မေကြးတိုင္းေဒသႀကီး မင္းဘူး/စကုၿမိဳ႕နယ္ရွိ ေ႐ႊစက္ေတာ္ ေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာအတြင္း ျမန္မာ့ေ႐ႊသမင္အေကာင္ေရ(၁၅၀၀)ေက်ာ္အထိေပါက္ဖြားရွင္သန္ေနၿပီး ေ႐ႊသမင္ထိန္းသိမ္းေရး လုပ္ငန္းမ်ားကို ေဆာင္႐ြက္ေနေၾကာင္း မေကြးတိုင္းေဒသႀကီးသစ္ေတာဦးစီးဌာနမွ သိရသည္။

“ျမန္မာႏိုင္ငံမွာ သဘာဝထိန္းသိမ္းေရး နယ္ေျမ (၄၃) ခု ရွိတဲ့အနက္ ေ႐ႊစက္ေတာ္ ေဘးမဲ့ေတာလည္း တစ္ခုအပါအဝင္ ျဖစ္ပါတယ္။ ေ႐ႊစက္ေတာ္၊ ေက်ာက္အိုးနဲ႔ကြၽဲတံခါး သစ္ေတာႀကိဳးဝိုင္း(၃)ခု၊ ၿမိဳ႕စဖို ကာကြယ္ေတာနဲ႔ ေ႐ႊစက္ေတာ္ႀကီးကန္ကာကြယ္ေတာ (၂)ခုတို႔ကို ေ႐ႊသမင္မ်ားကာကြယ္ရန္ ေတာ႐ိုင္း တိရစာၦန္ေဘးမဲ့ေတာအျဖစ္ (၁၉၄၀)ခုႏွစ္က သတ္မွတ္တည္ေထာင္ခဲ့ပါတယ္” ဟု မေကြးတိုင္း ေဒသႀကီး သစ္ေတာဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးဦးျမင့္သိန္းခိုင္က ေျပာသည္။

ကမာၻ႔အႏွံအျပားတြင္ သမင္(Deer) မ်ိဳးစိတ္(၄၃)မ်ိဳးရွိၿပီး ျမန္မာႏိုင္ငံတြင္ သမင္မ်ိဳးစိတ္(၈)မ်ိဳးရွိေၾကာင္း၊ ျမန္မာနိင္ငံရွိ ေ႐ႊသမင္မ်ားကို သိပၸံအမည္ Rucervuseldi Thaminဟုေခၚေၾကာင္း ေ႐ႊစက္ေတာ္ေတာ႐ိုင္း တိရစာၦန္ေဘးမဲ့ေတာမွ သိရသည္။

“ေ႐ႊသမင္ေတြ က်က္စားရာေတာက အင္းတိုင္းေတာ၊ သန္းဒဟပ္ေတာနဲ႔ ျမက္ခင္းလြင္ျပင္တို႔ျဖစ္ပါတယ္။ ေ႐ႊသမင္ေတြက ဆီးသီး၊ ဆီးျဖဴသီး၊ ကန္ဇြန္း႐ြက္၊ ျမက္နဲ႔ သစ္႐ြက္ႏု သစ္ဖုေလးေတြ အႀကိဳက္စားပါတယ္။ သူတို႔ေသာက္ေရအတြက္ မင္းဘူး/စကုၿမိဳ႕နယ္မွာ ႀကိဳ႕ပင္စမ္းကန္၊ မင္းဘူး/စကုၿမိဳ႕နယ္နဲ႔ ပြင့္ျဖဴၿမိဳ႕နယ္ နယ္စပ္ အနီးမွာ ကန္ေတာ္ႀကီးကန္၊ ပြင့္ျဖဴၿမိဳ႕နယ္မွာ မွန္ကပ္ကန္တို႔ကို တူးေဖာ္ေပးထားပါတယ္” ဟု ေတာအုပ္ႀကီး ဦးေ႐ႊဘက ေျပာျပသည္။

