“အ႐ွင္ဘုရား …. တိုင္ကပ္နာရီႀကီးဘယ္ေရာက္သြားလဲဘုရား … ´´

“ ညက ဒကာ ( ၂ ) ေယာက္ လာယူသြားၾကတယ္ကြယ့္ ….´´

“ အ႐ွင္ဘုရား … ဒါဆို .. သူခိုးလာခိုးသြားတာၿဖစ္မွာပါဘုရား .. အ႐ွင္ဘုရား မသိလိုက္ဘူးလား ဘုရား … ´´

“ သိပါတယ္ကြယ္ .. သူတို႔က မမွီမကမ္းနဲ့ၿဖဳတ္ေနသံၾကားတယ္ မေတာ္လြတ္က်ရင္ မင္းတို႔ေတြႏိုးကုန္ၾကရင္ နာရီလဲအေကာင္းမရ ..

ဒုကၡလည္းေရာက္ၾကမွာစိုးတာနဲ႔ ပလႅင္ေနာက္မွာ ေခြးေျခရွိတယ္လို႔ေတာင္ ေၿပာလိုက္ေသးတယ္ .. ´´

“အ႐ွင္ဘုရားႏွယ္ .. သူခိုးပဲ ဘာလို႔ လႊတ္ေပးလိုက္ရတာလဲ .. လွဴပစ္လိုက္တယ္ဆိုတာကမွ ဟုတ္ေသးတယ္ ….´´

“ အခုလဲ မထူးပါဘူးကြာ .. သူတို႔လာယူေတာ့လဲ ကိုယ္ကသြားလွဴရ သက္သာသြားတာေပါ့ ..

ညႀကီးသန္းေခါင္ သူမ်ားမသိေအာင္ လာယူေတာ့လဲ … အယုတ္ ၊ အလတ္ ၊ အၿမတ္ ေရြးမေနရေတာ့ဘူးေပါ့ …. ´´

{ေအာင္ျခင္း႐ွစ္ပါး ဆရာေတာ္၊အမရပူရၿမိဳ ့}

“ အ႐ွင္ဘုရား … တပည့္ေတာ္တို႔ လွဴထားတဲ့ ေရဒီယိုႀကီးလဲမၿမင္ပါ့လား … ဘယ္ေနရာမွာသြားထားပါသလဲဘုရား .. ´´

“ ဘယ္မွ သြားမထားပါဘူး .. သူ႔ပိုင္ရွင္က လာယူသြားတယ္ ….´´

“အို .. အ႐ွင္ဘုရားကလည္း .. ဘယ္ကလာ ပိုင္ရွင္ရွိရဦးမွာလဲ .. တပည့္ေတာ္တို႔က အ႐ွင္ဘုရားကို လွဴထားတာပဲဥစၥာ … အ႐ွင္ဘုရားပိုင္တဲ့ပစၥည္းဘဲေပါ့ …´´

“ငါ မပိုင္လို႔ေပါ့ကြာ .. ငါသာပိုင္ရင္ ပစၥည္းက ငါ့အနားမွာ႐ွိေနမွာေပါ့ ၊ ခုေတာ့ သူ႔ပိုင္ရွင္ အနားေရာက္သြားၿပီ … ´´

“အို … အ႐ွင္ဘုရားကလည္း ေ၀့လည္လည္နဲ႔ေၿပာေနၿပန္ပါၿပီ … သူခိုး ခိုးသြားတာမဟုတ္လားဘုရား .. ဒါဆို အ႐ွင္ဘုရားရဲ႕ ေရဒီယို ဆံုးၿပီေပါ့ …´´

“မဆံုးပါဘူးကြယ္ …. ဆံုးတယ္ဆိုတာ မီးေလာင္သြားတာတို႔ .. ၿမစ္ထဲ၊ပင္လယ္ထဲ က်သြားတာတို႔လို ဘယ္သူမွ သံုးခြင့္မရေတာ့တာမွ ဆံုးတာပါ ….

