” မင္းေနာက္တစ္ခါ တျခား ကင္းေျခမ်ားေတြကို ဒီလိုေမးခြန္းမ်ဳိး ဘယ္ေတာ့မွ သြားမေမးမိေစနဲ႔…နားလည္လား??
ဖားတစ္ေကာင္ဟာ
ကင္းေျခမ်ားတစ္ေကာင္ လမ္းေလွ်ာက္လာတာကိုျမင္ေတာ့
ဒီလိုစဥ္းစားမိပါတယ္ …
“ငါ့မွာ ေျခႏွစ္ေခ်ာင္း လက္ႏွစ္ဖက္ရွိတာေတာင္
လမ္းေလွ်ာက္ရတာ ခက္ခဲတယ္…
တစ္ခါတစ္ေလ ဘယ္ညာမွားျပီး ေျခလွမ္းေတြ လြဲေနတတ္ေသးတယ္..
ဒါေပမယ့္ ဒီေကာင္ႀကီးက ေျခေထာက္ေတြ
မေရမတြက္ႏိုင္ေအာင္ရွိေနတာ.. ဘယ္လိုမ်ားလမ္းေလွ်ာက္သလဲမသိဘူး.. ေတာ္ေတာ္ထူးဆန္းတာပဲ..
ဒီကင္းေျခမ်ား ဒီေျခေထာက္က အရင္လွမ္း
ဟိုေျခေထာက္က ေနာက္မွလမ္းဆိုျပီး သူ႔ေျခေထာက္ေတြကိုသူ
ဘယ္လိုမ်ားထိန္းခ်ဳပ္လဲ မသိဘူး”
အဲ့ဒါနဲ႔ ဖားက ကင္းေျခမ်ားကို သြားျပီး ဒီလိုေမးလိုက္တယ္…
“ဒီေလာက္မ်ားတဲ့ေျခေထာက္ေတြနဲ႔
မင္း ဘယ္လိုလမ္းေလွ်ာက္သလဲကြာ..?
ငါ ေသေသခ်ာခ်ာ စဥ္းစားၾကည့္ျပီးျပီ…ဒါေပမယ့္
ဘယ္လိုမွ ေတြးမရဘူး…ေျခေထာက္တစ္ေခ်ာင္းခ်င္းစီကို
ထိန္းခ်ဳပ္ႏိုင္ဖို႔ဆိုတာ ေတာ္ေတာ္မလြယ္တဲ႔ ကိစၥပဲ”
ကင္းေျခမ်ားက
“ငါလည္း ေမြးကတည္းက ဒီလိုပဲ ေလွ်ာက္လာခဲ႔တာ…
ဒီကိစၥနဲ႔ပတ္သက္ျပီး တစ္ခါမွ မေတြးဖူးပါဘူး…
ဘာပဲျဖစ္ျဖစ္ေမး လာျပီ ဆိုေတာ့လည္း အေျဖရွာရမွာေပါ့…
ေနဦး ငါစဥ္းစားၾကည့္လိုက္ဦးမယ္”လို႔ ဆိုျပီး
တစ္ေအာင့္ေလာက္ရပ္ျပီး ေတြးၾကည့္ေနမိတယ္တဲ႔…
အဲ့ဒီအေတြးမ်ဳိးဟာ ကင္းေျခမ်ားအတြက္
ပထမဆံုးေသာ အေတြးျဖစ္သလို
ဘယ္ေျခေထာက္ကို အရင္ေရြ႕ရမလဲ ..
ဘယ္ေျခေထာက္ကိုက်ေတာ့ ေနာက္မွေရြ႕ရမလဲ ဆိုျပီး ေျခေထာက္ေတြတစ္ေခ်ာင္းျခင္းစီနဲ႔ စမ္းစစ္ၾကည့္လိုက္တဲ႔အခါ
ေျခလွမ္းေတြမွားကုန္ျပီး တည့္တည့္ေတာင္ေလ်ွာက္လို႔မရေတာ့ပဲ ကို႔ယို႕ကားယားေတြ ျဖစ္ကုန္ေရာတဲ့
ဒါနဲ႔ ကင္းေျခမ်ားက ဖားကို
” မင္းေနာက္တစ္ခါ တျခား ကင္းေျခမ်ားေတြကို
ဒီလိုေမးခြန္းမ်ဳိး ဘယ္ေတာ့မွ သြားမေမးမိေစနဲ႔…နားလည္လား??
