ဒီတစ္ခါမွာေတာ့ ပ်ိဳေမေလးတို႔ရဲ႕ က်န္းမာေရးအတြက္ စဥ္းစားတယ္ဆိုရင္ ေန႔စဥ္ေန႔တိုင္း စြဲစြဲၿမဲၿမဲ မဝတ္သင့္တဲ့ အဝတ္အစားေလးေတြအေၾကာင္း ေဖာ္ျပေပးလိုက္ရပါတယ္။
Skinny Jeans
တင္ပါးေလးေတြ ကိတ္ေၾကာင္း၊ ေပါင္တံနဲ႔ ေျခသလံုးေလးေတြ လွပေၾကာင္း ျပသခ်င္တဲ့အခါ ကိုယ္က်ပ္ဂ်င္းေဘာင္းဘီေလးေတြ ဝတ္ဆင္ေလ့႐ွိၾကပါတယ္။ အမွန္တကယ္လည္း ခႏၶာကုိယ္ေကာက္ေၾကာင္းေပၚၿပီး လွပေစတဲ့ ေဘာင္းဘီတစ္မ်ိဳးပါပဲ။ ဒါေပမဲ့ ကိုယ္က်ပ္ ဂ်င္းေဘာင္းဘီဝတ္ေနတဲ့အခ်ိန္မွာ ခႏၶာကိုယ္ရဲ႕ေသြးလွည့္ပတ္ စီးဆင္းမႈကို တားဆီးထားသလိုျဖစ္ေစၿပီး က်န္းမာေရးအတြက္ မေကာင္းပါဘူး။
ေဒါက္ျမင့္ဖိနပ္

ဝတ္ထားရင္ ခႏၶာကိုယ္အခ်ိဳးအစားမွန္ေစၿပီး စမတ္က်ေစတာက ေဒါက္ျမင့္ဖိနပ္ျဖစ္ပါတယ္။ စမတ္က်တယ္ဆိုတိုင္းလည္း ေန႔တိုင္း မဝတ္သင့္ပါဘူး။ ေန႔တိုင္းဝတ္မယ္ဆိုရင္ ခါးနားျခင္း၊ ေျခေထာက္နာျခင္း၊ ေျခေထာက္ေရာင္ျခင္းတို႔ ခံစားရႏိုင္ပါတယ္။
Push-Up Bra
ယေန႔ေခတ္မွာ မိန္းကေလးေတြၾကား ေရပန္းစားေနတာကေတာ့ Push-Up Bra ပဲျဖစ္ပါတယ္။ ပ်ိဳေမေလးတို႔ကို ဆြဲေဆာင္မႈတိုးေစတဲ့ ဘရာေလးပါပဲ။ ဒါေပမဲ့ ရံဖန္ရံခါပဲ ဝတ္ဆင္သင့္ပါတယ္။ ေန႔တိုင္းဝတ္မယ္ဆိုရင္ ရင္သားေနရာက ေသြးေၾကာေလးေတြကို ပိတ္ဆို႔ထားသလိုျဖစ္ၿပီး ရင္သားကို ဖိအားေပးေနတာေၾကာင့္ ရင္သားကင္ဆာျဖစ္ပြားႏိုင္ေခ်မ်ားပါတယ္။
ေနကာမ်က္မွန္
ေနပူထဲ ထြက္တဲ့အခါ မ်က္လံုးကို အကာအကြယ္ျဖစ္ေစဖို႔အတြက္ ေနကာမ်က္မွန္ေတြ တပ္ေလ့႐ွိၾကပါတယ္။ ဒါေပမဲ့ ေနကာမ်က္မွန္ကို ေနအလင္းေရာင္ ျပင္းျပစူး႐ွေနတဲ့အခ်ိန္မွာပဲ တပ္သင့္ပါတယ္။ ညေနေစာင္းအခ်ိန္၊ အခန္းတြင္း အလင္းေရာင္မွိန္တဲ့အခ်ိန္ေတြမွာ တပ္ဆင္ထားမယ္ဆိုရင္ မ်က္လံုးကို ဖိအားပိုျဖစ္ေစၿပီး မ်က္စိထိခိုက္တတ္ပါတယ္။ ေနာက္ထပ္ အေရးအႀကီးဆံုးအခ်က္ကေတာ့ UV ဒဏ္ကို အျပည့္အဝကာကြယ္ေပးႏိုင္တဲ့ အရည္အေသြးျမင့္ ေနကာမ်က္မွန္ကို ေရြးခ်ယ္တပ္ဆင္ဖို႔ပါပဲ။ အရည္အေသြးမေကာင္းတဲ့ ေနကာမ်က္မွန္ေတြကလည္း သင့္မ်က္စိကို ထိခိုက္ေစႏိုင္တာမို႔လို႔ပါ။
ေဘးလြယ္အိတ္ အႀကီး

