(၃)မိနစ္ေလာက္ တရားထိုင္မယ္ တရားထိုင္ပံုထိုင္နည္းေလးကို ဘုန္းဘုန္း အရင္ဆံုးေျပာျပမယ္။ ပထမဦးဆံုး ၀င္ေလထြက္ေလ က်က်နန႐ႈ႐ိႈက္ပါ slow and deep breathing က်က်နန႐ႈ႐ိႈက္ပါ။

★ ဘာျဖစ္လို႔(၃)မိနစ္ထိုင္တုန္းဆို အလုပ္ခြင္မွာ တရားထိုင္ေစခ်င္လို႔ အၾကာႀကီးထိုင္ရင္ ရိပ္သာမွာမွ ထိုင္လို႔ရတယ္ ထင္မွာေၾကာက္လို႔၊ ရိပ္သာထိေရာက္သြားႏိုင္တဲ့ ပုဂၢိဳလ္ကေတာ့ ဒါေတာ့ေျပာစရာ မလိုေတာ့ဘူးေပါ့ အတိုင္းထက္အလြန္။

★ ရိပ္သာထိမသြားႏိုင္လည္းပဲ အလုပ္မွာ(၃)မိနစ္ကေတာ့ရတယ္၊ ဘုန္းဘုန္း ဒီတိုင္းပဲ တခါတခါ ေက်ာင္းမွာတရားထိုင္ခ်ိန္မရိွဘူး ကားေပၚမွာပဲ တရားထိုင္တယ္၊ ေလယာဥ္ေပၚမွာ တရားထိုင္တယ္၊ လူကိုေစာင့္ေနတုန္း တရားထိုင္တယ္၊ တခါတခါ အစည္းအေ၀းခန္းမတို႔ Conference ခန္းထဲမွာ (၃)မိနစ္ (၄)မိနစ္ေလာက္ ဒီတိုင္းထိုင္ေနျပီးေတာ့ ၀င္ေလထြက္ေလကို ၾကည့္လိုက္တယ္ ခႏၶာကိုယ္က ပင္ပန္းေနတယ္ တင္းေနတယ္ဆိုရင္ အဲ့ဒီတင္းေနတဲ့ ခႏၶာကိုယ္ကို ပင္ပန္းေနတဲ့ ခႏၶာကိုယ္ကို မိမိရဲ႕တဦးတည္းေသာ ရင္ေသြးလိုသေဘာထားျပီးေတာ့ ေမတၱာစိတ္နဲ႔ ကရုဏာစိတ္နဲ႔ေပြ႔ဖက္လိုက္တယ္၊ သူနဲ႔ရန္မျဖစ္ဘူး။

★ ပင္ပန္းေနတဲ့ ခႏၶာကိုယ္ကို လန္းဆန္းသြားေအာင္ one hundred ဆိုလား ေသာက္တဲ့ဟာေတြေလ အဲ့ဒီဟာေတြေသာက္တာ ေသာက္တာက အျပင္က chemical ေတြနဲ႔ အျပင္က ဓာတုေဗဒေတြနဲ႔ ဒီခႏၶာကိုယ္ကို ျပဳျပင္ေျပာင္းလဲေအာင္လုပ္တာ။ အဲဒါက အတိုင္းအတာတခုထိပဲ ရတယ္။

★ စိတ္က ပင္ပန္းမႈကိုတိုက္ခိုက္ေနတုန္းပဲ resist လုပ္ေနတုန္း fighting လုပ္ေနတုန္း၊ အခုဟာက်ေတာ့ စိတ္က ပင္ပန္းေနတဲ့ ခႏၶာကိုယ္နဲ႔ ရန္မျဖစ္ဖို႔ flight မလုပ္ဖို႔ flight လုပ္မယ့္အစား သူ႔ကို မိခင္လိုေပြ႔ဖက္ျပီးေတာ့ အားေပးတယ္။

★ ပင္ပန္းတာ နားလည္တယ္။ ပင္ပန္းေနသလား။ ပင္ပန္းတာ နားလည္တယ္။ အဲဒီေမတၱာစိတ္ေလးနဲ႔ ၀င္ေလထြက္ေလ ႐ႈ႕။ ေခါင္းကိုက္တယ္ဆိုရင္ ေခါင္းကိုက္ေနသလား? ေခါင္းကိုက္တာေလးကို ၾကည့္ျပီးေတာ့ ေခါင္းကိုက္တာေပ်ာက္သြားေအာင္ဆိုျပီးေတာ့ ေခါင္းကိုက္တာကို ေမာင္းထုတ္တဲ့စိတ္ျဖစ္ရင္ အဲ့ေနရာမွာ ေခါင္းကိုက္တာနဲ႔ ရန္ျဖစ္ေနတာ။