ငါ့ဘာသာ ဒီပံုစံအတိုင္း လမ္းေလွ်ာက္လာခဲ႔တာ
ဘာျပသနာမွမရွိခဲ႔ဖူးဘူး…အခုမင္းေမးခြန္းေၾကာင့္
ငါလမ္းေလွ်ာက္ရတာေတာင္ ခက္ကုန္ျပီ… ဘယ္ေျခေထာက္အရင္စလွမ္းရမွန္းမသိေတာ့ဘူး ဘယ္လိုလုပ္မလဲ”?
က်ြန္ေတာ္တို႔ လူေတြလည္း ဒီအတိုင္းေန ေနၾကတာ
ေအးခ်မ္းေနၾကပါျပီ…ဒါေပမယ့္ တျခားလူေတြက
သူတို႔ျပသနာအသီးသီးေတြ ယူလာျပီးေျပာၾကတဲ႔အခါ ကိုယ္သြားနားေထာင္ျပီး သူတို႔နဲ႔အတူ သြားျပီး စိတ္ရႈပ္စိတ္ညစ္ရေရာ..
ဘဝက ေနလိုရ စားလိုေလာက္ငွေနရင္ ဘာမွပူေလာင္စရာမရွိပါဘူး.. တျခားလူေတြ ဘဝေကာင္းစားေနတာလည္း ျမင္ေရာ…. ဟိုလူကဒီလိုေကာင္းစားေနတာ…
ဒီလူက ဒီလို စိန္ေရႊ ရတနာ ပိုက္ဆံေတြ ခ်မ္းသာတာ…
အိမ္ရွိတာ …ကားရွိတာ…
ရည္းစားေခ်ာ ေခ်ာေလးရွိတာဆိုတာေတြလည္း ျမင္ေရာ ကိုယ့္ဘာသာကိုယ္ ေလွ်ာက္ျပီးေတြးေတာ့
ေနာက္ဆံုးမွာ ေသာကေတြက ကိုယ့္စိတ္ကို
ကူးစက္ပူေလာင္ေစေတာ့တာပါပဲ…
ဘယ္သူဘာေျပာေျပာ ကိုယ့္လမ္းကိုယ္
မွန္မွန္ေလးေလွ်က္လွမ္းသြားပါ…
သူမ်ားေျပာစကားေတြနဲ႔ လမ္းမွားမေရာက္ပါေစနဲ႔… မေတြေဝပါနဲ႔ …….
ဖိုးသူေတာ္ (www.phothutaw.com)
Credit:tameelay
# Unicode Version # ျဖင့္ ဖတ္ပါ #
ဖားတစ်ကောင်ဟာ
ကင်းခြေများတစ်ကောင် လမ်းလျှောက်လာတာကိုမြင်တော့
ဒီလိုစဉ်းစားမိပါတယ် …
“ငါ့မှာ ခြေနှစ်ချောင်း လက်နှစ်ဖက်ရှိတာတောင်
လမ်းလျှောက်ရတာ ခက်ခဲတယ်…
တစ်ခါတစ်လေ ဘယ်ညာမှားပြီး ခြေလှမ်းတွေ လွဲနေတတ်သေးတယ်..
ဒါပေမယ့် ဒီကောင်ကြီးက ခြေထောက်တွေ
မရေမတွက်နိုင်အောင်ရှိနေတာ.. ဘယ်လိုများလမ်းလျှောက်သလဲမသိဘူး.. တော်တော်ထူးဆန်းတာပဲ..
ဒီကင်းခြေများ ဒီခြေထောက်က အရင်လှမ်း
ဟိုခြေထောက်က နောက်မှလမ်းဆိုပြီး သူ့ခြေထောက်တွေကိုသူ
ဘယ်လိုများထိန်းချုပ်လဲ မသိဘူး”
အဲ့ဒါနဲ့ ဖားက ကင်းခြေများကို သွားပြီး ဒီလိုမေးလိုက်တယ်…
“ဒီလောက်များတဲ့ခြေထောက်တွေနဲ့
မင်း ဘယ်လိုလမ်းလျှောက်သလဲကွာ..?
