ရခိုင္ျပည္နယ္၊ မင္းျပားျမိဳ႕နယ္၊ ေခ်ာင္း၀ အုပ္စု၊ ေကသလာေက်ာ္လမ္းတြင္ အသက္ ၃၀ အရြယ္ အမည္မသိ အမ်ိဳးသမီး တစ္ဦး ထိုးသြင္းဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည္ကို ဧျပီ ၂ ရက္ေန႕က ေတြ႕ရွိခဲ့ရသည္ဟု သတင္းရရွိသည္။

ဖေလာင္းျပင္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးစံသိန္းေမာင္က “ မေန႕က ကၽြန္ေတာ္ကို လာအေၾကာင္း ၾကားတဲ့ အတြက္ ညေန ၃ နာရီမွာ အခင္း ျဖစ္တဲ့ ေနရာကို သြားၾကည့္ခဲ့ပါတယ္။ အေလာင္းကို ေတြ႕ရတဲ့ ေနရာက ဖေလာင္းျပင္ ဘုန္းေတာ္ၾကီးေက်ာင္း ေနာက္ဘက္ ေကသလာေက်ာ္လမ္းမွာပါ။

ဒါေပမယ့္ ကၽြန္ေတာ္တို႕အုပ္စုရဲ႕ အပိုင္ မဟုတ္ပါ။ ေခ်ာင္း၀ေက်းရြာအုပ္စု အပိုင္ေနရာ ျဖစ္ပါတယ္။ စူးေတြနဲ႕ ထိုးသြင္းဒဏ္ရာေတြ ေတြ႕ရွိရပါတယ္။ ဘယ္ရြာကလဲဆိုတာ အခုအခ်ိန္ထိ မသိဘူး” ဟု ေျပာသည္။

ေသဆံုးသူအမ်ိဳးသမီး၏ေဘး မနီးမေ၀းတြင္ အတြင္းခံ ေဘာင္ဘီတစ္ထည္ႏွင့္ ေဘာ္ဒလီ အက်ၤၤီတစ္ထည္ကို ေတြ႕ရွိရေၾကာင္း၊ မ်က္မွန္တစ္လက္၊ ေငြ တစ္ေသာင္းတန္ တစ္ရြက္ႏွင့္တစ္ေထာင္တန္ တစ္ရြက္ကို ရင္ဘတ္မွာ တင္ျပီးေတြ႕ရေၾကာင္း၊

အတင္းဓမၼျပဳက်င့္ရန္ ၾကိဳးစားထားပံုရေၾကာင္း၊ ဧျပီ ၂ ရက္ နံနက္ အေစာပိုင္းတြင္ သတ္ျဖတ္ထားပံုရေၾကာင္း ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးက သူျမင္ေတြ႕ခဲ့ရပံုကို ေျပာၾကားသည္။

“ မေန႕က မင္းျပားရဲက လာပါတယ္။ စခန္းမွဴးလည္း ေရာက္လာပါတယ္။ အေလာင္းကိုေတာ့ မေန႕က မင္းျပားျမိဳ႕နယ္ နာေရးအသင္းကားနဲ႕ မင္းျပားေဆးရံုခြဲကို ယူေဆာင္သြားပါတယ္။ စူးေတြနဲ႕ ထိုးတာေတြရတယ္။ စကူဒရိုင္ဘာနဲ႕ ထိုးတာ မုဒိမ္းက်င့္ဖို႕ လုပ္တဲ့ ပံုစံမ်ိဳးပါ။ တစ္နယ္လံုးက လာၾကည့္ ၾကပါတယ္။

ေကသလာ၊ ေခ်ာင္း၀ ၊ ေခ်ာင္းဖ်ား၊ ဖေလာင္းျပင္၊ ပုဇြန္ဖယ္၊ ေက်ာက္ပိုက္ေက၊ ျဂမ္းေခ်ာင္း၊ ငန္းေခ်ာင္း ရြာက လူေတြ လာၾကည့္ၾကပါတယ္။ ဘယ္ရြာကမွ မဟုတ္ဘူး။ ဒီအနီးတ၀ိုက္ကေတာ့ မဟုတ္ပါဘူး” ဟု ဖေလာင္းျပင္ ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးက ေျပာသည္။

အဆိုပါ အမ်ိဳးသမီး အသတ္ခံရမႈႏွင့္ ပတ္သက္ျပီး မင္းျပားရဲစခန္းသို႕ ဆက္သြယ္ရာ ဂတ္စာေရး ဦးေက်ာ္ဇံေ၀က “ အမ်ိဳးသမီးတစ္ဦး အသတ္ခံရတာ မွန္ပါတယ္။ ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးေတြ အေၾကာင္းၾကားတဲ့ အတြက္ မေန႕ကေတာ့ အေလာင္းကို သြားယူခဲ့ပါတယ္။