★ အဲ့လိုမဟုတ္ဘဲနဲ႔ ေခါင္းကိုက္တာကို လက္ခံတဲ့စိတ္ တရားမွတ္တယ္ဆိုတာ လက္ခံတယ္ကိုေျပာတာ၊ ေဒါသျဖစ္ရင္ ေဒါသျဖစ္တယ္မွတ္ဆိုတာ အဲ့ဒါ လက္ခံတယ္ကိုေျပာတာ၊ အဲေတာ့ ဒါလည္းပဲ ေခါင္းကိုက္ေနတယ္ ေခါင္းကိုက္ေနတယ္ လက္ခံခိုင္းတာ။

★ လက္ခံတဲ့ေနရာမွာ ရိုးရိုးအမွတ္နဲ႔ မဟုတ္ဘဲနဲ႔ ကရုဏာဆိုတဲ့ compassion နဲ႔လက္ခံတယ္။ စိတ္ကညစ္တယ္ စိတ္ကဟိုေျပးဒီေျပး restless ျဖစ္တယ္ဆိုရင္ အဲ့ဒီ ဟိုေျပးဒီေျပး ေျပးေနတဲ့စိတ္ အဲ့ဒီစိတ္ကိုလည္းပဲ မိမိရဲ႕တဦးတည္းေသာ ရင္ေသြးက ဂနာမျငိမ္လို႔ ဟိုေျပးဒီေျပးေျပးေနတယ္။

★ အဲဒီ ကေလးနဲ႔ ရန္မျဖစ္နဲ႔၊ အဲဒီ ကေလးကို လ်စ္လ်ဴ႐ႈမထားနဲ႔ fight or flight မလုပ္နဲ႔၊ သူဘာလုပ္ရမလဲဆိုရင္ သူ႔ကို ေမတၱာနဲ႔ၾကည့္ျပီးေတာ့ နားလည္ေပးပါ accept လုပ္ပါ။ စိတ္ထဲမွာ မေက်နပ္တာေလး ျဖစ္ေပၚလာျပီဆိုရင္ အဲ့ဒီမေက်နပ္တဲ့စိတ္ေလးကိုပဲ မိမိ၏တစ္ဦးတည္းေသာရင္ေသြး ေပြ႔ပိုက္ျပီးေတာ့အားေပးပါ။

★ ဘာျဖစ္ေနတာတုန္း စိတ္ဆိုးေနသလား? It’s ok. It’s ok. မပူနဲ႔။ အဲ့လိုအားေပးတဲ့ ပုံစံမ်ိဳး မိခင္က တဦးတည္းေသာသားကို အားေပးတဲ့ပံုစံမ်ိဳး အဲ့လိုပံုစံမ်ိဳး စိတ္ထားျပီးေတာ့ တရားထိုင္ပါ။

★ အဲ့ဒီစိတ္နဲ႔ အဲ့ဒီကရုဏာစိတ္နဲ႔ တရားထိုင္တယ္ဆိုရင္ ဒီ(၃)မိနစ္က အမ်ားၾကီး တန္ဖိုးရိွတယ္။ ဒီေန႔အလုပ္လုပ္တဲ့ေနဆိုေတာ့ ခႏၶာကိုယ္ပင္ပန္းေနတဲ့ ပုဂၢိဳလ္ေတြလည္းမ်ားတယ္ အလုပ္ကလာတဲ့ ပုဂၢိဳလ္ေတြဆို ခႏၶာကိုယ္ပင္ပန္းႏိုင္တယ္။ အဲဒီေတာ့ ခႏၶာကိုယ္ကို ပထမဦးဆံုး အဲ့ဒါေလးနဲ႔ၾကည့္၊ ဘုန္းဘုန္းကလည္း ကားစီးလာတယ္ဆုိေတာ့ ေညာင္းေနတယ္ အဲ့ဒါေလးကို သတိနဲ႔ ကရုဏာနဲ႔ၾကည့္ေပးမယ္။

