင္သြားခ့ဲပါတယ္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #


မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကြပ်စခန်းအုပ်စု ခုနှစ်မိုင်ရွာမှာ ဧပြီ ၇ ရက် ညနေက ဘုန်းတော်ကြီးကျောင်းတကျောင်းကို တောမီးကနေတဆင့် မီးကူးစက်လောင်ခဲ့တယ် လို့ သာစည်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

သာစည်မြို့နယ်မီးသတ်ဦးစီးမှူးက “ကျေးလက်ပြည်သူတွေနဲ့ ယင်းမာပင်ရွာ မီးသတ်စခန်း က သန္ဓေအရံ မီးသတ်တပ်ဖွဲ့ဝင် ၁၅ဦး မီးသတ်ကား ၂စီး သုံးပြီး မီးငြိမ်းသတ်ရတယ်။ ရေဂါလံ ၂၄၀၀ လောက်သုံးရတယ်။ လူနဲ့တိရစ္ဆာန် ထိခိုက်မှု မရှိပါဘူး။ ခန့်မှန်းခြေ ၃၂ သိန်းဖိုးလောက်တော့ ဆုံးရှုံးသွားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မီးလောင်သွားတဲ့ ဘုန်းကြီးကျောင်းရှိ သံဃာ ၁၀ ပါးဟာ သံဃာနားနေဆောင်မှာ သတင်းသုံးနေကြရပြီး    ကျောင်းထိုင်ဆရာတော်ကတော့ မန္တလေးမှာ သွားရောက် စာမေးပွဲ ဖြေနေတယ်လို့ ရွာခံ ကိုထွန်းမြင့်ကပြောပါတယ်။

တောမီးကနေ မီးကူးစက်လောင်တာကြောင့် အလျား ၄၅ပေ အနံ ၃၆ပေ ရှိ အပေါ်ထပ်ပျဉ်ကာ အောက်ထပ် အုတ်ကာ သွပ်မိုး ပင်မကျောင်းဆောင်ကြီး တဆောင် မီးလောင်သွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top