







#Unicode Version#
မိုးကုတ်မြို့ရဲ့သက်တမ်းကုန် ကုမ္ပဏီ လုပ်ကွက်တွေ ထဲမှာ မိုးကုတ်သူ မိုးကုတ်သားတွေ ကျောက်ရှာခွင့် ပြန်ရနေကြလို့ အရမ်းကို ပျော်ရွှင်နေကြပါတယ်

ကျောက်မျက်တူးဖော်ခွင့်ကို အစိုးရနှင့် စာချုပ်ချုပ်ထားတဲ့ ကုမ္ပဏီတွေဟာ သက်တမ်းကုန်ဆုံးသွားပေမယ့် သူတို့လုပ်ကွက်ထဲမှာ ဆက်လုပ်နေခဲ့တဲ့အတွက် ဒေသခံတွေနဲ့ ပြသနာတက်ခဲ့ပါသေးတယ်

ယခုအချိန်မှာတော့ သက်တန်းကုန် ကုမ္ပဏီ လုပ်ကွက်တွေ ထဲမှာ ဒေသခံတွေကို တစ်ပိုင်တစ်နိုင် ကျောက်ရှာခွင့် ပြုလိုက်ပါပြီ

မိုးကုတ်မြို့ရဲ့သက်တန်းကုန် ကုမ္ပဏီတွေထဲမှာ မိုးကုတ်သူ မိုးကုတ်သားတွေလုပ်ကိုင်ခွင့်တွေရနေတာကျေနပ်စရာပါ ဒီအခွင့်အရေးလေးကိုလက်လွတ်မခံပဲလုပ်ခွင့်ရိုလို့ အဆင်ပြေသူတွေလဲရှိကြတါပေါ့ မိုးကုတ်မြို့ရဲ့ရောင်ခြည်လေးသမ်းနေပြီလို့ထင်မိပါတယ်

ဒီလိုပဲကုမ္ပဏီတွေမပေးတော့ပဲ တပိုင်တနိုင်လုပ်စားခွင့်တွေပေးမယ်ဆိုရင် မိုးကုတ်မြို့ကြီးဒီထက်မကစည်ကါးသိုက်မြိုက်လာလိမ့်မယ်ဆိုတါယုံကြည်မိပါတယ်

ခု ပြထားတဲ့ ပုံတွေကတော့ ၃၀.၄.၁၉..နေလည်ကနေစပြီး ထပ်မံ ရှာဖွေခွင့် ရရှိခဲ့တဲ့ မိုးကုတ်အရှေ့ပိုင်း..ငါးရံအင်းလုပ်ကွက်က ပုံတွေဖြစ်ပါတယ် ။၆လစာဗြုန်းတင်ထားပြီး.ဆေးခွင့်မရသောသက်တမ်းကုန်လုပ်ကွက်။အခုမှစတင်၍ ပြည်သူများအတွက်.ခွင့်ပြုလိုက်ခြင်း ဖြစ်ပါတယ်

အခုချိန်လောက်ဆိုရင်အရှေ့ပိုင်းရပ်ကွက်ကချောင်းရေ တွေနီနေလာက်ပါပြီအမျိုးတွေအားလုံးကျောက်ကြီးကျောက်ကောင်းရာဘရိတ်ထောင်ဘရိတ်သောင်းဘရိတ်တွေရကြပါစေဆုတောင်းပေးလိုက်ပါတယ်…..

အမျိုးတွေအားလုံးစည်းကမ်းရှိရှိညီညီညွတ်ညွတ် ပျော်ပျော်ရွှင်ရွှင်ဘေးအန္တရယ်ကင်းရှင်းစွာနဲ့လုပ်ကိုင် နိုင်ကြပါစေအဆင်ပြေကြပါစေ…..

ဖိုးသူတော်(www.phothutaw.com)
Credit:မဟာခေတ်သစ်မီဒီယာ
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top