★ Mindful compassion နဲ႔ ဒီပင္ပန္းေနတဲ့ ခႏၶာကိုယ္ကိုၾကည့္မယ္။ သူနဲ႔ရန္မျဖစ္ဘူး အဓိက။ ရန္ျဖစ္တယ္ဆိုရင္ ေဒါသ သူနဲ႔ရန္မျဖစ္ဘူး။ ရန္ျဖစ္မယ့္အစား ဘာကိုအသံုးျပဳတုန္း ကရုဏာကို အသံုးျပဳမယ္။ ကရုဏာကို အသံုးျပဳျပီးေတာ့ ၾကည့္တယ္။ ကရုဏာနဲ႔ သူ႔ကိုလက္ခံတယ္။

★ ခႏၶာကိုယ္ေရာ ေ၀ဒနာကိုေရာ ဟိုေတြးဒီေတြးေတြးတဲ့စိတ္ကိုေရာ စိတ္ခံစား emotion ေတြကို အကုန္လံုး ဒီ(၃)မိနစ္အတြင္းမွာ ျဖစ္ေပၚလာတဲ့ အရာေတြအားလံုး Mindul compassion သတိဦးေဆာင္တဲ့ ကရုဏာနဲ႔ၾကည့္ေပးပါ။ ၀င္ေလထြက္ေလကိုလည္း က်က်နန႐ႈ႐ိႈက္ပါ။

★ က်က်နန အသက္႐ႈ႐ႈိက္ပါ၊ ခႏၶာကိုယ္ကိုေလ်ာ့ထားပါ အေၾကာေတြ ၾကြက္သားေတြေလ်ာ့ထားပါ စိတ္မျငိမ္လည္း သမာဓိမျဖစ္လည္း ကိစၥမရိွဘူး၊ သမာဓိမျဖစ္တဲ့စိတ္နဲ႔ သြားရန္မျဖစ္နဲ႔ သမာဓိမျဖစ္တာ မျဖစ္ဘူးလို႔သိရင္ အဲ့ဒါတရားထိုင္ရာ ေရာက္ပါျပီ တရားျဖစ္ပါျပီ။ နက္နက္႐ိႈင္း႐ႈိင္း ၀င္ေလထြက္ေလ ႐ႈ႐ႈိက္ေပးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ေအာက္စဖို႔ဒ္ဆရာေတာ္ေဒါက္တာဓမၼသာမိ
# Unicode Version # ျဖင့္ ဖတ္ပါ #


 (၃)မိနစ်လောက် တရားထိုင်မယ် တရားထိုင်ပုံထိုင်နည်းလေးကို ဘုန်းဘုန်း အရင်ဆုံးပြောပြမယ်။ ပထမဦးဆုံး ဝင်လေထွက်လေ ကျကျနနရှုရှိုက်ပါ slow and deep breathing ကျကျနနရှုရှိုက်ပါ။

★ ဘာဖြစ်လို့(၃)မိနစ်ထိုင်တုန်းဆို အလုပ်ခွင်မှာ တရားထိုင်စေချင်လို့ အကြာကြီးထိုင်ရင် ရိပ်သာမှာမှ ထိုင်လို့ရတယ် ထင်မှာကြောက်လို့၊ ရိပ်သာထိရောက်သွားနိုင်တဲ့ ပုဂ္ဂိုလ်ကတော့ ဒါတော့ပြောစရာ မလိုတော့ဘူးပေါ့ အတိုင်းထက်အလွန်။

★ ရိပ်သာထိမသွားနိုင်လည်းပဲ အလုပ်မှာ(၃)မိနစ်ကတော့ရတယ်၊ ဘုန်းဘုန်း ဒီတိုင်းပဲ တခါတခါ ကျောင်းမှာတရားထိုင်ချိန်မရှိဘူး ကားပေါ်မှာပဲ တရားထိုင်တယ်၊ လေယာဉ်ပေါ်မှာ တရားထိုင်တယ်၊ လူကိုစောင့်နေတုန်း တရားထိုင်တယ်၊ တခါတခါ အစည်းအဝေးခန်းမတို့ Conference ခန်းထဲမှာ (၃)မိနစ် (၄)မိနစ်လောက် ဒီတိုင်းထိုင်နေပြီးတော့ ဝင်လေထွက်လေကို ကြည့်လိုက်တယ် ခန္ဓာကိုယ်က ပင်ပန်းနေတယ် တင်းနေတယ်ဆိုရင် အဲ့ဒီတင်းနေတဲ့ ခန္ဓာကိုယ်ကို ပင်ပန်းနေတဲ့ ခန္ဓာကိုယ်ကို မိမိရဲ့တဦးတည်းသော ရင်သွေးလိုသဘောထားပြီးတော့ မေတ္တာစိတ်နဲ့ ကရုဏာစိတ်နဲ့ပွေ့ဖက်လိုက်တယ်၊ သူနဲ့ရန်မဖြစ်ဘူး။

