ဘုတ္ျပင္းၿမိဳ႕နယ္ ၊ ျပည္ေထာင္စုလမ္းေပၚတြင္ ညအခ်ိန္ ေတာဆင္ရိုင္းျဖတ္သန္းလ်ွက္ရွိ ..တနသၤာရီတိုင္းေဒသႀကီး၊ ဘုတ္ျပင္းၿမိဳ႕နယ္ ၊ ဝါးေခ်ာင္းအနီး ျပည္ေထာင္စုလမ္းမႀကီးေပၚမွာ ဧၿပီလ ၄ ရက္ ၊ ည ၈ နာရီခြဲ ခန္႔က ေတာဆင္ရိုင္းတစ္ေကာင္ လမ္းျဖတ္ကူးတာကို ေတြ႕ရပါတယ္။

အဆိုပါဝါးေခ်ာင္းအနီးျပည္ေထာင္စုလမ္းမႀကီး ေဘးတစ္ဖက္တစ္ခ်က္ရွိ ဆီအုန္းေတာမ်ားအား အမွီျပဳ၍ ေတာဆင္ရိုင္းမ်ား အုပ္စုဖြဲ႕က်က္စားတဲ့ေနရာျဖစ္ၿပီး ရံဖန္ရံခါ အုပ္စုသင္းကြဲ၍ တစ္ေကာင္တည္းျဖတ္သန္းတာေတြ႕ရသလို အုပ္စုလိုက္(၆ ေကာင္မွ ၉ ေကာင္အထိ)ျဖတ္သန္းၾကေၾကာင္း ေဒသခံမ်ားေျပာၾကားခ်က္အရသိရပါတယ္။

ေတာဆင္ရိုင္းမ်ားျဖတ္သန္းသြားလာတဲ့ေနရာဟာ ရြာနဲ႔မလွမ္းမကမ္းမွာျဖစ္ေပမယ့္ ရြာထဲဝင္ေရာက္အႏၱရာယ္ျပဳတာမ်ိဳးေတာ့မရွိဘူးလို႕သိရပါတယ္။ ၄င္းေတာဆင္ရိုင္မ်ားျဖတ္သန္းခ်ိန္ အနီးကပ္ျဖစ္ေနပါက အသက္အႏၲရာယ္နဲ႔ႀကံဳေတြ႕ရေၾကာင္း ၿမိတ္-ေကာ့ေသာင္းယာဥ္လိုင္းေမာင္းနွင္ေနသူ ယာဥ္ေမာင္းတခ်ိဳ႕က ေျပာပါတယ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ျမတ္ထြဋ္ (ၿမိတ္)

#Unicode Version# ျဖင့္ဖတ္ပါ ။

ဘုတ်ပြင်းမြို့နယ် ၊ ပြည်ထောင်စုလမ်းပေါ်တွင် ညအချိန် တောဆင်ရိုင်းဖြတ်သန်းလျှက်ရှိ ..တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ် ၊ ဝါးချောင်းအနီး ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဧပြီလ ၄ ရက် ၊ ည ၈ နာရီခွဲ ခန့်က တောဆင်ရိုင်းတစ်ကောင် လမ်းဖြတ်ကူးတာကို တွေ့ရပါတယ်။

အဆိုပါဝါးချောင်းအနီးပြည်ထောင်စုလမ်းမကြီး ဘေးတစ်ဖက်တစ်ချက်ရှိ ဆီအုန်းတောများအား အမှီပြု၍ တောဆင်ရိုင်းများ အုပ်စုဖွဲ့ကျက်စားတဲ့နေရာဖြစ်ပြီး ရံဖန်ရံခါ အုပ်စုသင်းကွဲ၍ တစ်ကောင်တည်းဖြတ်သန်းတာတွေ့ရသလို အုပ်စုလိုက်(၆ ကောင်မှ ၉ ကောင်အထိ)ဖြတ်သန်းကြကြောင်း ဒေသခံများပြောကြားချက်အရသိရပါတယ်။

တောဆင်ရိုင်းများဖြတ်သန်းသွားလာတဲ့နေရာဟာ ရွာနဲ့မလှမ်းမကမ်းမှာဖြစ်ပေမယ့် ရွာထဲဝင်ရောက်အန္တရာယ်ပြုတာမျိုးတော့မရှိဘူးလို့သိရပါတယ်။ ၎င်းတောဆင်ရိုင်များဖြတ်သန်းချိန် အနီးကပ်ဖြစ်နေပါက အသက်အန္တရာယ်နဲ့ကြုံတွေ့ရကြောင်း မြိတ်-ကော့သောင်းယာဉ်လိုင်းမောင်းနှင်နေသူ ယာဉ်မောင်းတချို့က ပြောပါတယ်

ဖိုးသူတော် (www.phothutaw.com)
Credit:မြတ်ထွဋ် (မြိတ်)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top