မေကြးတိုင္းေဒသႀကီး၊ စလင္းၿမိဳ႕နယ္၊ က်ပၸါယ္ေက်း႐ြာအုပ္စု၊ ေ႐ႊတြင္းတူးေက်း႐ြာတြင္ စတုဒီသာအလႉ သြားစားရာမွ လူ ၁၃၅ ဦး အစာအဆိပ္သင့္၍ ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္ပြားခဲ့ရာ အားလုံး က်န္းမာေရးေကာင္းမြန္ၿပီ ျဖစ္ေၾကာင္း စလင္းၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနမွ သိရသည္။

ၿပီးခဲ့သည့္ ဧၿပီလ ၁၇ ရက္ ျမန္မာႏွစ္ဆန္းတစ္ရက္ေန႔က ေ႐ႊတြင္းတူး႐ြာမွ စတုဒီသာအလႉတစ္ခုတြင္ ပဲဟင္း ႏွင့္ ေညာင္႐ြက္သုပ္ စားမိရာက ညေနပိုင္း၌ ဝမ္းပ်က္ဝမ္းေလ်ာျဖစ္ပြားခဲ့ၾကျခင္းျဖစ္သည္။

“ ေ႐ႊတြင္းတူး႐ြာမွာ မဟာသၾကၤန္ကာလ အလႉရွင္ေတြက ပဲဟင္းရယ္၊ေညာင္႐ြက္သုပ္ေကြၽးတယ္။ အဲဲ့ဒီညက အကုန္လုံး ဝမ္းေလ်ာတယ္။ ဗိုက္နာတယ္။ ေအာ့တယ္၊အန္တယ္၊ ဖ်ားတယ္။ စားတဲ့သူေတြ ျဖစ္တယ္။ မစားတဲ့သူေတြ မျဖစ္ဘူး။ အားလုံး ၁၃၅ ေယာက္ျဖစ္တယ္” ဟု စလင္းၿမိဳ႕နယ္၊ က်န္းမာေရးဦးစီးဌာနမႉး ေဒါက္တာေမာင္ေမာင္ေျပက ေျပာသည္။

အဆိုပါ ေ႐ႊတြင္းတူး႐ြာသည္ အိမ္ ေျခ ၁၂၄ အိမ္ရွိၿပီး လူဦးေရ ၆၀၄ ဦးရွိေသာ ႐ြာ ျဖစ္သည္။ ေ႐ႊတြင္းတူး ႐ြာသည္ စလင္းတမံထိပ္တြင္ရွိၿပီး စလင္းေဆး႐ုံသို႔ ပို႔ေဆာင္ရန္ အလြန္ေဝးကြာေသာေၾကာင့္ စလင္းၿမိဳ႕နယ္၊ က်န္းမာေရးဦးစီးဌာနမွ ဆရာဝန္မ်ား၊ သူနာျပဳမ်ား အလွည့္က် သြားေရာက္ကုသေပးေနရေၾကာင္း သိရသည္။

“ ေတာထဲမွာ ေညာင္႐ြက္ ရွိတယ္။ ေညာင္႐ြက္ကိုသုပ္ၿပီး ပြဲတည္ေပးေတာ့ စားၾကတယ္ေပါ့ဗ်ာ။ အဲဒါကေန ပဲဟင္းရယ္၊ ေညာင္႐ြက္သုပ္ရယ္ စားၾကတာေပါ့၊။ ေညာင္႐ြက္သုပ္က နဂိုကတည္းက ဝမ္းပ်က္တတ္တဲ့အေလ့ ရွိတယ္။ အေတာ္ေလးေတာ့ ဆိုးဆိုးဝါးဝါး ဝမ္းပ်က္ဝမ္းေလွ်ာမႈ ျဖစ္ပြားခဲ့တာပါ” ဟု ေဒသခံ ဦးျမတ္စိုးက ေျပာသည္။

စလင္းၿမိဳ႕နယ္၊ က်ပၸယ္ေက်း႐ြာအုပ္စု ေ႐ႊတြင္းတူးေက်း႐ြာအလႉတြင္ အစာအဆိပ္သင့္၍ ဝမ္းပ်က္ဝမ္းေလွ်ာ ျဖစ္ေနသည္ကို ၿမိဳ႕နယ္က်န္းမာေရးဌာနမွ ဦးစီးႀကီးၾကပ္ကုသေပးေနၿပီး ယေန႔ ဧၿပီ ၁၉ ရက္က လူနာမ်ားအားလုံး သက္သာလာၿပီျဖစ္ေၾကာင္း သိရသည္။

