(၁) မစဉ်းစားပဲသုံးတယ်



(၁) ဝင်ငွေ – ထွက်ငွေအရင်း
.
.


(၇)


Credit:original owner

#Unicode Version# ဖြင့်ဖတ်ပါ ။


(၁) မစဉ်းစားပဲသုံးတယ်
ဒီနေ့ ကိုယ့်ရဲ့ ပိုက်ဆံသုံးနည်းက နောက် (၁၀) နှစ်မှာ ကိုယ့်ရဲ့အနာဂတ်ငွေရေးကြေးရေးကို
ထိန်းချုပ်ထားတဲ့ အရာတစ်ခုပဲဖြစ်ပါတယ် /
“လိုအပ်တာ” နဲ့ “လိုချင်တာ” ကိုမခွဲခြားနိုင်ဘူးဆိုရင်
မလိုအပ်တဲ့ အသုံးအနှုန်းတွေ စပြီးဖြစ်စေပါတယ်
ဒီတော့ ဒီအချက်ပဲ ကိုယ့်ဘဝ ရဲ့ ငွေရေးကြေးရေး ပြသာနာကိုဖြစ်စေပါတယ်

(၂) ဘဝ ကို အကြွေးရှိအောင်လုပ်ခြင်း
သင် အကြွေးများလာအောင်လုပ်တိုင်းမှာ သင်က ငွေရေးကြေးရေးအဆင့်အတန်းကို
တဖြည်းဖြည်းနှိမ့်ကျအောင် စုတ်ယူနေတာပါပဲ / credit အကြွေး / ကဒ်တစ်ခုခုအကြွေး / အပြင်က အကြွေး /
အရစ်ကျပေးချေခြင်းအကြွေး / စသဖြင့်ဒီအကြွေးတွေ တည်ဆောက်ခြင်းဟာ အမြဲတမ်းထွက်ငွေလမ်းကြောင်းသစ်တွေကိုတည်ဆောက်တာနဲ့ အတူတူပါပဲ /
ဒီတော့ ဒီအချက်တွေ က သင့်ရဲ့ရေရှည် ငွေရေးပိုင်းကို အကျိုးတက်ရောက်မှုများစွာပေးနိုင်မှာပါ /

(၃) ငွေရေးကြေးရေးအပိုင်း အသေးစိပ်မထိန်းသိမ်းခြင်း
ဝင်ငွေထွက်ငွေ စာရင်းမလုပ်ခြင်း / အကြွေးဆပ်ရမယ့်ရက်အတိအကျမလုပ်ခြင်း /
ငွေရေးကြေးရေးအပိုင်းမှာ ကိုယ့်အကျိုးကိုမသိခြင်း/ ငွေရေးကြေးရေးစာရွက်စာတမ်းတွေကို စနှစ်တကျမထိန်းသိမ်းနိုင်ခြင်း / ဒီလို မျိုး အကြောင်းအရာသေးသေးလေးကပဲ လူအများစုရဲ့ ဘတကို ငွေရေးကြေးရေးပြသာနာရှိအောင်လုပ်နိုင်ပါတယ် / ဒါကြောင့် ဒီလိုအရာတွေကိုယ့်ဘဝထဲ ဝင်မနှောင့်ယှက်အောင် ကိုယ့်ရဲ့ ငွေရေးကြေးရေးကို စနှစ်တကျထိန်းသိမ်းပါ /

(၄) အပိုငွေ – အလိုငွေ တွေကို ဘယ်တော့မှ plan မချခြင်း
ငွေရေးကြေးရေး plan မချခြင်း / အနာဂတ် သုံးရမယ့်ငွေကိုကြိုတင်မစဉ်းစားတာက ကိုယ့်ဘဝမှာ အရေးပေါ် ကိစ္စ တွေကိုအမြဲတမ်းကြုံစေပါတယ် /
ငွေရေးကြေးရေးပိုင်းမှာ ဒီအရင်း (၃) ခု –
(၁) ဝင်ငွေ – ထွက်ငွေအရင်း
(၂) ငွေရေးကြေးရေး အခြေအနေ အရင်း
(၃) ငွေရေးကြေးရေး စာရင်းဇယားအရင်း တွေကိုကိုယ့်မှာရှိတယ်ဆိုရင် (သိတယ်ဆိုရင်) ဘဝကို ဒီထက်ပိုလွယ်အောင်လုပ်နိုင်ပါတယ်
.
.
(၅) စုငွေကို အထင်သေးခြင်း
စုငွေရဲ့ အ ဓိ က အရေးကြီးတဲ့ အကြောင်းရင်းက ငွေရေးကြေးရေးဝီရိယပါပဲ / ဒါကြောင့် ငွေကြေးအရေအတွက် သေးသေးလေးကို အထင်သေးခြင်းနဲ့ စုငွေကို နောက်ရက်တွေဆီ တွန်းထုတ်တဲ့သူက သူ့ဘဝ အနာဂတ်ငွေရေးကြေးရေးအောင်မြင်မှု ကိုမရောက်နိုင်တဲ့ရက်ဆီ တွန်းထုတ်တာနဲ့တူတူပါပဲ

(၆) ပန်းတိုင်မရှိတဲ့ ဘဝကိုလက်ခံတယ်
ပန်းတိုင်မရှိတဲ့ဘဝက သံလိုက်အိမ်မြောင်မရှိတဲ့ သင်္ဘော
နဲ့တူတူပါပဲ / ဘဝအစိပ်အပိုင်းတိုင်းမှာ ငွေကြေးအထိန်းအချုပ်လေးနဲ့ ပန်းတိုင်ရောက်ဖို့လမ်းကြောင်းလေးတွေရှိသင့်ပါတယ် / ကိုယ်လိုချင်တဲ့ ငွေရေးကြေးရေးပိုင်ဆိုင်နိုင်ဖို့အတွက် ပန်းတိုင်အရင်ရှိရပါမယ်

(၇)
ငွေရေးကြေးရေးပိုင်း ဗဟုသုတတွေကို အလေးမပေးဘူး
ငွေက ငွေရေးကြေးရေးပြသာနာကို ဘယ်တော့မှမဖြေရှင်းနိုင်ဘူး / ဒါပေမဲ့ ငွေရေးကြေးရေးပြသာနာပဲ ပြသာနာကို ဖြေရှင်းပေးတာဖြစ်ပါတယ် / ဒါကြောင့် ငွေရေးကြေးရေးပိုင်းမှာ တိုးတက်ချင်တယ်ဆိုရင် ငွေရေကြေးရေးပိုင်းဗဟုသုတကို ရှာဖွေပါ (ဝင်ငွေရှာပါ / ငွေဝင် ငွေထွက်ကို control လုပ်ပါ / ငွေစုပါ / ပြီးရင် အရင်းအနှီးလုပ်ပါ ) … ဒီနေ့ကနေစပါ

ဒီ (၇) ချက်ထဲမှာ သင်အကျင့်ရှိပါသလား ??
ရှိတယ်ဆိုရင် မှတ်ထားပါ

ဖိုးသူတော် (www.phothutaw.com)
Credit:original owner
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top