ျမန္မာ့ေ႐ႊသမင္မ်ားသည္ ေဖေဖာ္ဝါရီလမွ ဧၿပီလအထိ မိတ္လိုက္ၾကၿပီး ကိုယ္ဝန္လြယ္ခ်ိန္မွာ (၈)လခန႔္ ၾကာျမင့္ေၾကာင္း ေအာက္တိုဘာလႏွင့္ နိဝင္ဘာလတြင္ ေပါက္ဖြားေလ့ရွိၿပီး (၁)ႀကိမ္ (၁)ေကာင္ႏႈန္း ေပါက္ ဖြားေၾကာင္း၊ ခ်ိဳခ်ခ်ိန္မွာ ဇူလိုင္လမွ ၾသဂုတ္လအထိျဖစ္ၿပီး ခ်ိဳရင့္ခ်ိန္မွာ ဒီဇင္ဘာ ျဖစ္ေၾကာင္း၊ ေ႐ႊသမင္မ်ား၏ သက္တမ္းမွာ အႏွစ္(၂၀)မွ (၂၅)ႏွစ္အထိ ရွိေၾကာင္း သိရသည္။

ျမန္မာ့ေ႐ႊသမင္မ်ားကို မေကြးတိုင္းေဒသႀကီး ပခုကၠဴခ႐ိုင္ ပခုကၠဴၿမိဳ႕နယ္၊ မင္းဘူးခ႐ိုင္ မင္းဘူး/စကုၿမိဳ႕နယ္ ေ႐ႊစက္ေတာ္ ေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာ၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုခ႐ိုင္၊ ကန႔္ဘလူၿမိဳ႕နယ္ရွိ ခ်ပ္သင္းေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာတို႔တြင္ ေတြ႕ရွိနိင္ေၾကာင္း သိရသည္။

ေ႐ႊစက္ေတာ္ ေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာသည္ မင္းဘူးခ႐ိုင္ မင္းဘူး၊ပြင့္ျဖဴ ၊ ငဖဲႏွင့္ ေစတုတၱရာၿမိဳ႕နယ္ အတြင္း တည္ရွိၿပီး (၁၁၄၆၇၈.၇၁ )ဧက အက်ယ္ဝန္းရွိေၾကာင္း၊ ေ႐ႊသမင္ ကာကြယ္ေတာအတြင္း ၂၀၁၆ ခုႏွစ္တြင္ ေ႐ႊသမင္အေကာင္ေရ (၁၅၇၉) ေကာင္၊ ၂၀၁၇ ခုႏွစ္တြင္ (၁၄၅၆) ေကာင္၊ ၂၀၁၈ ခုႏွစ္တြင္ (၁၅၀၄) ေကာင္အထိ ေပါက္ဖြားရွင္သန္လ်က္ ရွိေၾကာင္း၊ ၂၀၁၉ခုႏွစ္အတြက္ စာရင္းေကာက္ယူလ်က္ ရွိေၾကာင္း မေကြးတိုင္းေဒသႀကီးသစ္ေတာဦးစီးဌာနမွ သိရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ်ရှိ ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း မြန်မာ့ရွှေသမင်အကောင်ရေ(၁၅၀၀)ကျော်အထိပေါက်ဖွားရှင်သန်နေပြီး ရွှေသမင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း မကွေးတိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ သိရသည်။

“မြန်မာနိုင်ငံမှာ သဘာဝထိန်းသိမ်းရေး နယ်မြေ (၄၃) ခု ရှိတဲ့အနက် ရွှေစက်တော် ဘေးမဲ့တောလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ရွှေစက်တော်၊ ကျောက်အိုးနဲ့ကျွဲတံခါး သစ်တောကြိုးဝိုင်း(၃)ခု၊ မြို့စဖို ကာကွယ်တောနဲ့ ရွှေစက်တော်ကြီးကန်ကာကွယ်တော (၂)ခုတို့ကို ရွှေသမင်များကာကွယ်ရန် တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောအဖြစ် (၁၉၄၀)ခုနှစ်က သတ်မှတ်တည်ထောင်ခဲ့ပါတယ်” ဟု မကွေးတိုင်း ဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးမြင့်သိန်းခိုင်က ပြောသည်။

