တပ္မေတာ္ဂုဏ္သိကၡာက်ဆင္းေအာင္ ေဖ့စဘြတ္ တြင္ ေရးသားသည္ဟု စြပ္စြဲခံရၿပီး ဆက္သြယ္ေရး ဥပေဒ ပုဒ္မ ၆၆(ဃ) ျဖင့္ တရားစြဲခံထားရသည့္ မႏၲေလးမွ ဆရာေတာ္ ဦးေသာဘိတကို အေရးယူရန္ တပ္မေတာ္က အမရပူရၿမိဳ႕နယ္ တရား႐ုံးတြင္ပင္ ထပ္မံ ေလွ်ာက္ထားသည္ဟု သိရသည္။

လဆန္းပိုင္းတြင္ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ ဦးစီးအရာရွိ ပထမတန္း၊ ဒုတိယဗိုလ္မႉးႀကီး ေအာင္မ်ိဳးေက်ာ္က ဦးတိုက္ ေလွ်ာက္ထားျခင္းျဖစ္သည္ဟု အမရပူရၿမိဳ႕နယ္ တရား႐ုံးထံမွ သိရသည္။

ေလွ်ာက္ထားခ်က္ႏွင့္ ပတ္သက္ၿပီး ရဲက စတင္ ကိုင္တြယ္ေနသည္ဟု အမရပူရ တရား႐ုံးမွ တရားသူႀကီး ဦးေဇာ္မင္းေအာင္က ေျပာသည္။ “သူတို႔ဘက္က ထပ္မံၿပီး ဦးတိုက္ေလွ်ာက္ထားတယ္ေပါ့ေနာ္၊ ဒါအတြက္ ကြၽန္ေတာ္တို႔က ရဲစခန္း စစ္ေဆးတဲ့အဆင့္ ရွိပါေသးတယ္၊ ဘာနဲ႔ၿငိစြန္းမယ္ မသိရေသးပါဘူး” ဟု တရားသူႀကီးက ေျပာသည္။ ပထမအမႈ အစျပဳခဲ့သည္မွာ ၇ လ ၾကာၿပီ ျဖစ္သည္။ အာမခံ ရရွိသျဖင့္ ဆရာေတာ္သည္ ခ်ဳပ္ေႏွာင္ခံရျခင္း မရွိဘဲ ျပင္ပမွေန၍ အမႈရင္ဆိုင္ေနသည္။

ယခု ေပၚေပါက္လာေသာ ဒုတိယအမႈတြင္ ရဲစခန္း၊ တရား႐ုံးတို႔က ပုဒ္မ ၅၀၅ (ခ) ျဖင့္ အမႈဖြင့္လိုက္မည္ ဆိုလွ်င္ အာမခံ လြယ္လြယ္ႏွင့္မရႏိုင္ေသာ ပုဒ္မ ျဖစ္ေနေသာေၾကာင့္ ဆရာေတာ္ ရင္ဆိုင္ရမည့္ အေျခအေနမွာ အေျပာင္းအလဲ ျဖစ္ႏိုင္သည္။ ေနာက္တိုးအမႈအတြက္ တရား႐ုံးက အာမခံ မေပးလွ်င္ ဆရာေတာ္ အထိန္းသိမ္းခံရမည္ ျဖစ္သည္။ အမရပူရ ၿမိဳ႕မရဲစခန္းကို ဆက္သြယ္ရာ တာဝန္က် ရဲအရာရွိတစ္ဦးက တရားလိုဘက္ကို စစ္ေဆးထားသည္ဟု ဆိုသည္။

“စစ္ေဆးေနတုန္းပါ၊ တရားလိုဘက္ကို စစ္ၿပီးပါၿပီ၊ ဆရာေတာ္ဘက္ကို စစ္ဖို႔ က်န္ပါေသးတယ္၊ ဘယ္ေန႔စစ္မယ္ေတာ့ မေျပာႏိုင္ေသးပါဘူး၊ အဓိကက လူမႈကြန္ရက္မွာ ေရးသားတဲ့ အေၾကာင္းအရာေတြနဲ႔ ပတ္သက္လို႔ တပ္မေတာ္ဘက္က ဒုတိယအႀကိမ္ ထပ္ၿပီး တရား႐ုံးကို ဦးတိုက္ေလွ်ာက္တာပါ” ဟု ရဲအရာရွိက ဆိုသည္။

