​ေတာင္​ဒဂံုၿမိဳနယ္​ ၁၀၇ ရပ္​ကြက္​အတြင္​ ႏွစ္​ဆန္​းတစ္​ရက္​​ေန႔က ျမျမဆိုသူ၏ ဝိဥာဥ္ဝင္​​ေရာက္​ပူးကပ္​​ေျပာဆိုခဲ့သည္​့ သူသတ္​ မုဒိမ္းအ​ေလာင္​း​ေဖ်ာက္​မႈသည္​ မဟုတ္​မွန္​​ေၾကာင္​း ​၁၀၇ ရပ္​ကြက္​အုပ္​ခ်ဳပ္​​ေရးမွဴး က​ေျပာသည္​

“ရာအိမ္​မွဴးက လွမ္​းသတင္​းပို႔​ေတာ့ ကိုယ္​​ေတြကိုယ္​တိုင္​လိုက္​႐ွာတယ္​ စခန္​းမွဴးလည္​းလွမ္​အ​ေၾကာင္​းၾကားလိုက္တယ္​။ပထမပတ္​ဝန္​းက်င္​က လူ​ေတြနဲ႔ရာအိမ္​မွဴးဆယ္​အိမ္​မွဴး​ေတြနဲ႔လိုက္​႐ွာတယ္ ​ဘာမွမ​ေတြ႕ရဘူး ၁၀နာရီ​ေလာက္​မွ စခန္​းမွဴးတို႔အဖြဲ႔​ေရာက္​လာတယ္။​

မီးမလင္​းတဲ့မွတ္​တိုင္​​ေတြကို​ေသခ်ာမွတ္​သားၿပီး​ေတာ့႐ွာတယ္။ ​မ​ေတြ႔ဘူး။​ေသတာၾကာၿပီဆိုရင္​ အပုတ္​နံထြက္​ရမယ္ အပုတ္​နံလည္​းမရဘူး။ဒီ​ေန႔​ေက်ာက္​စိမ္​းစက္​ရံုကို ကြၽန္​​ေတာ္​တို႔ရယ္​ စခန္​းမွဴးရယ္​သြားၿပီး လူစာရင္​းစစ္​​ေဆးတယ္

ျမျမဆိုတဲ့သူ နာမည္​မ​ေတြ႔ရဘူး။ အခုကြၽန္​​ေတာ္​တို႔ဒီကိစၥမဟုတ္​မွန္​​ေၾကာင္​း ၿမိဳ႕နယ္​ကိုတင္ထားၿပီ”ဟု ၁၀၇ရပ္​ကြက္​အုပ္​ခ်ဳပ္​​ေရးမႉးက​ေျပာသည္​။

၁၀၇ ရပ္​ကြက္​အတြင္​း ႏွစ္​ဆန္​းတစ္​​ရက္​​ေန႔တြင္​ ပရိတ္​တရားနာစဥ္​ မဇာျခည္​လြင္​ဆိုသူအား ႐ုတ္​တရက္ ​ျမျမဆိုသည္​့ ဝိဥာဥ္​ဝင္​ပူး၍ ၄င္​းအား သၾကၤန္​အႀကိဳ​ေန႔တြင္​ လည္​ၿပီးျပန္​လာစဥ္​ Sweety Home စက္​ရံုမွ အမ်ိဳးသားလုပ္​သား၃ဦးမွ အတင္​းဆြဲ​ေခၚ၍မုဒ္ိန္​းက်င္​့ခဲ့ၿပီး

ဓားမ်ားျဖင္​့ခုတ္​ထစ္​ကာ အ​​ေလာင္​းအား ​မီမလင္​းသည္​့ဓာတ္​တိုင္​ျခံဳပုတ္​နား႐ွိ ​ေျမာင္း၏သံု​ေပ​ေနရာတြင္​ျမဳပ္​ထားသည္​ဟု ​ေျပာဆိုခဲ့သည္​။

ယ​ခုအကိစၥႏွင္​့ပတ္​သက္​၍ ဆို႐ွယ္​မီဒီယာအသံုးျပဳသူမ်ား စိတ္​ဝင္​စားလ်က္​႐ွိၿပီး တာဝန္​႐ွိသူမ်ားမွ စံုစမ္းရာတြင္ ယ​ေန႔နံနက္​နာမည္​စာရင္​းမ်ားအားစစ္​​ေဆးရာ ​ေက်ာက္​စိမ္​းဖိနပ္​စက္​ရံုတြင္​ ျမျမဆိုသည္​့နာမည္​မ႐ွိ​ေၾကာင္​းသိရသည္​။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:The Fifth Wave News..

