ရိုတဟာဆိုရင္ အနုပညာေလာကထဲကုိဝင္ေရာက္လာတာၾကာျပီျဖစ္ျပီး ပရိသတ္အားေပးမႈရရွိထားတဲ့အဆိုေတာ္တစ္ဦးျဖစ္ပါတယ္။ ရိုတက မၾကာေသးမီကလည္း ပြင့္နဒီေမာင္နဲ႔ဆက္စီဆန္ဆန္ရိုက္ထားတဲ့ သီခ်င္းတစ္ပုဒ္ေၾကာင့္ ေတာ္ေတာ္ေလးနာမည္ၾကီးသြားပါေသးတယ္။

ရိုတက အနုပညာအျပင္ နုိင္ငံေရးကုိပါစိတ္ဝင္စားျပီး ျမန္မာနုိင္ငံၾကီးကုိေကာင္းမြန္ေအာင္ တစ္ဖက္တစ္လမ္းက ကူညီေပးခ်င္တဲ့သူတစ္ဦးျဖစ္ေၾကာင္းလည္း အင္တာဗ်ဴးေတြမွာဖြင့္ဟလာပါေသးတယ္။

 မၾကာခင္က Sunday Journal နဲ႔ အင္တာဗ်ဴးမွာရိုတက ရန္ကုန္ကုိသန္႔ရွင္းေအာင္ေဆာင္ရြက္ေပးလိုေၾကာင္းနဲ႔ ျပည္သူေတြအတြက္အမိုးအကာေတြလုပ္ေပးခ်င္တာေၾကာင့္ စည္ပင္အမတ္ျဖစ္လိုေၾကာင္းေျပာသြားခဲ့ပါတယ္။



ရိုိတက လူေတြအမႈိက္ကိုလက္လြတ္စပယ္ပစ္ေနျခင္းနဲ႔ပတ္သက္ျပီး “အခ်ိဳ႕လူေတြက်ေတာ့အပ်င္းထူေတာ့ အမိႈက္ကုိလက္လြတ္စပယ္ပစ္ထားခဲ့တာမ်ိဳးေတြရွိတယ္။ နုိင္ငံျခားေတြမွာဆို ငါးအိမ္တစ္လံုး အမႈိက္ပံုးက ။ အခုအဲ့လိုမရွိဘူး။

လမ္းထိပ္ကုိတစ္ကူးတစ္ကဆိုေတာ့ အခ်ိဳ႕ကလည္း မသယ္ဘူး။အမိႈက္ပံုးက ဘာမွတန္ဖိုးမရွိပါဘူး။ နုိင္ငံေတာ္ဘတ္ဂ်တ္လည္းအဲ့ေလာက္ၾကီးလည္းဝင္မေနပါဘူး။ ကြ်န္ေတာ္ေျပာခ်င္တာက။ ဒီတစ္လမ္းဆိုရင္ အမႈိက္ပံုး ဘယ္နွစ္ပံုးေလာက္ထားမလဲ။ ဒါမ်ိဳးေလးေတြစီမံကိန္းနဲ႔ ထားရင္ရ တယ္”လို႔ ေျပာသြားပါတယ္။

စည္ပင္ေရြးေကာက္ပြဲဝင္ခ်င္တဲ့အေၾကာင္းရင္းကုိလည္းရိုတက ရွင္းျပသြားပါေသးတယ္။ “စည္ပင္ေရြးေကာက္ပြဲဝင္ခ်င္တာ ကြ်န္ေတာ္ အဓိကက နံပါတ္တစ္ အမိႈက္။ နံပါတ္နွစ္က လမ္းေဘးက အမိုးအဖီ။ ထိထိေရာက္ေရာက္မရွိဘူးေပါ့ေနာ္။

 ကြ်န္ေတာ္ အဓိကက ထိထိေရာက္ေရာက္ျဖစ္ေစခ်င္တာ”လို ႔ေျပာထားျပီး ထက္ထက္ထြန္းကုိအရမ္းအားသန္တယ္လို႔လည္း “ကြ်န္ေတာ္ ထက္ထက္ထြန္းဆို ေရြးတာ အရမ္းအားသန္တယ္။