ဆရာေတာ္ႏွင့္ သူ႔ေရွ႕ေန၏ တုန႔္ျပန္ခ်က္

ေဖ့စဘြတ္ အေရးအသားႏွင့္ ပတ္သက္ၿပီး ေက်နပ္မႈ မရွိပါက တစ္ႀကိမ္သာ အမႈ ဖြင့္သင့္သည္ဟု စြပ္စြဲခံရသူ ဆရာေတာ္၏ ေရွ႕ေန ေဒၚ႐ြက္ႏုေအာင္က ေျပာသည္။

“၅၀၅ (ခ) နဲ႔ ဖြင့္လိုက္တာပါ၊ ဘယ္အေၾကာင္းအရာကိုဖြင့္တယ္ ဆိုတာ ကာယကံရွင္ဆရာေတာ္ ကိုယ္တိုင္ကို မသိေသးပါဘူး၊ ၆၆ (ဃ)နဲ႔လည္း ဖြင့္ထားတယ္၊ ၅၀၅ (ခ) နဲ႔လည္း ထပ္ၿပီး ဖြင့္တယ္ဆိုတာ မျဖစ္သင့္ပါဘူး” ဟု ေရွ႕ေနက ေျပာသည္။ သက္ေတာ္ ၃၇ ႏွစ္အ႐ြယ္ ဆရာေတာ္က အမႈတိုးျခင္းကို သိရွိေၾကာင္း မိန႔္သည္။

“ရဲစခန္းကေတာ့ ဦးဇင္းဆီ အေၾကာင္း မၾကားေသးပါဘူး၊ ၅ဝ၅ (ခ)နဲ႔ တရား႐ုံးကို ေလွ်ာက္ထားတယ္ ၾကားတယ္၊ တရား႐ုံးကေန စစ္ေဆးဖို႔ ရဲစခန္းကို ဆင့္ထားတယ္လို႔ တစ္ဆင့္ သိရတယ္” ဟု ဆရာေတာ္ ဦးေသာဘိတက မိန႔္သည္။

ဤအမႈမ်ိဳးႏွင့္ ပတ္သက္ၿပီး တရားစြဲရန္ တာဝန္ရွိသူမွာ အစိုးရသာ ျဖစ္သည္ ၎က မိန႔္သည္။ “စစ္တပ္က ခုလို တရားစြဲတာဟာ လုံးဝ မျဖစ္သင့္ဘူး၊ ဒါက အစိုးရရဲ႕ လုပ္ပိုင္ခြင့္ကို သူတို႔ ေက်ာ္ၿပီးေတာ့ လုပ္တယ္လို႔ ျမင္တယ္” ဟု ၎က မိန႔္သည္။ ရန္ကုန္တြင္လည္း ဤအမႈႏွင့္ ဆင္တူသည့္ ျဖစ္ရပ္ ေပၚေပါက္ေနသည္ကို ေတြ႕ရသည္။

႐ုပ္ရွင္ဒါ႐ိုက္တာ မင္းထင္ကိုကိုႀကီး၏ Facebook ေရးသားခ်က္ႏွင့္ ပတ္သက္ၿပီး တပ္က အမႈဖြင့္၊ တရားစြဲျခင္းက ႏွစ္ႀကိမ္ျဖစ္ေနေသာေၾကာင့္ ၎၏ ေရွ႕ေနက ႐ုံးေတာ္တြင္ ကန႔္ကြက္မည္ဟု ဆိုသည္။ ပုဒ္မ ႏွစ္ခုႏွင့္ ရင္ဆိုင္ေနရေသာ မင္းထင္ကိုကိုႀကီး အခ်ဳပ္လြတ္ထုေခ်ခြင့္ မရသျဖင့္ အထိန္းသိမ္းခံေနရသည္။

တပ္မေတာ္၏ မွတ္ခ်က္

တပ္မေတာ္ကအမႈ ႏွစ္ႀကိမ္ဖြင့္ရသည့္ အေၾကာင္းရင္းႏွင့္ ပတ္သက္ၿပီး တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕မွ ဒုတိယ ဥကၠ႒ ဗိုလ္ခ်ဳပ္ထြန္းထြန္းညီကို Myanmar Now က ယေန႔ ညေနပိုင္းတြင္ ဆက္သြယ္ ေမးျမန္းခဲ့သည္။ မင္းထင္ကိုကိုႀကီးအမႈတြင္ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္က စြဲဆိုမႈျဖစ္သည့္အတြက္ အမႈ ႏွစ္ႀကိမ္ဖြင့္ရသည့္ အေၾကာင္းရင္းကို အေသအခ်ာ မေျပာႏိုင္ေသးေၾကာင္း ၎က မွတ္ခ်က္ျပဳသည္။