ဘယ္က အမ်ိဳးသမီးလဲ၊ ဘယ္ရြာကလဲဆိုတာ ခုခ်ိန္ထိ မသိရေသးပါဘူး။ ပုဒ္မ ၃၀၂ လူသတ္မႈနဲ႕ အမႈဖြင့္ထားပါတယ္။ အမည္နဲ႕ ေနရပ္သိရရင္ေတာ့ အေၾကာင္းျပန္ၾကားေပးပါမယ္” ဟု နိရဥၥရာ သတင္းဌာနသို႕ ေျပာသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:နိရဥၥရာ၊ ဧျပီ ၃/ ၂၀၁၉

#Unicode Version#
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ချောင်း၀ အုပ်စု၊ ကေသလာကျော်လမ်းတွင် အသက် ၃၀ အရွယ် အမည်မသိ အမျိုးသမီး တစ်ဦး ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ဧပြီ ၂ ရက်နေ့က တွေ့ရှိခဲ့ရသည်ဟု သတင်းရရှိသည်။

ဖလောင်းပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံသိန်းမောင်က “ မနေ့က ကျွန်တော်ကို လာအကြောင်း ကြားတဲ့ အတွက် ညနေ ၃ နာရီမှာ အခင်း ဖြစ်တဲ့ နေရာကို သွားကြည့်ခဲ့ပါတယ်။ အလောင်းကို တွေ့ရတဲ့ နေရာက ဖလောင်းပြင် ဘုန်းတော်ကြီးကျောင်း နောက်ဘက် ကေသလာကျော်လမ်းမှာပါ။

ဒါပေမယ့် ကျွန်တော်တို့အုပ်စုရဲ့ အပိုင် မဟုတ်ပါ။ ချောင်းဝကျေးရွာအုပ်စု အပိုင်နေရာ ဖြစ်ပါတယ်။ စူးတွေနဲ့ ထိုးသွင်းဒဏ်ရာတွေ တွေ့ရှိရပါတယ်။ ဘယ်ရွာကလဲဆိုတာ အခုအချိန်ထိ မသိဘူး” ဟု ပြောသည်။

သေဆုံးသူအမျိုးသမီး၏ဘေး မနီးမဝေးတွင် အတွင်းခံ ဘောင်ဘီတစ်ထည်နှင့် ဘော်ဒလီ အင်္ကျၤီတစ်ထည်ကို တွေ့ရှိရကြောင်း၊ မျက်မှန်တစ်လက်၊ ငွေ တစ်သောင်းတန် တစ်ရွက်နှင့်တစ်ထောင်တန် တစ်ရွက်ကို ရင်ဘတ်မှာ တင်ပြီးတွေ့ရကြောင်း၊

အတင်းဓမ္မပြုကျင့်ရန် ကြိုးစားထားပုံရကြောင်း၊ ဧပြီ ၂ ရက် နံနက် အစောပိုင်းတွင် သတ်ဖြတ်ထားပုံရကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက သူမြင်တွေ့ခဲ့ရပုံကို ပြောကြားသည်။

“ မနေ့က မင်းပြားရဲက လာပါတယ်။ စခန်းမှူးလည်း ရောက်လာပါတယ်။ အလောင်းကိုတော့ မနေ့က မင်းပြားမြို့နယ် နာရေးအသင်းကားနဲ့ မင်းပြားဆေးရုံခွဲကို ယူဆောင်သွားပါတယ်။ စူးတွေနဲ့ ထိုးတာတွေရတယ်။ စကူဒရိုင်ဘာနဲ့ ထိုးတာ မုဒိမ်းကျင့်ဖို့ လုပ်တဲ့ ပုံစံမျိုးပါ။ တစ်နယ်လုံးက လာကြည့် ကြပါတယ်။

ကေသလာ၊ ချောင်း၀ ၊ ချောင်းဖျား၊ ဖလောင်းပြင်၊ ပုဇွန်ဖယ်၊ ကျောက်ပိုက်ကေ၊ ဂြမ်းချောင်း၊ ငန်းချောင်း ရွာက လူတွေ လာကြည့်ကြပါတယ်။ ဘယ်ရွာကမှ မဟုတ်ဘူး။ ဒီအနီးတဝိုက်ကတော့ မဟုတ်ပါဘူး” ဟု ဖလောင်းပြင် ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

အဆိုပါ အမျိုးသမီး အသတ်ခံရမှုနှင့် ပတ်သက်ပြီး မင်းပြားရဲစခန်းသို့ ဆက်သွယ်ရာ ဂတ်စာရေး ဦးကျော်ဇံဝေက “ အမျိုးသမီးတစ်ဦး အသတ်ခံရတာ မှန်ပါတယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ အကြောင်းကြားတဲ့ အတွက် မနေ့ကတော့ အလောင်းကို သွားယူခဲ့ပါတယ်။

ဘယ်က အမျိုးသမီးလဲ၊ ဘယ်ရွာကလဲဆိုတာ ခုချိန်ထိ မသိရသေးပါဘူး။ ပုဒ်မ ၃၀၂ လူသတ်မှုနဲ့ အမှုဖွင့်ထားပါတယ်။ အမည်နဲ့ နေရပ်သိရရင်တော့ အကြောင်းပြန်ကြားပေးပါမယ်” ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။



ဖိုးသူတော်(www.phothutaw.com)
Credit:နိရဉ္စရာ၊ ဧပြီ ၃/ ၂၀၁၉
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top