သယ္ေဆာင္ရလြယ္ကူဖို႔နဲ႔ ပစၥည္းအစံုထည့္လို႔ရေအာင္ဆိုၿပီး ေဘးလြယ္အိတ္အႀကီးေတြ လြယ္တဲ့အခါ ပုခံုးက ဘက္မမွ်တဲ့ဝန္ကို ထမ္းထားရတဲ့အတြက္ေၾကာင့္ ၾကြက္သားမ်ား နာက်င္ျခင္း၊ ခါးနာျခင္းနဲ႔ နာ့ဗ္ေၾကာေတြကို ထိခိုက္ေစႏိုင္ပါတယ္။
ညအိပ္ဝတ္စံု
ညဝတ္အက်ႌေတြက သက္ေသာင့္သက္သာျဖစ္ၿပီး ေပါ့ပါးလြတ္လပ္တဲ့အက်ႌေလးေတြပါပဲ။ ဒါေပမဲ့ အရမ္းက်ပ္လြန္းတဲ့ ညဝတ္အက်ႌေတြက ေလဝင္ေလထြက္မေကာင္းတဲ့အတြက္ေၾကာင့္ ဘက္တီးရီးယားမ်ား ေပါက္ဖြားႏိုင္ၿပီး အေရျပား ယားယံျခင္းတို႔ကို ျဖစ္ေစႏိုင္ပါတယ္။ မိန္းမကိုယ္အတြက္ ေဘးအႏၱရာယ္ျဖစ္ေစႏိုင္တာေၾကာင့္ အေရျပား အထိအခိုက္မခံတဲ့သူေတြအေနနဲ႔ ညအိပ္ဝတ္စံုမဝတ္ဘဲ အိပ္ျခင္း၊ အတြင္းခံမဝတ္ဘဲ အိပ္ျခင္းတို႔ကို ျပဳလုပ္သင့္တယ္လို႔ အႀကံေပးထားၾကပါတယ္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:Mystylemyanmar
#Unicode Version#
ဖက်ရှင်ရေစီးကြောင်းက နေ့စဉ်နဲ့အမျှ ပြောင်းလဲနေတာပဲဖြစ်ပါတယ်။ လှပပြီး ဖက်ရှင်ကျချင်တဲ့ မိန်းကလေးတွေကလည်း ဖက်ရှင်ရေစီးကြောင်းနောက် လိုက်ရတာလည်း အမောပါပဲ။ ဘယ်လောက်ပဲ ဖက်ရှင်နဲ့ အလှအပကို ဦးစားပေးတယ်ပဲပြောပြော ကျန်းမာရေးအတွက်ကိုလည်း ထည့်စဉ်းစားပေးရပါဦးမယ်။
ဒီတစ်ခါမှာတော့ ပျိုမေလေးတို့ရဲ့ ကျန်းမာရေးအတွက် စဉ်းစားတယ်ဆိုရင် နေ့စဉ်နေ့တိုင်း စွဲစွဲမြဲမြဲ မဝတ်သင့်တဲ့ အဝတ်အစားလေးတွေအကြောင်း ဖော်ပြပေးလိုက်ရပါတယ်။
Skinny Jeans
တင်ပါးလေးတွေ ကိတ်ကြောင်း၊ ပေါင်တံနဲ့ ခြေသလုံးလေးတွေ လှပကြောင်း ပြသချင်တဲ့အခါ ကိုယ်ကျပ်ဂျင်းဘောင်းဘီလေးတွေ ဝတ်ဆင်လေ့ရှိကြပါတယ်။ အမှန်တကယ်လည်း ခန္ဓာကိုယ်ကောက်ကြောင်းပေါ်ပြီး လှပစေတဲ့ ဘောင်းဘီတစ်မျိုးပါပဲ။ ဒါပေမဲ့ ကိုယ်ကျပ် ဂျင်းဘောင်းဘီဝတ်နေတဲ့အချိန်မှာ ခန္ဓာကိုယ်ရဲ့သွေးလှည့်ပတ် စီးဆင်းမှုကို တားဆီးထားသလိုဖြစ်စေပြီး ကျန်းမာရေးအတွက် မကောင်းပါဘူး။
ဒေါက်မြင့်ဖိနပ်
ဝတ်ထားရင် ခန္ဓာကိုယ်အချိုးအစားမှန်စေပြီး စမတ်ကျစေတာက ဒေါက်မြင့်ဖိနပ်ဖြစ်ပါတယ်။ စမတ်ကျတယ်ဆိုတိုင်းလည်း နေ့တိုင်း မဝတ်သင့်ပါဘူး။ နေ့တိုင်းဝတ်မယ်ဆိုရင် ခါးနားခြင်း၊ ခြေထောက်နာခြင်း၊ ခြေထောက်ရောင်ခြင်းတို့ ခံစားရနိုင်ပါတယ်။