“ပုဒ္မ ႏွစ္ခုဆိုတာကေတာ့ သူတို႔က်ဴးလြန္တဲ့၊ ဥပေဒနဲ႔ ညႇိစြန္းတဲ့ဟာမို႔လို႔ စြဲတယ္လို႔ေတာ့ ကြၽန္ေတာ္ကေတာ့ ယူဆပါတယ္” ဗိုလ္ခ်ဳပ္ထြန္းထြန္းညီက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mizzima

#Unicode Version# ျဖင့္ဖတ္ပါ ။

တပ်မတော်ဂုဏ်သိက္ခာကျဆင်းအောင် ဖေ့စဘွတ် တွင် ရေးသားသည်ဟု စွပ်စွဲခံရပြီး ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲခံထားရသည့် မန္တလေးမှ ဆရာတော် ဦးသောဘိတကို အရေးယူရန် တပ်မတော်က အမရပူရမြို့နယ် တရားရုံးတွင်ပင် ထပ်မံ လျှောက်ထားသည်ဟု သိရသည်။

လဆန်းပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဦးစီးအရာရှိ ပထမတန်း၊ ဒုတိယဗိုလ်မှူးကြီး အောင်မျိုးကျော်က ဦးတိုက် လျှောက်ထားခြင်းဖြစ်သည်ဟု အမရပူရမြို့နယ် တရားရုံးထံမှ သိရသည်။

လျှောက်ထားချက်နှင့် ပတ်သက်ပြီး ရဲက စတင် ကိုင်တွယ်နေသည်ဟု အမရပူရ တရားရုံးမှ တရားသူကြီး ဦးဇော်မင်းအောင်က ပြောသည်။ “သူတို့ဘက်က ထပ်မံပြီး ဦးတိုက်လျှောက်ထားတယ်ပေါ့နော်၊ ဒါအတွက် ကျွန်တော်တို့က ရဲစခန်း စစ်ဆေးတဲ့အဆင့် ရှိပါသေးတယ်၊ ဘာနဲ့ငြိစွန်းမယ် မသိရသေးပါဘူး” ဟု တရားသူကြီးက ပြောသည်။ ပထမအမှု အစပြုခဲ့သည်မှာ ၇ လ ကြာပြီ ဖြစ်သည်။ အာမခံ ရရှိသဖြင့် ဆရာတော်သည် ချုပ်နှောင်ခံရခြင်း မရှိဘဲ ပြင်ပမှနေ၍ အမှုရင်ဆိုင်နေသည်။

ယခု ပေါ်ပေါက်လာသော ဒုတိယအမှုတွင် ရဲစခန်း၊ တရားရုံးတို့က ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်လိုက်မည် ဆိုလျှင် အာမခံ လွယ်လွယ်နှင့်မရနိုင်သော ပုဒ်မ ဖြစ်နေသောကြောင့် ဆရာတော် ရင်ဆိုင်ရမည့် အခြေအနေမှာ အပြောင်းအလဲ ဖြစ်နိုင်သည်။ နောက်တိုးအမှုအတွက် တရားရုံးက အာမခံ မပေးလျှင် ဆရာတော် အထိန်းသိမ်းခံရမည် ဖြစ်သည်။ အမရပူရ မြို့မရဲစခန်းကို ဆက်သွယ်ရာ တာဝန်ကျ ရဲအရာရှိတစ်ဦးက တရားလိုဘက်ကို စစ်ဆေးထားသည်ဟု ဆိုသည်။

“စစ်ဆေးနေတုန်းပါ၊ တရားလိုဘက်ကို စစ်ပြီးပါပြီ၊ ဆရာတော်ဘက်ကို စစ်ဖို့ ကျန်ပါသေးတယ်၊ ဘယ်နေ့စစ်မယ်တော့ မပြောနိုင်သေးပါဘူး၊ အဓိကက လူမှုကွန်ရက်မှာ ရေးသားတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ တပ်မတော်ဘက်က ဒုတိယအကြိမ် ထပ်ပြီး တရားရုံးကို ဦးတိုက်လျှောက်တာပါ” ဟု ရဲအရာရှိက ဆိုသည်။

