ရည္းစားဦးကို ေျမးဦးရသည္အထိ မေမ့ဘူးဆိုတဲ့ စကားပံုလည္း႐ွိသလို အမ်ားကလည္း အခ်စ္ဆံုးနဲ႔ ဘယ္ေလာက္ခ်စ္ခ်စ္ ရည္းစားဦးကို မေမ့ႏိုင္ဘူးလို႔လည္း ဆိုၾကတယ္ေလ။ ေယာင္းတို႔ေရာ အဲဒီစကားက မွန္တယ္ထင္လားဟင္ ?

ေယာင္းတို႔ရဲ႕ အခ်စ္ဦးကို အခ်စ္ဆံုး႐ွိေနတာေတာင္ သတိရေနမိေသးလား ?

အခ်စ္ဦးနဲ႔ ဆံုမိတာနဲ႔ ဒါမွမဟုတ္ အခ်စ္ဦးအေၾကာင္း ေတြးမိလုိက္တာနဲ႔ ဘယ္အသက္အ႐ြယ္ေအထိေရာက္ေရာက္ ရင္ခုန္သံေတြ ျမန္လာတာပဲဆိုတာမ်ိဳး ျဖစ္ဖူးႀကံဳဖူးလား ?

အက္ဒ္မင့္အတြက္ေတာ့ အဲဒါေတြက မမွန္ဘူးလုိ႔ ထင္တယ္။ ဆယ္ေက်ာ္သက္တုန္းက ရင္ခုန္ဖူးတဲ့ အခ်စ္ဦးေတာ့ ႐ွိခဲ့တာေပါ့။ ဒါေပမဲ့ အခုအခါ သူ႔အေၾကာင္းေတြးမိတာနဲ႔ ရင္ခုန္သံျမန္လာဖုိ႔ မေျပာနဲ႔ စိတ္ကူးထဲက သူ႔ပံုရိပ္ဆိုတာေတာင္ ခပ္ဝါးဝါးပါပဲ။ ေတြ႕မိ၊ ဆံုမိရင္လည္း ရင္ခုန္သံျမန္ဖို႔ထက္ အရင္က ႐ူးခဲ့မိတာေတြ ျပန္ေတြးမိၿပီး ရယ္ခ်င္ေနမိမယ္ ထင္ပါရဲ႕ေနာ္။

ဘာေၾကာင့္ ဒီလိုေတြ ျဖစ္ရလဲ ေတြးမိတဲ့အခါ အခ်စ္ဦး နဲ႔ အခ်စ္ဆံုးတို႔ၾကားက မတူတဲ့ အခ်က္ေလးေတြကို စဥ္းစားမိလာတယ္ေလ။ ဒီအခ်က္ေလးေတြကို ေယာင္းတို႔လည္း သိရေအာင္ေျပာျပရမယ္ဆိုရင္ ….

၁။ အခ်စ္ခ်င္း မတူဘူး။

အခ်စ္ဦးကို ခ်စ္ခဲ့တုန္းက အ႐ူးအမူးနဲ႔ စြဲစြဲလန္းလန္း ခ်စ္ခဲ့မိတာမ်ိဳးေလ။ ဘာေၾကာင့္ ခ်စ္တာလဲလို႔ ေမးၾကည့္ရင္လည္း သူက ခ်စ္စရာေကာင္းလို႔ ရင္ခုန္ၿပီးခ်စ္တာ၊ သူရဲ႕ ပံုစံေလးကို စြဲလမ္းမိေနလို႔ ခ်စ္တာ ဆိုတာထက္ ေျဖစရာမ႐ွိပါဘူး။

အခ်စ္ဆံုးကိုေတာ့ ဘာေၾကာင့္ ခ်စ္တာလဲဆိုရင္ ေျဖစရာေတြက အမ်ားႀကီးပါ။ အခ်စ္ဆံုးကို ခ်စ္မိတာကေတာ့သူ႔ရဲ႕ပံုပန္းသ႑ာန္ကလည္း အနည္းအက်ဥ္းပါသလို၊ သူ႔ရဲ႕ ကိုယ့္အေပၚထားတဲ့ စိတ္ထားကိုခ်စ္မိတာ၊ ကိုယ့္ေပၚ အႏြံတာခံႏုိင္တာကို ဝမ္းသာၿပီးခ်စ္တာ အစ႐ွိသျဖင့္ေပါ့။ ေျပာစရာေတြကေတာ့ အမ်ားႀကီးပါပဲ။ အေၾကာင္းျပခ်က္ တစ္ခုမွ မရွိဘဲ ခ်စ္မိတာေတာင္ ျဖစ္ႏုိင္ေသးတယ္ေလ..

