လိႈင္သာယာၿမိဳ႕နယ္ရွိ အထည္ခ်ဳပ္စက္ရံုုံတစ္ရုုံအတြင္းမွ ၀န္ထမ္းလစာေငြ က်ပ္သိန္းသုုံးရာေက်ာ္ကိုု ခိုးယူသြားသူအား ရန္ကုုန္တိုုင္းရဲတပ္ဖြဲ႔က နာရီပိုင္းအတြင္း ဖမ္းဆီးရမိခဲ့သည္။

ျဖစ္စဥ္မွာယမန္ေန႔(ဧျပီ ၅ရက္) နံနက္ ၇နာရီ အခ်ိန္ခန္႔တြင္ လိႈင္သာယာၿမိဳ႕နယ္၊ ေရႊသံလြင္စက္မႈဇံု၊ အထည္ခ်ဳပ္စက္တစ္ရံု၏ ေသာ့ခတ္ ထားျခင္းမရွိေသာ ဝန္ထမ္းရံုးခန္းရွိ အလူမီနီယံ ဘီဒိုအတြင္းမွ ဝန္ထမ္းလစာေငြမ်ား အခိုးခံရေၾကာင္း ေငြကိုင္ တာဝန္ခံမွ ဖုန္းျဖင့္ဆက္သြယ္ေျပာၾကားသျဖင့္

စက္ရံုအတြင္းေရးမွဴးမွ သြားေရာက္ၾကည့္ရႈခဲ့ရာ အလူမီနီယံဘီဒို အတြင္းထည့္ထားသည့္ ဝန္ထမ္းလစာေငြ ၃၀၆၆၅၀၀၀ က်ပ္မွာ ေပ်ာက္ဆံုးေနေၾကာင္း သိရွိရသျဖင့္ ခိုးယူသြားသူအား စံုစမ္းေဖာ္ထုတ္ အေရးယူေပးရန္ ေသာင္ႀကီးနယ္ေျမရဲစခန္းသို႔ တိုင္တန္းခဲ့ျခင္းျဖစ္သည္။

ထိုု႔ေၾကာင့္ ျပစ္မႈက်ဴးလြန္သူႏွင့္ ေပ်ာက္ဆံုးေငြမ်ား အျမန္ဖမ္းဆီး/သိမ္းဆည္းရရွိေရးအတြက္ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴး၏ လမ္းညႊန္မႈျဖင့္ ေျမာက္ပိုင္းခရိုင္ရဲတပ္ဖြဲ႕မွဴး၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးတို႔ကအနီးကပ္ႀကီးၾကပ္၍ ေသာင္ႀကီးနယ္ေျမရဲစခန္း မွ တပ္ဖြဲ႕ဝင္မ်ားသည္ အခင္းျဖစ္ေနရာအား သြားေရာက္စစ္ေဆး ျခင္းႏွင့္

ပတ္ဝန္းက်င္အား လုိက္လံစံုစမ္းျခင္းမ်ားျပဳလုုပ္ခဲ့ရာ ျပစ္မႈက်ဴးလြန္သူမွာ စက္ရံုမီးပူတိုက္ဌာနမွ အလုပ္သမားေခါင္းေဆာင္ ေက်ာ္စြာလတ္ (၂၄ ႏွစ္)ဆိုုသူျဖစ္ေၾကာင္း စံုစမ္းသိရွိရသျဖင့္ လိုက္လံရွာေဖြဖမ္းဆီးရာ ျပစ္မႈက်ဴးလြန္သူ ေက်ာ္စြာလတ္ကို ၎၏ေနအိမ္တြင္ သက္ေသခံပစၥည္း ေငြမ်ားႏွင့္အတူ (၃)နာရီအတြင္း ဖမ္းဆီးရမိခဲ့သျဖင့္ ဥပေဒႏွင့္အညီ အေရးယူေဆာင္ရြက္လ်က္ ရွိေၾကာင္း ရန္ကုုန္တိုုင္းရဲတပ္ဖြဲ႔မွ သတင္းထုုတ္ျပန္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Popular News Journal

#Unicode Version# ျဖင့္ဖတ္ပါ ။

လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံံတစ်ရုံအတွင်းမှ ဝန်ထမ်းလစာငွေ ကျပ်သိန်းသုံးရာကျော်ကို ခိုးယူသွားသူအား ရန်ကုန်တိုင်းရဲတပ်ဖွဲ့က နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာယမန်နေ့(ဧပြီ ၅ရက်) နံနက် ၇နာရီ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုံ၊ အထည်ချုပ်စက်တစ်ရုံ၏ သော့ခတ် ထားခြင်းမရှိသော ဝန်ထမ်းရုံးခန်းရှိ အလူမီနီယံ ဘီဒိုအတွင်းမှ ဝန်ထမ်းလစာငွေများ အခိုးခံရကြောင်း ငွေကိုင် တာဝန်ခံမှ ဖုန်းဖြင့်ဆက်သွယ်ပြောကြားသဖြင့်

စက်ရုံအတွင်းရေးမှူးမှ သွားရောက်ကြည့်ရှုခဲ့ရာ အလူမီနီယံဘီဒို အတွင်းထည့်ထားသည့် ဝန်ထမ်းလစာငွေ ၃၀၆၆၅၀၀၀ ကျပ်မှာ ပျောက်ဆုံးနေကြောင်း သိရှိရသဖြင့် ခိုးယူသွားသူအား စုံစမ်းဖော်ထုတ် အရေးယူပေးရန် သောင်ကြီးနယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူနှင့် ပျောက်ဆုံးငွေများ အမြန်ဖမ်းဆီး/သိမ်းဆည်းရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်မှုဖြင့် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ကအနီးကပ်ကြီးကြပ်၍ သောင်ကြီးနယ်မြေရဲစခန်း မှ တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်နေရာအား သွားရောက်စစ်ဆေး ခြင်းနှင့်

ပတ်ဝန်းကျင်အား လိုက်လံစုံစမ်းခြင်းများပြုလုပ်ခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ စက်ရုံမီးပူတိုက်ဌာနမှ အလုပ်သမားခေါင်းဆောင် ကျော်စွာလတ် (၂၄ နှစ်)ဆိုသူဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် လိုက်လံရှာဖွေဖမ်းဆီးရာ ပြစ်မှုကျူးလွန်သူ ကျော်စွာလတ်ကို ၎င်း၏နေအိမ်တွင် သက်သေခံပစ္စည်း ငွေများနှင့်အတူ (၃)နာရီအတွင်း ဖမ်းဆီးရမိခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Popular News Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top