★ ပင်ပန်းနေတဲ့ ခန္ဓာကိုယ်ကို လန်းဆန်းသွားအောင် one hundred ဆိုလား သောက်တဲ့ဟာတွေလေ အဲ့ဒီဟာတွေသောက်တာ သောက်တာက အပြင်က chemical တွေနဲ့ အပြင်က ဓာတုဗေဒတွေနဲ့ ဒီခန္ဓာကိုယ်ကို ပြုပြင်ပြောင်းလဲအောင်လုပ်တာ။ အဲဒါက အတိုင်းအတာတခုထိပဲ ရတယ်။

★ စိတ်က ပင်ပန်းမှုကိုတိုက်ခိုက်နေတုန်းပဲ resist လုပ်နေတုန်း fighting လုပ်နေတုန်း၊ အခုဟာကျတော့ စိတ်က ပင်ပန်းနေတဲ့ ခန္ဓာကိုယ်နဲ့ ရန်မဖြစ်ဖို့ flight မလုပ်ဖို့ flight လုပ်မယ့်အစား သူ့ကို မိခင်လိုပွေ့ဖက်ပြီးတော့ အားပေးတယ်။

★ ပင်ပန်းတာ နားလည်တယ်။ ပင်ပန်းနေသလား။ ပင်ပန်းတာ နားလည်တယ်။ အဲဒီမေတ္တာစိတ်လေးနဲ့ ဝင်လေထွက်လေ ရှု့။ ခေါင်းကိုက်တယ်ဆိုရင် ခေါင်းကိုက်နေသလား? ခေါင်းကိုက်တာလေးကို ကြည့်ပြီးတော့ ခေါင်းကိုက်တာပျောက်သွားအောင်ဆိုပြီးတော့ ခေါင်းကိုက်တာကို မောင်းထုတ်တဲ့စိတ်ဖြစ်ရင် အဲ့နေရာမှာ ခေါင်းကိုက်တာနဲ့ ရန်ဖြစ်နေတာ။

★ အဲ့လိုမဟုတ်ဘဲနဲ့ ခေါင်းကိုက်တာကို လက်ခံတဲ့စိတ် တရားမှတ်တယ်ဆိုတာ လက်ခံတယ်ကိုပြောတာ၊ ဒေါသဖြစ်ရင် ဒေါသဖြစ်တယ်မှတ်ဆိုတာ အဲ့ဒါ လက်ခံတယ်ကိုပြောတာ၊ အဲတော့ ဒါလည်းပဲ ခေါင်းကိုက်နေတယ် ခေါင်းကိုက်နေတယ် လက်ခံခိုင်းတာ။

★ လက်ခံတဲ့နေရာမှာ ရိုးရိုးအမှတ်နဲ့ မဟုတ်ဘဲနဲ့ ကရုဏာဆိုတဲ့ compassion နဲ့လက်ခံတယ်။ စိတ်ကညစ်တယ် စိတ်ကဟိုပြေးဒီပြေး restless ဖြစ်တယ်ဆိုရင် အဲ့ဒီ ဟိုပြေးဒီပြေး ပြေးနေတဲ့စိတ် အဲ့ဒီစိတ်ကိုလည်းပဲ မိမိရဲ့တဦးတည်းသော ရင်သွေးက ဂနာမငြိမ်လို့ ဟိုပြေးဒီပြေးပြေးနေတယ်။

