ယေန႔မွစ၍ တစ္ႏိုင္ငံလုံ ေန႔စဥ္ အခ်ိန္ပိုင္းမီးပ်က္မည္ျဖစ္ေၾကာင္း လွ်ပ္စစ္စြမ္းအား၀န္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။

ေရအားလွ်ပ္စစ္ထုတ္လုပ္ေနေသာ စက္႐ုံႀကီးမ်ားတြင္ ဆည္ေရမ်ား ေလ်ာ့နည္းလာျခင္းေၾကာင့္ ေရအားလွ်ပ္စစ္ထုတ္ႏိုင္မႈ ပမာဏ ေလ်ာ့နည္းလာေနေၾကာင္း၊ ယင္းအျပင္ 230 KV ျမင္းျခံ သေျပဝမဟာဓာတ္အားလိုင္းသည္ ဧၿပီလ ၂၈ ရက္ေန႔ ည ၈ နာရီ ၃၀ မိနစ္တြင္ ဓာတ္အားလိုင္းအျပစ္ျဖစ္ေပၚသြားပါသျဖင့္

အဆိုပါဓာတ္အားလိုင္းသို႔ ဓာတ္အားေပးေနေသာ ျမင္းျခံေဒသရွိ သဘာဝဓာတ္ေငြ.သံုးဓာတ္အားေပးစက္ရံုမ်ားမွဓာတ္အားထုတ္လုပ္ပို႔ လႊတ္ေပးႏိုင္မႈေခတၱခဏေလ်ာ.နည္းက်ဆင္းေနေၾကာင္း၊ျမင္းျခံသဘာဝဓာတ္ေငြ႔ သံုးဓာတ္အားေပးစက္မ်ား၏ ဓာတ္အားေလ်ာ.နည္းေနစဥ္

အခ်ိန္အတြင္း ရဲရြာ အပါအဝင္ အျခားေသာေရအားလၽွပ္စစ္ စက္ရံုမ်ားမွ ဓာတ္အားပိုမိုထုတ္လုပ္ကာဓာတ္အားစနစ္တည္ၿငိမ္မႈရွိေစရန္ထိန္းညႇိ၍ ဓာတ္အားပို႔ လႊတ္ျဖန္႔ျဖဴးေပးေနမည္ျဖစ္ေၾကာင္း ၊ဓာတ္အားပို႔လႊတ္ရာ၌ဓာတ္အားစနစ္တည္ၿငိမ္မႈရွိေစရန္ဝန္အားကိုထိန္းညိႇဓာတ္အားပို႔လႊတ္ျခင္းျဖစ္သျဖင့္

အေရးေပၚယာယီဓာတ္အားျပတ္ေတာက္မႈမ်ားရွိလာႏိုင္မႈအေပၚ နားလည္ခြင့္ လႊတ္ေပးပါရန္ လွ်ပ္စစ္စြမ္းအား၀န္ႀကီးဌာနက ယမန္ေန႔ညပိုင္းက ေၾကညာခ်က္ ထုတ္ျပန္ထားသည္။

ဧၿပီလ ၂၉ ရက္ေန႔မွစ၍ ရန္ကုန္အပါအ၀င္ တစ္ႏိုင္ငံလုံးတြင္ မီးပ်က္မည္ျဖစ္ၿပီး အခ်ိန္ပိုင္း ေန႔စဥ္ ၁ နာရီမွ ၃ နာရီအၾကား အလွည့္က် မီးျဖတ္မႈမ်ားရွိလာမည္ျဖစ္ေၾကာင္း သိရွိရသည္။

ေတာင္ဥကၠလာပၿမိဳ႕နယ္တြင္ ေနထိုင္သူတစ္ဦးကမူ “မီးက ပ်က္ခ်င္ရင္လည္း ပ်က္သြားတာပဲ။ ဘာမွ ႀကိဳၿပီး အသိေပးတာေတာ့မရွိဘူး။ လွ်ပ္စစ္ဓာတ္အားေပးေရးအဖြဲ႕ရဲ႕ ေဖ့ဘုတ္စ္မွာေတာ့ ၁ နာရီပဲ ပ်က္မယ္ဆိုတာ ေၾကညာထားေပမယ့္ ပ်က္ခ်ိန္က ၁ နာရီေတာ့ မကဘူး။

ၾကာခ်ိန္မ်ားတယ္။ အရမ္းပူတဲ့အခ်ိန္ မီးပ်က္ေတာ့ အေတာ္ကို ဒုကၡ ေရာက္တယ္”ဟု ရန္ကုန္ေခတ္သစ္ သတင္းဌာနသို႔ ေျပာဆိုသည္။

