ဗိုလ္ခ်ဳပ္ေအာင္ဆန္း မက်ဆုံးမီ ေနာက္ဆုံးစီးခဲ့သည့္ Wolseley RC 2874 ကားကို ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုႀကည္ စီးရန္အတြက္ ရက္ေပါင္း၂၄၅ ရက္ၾကာအခ်ိန္ယူ၍ အေသးစိတ္ ျပဳျပင္မြမ္းမံမႈ ယေန႔တြင္ ျပီးစီးသြားျပီျဖစ္ေၾကာင္း Htoo Auto Service မွ ေရးသားထားကို ေတြ႔ရသည္။

ဖခင္ျဖစ္သူစီနင္းခဲ့သည့္ကားကို သမီးျဖစ္သူ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္က ျပန္လည္မြမ္းမံၿပီး စီးခ်င္သည့္အတြက္ Htoo Auto Service က အေသးစိတ္ ျပဳျပင္မြမ္းမံၿပီး ျပန္လည္အသက္သြင္းလိုက္ျခဟုလည္း သိရသည္။

အဆိုပါကားကိုျပင္ဆင္ျပီးစီးပံုႏွင့္ပတ္သက္၍ Lin Htet (EEM) အမည္ရ Facebook အသံုးျပဳသူက ယခုကဲ့သို ့ေရးသားထားသည္။

“အေမစုကိုယ္တိုင္ သူ႔အေဖရဲ ့ ကားကို ျပန္လည္မြမ္းမံၿပီး စီးခ်င္တယ္ဆိုလို႔ Htoo Auto Service ကေန 245 ရက္ၾကာ အေသးစိတ္ ျပဳျပင္မြမ္းမံၿပီး ျပန္လည္ အသက္သြင္းလိုက္ၿပီျဖစ္တဲ့ ကြၽန္ေတာ္တို႔ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ့ Wolseley RC 2874 ကားေလးပါ

Wolseley ဆိုတဲ့ British ကားထုတ္လုပ္ေရးကို 1901 မွာ Vickers နဲ႔ Herbert Austin တို႔ ပူးေပါင္း တည္ေထာင္ခဲ့ပါတယ္။ 1921 မွာ Britain ရဲ႕ အႀကီးဆံုးေသာ ကားထုတ္လုပ္ေရးလုပ္ငန္းႀကီး ျဖစ္ခဲ့ပါတယ္။ 1901~1905 အတြင္း horizontally opposed အင္ဂ်င္တပ္ ကားမ်ား ထုတ္လုပ္ခဲ့ျပီး 5 hp မွ 24 hp အထိ ပါဝါရွိပါတယ္။

rpm 1000 ေအာက္သာ ရွိပါတယ္။ 1909 အထိမွာ 60 hp ထိ အင္ဂ်င္ပါဝါ တိုးလာခဲ့ပါတယ္။ အဲ့ေခတ္က အင္ဂ်င္ပါဝါနည္းေသာ္လည္း engine displacement မ်ားမွာ 5.2 L, 5.85 L, 11.7 L စသည္ျဖင့္ရွိပါတယ္။ cylinder ေတြကေတာ့ ၄ လံုး ၆ လံုးနဲ႔ 60 hp မွာ V8 engine ျဖစ္ပါတယ္။ V8 အင္ဂ်င္က ေလယာဥ္ေတြမွာ အသံုးျပဳခဲ့ပါတယ္။

1919 ကေန 1939 အတြင္း Wolseley ကေန 4 cylinder ကားအမ်ိဳးအစား ၁၂ မ်ိဳးထုတ္ခဲ့ျပီး 6-cylinders ကား ၁၈ မ်ိဳးနွင့္ 8 cylinder ကား ၂ မ်ိဳး ထုတ္လုပ္ခဲ့ပါတယ္။ ဆက္လက္ထုတ္လုပ္တာေတြ မေရးေတာ့ဘဲ ဗိုလ္ခ်ဳပ္ကားကို ဆက္ပါမယ္။