#Unicode Version# ျဖင့္ဖတ္ပါ ။

တောင်ဒဂုံမြိုနယ် ၁၀၇ ရပ်ကွက်အတွင် နှစ်ဆန်းတစ်ရက်နေ့က မြမြဆိုသူ၏ ဝိဉာဉ်ဝင်ရောက်ပူးကပ်ပြောဆိုခဲ့သည့် သူသတ် မုဒိမ်းအလောင်းဖျောက်မှုသည် မဟုတ်မှန်ကြောင်း ၁၀၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကပြောသည်

“ရာအိမ်မှူးက လှမ်းသတင်းပို့တော့ ကိုယ်တွေကိုယ်တိုင်လိုက်ရှာတယ် စခန်းမှူးလည်းလှမ်အကြောင်းကြားလိုက်တယ်။ပထမပတ်ဝန်းကျင်က လူတွေနဲ့ရာအိမ်မှူးဆယ်အိမ်မှူးတွေနဲ့လိုက်ရှာတယ် ဘာမှမတွေ့ရဘူး ၁၀နာရီလောက်မှ စခန်းမှူးတို့အဖွဲ့ရောက်လာတယ်။

မီးမလင်းတဲ့မှတ်တိုင်တွေကိုသေချာမှတ်သားပြီးတော့ရှာတယ်။ မတွေ့ဘူး။သေတာကြာပြီဆိုရင် အပုတ်နံထွက်ရမယ် အပုတ်နံလည်းမရဘူး။ဒီနေ့ကျောက်စိမ်းစက်ရုံကို ကျွန်တော်တို့ရယ် စခန်းမှူးရယ်သွားပြီး လူစာရင်းစစ်ဆေးတယ်

မြမြဆိုတဲ့သူ နာမည်မတွေ့ရဘူး။ အခုကျွန်တော်တို့ဒီကိစ္စမဟုတ်မှန်ကြောင်း မြို့နယ်ကိုတင်ထားပြီ”ဟု ၁၀၇ရပ်ကွက်အုပ်ချုပ်ရေးမှူးကပြောသည်။

၁၀၇ ရပ်ကွက်အတွင်း နှစ်ဆန်းတစ်ရက်နေ့တွင် ပရိတ်တရားနာစဉ် မဇာခြည်လွင်ဆိုသူအား ရုတ်တရက် မြမြဆိုသည့် ဝိဉာဉ်ဝင်ပူး၍ ၎င်းအား သြင်္ကန်အကြိုနေ့တွင် လည်ပြီးပြန်လာစဉ် Sweety Home စက်ရုံမှ အမျိုးသားလုပ်သား၃ဦးမှ အတင်းဆွဲခေါ်၍မုဒိန်းကျင့်ခဲ့ပြီး

ဓားများဖြင့်ခုတ်ထစ်ကာ အလောင်းအား မီမလင်းသည့်ဓာတ်တိုင်ခြုံပုတ်နားရှိ မြောင်း၏သုံပေနေရာတွင်မြုပ်ထားသည်ဟု ပြောဆိုခဲ့သည်။

ယခုအကိစ္စနှင့်ပတ်သက်၍ ဆိုရှယ်မီဒီယာအသုံးပြုသူများ စိတ်ဝင်စားလျက်ရှိပြီး တာဝန်ရှိသူများမှ စုံစမ်းရာတွင် ယနေ့နံနက်နာမည်စာရင်းများအားစစ်ဆေးရာ ကျောက်စိမ်းဖိနပ်စက်ရုံတွင် မြမြဆိုသည့်နာမည်မရှိကြောင်းသိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:The Fifth Wave News..
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top