iMyanmarHouse.com - Best Property Website for Myanmar
×

ခ်င္းျပည္နယ္ ေတာင္ပိုင္း မတူပီ ႏွင့္ ပလက္၀ ၿမိဳ႕နယ္ဆက္သြယ္သည့္ ကားလမ္းမႀကီးေပၚ ကတၱရာခင္းရာ တြင္အသံုးျပဳထားသည့္ ေက်ာက္မ်ားသည္ အရည္အေသြးျပည့္မွီျခင္းမရွိသည့္အတြက္ ဖယ္ရွားခိုင္းၿပီး အသစ္ျပန္လုပ္ခိုင္းထားသည္ဟု မတူပီၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္လ်န္ကေျပာသည္။

“ ခင္းထားတဲ့ေက်ာက္ေတြက လံုး၀အေကာင္းဘူး ဒီတိုင္းဆိုရင္တစ္ႏွစ္လုပ္ျပီးေတာ့ ေနာက္တစ္ႏွစ္ျပန္ဖ်က္ရ မယ့္သေဘာရိွတယ္ ဒါေၾကာင့္မို႔အျမန္ဆံုးဖယ္ရွားေပးပါဆိုၿပီးေတာ့ မေန႔ကေရာ ဒီေန႔ကေရာဖယ္ရွားၾကတယ္ အကုန္လံု း ဟိုးေခ်ာက္ထဲထိဖယ္ထုတ္ထားတယ္ ျပန္သယ္လို႔မရေအာင္ေပါ့” ဟု ဦးေအာင္လ်န္ကေျပာသည္။

အဆိုပါကားလမ္းသည္ ဟားခါး-မတူပီ-ပလက္၀ တို႔ကိုဆက္သြယ္ထားသည့္လမ္းမႀကီးျဖစ္ၿပီး ကတၱရာခင္းသည့္လုပ္ငန္း ကို ေဆာက္လုပ္ေရး၀န္ႀကီး လမ္းဦးစီးဌာန လမ္းအထူး(၁၂) မွတာ၀န္လုပ္ကိုင္ေနျခင္းျဖစ္သည္။

အရည္အေသြးမျပည့္ေသာ ေက်ာက္မ်ားအသံုးျပဳၿပီး ကတၱရာခင္းထားသည့္ ေနရာသည္ မတူပီၿမိဳ႕မွ ပလက္၀ၿမိဳ႕နယ္အ ၾကား မိုင္တိုင္ (၆) ႏွင့္ (၇) ေနရာျဖစ္ၿပီး ေက်ာက္ပြမ်ားကို (၃) ဖာလံုအရွည္ခန္႔ ခင္းထားၾကသည္ဟု ဦးေအာင္လ် န္က ေျပာသည္။

“ေက်ာက္က ေက်ာက္ပြေတြေပါ့ေနာ္ အ၀ါေရာင္ေက်ာက္ပြေတြ ေက်ာက္မာေတြမပါဘူး အေပ်ာ့ေက်ာက္ေတြ သူတို႔ကဒီတိုင္းခင္းထားတယ္ ေအာက္ေျခမွာ ေက်ာက္မာခင္းမယ့္ေနရာမွာကို သူတို႔ ေရာျပီးေတာ့ ေက်ာက္မာတခ်ိဳ႕ဟာလည္းပါပါတယ္ ေရာျပီးေတာ့ပါတာေပ့ါေနာ္ ဒါေပမယ့္ ၅၀ ၊ ၅၀ မ်ိဳးျဖစ္ေနေတာ့ ဒါကိုလံုး၀မေကာင္းဘူး ဥပမာ ၈၀ ရာခိုင္ႏႈန္းေလာက္ အေကာင္းျဖစ္ျပီးေတာ့ နည္းနည္းပါးပါးပါရင္ေတာ့ လက္ခံလို႔ရတယ္