ကမ္ဘာ့အနှံအပြားတွင် သမင်(Deer) မျိုးစိတ်(၄၃)မျိုးရှိပြီး မြန်မာနိုင်ငံတွင် သမင်မျိုးစိတ်(၈)မျိုးရှိကြောင်း၊ မြန်မာနိင်ငံရှိ ရွှေသမင်များကို သိပ္ပံအမည် Rucervuseldi Thaminဟုခေါ်ကြောင်း ရွှေစက်တော်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောမှ သိရသည်။

“ရွှေသမင်တွေ ကျက်စားရာတောက အင်းတိုင်းတော၊ သန်းဒဟပ်တောနဲ့ မြက်ခင်းလွင်ပြင်တို့ဖြစ်ပါတယ်။ ရွှေသမင်တွေက ဆီးသီး၊ ဆီးဖြူသီး၊ ကန်ဇွန်းရွက်၊ မြက်နဲ့ သစ်ရွက်နု သစ်ဖုလေးတွေ အကြိုက်စားပါတယ်။ သူတို့သောက်ရေအတွက် မင်းဘူး/စကုမြို့နယ်မှာ ကြို့ပင်စမ်းကန်၊ မင်းဘူး/စကုမြို့နယ်နဲ့ ပွင့်ဖြူမြို့နယ် နယ်စပ် အနီးမှာ ကန်တော်ကြီးကန်၊ ပွင့်ဖြူမြို့နယ်မှာ မှန်ကပ်ကန်တို့ကို တူးဖော်ပေးထားပါတယ်” ဟု တောအုပ်ကြီး ဦးရွှေဘက ပြောပြသည်။

မြန်မာ့ရွှေသမင်များသည် ဖေဖော်ဝါရီလမှ ဧပြီလအထိ မိတ်လိုက်ကြပြီး ကိုယ်ဝန်လွယ်ချိန်မှာ (၈)လခန့် ကြာမြင့်ကြောင်း အောက်တိုဘာလနှင့် နိဝင်ဘာလတွင် ပေါက်ဖွားလေ့ရှိပြီး (၁)ကြိမ် (၁)ကောင်နှုန်း ပေါက် ဖွားကြောင်း၊ ချိုချချိန်မှာ ဇူလိုင်လမှ သြဂုတ်လအထိဖြစ်ပြီး ချိုရင့်ချိန်မှာ ဒီဇင်ဘာ ဖြစ်ကြောင်း၊ ရွှေသမင်များ၏ သက်တမ်းမှာ အနှစ်(၂၀)မှ (၂၅)နှစ်အထိ ရှိကြောင်း သိရသည်။

မြန်မာ့ရွှေသမင်များကို မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပခုက္ကူမြို့နယ်၊ မင်းဘူးခရိုင် မင်းဘူး/စကုမြို့နယ် ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်ရှိ ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတို့တွင် တွေ့ရှိနိင်ကြောင်း သိရသည်။

ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် မင်းဘူးခရိုင် မင်းဘူး၊ပွင့်ဖြူ ၊ ငဖဲနှင့် စေတုတ္တရာမြို့နယ် အတွင်း တည်ရှိပြီး (၁၁၄၆၇၈.၇၁ )ဧက အကျယ်ဝန်းရှိကြောင်း၊ ရွှေသမင် ကာကွယ်တောအတွင်း ၂၀၁၆ ခုနှစ်တွင် ရွှေသမင်အကောင်ရေ (၁၅၇၉) ကောင်၊ ၂၀၁၇ ခုနှစ်တွင် (၁၄၅၆) ကောင်၊ ၂၀၁၈ ခုနှစ်တွင် (၁၅၀၄) ကောင်အထိ ပေါက်ဖွားရှင်သန်လျက် ရှိကြောင်း၊ ၂၀၁၉ခုနှစ်အတွက် စာရင်းကောက်ယူလျက် ရှိကြောင်း မကွေးတိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top