ငါ သေသေချာချာ စဉ်းစားကြည့်ပြီးပြီ…ဒါပေမယ့်
ဘယ်လိုမှ တွေးမရဘူး…ခြေထောက်တစ်ချောင်းချင်းစီကို
ထိန်းချုပ်နိုင်ဖို့ဆိုတာ တော်တော်မလွယ်တဲ့ ကိစ္စပဲ”
ကင်းခြေများက
“ငါလည်း မွေးကတည်းက ဒီလိုပဲ လျှောက်လာခဲ့တာ…
ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ခါမှ မတွေးဖူးပါဘူး…
ဘာပဲဖြစ်ဖြစ်မေး လာပြီ ဆိုတော့လည်း အဖြေရှာရမှာပေါ့…
နေဦး ငါစဉ်းစားကြည့်လိုက်ဦးမယ်”လို့ ဆိုပြီး
တစ်အောင့်လောက်ရပ်ပြီး တွေးကြည့်နေမိတယ်တဲ့…
အဲ့ဒီအတွေးမျိုးဟာ ကင်းခြေများအတွက်
ပထမဆုံးသော အတွေးဖြစ်သလို
ဘယ်ခြေထောက်ကို အရင်ရွေ့ရမလဲ ..
ဘယ်ခြေထောက်ကိုကျတော့ နောက်မှရွေ့ရမလဲ ဆိုပြီး ခြေထောက်တွေတစ်ချောင်းခြင်းစီနဲ့ စမ်းစစ်ကြည့်လိုက်တဲ့အခါ
ခြေလှမ်းတွေမှားကုန်ပြီး တည့်တည့်တောင်လျှောက်လို့မရတော့ပဲ ကို့ယို့ကားယားတွေ ဖြစ်ကုန်ရောတဲ့
ဒါနဲ့ ကင်းခြေများက ဖားကို
” မင်းနောက်တစ်ခါ တခြား ကင်းခြေများတွေကို
ဒီလိုမေးခွန်းမျိုး ဘယ်တော့မှ သွားမမေးမိစေနဲ့…နားလည်လား??
ငါ့ဘာသာ ဒီပုံစံအတိုင်း လမ်းလျှောက်လာခဲ့တာ
ဘာပြသနာမှမရှိခဲ့ဖူးဘူး…အခုမင်းမေးခွန်းကြောင့်
ငါလမ်းလျှောက်ရတာတောင် ခက်ကုန်ပြီ… ဘယ်ခြေထောက်အရင်စလှမ်းရမှန်းမသိတော့ဘူး ဘယ်လိုလုပ်မလဲ”?
ကျွန်တော်တို့ လူတွေလည်း ဒီအတိုင်းနေ နေကြတာ
အေးချမ်းနေကြပါပြီ…ဒါပေမယ့် တခြားလူတွေက
သူတို့ပြသနာအသီးသီးတွေ ယူလာပြီးပြောကြတဲ့အခါ ကိုယ်သွားနားထောင်ပြီး သူတို့နဲ့အတူ သွားပြီး စိတ်ရှုပ်စိတ်ညစ်ရရော..
ဘဝက နေလိုရ စားလိုလောက်ငှနေရင် ဘာမှပူလောင်စရာမရှိပါဘူး.. တခြားလူတွေ ဘဝကောင်းစားနေတာလည်း မြင်ရော…. ဟိုလူကဒီလိုကောင်းစားနေတာ…
ဒီလူက ဒီလို စိန်ရွှေ ရတနာ ပိုက်ဆံတွေ ချမ်းသာတာ…
အိမ်ရှိတာ …ကားရှိတာ…
ရည်းစားချော ချောလေးရှိတာဆိုတာတွေလည်း မြင်ရော ကိုယ့်ဘာသာကိုယ် လျှောက်ပြီးတွေးတော့
နောက်ဆုံးမှာ သောကတွေက ကိုယ့်စိတ်ကို
ကူးစက်ပူလောင်စေတော့တာပါပဲ…
ဘယ်သူဘာပြောပြော ကိုယ့်လမ်းကိုယ်
မှန်မှန်လေးလျှေက်လှမ်းသွားပါ…
သူများပြောစကားတွေနဲ့ လမ်းမှားမရောက်ပါစေနဲ့… မတွေဝေပါနဲ့ …….
ဖိုးသူတော် (www.phothutaw.com)
Credit:tameelay