★ အဲဒီ ကလေးနဲ့ ရန်မဖြစ်နဲ့၊ အဲဒီ ကလေးကို လျစ်လျူရှုမထားနဲ့ fight or flight မလုပ်နဲ့၊ သူဘာလုပ်ရမလဲဆိုရင် သူ့ကို မေတ္တာနဲ့ကြည့်ပြီးတော့ နားလည်ပေးပါ accept လုပ်ပါ။ စိတ်ထဲမှာ မကျေနပ်တာလေး ဖြစ်ပေါ်လာပြီဆိုရင် အဲ့ဒီမကျေနပ်တဲ့စိတ်လေးကိုပဲ မိမိ၏တစ်ဦးတည်းသောရင်သွေး ပွေ့ပိုက်ပြီးတော့အားပေးပါ။

★ ဘာဖြစ်နေတာတုန်း စိတ်ဆိုးနေသလား? It’s ok. It’s ok. မပူနဲ့။ အဲ့လိုအားပေးတဲ့ ပုံစံမျိုး မိခင်က တဦးတည်းသောသားကို အားပေးတဲ့ပုံစံမျိုး အဲ့လိုပုံစံမျိုး စိတ်ထားပြီးတော့ တရားထိုင်ပါ။

★ အဲ့ဒီစိတ်နဲ့ အဲ့ဒီကရုဏာစိတ်နဲ့ တရားထိုင်တယ်ဆိုရင် ဒီ(၃)မိနစ်က အများကြီး တန်ဖိုးရှိတယ်။ ဒီနေ့အလုပ်လုပ်တဲ့နေဆိုတော့ ခန္ဓာကိုယ်ပင်ပန်းနေတဲ့ ပုဂ္ဂိုလ်တွေလည်းများတယ် အလုပ်ကလာတဲ့ ပုဂ္ဂိုလ်တွေဆို ခန္ဓာကိုယ်ပင်ပန်းနိုင်တယ်။ အဲဒီတော့ ခန္ဓာကိုယ်ကို ပထမဦးဆုံး အဲ့ဒါလေးနဲ့ကြည့်၊ ဘုန်းဘုန်းကလည်း ကားစီးလာတယ်ဆိုတော့ ညောင်းနေတယ် အဲ့ဒါလေးကို သတိနဲ့ ကရုဏာနဲ့ကြည့်ပေးမယ်။

★ Mindful compassion နဲ့ ဒီပင်ပန်းနေတဲ့ ခန္ဓာကိုယ်ကိုကြည့်မယ်။ သူနဲ့ရန်မဖြစ်ဘူး အဓိက။ ရန်ဖြစ်တယ်ဆိုရင် ဒေါသ သူနဲ့ရန်မဖြစ်ဘူး။ ရန်ဖြစ်မယ့်အစား ဘာကိုအသုံးပြုတုန်း ကရုဏာကို အသုံးပြုမယ်။ ကရုဏာကို အသုံးပြုပြီးတော့ ကြည့်တယ်။ ကရုဏာနဲ့ သူ့ကိုလက်ခံတယ်။

★ ခန္ဓာကိုယ်ရော ဝေဒနာကိုရော ဟိုတွေးဒီတွေးတွေးတဲ့စိတ်ကိုရော စိတ်ခံစား emotion တွေကို အကုန်လုံး ဒီ(၃)မိနစ်အတွင်းမှာ ဖြစ်ပေါ်လာတဲ့ အရာတွေအားလုံး Mindul compassion သတိဦးဆောင်တဲ့ ကရုဏာနဲ့ကြည့်ပေးပါ။ ဝင်လေထွက်လေကိုလည်း ကျကျနနရှုရှိုက်ပါ။

★ ကျကျနန အသက်ရှုရှိုက်ပါ၊ ခန္ဓာကိုယ်ကိုလျော့ထားပါ အကြောတွေ ကြွက်သားတွေလျော့ထားပါ စိတ်မငြိမ်လည်း သမာဓိမဖြစ်လည်း ကိစ္စမရှိဘူး၊ သမာဓိမဖြစ်တဲ့စိတ်နဲ့ သွားရန်မဖြစ်နဲ့ သမာဓိမဖြစ်တာ မဖြစ်ဘူးလို့သိရင် အဲ့ဒါတရားထိုင်ရာ ရောက်ပါပြီ တရားဖြစ်ပါပြီ။ နက်နက်ရှိုင်းရှိုင်း ဝင်လေထွက်လေ ရှုရှိုက်ပေးပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:အောက်စဖို့ဒ်ဆရာတော်ဒေါက်တာဓမ္မသာမိ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top