မိုဇမ္ဘစ္ႏိုင္ငံ ေျမာက္ပိုင္းမွာ ဝင္ေရာက္တိုက္ခတ္ခဲ့တဲ့ ကန္နက္ရွ္ဆိုင္ကလုန္းမုန္တိုင္းေၾကာင့္ ပ်က္စီးဆုံးရႈံးမႈေတြကို ေဒသခံေတြနဲ႔ ကယ္ဆယ္ေရးလုပ္သားေတြဟာ  ရင္ဆိုင္အံ့တုေနရခ်ိန္ ေနာက္ထပ္ေဘးဒုကၡအျဖစ္ ဧၿပီ ၂၉ ရက္မွာ မိုးသည္းထန္စြာ ႐ြာသြန္းမႈကိုပါ ႀကဳံဆုံေနရပါတယ္။

အာဖရိကမွာ တိုက္ခတ္တဲ့ မုန္တိုင္းေတြမွာ အားအျပင္းဆုံးျဖစ္တဲ့ ကန္နက္ရွ္မုန္တိုင္းအတြင္း ေသဆုံးသူဦးေရဟာ ၃၈ ဦးရွိၿပီး အိမ္ေျခေထာင္ေပါင္းမ်ားစြာ ပ်က္စီးဆုံးရႈံးပါတယ္။

ကားလမ္းေတြလည္း ပ်က္စီးျပတ္ေတာက္ေနၿပီး လယ္ကြင္းေတြဟာ ေရျမဳပ္ေနတပါတယ္။ မုန္တိုင္းအတြင္းမွာ အေဆာက္အအုံ ေတာ္ေတာ္မ်ားမ်ား ပ်က္စီး ဆုံးရႈံးရတာ ျဖစ္ပါတယ္။

ကန္နက္ရ္မုန္တိုင္းဟာ သီတင္းပတ္အနည္းငယ္ အၾကာက မိုဇမ္ဘစ္က ဘိုင္ရာၿမိဳ႕မွာ အီဒိုင္းမုန္တိုင္း တိုက္ခတ္ခဲ့ၿပီးေနာက္မွာ ထပ္မံဝင္ေရာက္လာတဲ့ မုန္တိုင္းပဲ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က ကာဘိုဒယ္ဂါဒိျပည္နယ္ထဲ တစ္နာရီ ကီလိုမီတာ ၂၂၀ နဲ႔ ကန္နက္ရွ္မုန္တိုင္း ဝင္ေရာက္တိုက္ခတ္ခဲ့တာ ျဖစ္ပါတယ္။

ဒီ မုန္တိုင္းဟာ အာဖရိကတိုက္မွာ ဝင္ေရာက္တိုက္ခတ္တဲ့ မုန္တိုင္းေတြထဲ အားအျပင္းဆုံးျဖစ္ၿပီး လာမယ့္ ရက္ေတြမွာ မိုးသည္းထန္စြာ ထပ္မံ႐ြာသြန္းမယ္လို႔ လူသားခ်င္းစာနာေထာက္ထားေရး ပူးေပါင္းေဆာင္႐ြက္မႈ ကုလသမဂၢ႐ုံးက ခန႔္မွန္းေျပာဆိုထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese.
# Unicode Version # ျဖင့္ ဖတ္ပါ #


 မိုဇမ်ဘစ်နိုင်ငံ မြောက်ပိုင်းမှာ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ကန်နက်ရှ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို ဒေသခံတွေနဲ့ ကယ်ဆယ်ရေးလုပ်သားတွေဟာ  ရင်ဆိုင်အံ့တုနေရချိန် နောက်ထပ်ဘေးဒုက္ခအဖြစ် ဧပြီ ၂၉ ရက်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကိုပါ ကြုံဆုံနေရပါတယ်။

အာဖရိကမှာ တိုက်ခတ်တဲ့ မုန်တိုင်းတွေမှာ အားအပြင်းဆုံးဖြစ်တဲ့ ကန်နက်ရှ်မုန်တိုင်းအတွင်း သေဆုံးသူဦးရေဟာ ၃၈ ဦးရှိပြီး အိမ်ခြေထောင်ပေါင်းများစွာ ပျက်စီးဆုံးရှုံးပါတယ်။

ကားလမ်းတွေလည်း ပျက်စီးပြတ်တောက်နေပြီး လယ်ကွင်းတွေဟာ ရေမြုပ်နေတပါတယ်။ မုန်တိုင်းအတွင်းမှာ အဆောက်အအုံ တော်တော်များများ ပျက်စီး ဆုံးရှုံးရတာ ဖြစ်ပါတယ်။

ကန်နက်ရ်မုန်တိုင်းဟာ သီတင်းပတ်အနည်းငယ် အကြာက မိုဇမ်ဘစ်က ဘိုင်ရာမြို့မှာ အီဒိုင်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီးနောက်မှာ ထပ်မံဝင်ရောက်လာတဲ့ မုန်တိုင်းပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကာဘိုဒယ်ဂါဒိပြည်နယ်ထဲ တစ်နာရီ ကီလိုမီတာ ၂၂၀ နဲ့ ကန်နက်ရှ်မုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီ မုန်တိုင်းဟာ အာဖရိကတိုက်မှာ ဝင်ရောက်တိုက်ခတ်တဲ့ မုန်တိုင်းတွေထဲ အားအပြင်းဆုံးဖြစ်ပြီး လာမယ့် ရက်တွေမှာ မိုးသည်းထန်စွာ ထပ်မံရွာသွန်းမယ်လို့ လူသားချင်းစာနာထောက်ထားရေး ပူးပေါင်းဆောင်ရွက်မှု ကုလသမဂ္ဂရုံးက ခန့်မှန်းပြောဆိုထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese.
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top