အြန္လိုင္းတြင္ ပ်ံ႕ႏွံ႔ေနေသာ ေဆးေျခာက္စိုက္ခင္းၾကီးရဲ႕သတင္း Facebook အေကာင့္ပိုင္ရွင္ တစ္ဦးက တင္ထားတာျဖစ္ပါတယ္

“ပိုင္ရွင္မဲ့ ေဆးေျခာက္စိုက္ခင္း

ေရႊမန္းၿမိဴ႕ကဧက ၅၀ ေဆးေျခာက္စိုက္ခင္းႀကီး ပိုင္ရွင္ဘယ္သူလဲေဟ့

မႏၲေလးတိုင္း ျမင္းျခံခရိုင္ ျမိဴ႕သာစင္မႈဇံု အမွတ္( ၄ )လမ္းမွာရွိတဲ့ ဘယ္သူပိုင္မွန္းမသိတဲ့ဧက ၅၀ ေဆးေျခာက္စိုက္ခင္းႀကီးပါ နိုင္ငံျခားသားေတြဦးေဆာင္ၿပီး စိုက္ခင္းေတြကိုဦးစီးတည္ေထာင္ေနတယ္လို႔လည္း သိရပါတယ္

ဒီသတင္းကိုရရခ်င္း သိပ္အံ့ၾသသြားတယ္ ဘာလုပ္လဲဆိုေတာ့ ေဆးေျခာက္ဆိုအလိပ္ေသးေသးေလးတစ္လိပ္အရြက္စိမ္းေလး ၂ က်ပ္သားေလာက္ လူငယ္ေတြရဲ႕လက္ထဲမွာမိရင္ ေထာင္ဒဏ္ခ်အျပစ္ေပးေနတဲ့ ဥပေဒရွိတဲ့ ဒီတိုင္းျပည္မွာဘယ္လိုပိုင္ရာဆိုင္ရာေတြက ဒီေလာက္ေတာင္စီးပြားျဖစ္ ေပၚတင္စိုက္ပ်ိဴးေနၾကတာလည္း ဆိုတာ အံ့အားသင့္စရာႀကီးပါ

စမ္းသပ္မႈဆိုလဲထင္သာျမင္သာ ခ်ျပၾကပါ” ဆိုျပီး Facebook မွာ တင္ထားတာျဖစ္ပါတယ္

၄င္းေဆးေျခာက္စိုက္ခင္းကို ႏိုင္ငံျခားသားတစ္ဦးမွ လာေရာက္ရင္းႏွီးျမဳပ္ႏွံစို္က္ပ်ိဳးျခင္းျဖစ္ၿပီး၊ ေဒသခံလုပ္သားမ်ားကို တရက္လွ်င္ က်ပ္ ၈၀၀၀ ျဖင့္ ေနစားအလုပ္ေခၚယူ၍ အလုပ္အကို္င္ ဖန္တီးေပးထားေၾကာင္း၊ ေန႕၊ ညလုပ္ကိုင္ပါက က်ပ္၂၀၀၀၀ ခန္႔ရၿပီး ၇ ရက္လွ်င္တႀကိမ္ လုပ္အားခရွင္းေပးေၾကာင္း သိရသည္။

၄င္းစိုက္ခင္းတြင္ စိုက္ပ်ဳိးထားေသာ အပင္မ်ားမွာ ေဆးေျခာက္အႏြယ္၀င္ျဖစ္ေသာ္လည္း မူးယစ္ေဆး၀ါး မထုတ္လုပ္ႏိုင္ေသာ အပင္မ်ားျဖစ္ေၾကာင္း၊ ယင္းအပင္မ်ားမွ ေလွ်ာ္ကိုရယူကာ ႏုညံ့သည့္အ၀တ္အထည္မ်ားကို ထုတ္လုပ္ႏိုင္ေၾကာင္း၊

အဆိုပါေဆးေျခာက္ပင္မ်ားမွာ ကမၻာ့ေစ်းကြက္တြင္ အလြန္ေစ်းေကာင္းသည့္ စက္မႈကုန္ၾကမ္းပစၥည္းမ်ားျဖစ္ေၾကာင္း သံုးသပ္ေျပာဆိုမႈမ်ား ရွိေနသည္။