လက္ရွိ ျမန္မာတစ္ႏိုင္ငံလုံးတြင္ ရာသီဥတုပူျပင္းမႈေၾကာင့္ အပူခ်ိန္စံခ်ိန္သစ္တင္ေနၿပီး ရန္ကုန္ၿမိဳ႕၏ အပူခ်ိန္မွာ ႏွစ္ေပါင္း ၅၁ ႏွစ္အတြင္း အျမင္ဆံုံးအပူခ်ိန္ ၄၂ ဒီကရီ စင္တီဂရိတ္ အထက္သို႔ ျမင့္တက္လ်က္ရွိသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit: Khitthitnews

#Unicode Version#
ယနေ့မှစ၍ တစ်နိုင်ငံလုံ နေ့စဉ် အချိန်ပိုင်းမီးပျက်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ရေအားလျှပ်စစ်ထုတ်လုပ်နေသော စက်ရုံကြီးများတွင် ဆည်ရေများ လျော့နည်းလာခြင်းကြောင့် ရေအားလျှပ်စစ်ထုတ်နိုင်မှု ပမာဏ လျော့နည်းလာနေကြောင်း၊ ယင်းအပြင် 230 KV မြင်းခြံ သပြေဝမဟာဓာတ်အားလိုင်းသည် ဧပြီလ ၂၈ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်တွင် ဓာတ်အားလိုင်းအပြစ်ဖြစ်ပေါ်သွားပါသဖြင့်

အဆိုပါဓာတ်အားလိုင်းသို့ ဓာတ်အားပေးနေသော မြင်းခြံဒေသရှိ သဘာဝဓာတ်ငွေ.သုံးဓာတ်အားပေးစက်ရုံများမှဓာတ်အားထုတ်လုပ်ပို့ လွှတ်ပေးနိုင်မှုခေတ္တခဏလျော.နည်းကျဆင်းနေကြောင်း၊မြင်းခြံသဘာဝဓာတ်ငွေ့ သုံးဓာတ်အားပေးစက်များ၏ ဓာတ်အားလျော.နည်းနေစဉ်

အချိန်အတွင်း ရဲရွာ အပါအဝင် အခြားသောရေအားလျှပ်စစ် စက်ရုံများမှ ဓာတ်အားပိုမိုထုတ်လုပ်ကာဓာတ်အားစနစ်တည်ငြိမ်မှုရှိစေရန်ထိန်းညှိ၍ ဓာတ်အားပို့ လွှတ်ဖြန့်ဖြူးပေးနေမည်ဖြစ်ကြောင်း ၊ဓာတ်အားပို့လွှတ်ရာ၌ဓာတ်အားစနစ်တည်ငြိမ်မှုရှိစေရန်ဝန်အားကိုထိန်းညှိဓာတ်အားပို့လွှတ်ခြင်းဖြစ်သဖြင့်

အရေးပေါ်ယာယီဓာတ်အားပြတ်တောက်မှုများရှိလာနိုင်မှုအပေါ် နားလည်ခွင့် လွှတ်ပေးပါရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ယမန်နေ့ညပိုင်းက ကြေညာချက် ထုတ်ပြန်ထားသည်။

ဧပြီလ ၂၉ ရက်နေ့မှစ၍ ရန်ကုန်အပါအဝင် တစ်နိုင်ငံလုံးတွင် မီးပျက်မည်ဖြစ်ပြီး အချိန်ပိုင်း နေ့စဉ် ၁ နာရီမှ ၃ နာရီအကြား အလှည့်ကျ မီးဖြတ်မှုများရှိလာမည်ဖြစ်ကြောင်း သိရှိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူတစ်ဦးကမူ “မီးက ပျက်ချင်ရင်လည်း ပျက်သွားတာပဲ။ ဘာမှ ကြိုပြီး အသိပေးတာတော့မရှိဘူး။ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ရဲ့ ဖေ့ဘုတ်စ်မှာတော့ ၁ နာရီပဲ ပျက်မယ်ဆိုတာ ကြေညာထားပေမယ့် ပျက်ချိန်က ၁ နာရီတော့ မကဘူး။

ကြာချိန်များတယ်။ အရမ်းပူတဲ့အချိန် မီးပျက်တော့ အတော်ကို ဒုက္ခ ရောက်တယ်”ဟု ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

လက်ရှိ မြန်မာတစ်နိုင်ငံလုံးတွင် ရာသီဥတုပူပြင်းမှုကြောင့် အပူချိန်စံချိန်သစ်တင်နေပြီး ရန်ကုန်မြို့၏ အပူချိန်မှာ နှစ်ပေါင်း ၅၁ နှစ်အတွင်း အမြင်ဆုံံးအပူချိန် ၄၂ ဒီကရီ စင်တီဂရိတ် အထက်သို့ မြင့်တက်လျက်ရှိသည်။

ဖိုးသူတော်(www.phothutaw.com)
Credit: Khitthitnews
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top