ဗိုလ္ခ်ဳပ္ရဲ႕ကားေလးကေတာ့ Wolseley 18/85 ျဖစ္ျပီး 1938 ကေန 1948 အတြင္းမွာ ထုတ္လုပ္ခဲ့တဲ့ အမ်ိဳးအစားျဖစ္ပါတယ္။ တံခါး ၄ ခ်ပ္ saloon ကားျဖစ္ျပီး 2322 cc displacement နဲ႔ straight-6 ဆလင္ဒါ ၆ လံုးထိုး အင္ဂ်င္ျဖစ္ပါတယ္။

Wheelbase 2654 mm

Length 4369 mm

Width 1702 mm

Height 1676 mm

Weight 1422 kg ရွိျပီး UK မွာ ထုတ္လုပ္ခဲ့တာျဖစ္ပါတယ္။

85 hp ပါဝါရွိျပီး OHV (overhead valve) စနစ္ျဖစ္ပါတယ္။ ဒီေခတ္ကားေတြက overhead cam OHC ေတြပါ။ MG SA ကားေတြနဲ႔ အင္ဂ်င္တူျဖစ္ပါတယ္။ Cylinder Bore 69.5 mm နဲ႔ Stroke 102 mm ျဖစ္လို႔ long stroke engine type ပါပဲ။ Carburetor ၂ လံုးသံုးစြဲထားျပီး ignition timing ကေတာ့ zero before TDC ျဖစ္ပါတယ္။ ဒီေခတ္လို ignition timing ေစာ/ေနာက္က်လို႔ မရေသးပါဘူး။ valve timing ေတြကေတာ့ မေျပာင္းလဲနိုင္ေသးတဲ့ ပံုစံပါပဲ။ Compression ratio ကေတာ့ 6.5:1 ျဖစ္ပါတယ္။

ဗိုလ္ခ်ဳပ္ကြယ္လြန္ခဲ့တာဟာ 1947 ျဖစ္လို႔ စစ္ျပီးေခတ္ model Wolseley ေလးဟာ 1945 /46/47 တစ္နွစ္နွစ္ ျဖစ္မွာ ျဖစ္ျပီး RC 2874 နံပါတ္ ကိုေတာ့ Wolseley World ဆိုတဲ့ ဂ်ာနယ္ႀကီးကေန RG (Rangoon) registration number 2874 ဆိုျပီး ကမာၻအနွံ႔က Wolseley ကားေတြကို မွတ္တမ္းတင္ရာမွာ ေဖာ္ျပထားပါတယ္”ဟု Lin Htet ( EEM)ဆုိသူက ေရးသားထားသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Htoo Auto Service
#Unicode Version#
ဗိုလ်ချုပ်အောင်ဆန်း မကျဆုံးမီ နောက်ဆုံးစီးခဲ့သည့် Wolseley RC 2874 ကားကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စီးရန်အတွက် ရက်ပေါင်း၂၄၅ ရက်ကြာအချိန်ယူ၍ အသေးစိတ် ပြုပြင်မွမ်းမံမှု ယနေ့တွင် ပြီးစီးသွားပြီဖြစ်ကြောင်း Htoo Auto Service မှ ရေးသားထားကို တွေ့ရသည်။

ဖခင်ဖြစ်သူစီနင်းခဲ့သည့်ကားကို သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ပြန်လည်မွမ်းမံပြီး စီးချင်သည့်အတွက် Htoo Auto Service က အသေးစိတ် ပြုပြင်မွမ်းမံပြီး ပြန်လည်အသက်သွင်းလိုက်ခြဟုလည်း သိရသည်။

အဆိုပါကားကိုပြင်ဆင်ပြီးစီးပုံနှင့်ပတ်သက်၍ Lin Htet (EEM) အမည်ရ Facebook အသုံးပြုသူက ယခုကဲ့သို့ရေးသားထားသည်။

“အမေစုကိုယ်တိုင် သူ့အဖေရဲ့ ကားကို ပြန်လည်မွမ်းမံပြီး စီးချင်တယ်ဆိုလို့ Htoo Auto Service ကနေ 245 ရက်ကြာ အသေးစိတ် ပြုပြင်မွမ်းမံပြီး ပြန်လည် အသက်သွင်းလိုက်ပြီဖြစ်တဲ့ ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ Wolseley RC 2874 ကားလေးပါ

