သႀကၤန္ပြဲေတာ္ကာလ အတြင္း ျမန္မာႏိုင္ငံအထက္ပိုင္း ေဒသမ်ားတြင္ အခ်ိန္အခါမဟုတ္ မိုးႏွင့္ ေလျပင္းအႏၲရာယ္သတိျပဳ ေနထုိင္ရန္ လိုအပ္ၿပီး က်န္ေဒသ အားလံုး ပံုမွန္ရာသီဥတုအေျခအ ေနသာ ရွိႏုိင္ေၾကာင္း မိုးေလဝသ ပညာရွင္ ေဒါက္တာထြန္းလြင္က ေျပာသည္။

ဧၿပီ ၁၃ ရက္မွ ဧၿပီ ၁၇ ရက္ အတြင္း ရာသီဥတုအေျခအေနကို ေဒါက္တာထြန္းလြင္က ႀကိဳတင္ ခန္႔မွန္းထားရာ ျမန္မာႏုိင္ငံအ ထက္ပိုင္းေဒသမ်ားတြင္ ပါဝင္ ေသာ ကခ်င္ျပည္နယ္၊ စစ္ကိုင္း တိုင္းေဒသႀကီးအထက္ပိုင္း၊ ခ်င္း ျပည္နယ္ႏွင့္ မေကြးတိုင္းေဒသ ႀကီး ေျမာက္ပိုင္းေဒသမ်ား၌ ေလျပင္းႏွင့္ အခ်ိန္အခါမဟုတ္ မိုးအႏၲရာယ္ သတိေပးခ်က္ပါဝင္ သည္။

‘‘အေနာက္ဘက္က ေလ ေတြက ဆက္ဝင္ေနတယ္။ သႀကၤန္တြင္းမွာ အထက္ပိုင္းေဒသေတြ မိုးနဲ႔ေလ သတိထားဖို႔ လိုတယ္။ ေအာက္ပိုင္းတစ္ပိုင္းလံုးကေတာ့ မိုး၊ ေလအႏၲရာယ္မရွိႏုိင္ဘူး’’ဟု ေဒါက္တာထြန္းလြင္က ခန္႔မွန္း ထားသည္။

ဧၿပီ ၁၀ ရက္မွ ၂၀ ရက္အ တြင္း မိုးေလဝသအေျခအေနကို မိုးဇလက သတင္းထုတ္ျပန္ထားရာ ဘဂၤလားပင္လယ္ေအာ္ ေတာင္ပိုင္းတြင္ ေလဖိအားနည္း ရပ္ဝန္းတစ္ႀကိမ္ ျဖစ္ေပၚႏုိင္ၿပီး ျမန္မာႏိုင္ငံ ေဒသအႏွံ႔ ေနရာကြက္၍ မိုးရြာႏိုင္ေၾကာင္း သတိေပးထား သည္။

ဘဂၤလားေဒ့ရွ္ႏွင့္ အိႏၵိယ ႏုိင္ငံ ကုန္းတြင္းပိုင္းမွ တစ္ဆင့္ ျမန္မာႏိုင္ငံဘက္သို႔ ဝင္ေရာက္ လာေသာ ေလမ်ားေၾကာင့္ ျမန္မာႏိုင္ငံေဒသအခ်ိဳ႕တြင္ ဧၿပီလဆန္း ပိုင္းက စတင္ကာ ေလျပင္းႏွင့္ မိုးႀကိဳးအႏၲရာယ္ႀကံဳေတြ႕ေနၿပီး ထိခိုက္ ပ်က္စီးေသာ ေနအိမ္အ ေဆာက္အအံုမ်ားအတြက္ အစိုးရ က ကူညီေထာက္ပံံ့ေနသည္။

လက္ရွိကာလသည္ ေလျပင္းႏွင့္မိုးႀကိဳးကဲ့သို႔ေသာ ေဘးအႏၲရာယ္ႀကီးမားေနၿပီး ျပည္သူလူထုအေနျဖင့္ ေဘးအႏၲရာယ္ႀကံဳေတြ႕ပါက လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန အေရးေပၚ ဖုန္း ၀၆၇-၃၄၀၄၆၆၆ ႏွင့္၀၆၇-၃၄၀၄၇၇၇ သို႔ ဆက္သြယ္အကူအညီေတာင္းခံႏိုင္ေၾကာင္း အသိေပးထားသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:7Day Daily

#Unicode Version#
သြင်္ကန်ပွဲတော်ကာလ အတွင်း မြန်မာနိုင်ငံအထက်ပိုင်း ဒေသများတွင် အချိန်အခါမဟုတ် မိုးနှင့် လေပြင်းအန္တရာယ်သတိပြု နေထိုင်ရန် လိုအပ်ပြီး ကျန်ဒေသ အားလုံး ပုံမှန်ရာသီဥတုအခြေအ နေသာ ရှိနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

ဧပြီ ၁၃ ရက်မှ ဧပြီ ၁၇ ရက် အတွင်း ရာသီဥတုအခြေအနေကို ဒေါက်တာထွန်းလွင်က ကြိုတင် ခန့်မှန်းထားရာ မြန်မာနိုင်ငံအ ထက်ပိုင်းဒေသများတွင် ပါဝင် သော ကချင်ပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ချင်း ပြည်နယ်နှင့် မကွေးတိုင်းဒေသ ကြီး မြောက်ပိုင်းဒေသများ၌ လေပြင်းနှင့် အချိန်အခါမဟုတ် မိုးအန္တရာယ် သတိပေးချက်ပါဝင် သည်။

‘‘အနောက်ဘက်က လေ တွေက ဆက်ဝင်နေတယ်။ သြင်္ကန်တွင်းမှာ အထက်ပိုင်းဒေသတွေ မိုးနဲ့လေ သတိထားဖို့ လိုတယ်။ အောက်ပိုင်းတစ်ပိုင်းလုံးကတော့ မိုး၊ လေအန္တရာယ်မရှိနိုင်ဘူး’’ဟု ဒေါက်တာထွန်းလွင်က ခန့်မှန်း ထားသည်။

ဧပြီ ၁၀ ရက်မှ ၂၀ ရက်အ တွင်း မိုးလေဝသအခြေအနေကို မိုးဇလက သတင်းထုတ်ပြန်ထားရာ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် လေဖိအားနည်း ရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး မြန်မာနိုင်ငံ ဒေသအနှံ့ နေရာကွက်၍ မိုးရွာနိုင်ကြောင်း သတိပေးထား သည်။

ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ နိုင်ငံ ကုန်းတွင်းပိုင်းမှ တစ်ဆင့် မြန်မာနိုင်ငံဘက်သို့ ဝင်ရောက် လာသော လေများကြောင့် မြန်မာနိုင်ငံဒေသအချို့တွင် ဧပြီလဆန်း ပိုင်းက စတင်ကာ လေပြင်းနှင့် မိုးကြိုးအန္တရာယ်ကြုံတွေ့နေပြီး ထိခိုက် ပျက်စီးသော နေအိမ်အ ဆောက်အအုံများအတွက် အစိုးရ က ကူညီထောက်ပံံ့နေသည်။

လက်ရှိကာလသည် လေပြင်းနှင့်မိုးကြိုးကဲ့သို့သော ဘေးအန္တရာယ်ကြီးမားနေပြီး ပြည်သူလူထုအနေဖြင့် ဘေးအန္တရာယ်ကြုံတွေ့ပါက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အရေးပေါ် ဖုန်း ၀၆၇-၃၄၀၄၆၆၆ နှင့်၀၆၇-၃၄၀၄၇၇၇ သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း အသိပေးထားသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top