ယမန္ေန႔ ဧၿပီ ၁၈ ရက္က စလင္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးကံဦး၊ ၿမိဳ႕နယ္အုပ္ခ်ဴပ္ေရးမႉး ဦးဟိန္း ဆက္၊ ၿမိဳ႕နယ္စည္ပင္ေကာ္မတီဝင္ ဦးေအးကိုတို႔ သြားေရာက္အားေပးၿပီး ေရသန႔္ဘူးႏွင့္ဓာတ္ဆားထုပ္မ်ားေပးအပ္လႉဒါန္းခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကျပ္ပါယ်ကျေးရွာအုပ်စု၊ ရွှေတွင်းတူးကျေးရွာတွင် စတုဒီသာအလှူ သွားစားရာမှ လူ ၁၃၅ ဦး အစာအဆိပ်သင့်၍ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားခဲ့ရာ အားလုံး ကျန်းမာရေးကောင်းမွန်ပြီ ဖြစ်ကြောင်း စလင်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့က ရွှေတွင်းတူးရွာမှ စတုဒီသာအလှူတစ်ခုတွင် ပဲဟင်း နှင့် ညောင်ရွက်သုပ် စားမိရာက ညနေပိုင်း၌ ဝမ်းပျက်ဝမ်းလျောဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။

“ ရွှေတွင်းတူးရွာမှာ မဟာသြင်္ကန်ကာလ အလှူရှင်တွေက ပဲဟင်းရယ်၊ညောင်ရွက်သုပ်ကျွေးတယ်။ အဲ့ဒီညက အကုန်လုံး ဝမ်းလျောတယ်။ ဗိုက်နာတယ်။ အော့တယ်၊အန်တယ်၊ ဖျားတယ်။ စားတဲ့သူတွေ ဖြစ်တယ်။ မစားတဲ့သူတွေ မဖြစ်ဘူး။ အားလုံး ၁၃၅ ယောက်ဖြစ်တယ်” ဟု စလင်းမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမောင်မောင်ပြေက ပြောသည်။

အဆိုပါ ရွှေတွင်းတူးရွာသည် အိမ်ခြေ ၁၂၄ အိမ်ရှိပြီး လူဦးရေ ၆၀၄ ဦးရှိသော ရွာ ဖြစ်သည်။ ရွှေတွင်းတူး ရွာသည် စလင်းတမံထိပ်တွင်ရှိပြီး စလင်းဆေးရုံသို့ ပို့ဆောင်ရန် အလွန်ဝေးကွာသောကြောင့် စလင်းမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များ၊ သူနာပြုများ အလှည့်ကျ သွားရောက်ကုသပေးနေရကြောင်း သိရသည်။

“ တောထဲမှာ ညောင်ရွက် ရှိတယ်။ ညောင်ရွက်ကိုသုပ်ပြီး ပွဲတည်ပေးတော့ စားကြတယ်ပေါ့ဗျာ။ အဲဒါကနေ ပဲဟင်းရယ်၊ ညောင်ရွက်သုပ်ရယ် စားကြတာပေါ့၊။ ညောင်ရွက်သုပ်က နဂိုကတည်းက ဝမ်းပျက်တတ်တဲ့အလေ့ ရှိတယ်။ အတော်လေးတော့ ဆိုးဆိုးဝါးဝါး ဝမ်းပျက်ဝမ်းလျှောမှု ဖြစ်ပွားခဲ့တာပါ” ဟု ဒေသခံ ဦးမြတ်စိုးက ပြောသည်။

စလင်းမြို့နယ်၊ ကျပ္ပယ်ကျေးရွာအုပ်စု ရွှေတွင်းတူးကျေးရွာအလှူတွင် အစာအဆိပ်သင့်၍ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေသည်ကို မြို့နယ်ကျန်းမာရေးဌာနမှ ဦးစီးကြီးကြပ်ကုသပေးနေပြီး ယနေ့ ဧပြီ ၁၉ ရက်က လူနာများအားလုံး သက်သာလာပြီဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ဧပြီ ၁၈ ရက်က စလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကံဦး၊ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးဟိန်း ဆက်၊ မြို့နယ်စည်ပင်ကော်မတီဝင် ဦးအေးကိုတို့ သွားရောက်အားပေးပြီး ရေသန့်ဘူးနှင့်ဓာတ်ဆားထုပ်များပေးအပ်လှူဒါန်းခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top