ခုဟာက တစ္ေနရာေတာ့မွာ သံုးလို႔ရေနဦးမွာပါကြယ္ … ´´

{ နတ္မွီေတာရ ဆရာေတာ္ဘုရားႀကီး ၊ ေတာင္တြင္းႀကီးၿမိဳ႕ }

“ ဆရာေတာ္ လုပ္ပါဦးဘုရား .. ဒုကၡေတာ့ေရာက္ကုန္ၿပီ .. ပုလိပ္တိုင္မွ ၿဖစ္ေတာ့မယ္ဘုရား ´´

“ဘာျဖစ္တာတုန္းဟဲ့ ကပိၸယရဲ႕ .. မင္းဟာက အရင္းမ႐ွိ .. အဖ်ားမ႐ွိ ၿပဴးတူးၿပဲတဲနဲ့ .. တိုးတုိးသက္သာ ေၿပာစမ္းပါ …´´

“ဆရာေတာ့္ပစၥည္းေတြ ညက သူခိုး ဝင္ခိုးသြားၿပီဘုရား .. ဒါေၾကာင့္ ပုလိပ္ကိုတိုင္မွ ၿဖစ္မယ္လို႔ ေၿပာတာပါဘုရား … ´´

“ ကပိၸယ ကုိယ့္ပစၥည္း သူမ်ားခိုးတာခံရတယ္ဆိုတာ ကိုယ္ကလည္း သူမ်ားပစၥည္း ခိုးခဲ့ဖူးလို႔ ၿဖစ္မွာေပါ့ဟဲ့ …

သံသရာမွာ ကိုယ္ျပဳခဲ့ဖူးတဲ့ မေကာင္းမႈဟာ တစ္ခ်ိန္ခ်ိန္မွာ တူေသာအက်ိဳး ျပန္ေပးတတ္တာ ဓမၼတာပဲ … အသာေနပါ ကပၸိယရယ္ ..

မင္းလုပ္လိုက္မွ ငါဟာ သံသရာမွာ သူခိုးၿဖစ္ခဲ့ဖူးတာ လူသိကုန္ပါ့မယ္ … ´´

သံသရာဆိုတာ ႐ွိတယ္ ၊ ဝဋ္ ဆိုတာ လည္တတ္တယ္ …

ဖိုးသူေတာ္ (www.phothutaw.com)
Credit:{ေက်းဇူးေတာ္ရွင္ မဟာစည္ ဆရာေတာ္ဘုရားႀကီး}
# Unicode Version # ျဖင့္ ဖတ္ပါ #

“အရှင်ဘုရား …. တိုင်ကပ်နာရီကြီးဘယ်ရောက်သွားလဲဘုရား … ´´

“ ညက ဒကာ ( ၂ ) ယောက် လာယူသွားကြတယ်ကွယ့် ….´´

“ အရှင်ဘုရား … ဒါဆို .. သူခိုးလာခိုးသွားတာဖြစ်မှာပါဘုရား .. အရှင်ဘုရား မသိလိုက်ဘူးလား ဘုရား … ´´

“ သိပါတယ်ကွယ် .. သူတို့က မမှီမကမ်းနဲ့ဖြုတ်နေသံကြားတယ် မတော်လွတ်ကျရင် မင်းတို့တွေနိုးကုန်ကြရင် နာရီလဲအကောင်းမရ ..

ဒုက္ခလည်းရောက်ကြမှာစိုးတာနဲ့ ပလ္လင်နောက်မှာ ခွေးခြေရှိတယ်လို့တောင် ပြောလိုက်သေးတယ် .. ´´

“အရှင်ဘုရားနှယ် .. သူခိုးပဲ ဘာလို့ လွှတ်ပေးလိုက်ရတာလဲ .. လှူပစ်လိုက်တယ်ဆိုတာကမှ ဟုတ်သေးတယ် ….´´

“ အခုလဲ မထူးပါဘူးကွာ .. သူတို့လာယူတော့လဲ ကိုယ်ကသွားလှူရ သက်သာသွားတာပေါ့ ..