Wolseley ဆိုတဲ့ British ကားထုတ်လုပ်ရေးကို 1901 မှာ Vickers နဲ့ Herbert Austin တို့ ပူးပေါင်း တည်ထောင်ခဲ့ပါတယ်။ 1921 မှာ Britain ရဲ့ အကြီးဆုံးသော ကားထုတ်လုပ်ရေးလုပ်ငန်းကြီး ဖြစ်ခဲ့ပါတယ်။ 1901~1905 အတွင်း horizontally opposed အင်ဂျင်တပ် ကားများ ထုတ်လုပ်ခဲ့ပြီး 5 hp မှ 24 hp အထိ ပါဝါရှိပါတယ်။

rpm 1000 အောက်သာ ရှိပါတယ်။ 1909 အထိမှာ 60 hp ထိ အင်ဂျင်ပါဝါ တိုးလာခဲ့ပါတယ်။ အဲ့ခေတ်က အင်ဂျင်ပါဝါနည်းသော်လည်း engine displacement များမှာ 5.2 L, 5.85 L, 11.7 L စသည်ဖြင့်ရှိပါတယ်။ cylinder တွေကတော့ ၄ လုံး ၆ လုံးနဲ့ 60 hp မှာ V8 engine ဖြစ်ပါတယ်။ V8 အင်ဂျင်က လေယာဉ်တွေမှာ အသုံးပြုခဲ့ပါတယ်။

1919 ကနေ 1939 အတွင်း Wolseley ကနေ 4 cylinder ကားအမျိုးအစား ၁၂ မျိုးထုတ်ခဲ့ပြီး 6-cylinders ကား ၁၈ မျိုးနှင့် 8 cylinder ကား ၂ မျိုး ထုတ်လုပ်ခဲ့ပါတယ်။ ဆက်လက်ထုတ်လုပ်တာတွေ မရေးတော့ဘဲ ဗိုလ်ချုပ်ကားကို ဆက်ပါမယ်။

ဗိုလ်ချုပ်ရဲ့ကားလေးကတော့ Wolseley 18/85 ဖြစ်ပြီး 1938 ကနေ 1948 အတွင်းမှာ ထုတ်လုပ်ခဲ့တဲ့ အမျိုးအစားဖြစ်ပါတယ်။ တံခါး ၄ ချပ် saloon ကားဖြစ်ပြီး 2322 cc displacement နဲ့ straight-6 ဆလင်ဒါ ၆ လုံးထိုး အင်ဂျင်ဖြစ်ပါတယ်။

Wheelbase 2654 mm

Length 4369 mm

Width 1702 mm

Height 1676 mm

Weight 1422 kg ရှိပြီး UK မှာ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

85 hp ပါဝါရှိပြီး OHV (overhead valve) စနစ်ဖြစ်ပါတယ်။ ဒီခေတ်ကားတွေက overhead cam OHC တွေပါ။ MG SA ကားတွေနဲ့ အင်ဂျင်တူဖြစ်ပါတယ်။ Cylinder Bore 69.5 mm နဲ့ Stroke 102 mm ဖြစ်လို့ long stroke engine type ပါပဲ။ Carburetor ၂ လုံးသုံးစွဲထားပြီး ignition timing ကတော့ zero before TDC ဖြစ်ပါတယ်။ ဒီခေတ်လို ignition timing စော/နောက်ကျလို့ မရသေးပါဘူး။ valve timing တွေကတော့ မပြောင်းလဲနိုင်သေးတဲ့ ပုံစံပါပဲ။ Compression ratio ကတော့ 6.5:1 ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကွယ်လွန်ခဲ့တာဟာ 1947 ဖြစ်လို့ စစ်ပြီးခေတ် model Wolseley လေးဟာ 1945 /46/47 တစ်နှစ်နှစ် ဖြစ်မှာ ဖြစ်ပြီး RC 2874 နံပါတ် ကိုတော့ Wolseley World ဆိုတဲ့ ဂျာနယ်ကြီးကနေ RG (Rangoon) registration number 2874 ဆိုပြီး ကမ္ဘာအနှံ့က Wolseley ကားတွေကို မှတ်တမ်းတင်ရာမှာ ဖော်ပြထားပါတယ်”ဟု Lin Htet ( EEM)ဆိုသူက ရေးသားထားသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:Htoo Auto Service
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top