၂။ စြဲလမ္းစိတ္ ကြာျခားတယ္။

အခ်စ္ဦးဆုိတာေတာ့ ကိုယ္ေတာ္ေတာ္စြဲလမ္းခဲ့ရတဲ့သူပါ။ သူ႔ရဲ႕ အၿပံဳးေလးတစ္ခုက ကိုယ့္အိပ္မက္ထဲ စိုးမိုးေနခဲ့တာမ်ိဳး၊ သူ႔နဲ႔ ႏူးညံ့တဲ့ အနမ္းေလးကို တသသျဖစ္ေနမိတာမ်ိဳး၊ သူ႔ကို မေတြ႔ရရင္ မေနႏုိင္ေအာင္ စြဲလမ္းေနတာမ်ိဳးေပါ့။

အခ်စ္ဆံုးကိုေတာ့ မေတြ႕ရ မေနႏုိင္လုိ႔ ဆိုရေအာင္ စြဲလမ္းစိတ္ေတာ့ နည္းပါတယ္။ မေတြ႕ရတာ ၾကာရင္ေတာ့ လြမ္းမိေပမဲ့ တကယ္တမ္းေတာ့ မေတြ႕ျဖစ္တဲ့ေန႔ေတြမွာ သူလည္း သူ႔အလုပ္သူလုပ္၊ ကိုယ္လည္း ကိုယ့္အလုပ္ကိုယ္လုပ္ရင္း ျဖတ္သန္းၾကရတာပါပဲ။ ဒါက အသက္အ႐ြယ္ေၾကာင့္လည္း ဆုိင္မယ္ထင္တယ္ေနာ္။

၃။ သံေယာဇဥ္ကြာျခားတယ္။

အခ်စ္ဦးကို စြဲလမ္းမိတာက လြဲရင္ အခုအခ်ိန္မွာ ျပန္ေတြးမိေတာ့ သူနဲ႔ ကိုယ္နဲ႔ၾကားမွာ ထူးထူးျခားျခား သံေယာဇဥ္တြယ္စရာရယ္လုိ႔လည္း မ႐ွိဘူးထင္ပါတယ္။ ရင္ခုန္ရတာ တစ္ခုေတာ့ရွိတာေပါ့ေနာ္.. မိဘေတြရဲ႕ အုပ္ခ်ဳပ္မႈေအာက္မွာ တင္းတင္းၾကပ္ၾကပ္ေစာင့္ေ႐ွာက္ခံရတဲ့အ႐ြယ္ျဖစ္ေနေတာ့ အတူ႐ွိရတဲ့ အခ်ိန္ကနည္းၿပီး ခုိးေၾကာင္ခိုးဝွက္ ခဏတာ ေတြ႕ခဲ့ရတာ ဆိုေတာ့ေလ။ (အမ်ားအားျဖင့္ ျဖစ္တတ္တာကို ေျပာတာပါေနာ္… မတူတာေတြလည္း ရွိတာေပါ့)

အခ်စ္ဆံုးနဲ႔ လက္တြဲတဲ့အခ်ိန္မွာေတာ့ အ႐ြယ္ေရာက္လာၿပီမို႔ မိဘေတြကလည္း ေျပာေနဆိုေနတာမ်ိဳး သိပ္မရွိ၊ လြတ္လြတ္လပ္လပ္လည္းေတြ႕ရ၊ အတူ႐ွိခ်ိန္ေတြလည္း ပိုမ်ားလာတယ္၊ အသက္အ႐ြယ္အလုိက္ ဘဝရဲ႕ အခက္အခဲေတြကို အတူတူေျဖ႐ွင္းရတာလည္း ႐ွိလာတယ္ ဆိုေတာ့ ဒီအေျခအေနေတြက သံေယာဇဥ္ႀကိဳးေတြကို ပိုခိုင္ၿမဲလာေစတယ္ ထင္ပါရဲ႕ေနာ္။

အခ်စ္ဦးနဲ႔ပဲ ခ်စ္၊ အခ်စ္ဦး နဲ႔ပဲ ဖူးစာဆံုၾကသူေတြကလည္း တစ္မ်ိဳးေပ်ာ္စရာေကာင္းသလို၊ အခ်စ္ဦး နဲ႔ ဆံုဆည္းခြင့္မရေပမဲ့ အခ်စ္ဆံုးနဲ႔ ဆံုစည္းခဲ့ရသူေတြကလည္း ေပ်ာ္စရာေကာင္းတာပါပဲ။ အခ်စ္ဦး ပဲ ျဖစ္ျဖစ္ အခ်စ္ဆံုးပဲျဖစ္ျဖစ္ ကိုယ့္အေပၚ ခ်စ္ခင္ၾကင္နာတတ္တဲ့ လက္တြဲေဖာ္၊ ကိုယ့္ေပၚ နားလည္မႈ အျပည့္ရွိတဲ့သူကေတာ့ ကိုယ့္အတြက္ အေကာင္းဆံုးပဲ မဟုတ္လား…