အခုက ၅၀% ၊ ၅၀% ေလာက္ျဖစ္ေနေတာ့ ကၽြန္ေတာ္တို႔ကလံုး၀မသင့္ေတာ္ဘူး အခုကအကုန္လံုးဖယ္ရွားလိုက္ၿပီ တာ၀န္ယူလုပ္ကို္င္တဲ့သူေတြကလည္း ေက်ာက္အရည္အေသြးရိွတဲ့ဟာပဲ ကၽြန္ေတာ္တို႔ခင္းပါမယ္ဆိုျပီးေတာ့ အားလံုး သေဘာတူလက္မွတ္ထိုးထားၾကပါတယ္” ဟု ဦးေအာင္လ်န္ကေျပာသည္။
ဖိုးသူေတာ္(www.phothutaw.com)
Credit: လားႏြန္
#Unicode Version#
ချင်းပြည်နယ် တောင်ပိုင်း မတူပီ နှင့် ပလက်၀ မြို့နယ်ဆက်သွယ်သည့် ကားလမ်းမကြီးပေါ် ကတ္တရာခင်းရာ တွင်အသုံးပြုထားသည့် ကျောက်များသည် အရည်အသွေးပြည့်မှီခြင်းမရှိသည့်အတွက် ဖယ်ရှားခိုင်းပြီး အသစ်ပြန်လုပ်ခိုင်းထားသည်ဟု မတူပီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်ကပြောသည်။

“ ခင်းထားတဲ့ကျောက်တွေက လုံးဝအကောင်းဘူး ဒီတိုင်းဆိုရင်တစ်နှစ်လုပ်ပြီးတော့ နောက်တစ်နှစ်ပြန်ဖျက်ရ မယ့်သဘောရှိတယ် ဒါကြောင့်မို့အမြန်ဆုံးဖယ်ရှားပေးပါဆိုပြီးတော့ မနေ့ကရော ဒီနေ့ကရောဖယ်ရှားကြတယ် အကုန်လုံ း ဟိုးချောက်ထဲထိဖယ်ထုတ်ထားတယ် ပြန်သယ်လို့မရအောင်ပေါ့” ဟု ဦးအောင်လျန်ကပြောသည်။

အဆိုပါကားလမ်းသည် ဟားခါး-မတူပီ-ပလက်၀ တို့ကိုဆက်သွယ်ထားသည့်လမ်းမကြီးဖြစ်ပြီး ကတ္တရာခင်းသည့်လုပ်ငန်း ကို ဆောက်လုပ်ရေးဝန်ကြီး လမ်းဦးစီးဌာန လမ်းအထူး(၁၂) မှတာဝန်လုပ်ကိုင်နေခြင်းဖြစ်သည်။

အရည်အသွေးမပြည့်သော ကျောက်များအသုံးပြုပြီး ကတ္တရာခင်းထားသည့် နေရာသည် မတူပီမြို့မှ ပလက်ဝမြို့နယ်အ ကြား မိုင်တိုင် (၆) နှင့် (၇) နေရာဖြစ်ပြီး ကျောက်ပွများကို (၃) ဖာလုံအရှည်ခန့် ခင်းထားကြသည်ဟု ဦးအောင်လျ န်က ပြောသည်။

“ကျောက်က ကျောက်ပွတွေပေါ့နော် အဝါရောင်ကျောက်ပွတွေ ကျောက်မာတွေမပါဘူး အပျော့ကျောက်တွေ သူတို့ကဒီတိုင်းခင်းထားတယ် အောက်ခြေမှာ ကျောက်မာခင်းမယ့်နေရာမှာကို သူတို့ ရောပြီးတော့ ကျောက်မာတချို့ဟာလည်းပါပါတယ် ရောပြီးတော့ပါတာပေ့ါနော် ဒါပေမယ့် ၅၀ ၊ ၅၀ မျိုးဖြစ်နေတော့ ဒါကိုလုံးဝမကောင်းဘူး ဥပမာ ၈၀ ရာခိုင်နှုန်းလောက် အကောင်းဖြစ်ပြီးတော့ နည်းနည်းပါးပါးပါရင်တော့ လက်ခံလို့ရတယ်

အခုက ၅၀% ၊ ၅၀% လောက်ဖြစ်နေတော့ ကျွန်တော်တို့ကလုံးဝမသင့်တော်ဘူး အခုကအကုန်လုံးဖယ်ရှားလိုက်ပြီ တာဝန်ယူလုပ်ကိုင်တဲ့သူတွေကလည်း ကျောက်အရည်အသွေးရှိတဲ့ဟာပဲ ကျွန်တော်တို့ခင်းပါမယ်ဆိုပြီးတော့ အားလုံး သဘောတူလက်မှတ်ထိုးထားကြပါတယ်” ဟု ဦးအောင်လျန်ကပြောသည်။
ဖိုးသူတော်(www.phothutaw.com)
Credit: လားနွန်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top