သူရံႈးသြားတာ ကြ်န္ေတာ္စိတ္မေကာင္းဘူး။ ကြ်န္ေတာ္က အမွန္တကယ္ဘယ္ပါတီမွမဲမေပးဘူး။ NLD လည္းမေပးဘူး။ NLD ပါတီရဲ႕လႊမ္းမိုးမႈေအာက္ကသြားတာမၾကိဳက္ဘူး။ ၾကံ့ခိုင္ေရးလည္းအဲ့လိုပဲ။ တစ္သီးပုဂၢလေတြကုိ ပုိအားေပးတယ္”လို႔ ေျပာၾကားထားပါတယ္။

ျမန္မာလူမ်ိဳးေတြ စည္းကမ္းနဲ႔စိတ္ဓာတ္ေတြျပင္ဆင္ဖို႔လိုတယ္လို႔လည္း ရိုတက “လူေတြက ေျပာတယ္။ ျမန္မာလူမ်ိဳးေတြ စည္းကမ္းပ်က္ေနတယ္တဲ့။ စိတ္ဓာတ္ေတြယုတ္ညံ့ေနတယ္တဲ့။ အဲဒီ စိတ္ဓာတ္ယုတ္ညံ့တာနဲ႔ စည္းကမ္းပ်က္တာကိုထိေရာက္စြာျပင္လိုက္စမ္းပါ။ အဲဒီလူေတြက ဘယ္လိုမွမေျပာင္းလဲဘူးဆိုရင္ စီးတဲ့ဖိနပ္နဲ႔ရိုတကုိလာရိုက္သြားလို႔ရတယ္။



ထိေရာက္တဲ့ ျပစ္ဒဏ္ပဲေပးပါ။ ထိထိေရာက္ေရာက္လုပ္ရင္ ဘယ္ေတာ့မွမေျပာင္းလဲ ဘူးဆိုတာမရွိဘူး။ ျမန္မာေတြက ေတာ္ခဲ့တဲ့ ပုဂၢိဳလ္ေတြအမ်ားၾကီးရွိပါတယ္။ ျမန္မာေတြက တကယ္လုပ္ရင္တကယ္ျဖစ္ပါတယ္။ ကုိယ့္ျမန္မာလူမ်ိဳးကုိကုိ္ယ္ယံုတယ္”လို႔ ေျပာသြားပါတယ္။

ရိုတက ရန္ကုန္နဲ႔မႏၱေလးကုိလည္းနႈိင္းယွဥ္ေဝဖန္သြားပါေသးတယ္။ “ရန္ကုန္ျမိဳ႕ေတာ္ၾကီးကုိအထူးသျဖင့္ ပုိစိတ္ကုန္တယ္။ မႏၱေလးက်ေတာ့ ထိေရာက္မႈပိုရွိသလိုပဲ။ ၾကည့္ရ ေလ့လာရသေလာက္။ စည္းကမ္းလည္းပုိရွိတယ္။

ျမိဳ႕ေတာ္ဝန္ကလည္းတကယ္လုပ္နုိင္တယ္လို႔ေတာ့နည္းနည္းထင္မိတယ္။ ေနာက္နွစ္က်ရင္ေတာ့ ကြ်န္ေတာ္စည္ပင္ေရြးေကာက္ပြဲကုိ ဝင္ျပိဳင္ေကာင္းဝင္ျပိဳင္လိမ့္မယ္။ ဒီနွစ္ကေတာ့ ကြ်န္ေတာ္ေနာက္က်သြားတယ္။ ပါတီေတြနဲ႔လည္းကြ်န္ေတာ္အခ်ိတ္အဆက္မရွိဘူးေလ”လို႔ ရင္ဖြင့္သြားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ရိုတကုိ အားေပးၾကလား။ ရိုတရဲ႕ သီခ်င္းအသစ္ေတြထြက္ လာရင္ေရာအားေပးၾကမွာလား။ ရိုတ စည္ပင္ေရြးေကာက္ပြဲဝင္ျပိဳင္ရင္ေရာအမတ္ေလာင္း အျဖစ္မဲထည့္ၾကမွာလား။ေျပာခဲ့ၾကပါဦး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #


ရိုတဟာဆိုရင် အနုပညာလောကထဲကိုဝင်ရောက်လာတာကြာပြီဖြစ်ပြီး ပရိသတ်အားပေးမှုရရှိထားတဲ့အဆိုတော်တစ်ဦးဖြစ်ပါတယ်။ ရိုတက မကြာသေးမီကလည်း ပွင့်နဒီမောင်နဲ့ဆက်စီဆန်ဆန်ရိုက်ထားတဲ့ သီချင်းတစ်ပုဒ်ကြောင့် တော်တော်လေးနာမည်ကြီးသွားပါသေးတယ်။

ရိုတက အနုပညာအပြင် နိုင်ငံရေးကိုပါစိတ်ဝင်စားပြီး မြန်မာနိုင်ငံကြီးကိုကောင်းမွန်အောင် တစ်ဖက်တစ်လမ်းက ကူညီပေးချင်တဲ့သူတစ်ဦးဖြစ်ကြောင်းလည်း အင်တာဗျူးတွေမှာဖွင့်ဟလာပါသေးတယ်။

 မကြာခင်က Sunday Journal နဲ့ အင်တာဗျူးမှာရိုတက ရန်ကုန်ကိုသန့်ရှင်းအောင်ဆောင်ရွက်ပေးလိုကြောင်းနဲ့ ပြည်သူတွေအတွက်အမိုးအကာတွေလုပ်ပေးချင်တာကြောင့် စည်ပင်အမတ်ဖြစ်လိုကြောင်းပြောသွားခဲ့ပါတယ်။

ရိုတက လူတွေအမှိုက်ကိုလက်လွတ်စပယ်ပစ်နေခြင်းနဲ့ပတ်သက်ပြီး “အချို့လူတွေကျတော့အပျင်းထူတော့ အမှိုက်ကိုလက်လွတ်စပယ်ပစ်ထားခဲ့တာမျိုးတွေရှိတယ်။ နိုင်ငံခြားတွေမှာဆို ငါးအိမ်တစ်လုံး အမှိုက်ပုံးက ။ အခုအဲ့လိုမရှိဘူး။

လမ်းထိပ်ကိုတစ်ကူးတစ်ကဆိုတော့ အချို့ကလည်း မသယ်ဘူး။အမှိုက်ပုံးက ဘာမှတန်ဖိုးမရှိပါဘူး။ နိုင်ငံတော်ဘတ်ဂျတ်လည်းအဲ့လောက်ကြီးလည်းဝင်မနေပါဘူး။ ကျွန်တော်ပြောချင်တာက။ ဒီတစ်လမ်းဆိုရင် အမှိုက်ပုံး ဘယ်နှစ်ပုံးလောက်ထားမလဲ။ ဒါမျိုးလေးတွေစီမံကိန်းနဲ့ ထားရင်ရ တယ်”လို့ ပြောသွားပါတယ်။

စည်ပင်ရွေးကောက်ပွဲဝင်ချင်တဲ့အကြောင်းရင်းကိုလည်းရိုတက ရှင်းပြသွားပါသေးတယ်။ “စည်ပင်ရွေးကောက်ပွဲဝင်ချင်တာ ကျွန်တော် အဓိကက နံပါတ်တစ် အမှိုက်။ နံပါတ်နှစ်က လမ်းဘေးက အမိုးအဖီ။ ထိထိရောက်ရောက်မရှိဘူးပေါ့နော်။

 ကျွန်တော် အဓိကက ထိထိရောက်ရောက်ဖြစ်စေချင်တာ”လို့ပြောထားပြီး ထက်ထက်ထွန်းကိုအရမ်းအားသန်တယ်လို့လည်း “ကျွန်တော် ထက်ထက်ထွန်းဆို ရွေးတာ အရမ်းအားသန်တယ်။