ေယာင္းတုိ႔ေရာ အခု အခ်စ္ဦးနဲ႔လား၊ အခ်စ္ဆံုးနဲ႔လားဆုိတာ ေျပာျပခဲ့ဦးေနာ္….
ဖိုးသူေတာ္(www.phothutaw.com)
Credit:For Her Myanmar
#Unicode Version#
ရည်းစားဦးကို မြေးဦးရသည်အထိ မမေ့ဘူးဆိုတဲ့ စကားပုံလည်းရှိသလို အများကလည်း အချစ်ဆုံးနဲ့ ဘယ်လောက်ချစ်ချစ် ရည်းစားဦးကို မမေ့နိုင်ဘူးလို့လည်း ဆိုကြတယ်လေ။ ယောင်းတို့ရော အဲဒီစကားက မှန်တယ်ထင်လားဟင် ?

ယောင်းတို့ရဲ့ အချစ်ဦးကို အချစ်ဆုံးရှိနေတာတောင် သတိရနေမိသေးလား ?

အချစ်ဦးနဲ့ ဆုံမိတာနဲ့ ဒါမှမဟုတ် အချစ်ဦးအကြောင်း တွေးမိလိုက်တာနဲ့ ဘယ်အသက်အရွယ်အေထိရောက်ရောက် ရင်ခုန်သံတွေ မြန်လာတာပဲဆိုတာမျိုး ဖြစ်ဖူးကြုံဖူးလား ?

အက်ဒ်မင့်အတွက်တော့ အဲဒါတွေက မမှန်ဘူးလို့ ထင်တယ်။ ဆယ်ကျော်သက်တုန်းက ရင်ခုန်ဖူးတဲ့ အချစ်ဦးတော့ ရှိခဲ့တာပေါ့။ ဒါပေမဲ့ အခုအခါ သူ့အကြောင်းတွေးမိတာနဲ့ ရင်ခုန်သံမြန်လာဖို့ မပြောနဲ့ စိတ်ကူးထဲက သူ့ပုံရိပ်ဆိုတာတောင် ခပ်ဝါးဝါးပါပဲ။ တွေ့မိ၊ ဆုံမိရင်လည်း ရင်ခုန်သံမြန်ဖို့ထက် အရင်က ရူးခဲ့မိတာတွေ ပြန်တွေးမိပြီး ရယ်ချင်နေမိမယ် ထင်ပါရဲ့နော်။

ဘာကြောင့် ဒီလိုတွေ ဖြစ်ရလဲ တွေးမိတဲ့အခါ အချစ်ဦး နဲ့ အချစ်ဆုံးတို့ကြားက မတူတဲ့ အချက်လေးတွေကို စဉ်းစားမိလာတယ်လေ။ ဒီအချက်လေးတွေကို ယောင်းတို့လည်း သိရအောင်ပြောပြရမယ်ဆိုရင် ….

၁။ အချစ်ချင်း မတူဘူး။

အချစ်ဦးကို ချစ်ခဲ့တုန်းက အရူးအမူးနဲ့ စွဲစွဲလန်းလန်း ချစ်ခဲ့မိတာမျိုးလေ။ ဘာကြောင့် ချစ်တာလဲလို့ မေးကြည့်ရင်လည်း သူက ချစ်စရာကောင်းလို့ ရင်ခုန်ပြီးချစ်တာ၊ သူရဲ့ ပုံစံလေးကို စွဲလမ်းမိနေလို့ ချစ်တာ ဆိုတာထက် ဖြေစရာမရှိပါဘူး။

အချစ်ဆုံးကိုတော့ ဘာကြောင့် ချစ်တာလဲဆိုရင် ဖြေစရာတွေက အများကြီးပါ။ အချစ်ဆုံးကို ချစ်မိတာကတော့သူ့ရဲ့ပုံပန်းသဏ္ဍာန်ကလည်း အနည်းအကျဉ်းပါသလို၊ သူ့ရဲ့ ကိုယ့်အပေါ်ထားတဲ့ စိတ်ထားကိုချစ်မိတာ၊ ကိုယ့်ပေါ် အနွံတာခံနိုင်တာကို ဝမ်းသာပြီးချစ်တာ အစရှိသဖြင့်ပေါ့။ ပြောစရာတွေကတော့ အများကြီးပါပဲ။ အကြောင်းပြချက် တစ်ခုမှ မရှိဘဲ ချစ်မိတာတောင် ဖြစ်နိုင်သေးတယ်လေ..

