မႏၲေလးၿမိဳ႕မွာရွိတဲ့ မႏၲေလးတကၠသိုလ္ကို ျဖတ္ၿပီး ၂၀၁၉ – ၂၀၂၀ ခုႏွစ္တြင္ လမ္းေဖာက္ရန္ အစီအစဥ္ရွိေၾကာင္း မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ က သိရသည္ ။

ယင္းလမ္းေဖာက္ျဖစ္ပါက ယာဥ္ေၾကာရွဳတ္ေထြးမႈေလ်ာ့က်မည္ျဖစ္ၿပီး အထူးသျဖင့္ ၆၉ လမ္း ႏွင့္ ၇၈ လမ္းတြင္ ယာဥ္ေၾကာရွဳတ္ေထြးမႈေလ်ာ့က်မည္ျဖစ္ေၾကာင္း သိရသည္ ။

“ၿမိဳ႕ေတာ္ဝန္ႀကီးနဲ႔ ပညာေရးဝန္ႀကီးေတြ႕ၿပီး ေျပာထားတာရွိတယ္ ။ ပညာေရးဝန္ႀကီးကလည္း လမ္းေဖာက္ဖို႔ သေဘာတူတယ္ ။ ဒါေပမယ့္ တရားဝင္စာေတြ ဘာေတြနဲ႔ ထြက္မလာေသးဘူး။ ဒီလမ္းေဖာက္လိုက္ရင္ေတာ့ ယာဥ္ေၾကာၾကပ္တာ မျဖစ္နိုင္ေတာ့ဘူးေပါ့။” ဟု မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီဝင္ ဦးေက်ာ္ဆန္းျမင့္ က ေျပာသည္ ။
မႏၲေလးတကၠသိုလ္

ယခုလက္ရွိအခ်ိန္တြင္ အလုပ္သြား အလုပ္ျပန္အခ်ိန္မ်ား၌ ၆၉ လမ္း ႏွင့္ ၇၈ လမ္းတို႔၌ ယာဥ္ေၾကာရွဳတ္ေထြးမႈမ်ားျဖစ္ေပၚၿပီး တကၠသိုလ္ေက်ာင္းဖြင့္ခ်ိန္မ်ားတြင္ ပိုမိုရွဳတ္ေထြးေၾကာင္း သိရသည္ ။

“မူလအေဆာက္အဦကို ထိခိုက္ၿပီးမလုပ္ရင္ေတာ့ေကာင္း ပါတယ္ ။ ဒါေပမယ့္ အဲ့ဒီထက္ပိုၿပီး လုပ္သင့္တာက ဘူတာႀကီးက ၿမိဳ႕ကို ပတ္ေနတဲ့ဟာကို အရင္ေျဖရွင္း သင့္တယ္” ဟု မႏၲေလးၿမိဳ႕ခံတစ္ဦးျဖစ္သည့္ ဦးလင္းထြန္း က ေျပာသည္ ။

ထို႔အျပင္ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီအေနျဖင့္ မႏၲေလးၿမိဳ႕တြင္း ယာဥ္ေၾကာရွဳတ္ေထြး မႈမ်ားမျဖစ္ေစရန္အတြက္ တပ္မေတာ္ ႏွင့္ ညိွနိႈင္း၍ ၃၈လမ္းကို ေဖာက္လုပ္ၿပီးျဖစ္ကာ မၾကာခင္အခ်ိန္မွာ ဖြင့္သြား မည္ျဖစ္သည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit: The Fifth Wave News
#Unicode Version#
မန္တလေးမြို့မှာရှိတဲ့ မန္တလေးတက္ကသိုလ်ကို ဖြတ်ပြီး ၂၀၁၉ – ၂၀၂၀ ခုနှစ်တွင် လမ်းဖောက်ရန် အစီအစဉ်ရှိကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ က သိရသည် ။

ယင်းလမ်းဖောက်ဖြစ်ပါက ယာဉ်ကြောရှုတ်ထွေးမှုလျော့ကျမည်ဖြစ်ပြီး အထူးသဖြင့် ၆၉ လမ်း နှင့် ၇၈ လမ်းတွင် ယာဉ်ကြောရှုတ်ထွေးမှုလျော့ကျမည်ဖြစ်ကြောင်း သိရသည် ။

“မြို့တော်ဝန်ကြီးနဲ့ ပညာရေးဝန်ကြီးတွေ့ပြီး ပြောထားတာရှိတယ် ။ ပညာရေးဝန်ကြီးကလည်း လမ်းဖောက်ဖို့ သဘောတူတယ် ။ ဒါပေမယ့် တရားဝင်စာတွေ ဘာတွေနဲ့ ထွက်မလာသေးဘူး။ ဒီလမ်းဖောက်လိုက်ရင်တော့ ယာဉ်ကြောကြပ်တာ မဖြစ်နိုင်တော့ဘူးပေါ့။” ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့် က ပြောသည် ။
မန္တလေးတက္ကသိုလ်

ယခုလက်ရှိအချိန်တွင် အလုပ်သွား အလုပ်ပြန်အချိန်များ၌ ၆၉ လမ်း နှင့် ၇၈ လမ်းတို့၌ ယာဉ်ကြောရှုတ်ထွေးမှုများဖြစ်ပေါ်ပြီး တက္ကသိုလ်ကျောင်းဖွင့်ချိန်များတွင် ပိုမိုရှုတ်ထွေးကြောင်း သိရသည် ။

“မူလအဆောက်အဦကို ထိခိုက်ပြီးမလုပ်ရင်တော့ကောင်း ပါတယ် ။ ဒါပေမယ့် အဲ့ဒီထက်ပိုပြီး လုပ်သင့်တာက ဘူတာကြီးက မြို့ကို ပတ်နေတဲ့ဟာကို အရင်ဖြေရှင်း သင့်တယ်” ဟု မန္တလေးမြို့ခံတစ်ဦးဖြစ်သည့် ဦးလင်းထွန်း က ပြောသည် ။

ထို့အပြင် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီအနေဖြင့် မန္တလေးမြို့တွင်း ယာဉ်ကြောရှုတ်ထွေး မှုများမဖြစ်စေရန်အတွက် တပ်မတော် နှင့် ညှိနှိုင်း၍ ၃၈လမ်းကို ဖောက်လုပ်ပြီးဖြစ်ကာ မကြာခင်အချိန်မှာ ဖွင့်သွား မည်ဖြစ်သည်။


ဖိုးသူတော်(www.phothutaw.com)
Credit: The Fifth Wave News

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top