 ဖိုးသူေတာ္(www.phothutaw.com)
Credit:ခရီးသည္
Source MLMM
#Unicode Version#
အွန်လိုင်းတွင် ပျံ့နှံ့နေသော ဆေးခြောက်စိုက်ခင်းကြီးရဲ့သတင်း Facebook အကောင့်ပိုင်ရှင် တစ်ဦးက တင်ထားတာဖြစ်ပါတယ်

“ပိုင်ရှင်မဲ့ ဆေးခြောက်စိုက်ခင်း

ရွှေမန်းမြိူ့ကဧက ၅၀ ဆေးခြောက်စိုက်ခင်းကြီး ပိုင်ရှင်ဘယ်သူလဲဟေ့

မန္တလေးတိုင်း မြင်းခြံခရိုင် မြိူ့သာစင်မှုဇုံ အမှတ်( ၄ )လမ်းမှာရှိတဲ့ ဘယ်သူပိုင်မှန်းမသိတဲ့ဧက ၅၀ ဆေးခြောက်စိုက်ခင်းကြီးပါ နိုင်ငံခြားသားတွေဦးဆောင်ပြီး စိုက်ခင်းတွေကိုဦးစီးတည်ထောင်နေတယ်လို့လည်း သိရပါတယ်

ဒီသတင်းကိုရရချင်း သိပ်အံ့သြသွားတယ် ဘာလုပ်လဲဆိုတော့ ဆေးခြောက်ဆိုအလိပ်သေးသေးလေးတစ်လိပ်အရွက်စိမ်းလေး ၂ ကျပ်သားလောက် လူငယ်တွေရဲ့လက်ထဲမှာမိရင် ထောင်ဒဏ်ချအပြစ်ပေးနေတဲ့ ဥပဒေရှိတဲ့ ဒီတိုင်းပြည်မှာဘယ်လိုပိုင်ရာဆိုင်ရာတွေက ဒီလောက်တောင်စီးပွားဖြစ် ပေါ်တင်စိုက်ပျိူးနေကြတာလည်း ဆိုတာ အံ့အားသင့်စရာကြီးပါ

စမ်းသပ်မှုဆိုလဲထင်သာမြင်သာ ချပြကြပါ” ဆိုပြီး Facebook မှာ တင်ထားတာဖြစ်ပါတယ်

၎င်းဆေးခြောက်စိုက်ခင်းကို နိုင်ငံခြားသားတစ်ဦးမှ လာရောက်ရင်းနှီးမြုပ်နှံစိုက်ပျိုးခြင်းဖြစ်ပြီး၊ ဒေသခံလုပ်သားများကို တရက်လျှင် ကျပ် ၈၀၀၀ ဖြင့် နေစားအလုပ်ခေါ်ယူ၍ အလုပ်အကိုင် ဖန်တီးပေးထားကြောင်း၊ နေ့၊ ညလုပ်ကိုင်ပါက ကျပ်၂၀၀၀၀ ခန့်ရပြီး ၇ ရက်လျှင်တကြိမ် လုပ်အားခရှင်းပေးကြောင်း သိရသည်။

၎င်းစိုက်ခင်းတွင် စိုက်ပျိုးထားသော အပင်များမှာ ဆေးခြောက်အနွယ်ဝင်ဖြစ်သော်လည်း မူးယစ်ဆေးဝါး မထုတ်လုပ်နိုင်သော အပင်များဖြစ်ကြောင်း၊ ယင်းအပင်များမှ လျှော်ကိုရယူကာ နုညံ့သည့်အဝတ်အထည်များကို ထုတ်လုပ်နိုင်ကြောင်း၊

အဆိုပါဆေးခြောက်ပင်များမှာ ကမ္ဘာ့ဈေးကွက်တွင် အလွန်ဈေးကောင်းသည့် စက်မှုကုန်ကြမ်းပစ္စည်းများဖြစ်ကြောင်း သုံးသပ်ပြောဆိုမှုများ ရှိနေသည်။

 ဖိုးသူတော်(www.phothutaw.com)
Credit:ခရီးသည်
Source MLMM
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top