၂။ စွဲလမ်းစိတ် ကွာခြားတယ်။

အချစ်ဦးဆိုတာတော့ ကိုယ်တော်တော်စွဲလမ်းခဲ့ရတဲ့သူပါ။ သူ့ရဲ့ အပြုံးလေးတစ်ခုက ကိုယ့်အိပ်မက်ထဲ စိုးမိုးနေခဲ့တာမျိုး၊ သူ့နဲ့ နူးညံ့တဲ့ အနမ်းလေးကို တသသဖြစ်နေမိတာမျိုး၊ သူ့ကို မတွေ့ရရင် မနေနိုင်အောင် စွဲလမ်းနေတာမျိုးပေါ့။

အချစ်ဆုံးကိုတော့ မတွေ့ရ မနေနိုင်လို့ ဆိုရအောင် စွဲလမ်းစိတ်တော့ နည်းပါတယ်။ မတွေ့ရတာ ကြာရင်တော့ လွမ်းမိပေမဲ့ တကယ်တမ်းတော့ မတွေ့ဖြစ်တဲ့နေ့တွေမှာ သူလည်း သူ့အလုပ်သူလုပ်၊ ကိုယ်လည်း ကိုယ့်အလုပ်ကိုယ်လုပ်ရင်း ဖြတ်သန်းကြရတာပါပဲ။ ဒါက အသက်အရွယ်ကြောင့်လည်း ဆိုင်မယ်ထင်တယ်နော်။

၃။ သံယောဇဉ်ကွာခြားတယ်။

အချစ်ဦးကို စွဲလမ်းမိတာက လွဲရင် အခုအချိန်မှာ ပြန်တွေးမိတော့ သူနဲ့ ကိုယ်နဲ့ကြားမှာ ထူးထူးခြားခြား သံယောဇဉ်တွယ်စရာရယ်လို့လည်း မရှိဘူးထင်ပါတယ်။ ရင်ခုန်ရတာ တစ်ခုတော့ရှိတာပေါ့နော်.. မိဘတွေရဲ့ အုပ်ချုပ်မှုအောက်မှာ တင်းတင်းကြပ်ကြပ်စောင့်ရှောက်ခံရတဲ့အရွယ်ဖြစ်နေတော့ အတူရှိရတဲ့ အချိန်ကနည်းပြီး ခိုးကြောင်ခိုးဝှက် ခဏတာ တွေ့ခဲ့ရတာ ဆိုတော့လေ။ (အများအားဖြင့် ဖြစ်တတ်တာကို ပြောတာပါနော်… မတူတာတွေလည်း ရှိတာပေါ့)

အချစ်ဆုံးနဲ့ လက်တွဲတဲ့အချိန်မှာတော့ အရွယ်ရောက်လာပြီမို့ မိဘတွေကလည်း ပြောနေဆိုနေတာမျိုး သိပ်မရှိ၊ လွတ်လွတ်လပ်လပ်လည်းတွေ့ရ၊ အတူရှိချိန်တွေလည်း ပိုများလာတယ်၊ အသက်အရွယ်အလိုက် ဘဝရဲ့ အခက်အခဲတွေကို အတူတူဖြေရှင်းရတာလည်း ရှိလာတယ် ဆိုတော့ ဒီအခြေအနေတွေက သံယောဇဉ်ကြိုးတွေကို ပိုခိုင်မြဲလာစေတယ် ထင်ပါရဲ့နော်။

အချစ်ဦးနဲ့ပဲ ချစ်၊ အချစ်ဦး နဲ့ပဲ ဖူးစာဆုံကြသူတွေကလည်း တစ်မျိုးပျော်စရာကောင်းသလို၊ အချစ်ဦး နဲ့ ဆုံဆည်းခွင့်မရပေမဲ့ အချစ်ဆုံးနဲ့ ဆုံစည်းခဲ့ရသူတွေကလည်း ပျော်စရာကောင်းတာပါပဲ။ အချစ်ဦး ပဲ ဖြစ်ဖြစ် အချစ်ဆုံးပဲဖြစ်ဖြစ် ကိုယ့်အပေါ် ချစ်ခင်ကြင်နာတတ်တဲ့ လက်တွဲဖော်၊ ကိုယ့်ပေါ် နားလည်မှု အပြည့်ရှိတဲ့သူကတော့ ကိုယ့်အတွက် အကောင်းဆုံးပဲ မဟုတ်လား…

ယောင်းတို့ရော အခု အချစ်ဦးနဲ့လား၊ အချစ်ဆုံးနဲ့လားဆိုတာ ပြောပြခဲ့ဦးနော်….
ဖိုးသူတော်(www.phothutaw.com)
Credit:For Her Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top