သူရှုံးသွားတာ ကျွန်တော်စိတ်မကောင်းဘူး။ ကျွန်တော်က အမှန်တကယ်ဘယ်ပါတီမှမဲမပေးဘူး။ NLD လည်းမပေးဘူး။ NLD ပါတီရဲ့လွှမ်းမိုးမှုအောက်ကသွားတာမကြိုက်ဘူး။ ကြံ့ခိုင်ရေးလည်းအဲ့လိုပဲ။ တစ်သီးပုဂ္ဂလတွေကို ပိုအားပေးတယ်”လို့ ပြောကြားထားပါတယ်။

မြန်မာလူမျိုးတွေ စည်းကမ်းနဲ့စိတ်ဓာတ်တွေပြင်ဆင်ဖို့လိုတယ်လို့လည်း ရိုတက “လူတွေက ပြောတယ်။ မြန်မာလူမျိုးတွေ စည်းကမ်းပျက်နေတယ်တဲ့။ စိတ်ဓာတ်တွေယုတ်ညံ့နေတယ်တဲ့။ အဲဒီ စိတ်ဓာတ်ယုတ်ညံ့တာနဲ့ စည်းကမ်းပျက်တာကိုထိရောက်စွာပြင်လိုက်စမ်းပါ။ အဲဒီလူတွေက ဘယ်လိုမှမပြောင်းလဲဘူးဆိုရင် စီးတဲ့ဖိနပ်နဲ့ရိုတကိုလာရိုက်သွားလို့ရတယ်။

ထိရောက်တဲ့ ပြစ်ဒဏ်ပဲပေးပါ။ ထိထိရောက်ရောက်လုပ်ရင် ဘယ်တော့မှမပြောင်းလဲ ဘူးဆိုတာမရှိဘူး။ မြန်မာတွေက တော်ခဲ့တဲ့ ပုဂ္ဂိုလ်တွေအများကြီးရှိပါတယ်။ မြန်မာတွေက တကယ်လုပ်ရင်တကယ်ဖြစ်ပါတယ်။ ကိုယ့်မြန်မာလူမျိုးကိုကိုယ်ယုံတယ်”လို့ ပြောသွားပါတယ်။

ရိုတက ရန်ကုန်နဲ့မန္တလေးကိုလည်းနှိုင်းယှဉ်ဝေဖန်သွားပါသေးတယ်။ “ရန်ကုန်မြို့တော်ကြီးကိုအထူးသဖြင့် ပိုစိတ်ကုန်တယ်။ မန္တလေးကျတော့ ထိရောက်မှုပိုရှိသလိုပဲ။ ကြည့်ရ လေ့လာရသလောက်။ စည်းကမ်းလည်းပိုရှိတယ်။

မြို့တော်ဝန်ကလည်းတကယ်လုပ်နိုင်တယ်လို့တော့နည်းနည်းထင်မိတယ်။ နောက်နှစ်ကျရင်တော့ ကျွန်တော်စည်ပင်ရွေးကောက်ပွဲကို ဝင်ပြိုင်ကောင်းဝင်ပြိုင်လိမ့်မယ်။ ဒီနှစ်ကတော့ ကျွန်တော်နောက်ကျသွားတယ်။ ပါတီတွေနဲ့လည်းကျွန်တော်အချိတ်အဆက်မရှိဘူးလေ”လို့ ရင်ဖွင့်သွားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ရိုတကို အားပေးကြလား။ ရိုတရဲ့ သီချင်းအသစ်တွေထွက် လာရင်ရောအားပေးကြမှာလား။ ရိုတ စည်ပင်ရွေးကောက်ပွဲဝင်ပြိုင်ရင်ရောအမတ်လောင်း အဖြစ်မဲထည့်ကြမှာလား။ပြောခဲ့ကြပါဦး။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top