ဆရာတော်နှင့် သူ့ရှေ့နေ၏ တုန့်ပြန်ချက်

ဖေ့စဘွတ် အရေးအသားနှင့် ပတ်သက်ပြီး ကျေနပ်မှု မရှိပါက တစ်ကြိမ်သာ အမှု ဖွင့်သင့်သည်ဟု စွပ်စွဲခံရသူ ဆရာတော်၏ ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောသည်။

“၅၀၅ (ခ) နဲ့ ဖွင့်လိုက်တာပါ၊ ဘယ်အကြောင်းအရာကိုဖွင့်တယ် ဆိုတာ ကာယကံရှင်ဆရာတော် ကိုယ်တိုင်ကို မသိသေးပါဘူး၊ ၆၆ (ဃ)နဲ့လည်း ဖွင့်ထားတယ်၊ ၅၀၅ (ခ) နဲ့လည်း ထပ်ပြီး ဖွင့်တယ်ဆိုတာ မဖြစ်သင့်ပါဘူး” ဟု ရှေ့နေက ပြောသည်။ သက်တော် ၃၇ နှစ်အရွယ် ဆရာတော်က အမှုတိုးခြင်းကို သိရှိကြောင်း မိန့်သည်။

“ရဲစခန်းကတော့ ဦးဇင်းဆီ အကြောင်း မကြားသေးပါဘူး၊ ၅ဝ၅ (ခ)နဲ့ တရားရုံးကို လျှောက်ထားတယ် ကြားတယ်၊ တရားရုံးကနေ စစ်ဆေးဖို့ ရဲစခန်းကို ဆင့်ထားတယ်လို့ တစ်ဆင့် သိရတယ်” ဟု ဆရာတော် ဦးသောဘိတက မိန့်သည်။

ဤအမှုမျိုးနှင့် ပတ်သက်ပြီး တရားစွဲရန် တာဝန်ရှိသူမှာ အစိုးရသာ ဖြစ်သည် ၎င်းက မိန့်သည်။ “စစ်တပ်က ခုလို တရားစွဲတာဟာ လုံးဝ မဖြစ်သင့်ဘူး၊ ဒါက အစိုးရရဲ့ လုပ်ပိုင်ခွင့်ကို သူတို့ ကျော်ပြီးတော့ လုပ်တယ်လို့ မြင်တယ်” ဟု ၎င်းက မိန့်သည်။ ရန်ကုန်တွင်လည်း ဤအမှုနှင့် ဆင်တူသည့် ဖြစ်ရပ် ပေါ်ပေါက်နေသည်ကို တွေ့ရသည်။

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး၏ Facebook ရေးသားချက်နှင့် ပတ်သက်ပြီး တပ်က အမှုဖွင့်၊ တရားစွဲခြင်းက နှစ်ကြိမ်ဖြစ်နေသောကြောင့် ၎င်း၏ ရှေ့နေက ရုံးတော်တွင် ကန့်ကွက်မည်ဟု ဆိုသည်။ ပုဒ်မ နှစ်ခုနှင့် ရင်ဆိုင်နေရသော မင်းထင်ကိုကိုကြီး အချုပ်လွတ်ထုချေခွင့် မရသဖြင့် အထိန်းသိမ်းခံနေရသည်။

တပ်မတော်၏ မှတ်ချက်

တပ်မတော်ကအမှု နှစ်ကြိမ်ဖွင့်ရသည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီကို Myanmar Now က ယနေ့ ညနေပိုင်းတွင် ဆက်သွယ် မေးမြန်းခဲ့သည်။ မင်းထင်ကိုကိုကြီးအမှုတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်က စွဲဆိုမှုဖြစ်သည့်အတွက် အမှု နှစ်ကြိမ်ဖွင့်ရသည့် အကြောင်းရင်းကို အသေအချာ မပြောနိုင်သေးကြောင်း ၎င်းက မှတ်ချက်ပြုသည်။

“ပုဒ်မ နှစ်ခုဆိုတာကတော့ သူတို့ကျူးလွန်တဲ့၊ ဥပဒေနဲ့ ညှိစွန်းတဲ့ဟာမို့လို့ စွဲတယ်လို့တော့ ကျွန်တော်ကတော့ ယူဆပါတယ်” ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top