Push-Up Bra
ယနေ့ခေတ်မှာ မိန်းကလေးတွေကြား ရေပန်းစားနေတာကတော့ Push-Up Bra ပဲဖြစ်ပါတယ်။ ပျိုမေလေးတို့ကို ဆွဲဆောင်မှုတိုးစေတဲ့ ဘရာလေးပါပဲ။ ဒါပေမဲ့ ရံဖန်ရံခါပဲ ဝတ်ဆင်သင့်ပါတယ်။ နေ့တိုင်းဝတ်မယ်ဆိုရင် ရင်သားနေရာက သွေးကြောလေးတွေကို ပိတ်ဆို့ထားသလိုဖြစ်ပြီး ရင်သားကို ဖိအားပေးနေတာကြောင့် ရင်သားကင်ဆာဖြစ်ပွားနိုင်ချေများပါတယ်။
နေကာမျက်မှန်
နေပူထဲ ထွက်တဲ့အခါ မျက်လုံးကို အကာအကွယ်ဖြစ်စေဖို့အတွက် နေကာမျက်မှန်တွေ တပ်လေ့ရှိကြပါတယ်။ ဒါပေမဲ့ နေကာမျက်မှန်ကို နေအလင်းရောင် ပြင်းပြစူးရှနေတဲ့အချိန်မှာပဲ တပ်သင့်ပါတယ်။ ညနေစောင်းအချိန်၊ အခန်းတွင်း အလင်းရောင်မှိန်တဲ့အချိန်တွေမှာ တပ်ဆင်ထားမယ်ဆိုရင် မျက်လုံးကို ဖိအားပိုဖြစ်စေပြီး မျက်စိထိခိုက်တတ်ပါတယ်။ နောက်ထပ် အရေးအကြီးဆုံးအချက်ကတော့ UV ဒဏ်ကို အပြည့်အဝကာကွယ်ပေးနိုင်တဲ့ အရည်အသွေးမြင့် နေကာမျက်မှန်ကို ရွေးချယ်တပ်ဆင်ဖို့ပါပဲ။ အရည်အသွေးမကောင်းတဲ့ နေကာမျက်မှန်တွေကလည်း သင့်မျက်စိကို ထိခိုက်စေနိုင်တာမို့လို့ပါ။
ဘေးလွယ်အိတ် အကြီး
သယ်ဆောင်ရလွယ်ကူဖို့နဲ့ ပစ္စည်းအစုံထည့်လို့ရအောင်ဆိုပြီး ဘေးလွယ်အိတ်အကြီးတွေ လွယ်တဲ့အခါ ပုခုံးက ဘက်မမျှတဲ့ဝန်ကို ထမ်းထားရတဲ့အတွက်ကြောင့် ကြွက်သားများ နာကျင်ခြင်း၊ ခါးနာခြင်းနဲ့ နာ့ဗ်ကြောတွေကို ထိခိုက်စေနိုင်ပါတယ်။
ညအိပ်ဝတ်စုံ
ညဝတ်အင်္ကျီတွေက သက်သောင့်သက်သာဖြစ်ပြီး ပေါ့ပါးလွတ်လပ်တဲ့အင်္ကျီလေးတွေပါပဲ။ ဒါပေမဲ့ အရမ်းကျပ်လွန်းတဲ့ ညဝတ်အင်္ကျီတွေက လေဝင်လေထွက်မကောင်းတဲ့အတွက်ကြောင့် ဘက်တီးရီးယားများ ပေါက်ဖွားနိုင်ပြီး အရေပြား ယားယံခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ မိန်းမကိုယ်အတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်တာကြောင့် အရေပြား အထိအခိုက်မခံတဲ့သူတွေအနေနဲ့ ညအိပ်ဝတ်စုံမဝတ်ဘဲ အိပ်ခြင်း၊ အတွင်းခံမဝတ်ဘဲ အိပ်ခြင်းတို့ကို ပြုလုပ်သင့်တယ်လို့ အကြံပေးထားကြပါတယ်။
ဖိုးသူတော်(www.phothutaw.com)
Credit:Mystylemyanmar