ညကြီးသန်းခေါင် သူများမသိအောင် လာယူတော့လဲ … အယုတ် ၊ အလတ် ၊ အမြတ် ရွေးမနေရတော့ဘူးပေါ့ …. ´´

{အောင်ခြင်းရှစ်ပါး ဆရာတော်၊အမရပူရမြို့}

“ အရှင်ဘုရား … တပည့်တော်တို့ လှူထားတဲ့ ရေဒီယိုကြီးလဲမမြင်ပါ့လား … ဘယ်နေရာမှာသွားထားပါသလဲဘုရား .. ´´

“ ဘယ်မှ သွားမထားပါဘူး .. သူ့ပိုင်ရှင်က လာယူသွားတယ် ….´´

“အို .. အရှင်ဘုရားကလည်း .. ဘယ်ကလာ ပိုင်ရှင်ရှိရဦးမှာလဲ .. တပည့်တော်တို့က အရှင်ဘုရားကို လှူထားတာပဲဥစ္စာ … အရှင်ဘုရားပိုင်တဲ့ပစ္စည်းဘဲပေါ့ …´´

“ငါ မပိုင်လို့ပေါ့ကွာ .. ငါသာပိုင်ရင် ပစ္စည်းက ငါ့အနားမှာရှိနေမှာပေါ့ ၊ ခုတော့ သူ့ပိုင်ရှင် အနားရောက်သွားပြီ … ´´

“အို … အရှင်ဘုရားကလည်း ဝေ့လည်လည်နဲ့ပြောနေပြန်ပါပြီ … သူခိုး ခိုးသွားတာမဟုတ်လားဘုရား .. ဒါဆို အရှင်ဘုရားရဲ့ ရေဒီယို ဆုံးပြီပေါ့ …´´

“မဆုံးပါဘူးကွယ် …. ဆုံးတယ်ဆိုတာ မီးလောင်သွားတာတို့ .. မြစ်ထဲ၊ပင်လယ်ထဲ ကျသွားတာတို့လို ဘယ်သူမှ သုံးခွင့်မရတော့တာမှ ဆုံးတာပါ ….

ခုဟာက တစ်နေရာတော့မှာ သုံးလို့ရနေဦးမှာပါကွယ် … ´´

{ နတ်မှီတောရ ဆရာတော်ဘုရားကြီး ၊ တောင်တွင်းကြီးမြို့ }

“ ဆရာတော် လုပ်ပါဦးဘုရား .. ဒုက္ခတော့ရောက်ကုန်ပြီ .. ပုလိပ်တိုင်မှ ဖြစ်တော့မယ်ဘုရား ´´

“ဘာဖြစ်တာတုန်းဟဲ့ ကပ္ပိယရဲ့ .. မင်းဟာက အရင်းမရှိ .. အဖျားမရှိ ပြူးတူးပြဲတဲနဲ့ .. တိုးတိုးသက်သာ ပြောစမ်းပါ …´´

“ဆရာတော့်ပစ္စည်းတွေ ညက သူခိုး ဝင်ခိုးသွားပြီဘုရား .. ဒါကြောင့် ပုလိပ်ကိုတိုင်မှ ဖြစ်မယ်လို့ ပြောတာပါဘုရား … ´´

“ ကပ္ပိယ ကိုယ့်ပစ္စည်း သူများခိုးတာခံရတယ်ဆိုတာ ကိုယ်ကလည်း သူများပစ္စည်း ခိုးခဲ့ဖူးလို့ ဖြစ်မှာပေါ့ဟဲ့ …

သံသရာမှာ ကိုယ်ပြုခဲ့ဖူးတဲ့ မကောင်းမှုဟာ တစ်ချိန်ချိန်မှာ တူသောအကျိုး ပြန်ပေးတတ်တာ ဓမ္မတာပဲ … အသာနေပါ ကပ္ပိယရယ် ..

မင်းလုပ်လိုက်မှ ငါဟာ သံသရာမှာ သူခိုးဖြစ်ခဲ့ဖူးတာ လူသိကုန်ပါ့မယ် … ´´

သံသရာဆိုတာ ရှိတယ် ၊ ဝဋ် ဆိုတာ လည်တတ်တယ် …

ဖိုးသူတော် (www.phothutaw.com)
Credit:{ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး}
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top