ဧၿပီလ ၂၅ ရက္ေန႔မွာ ရုံတင္ျပသသြားမယ့္ ‘’မဟူရာ ရုပ္ရွင္ရုံ’’ ရုပ္ရွင္ဇာတ္ကားႀကီးအတြက္ ဒါရုိက္တာ ျပည့္ေဇာ္ၿဖဳိးက ရင္ခုန္စိတ္လႈပ္ရွားလုိ႔ေနပါတယ္။ သူ႔အတြက္ေတာ့ ဒီရုပ္ရွင္ကားႀကီးဟာ ပထမဆုံး အႏုပညာဖန္တီးမႈျဖစ္တယ္လုိ႔ Duwun Media ရဲ႕ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ပါတယ္။

‘’ ရုပ္ရွင္ကား တစ္ကားဖန္တီးၿပီးတဲ့အခ်ိန္မွာ ကၽြန္ေတာ္ကလည္း အရင္ကတည္းက Independence Film Maker တစ္ေယာက္ ဘဝကေနလာတာဆုိေတာ့ Short Film ေတြရုိက္တယ္၊ Documentary ေတြရိုက္ၿပီးတဲ့အခ်ိန္မွာ အျမဲတမ္း ႏုိင္ငံတကာရုပ္ရွင္ပြဲေတာ္ေတြကို တင္တယ္၊ ေရြးခ်ယ္ခံရတာေတြရွိတယ္၊ ေရြးခ်ယ္မခံရတာေတြလည္းရွိတယ္။

ကြ်န္ေတာ္က အရင္ကတည္းက ႏုိင္ငံတကာရုပ္ရွင္ပြဲေတာ္ေတြမွာ ေရြးခ်ယ္ခံရဖူးတယ္။ ဆုေတြလည္း ရဖူးတယ္၊ ႏုိင္ငံတကာ ရုပ္ရွင္ပြဲေတာ္ေတြကုိလည္း တက္ဖူးတယ္ေပါ့ေနာ္။ ဒါကေတာ့ ကၽြန္ေတာ့္အတြက္ ပထမဆုံးရုပ္ရွင္ကားႀကီးျဖစ္ေနတယ္ဆုိေတာ့ ရင္ခုန္ရတာေပါ့ေနာ္’’ လုိ႔ ဆုိပါတယ္။



ဒီဇာတ္ကားဟာ အိႏၵိယႏိုင္ငံ ကာလာကတၱားၿမိဳ႕မွာ ျပဳလုပ္မယ့္ Cult Critic Movie Award ႏိုင္ငံတကာ ရုပ္ရွင္ပြဲေတာ္ရဲ႕ Jean Luc Godard Award အတြက္ Monthly Winner (March 2019) အျဖစ္ ဆန္ခါတင္ ေရြးခ်ယ္ျခင္းခံခဲ့ရတဲ့ ဇာတ္ကားျဖစ္ပါတယ္။ မဟူရာ ရုပ္ရွင္ရုံ ဇာတ္ကားႀကီးအတြက္ ႀကိဳးစားမႈေတြကုိလည္း ကုိျပည့္ေဇာ္ၿဖဳိးက ဆက္လက္ေျပာျပလာပါေသးတယ္။

‘’ ဘတ္ဂ်က္ကလည္း အမ်ားႀကီး ႀကီးတယ္။ ကုန္ခဲ့ရတဲ့အခ်ိန္ေတြ၊ ဒီဇာတ္ကားအတြက္ အလုပ္လုပ္တာ ၂ ႏွစ္ေက်ာ္ၿပီေပါ့ေနာ္။ ဒီဇာတ္ကားအတြက္ ဇာတ္လမ္းေတြ၊ ဇာတ္ညႊန္းေတြ ေရးတဲ့အခ်ိန္ကေန စၿပီးေတာ့ အခုခ်ိန္ထိကုိ ဒီဇာတ္ကားအတြက္ပဲ အာရုံစူးစုိက္ထားတာဆုိေတာ့ အမ်ားႀကီး ရင္းႏွီးခဲ့ရတဲ့အရာျဖစ္တဲ့အတြက္ေၾကာင့္ အခုလုိ ပထမဆုံးအေနနဲ႔ ေရြးခ်ယ္ခံခဲ့ရတဲ့ ပြဲ ႏွစ္ပြဲေပါ့ေနာ္။ ေနာက္ထပ္လည္း တင္ထားတဲ့ပြဲေတြရွိပါတယ္။ ဆုေတြရဖုိ႔လည္း ေမွ်ာ္လင့္ေနပါတယ္’’ လုိ႔ သူကဆုိပါတယ္။



အဲဒီေနာက္ မဟူရာ ရုပ္ရွင္ရုံ ဇာတ္ကားနဲ႔ ပတ္သက္ၿပီး သရုပ္ေဆာင္ အကယ္ဒမီေနတိုးကလည္း The Best Actor ဆုရရွိခဲ့ျပန္ပါေသးတယ္။ ဒီဇာတ္ကားထဲမွာ သရုပ္ေဆာင္ ေနတုိး၊ မင္းေသြး၊ ေက်ာ္ေက်ာ္ဗုိ၊ အိႏၵိယမင္းသမီးေလး ရီဟာေရး၊ နန္းဆုဦး၊ ထြန္းမင္းနဲ႔ ေခးလေရာင္တုိ႔က အဓိက ပါဝင္သရုပ္ေဆာင္ထားၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #


ဧပြီလ ၂၅ ရက်နေ့မှာ ရုံတင်ပြသသွားမယ့် ‘’မဟူရာ ရုပ်ရှင်ရုံ’’ ရုပ်ရှင်ဇာတ်ကားကြီးအတွက် ဒါရိုက်တာ ပြည့်ဇော်ဖြိုးက ရင်ခုန်စိတ်လှုပ်ရှားလို့နေပါတယ်။ သူ့အတွက်တော့ ဒီရုပ်ရှင်ကားကြီးဟာ ပထမဆုံး အနုပညာဖန်တီးမှုဖြစ်တယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ရုပ်ရှင်ကား တစ်ကားဖန်တီးပြီးတဲ့အချိန်မှာ ကျွန်တော်ကလည်း အရင်ကတည်းက Independence Film Maker တစ်ယောက် ဘဝကနေလာတာဆိုတော့ Short Film တွေရိုက်တယ်၊ Documentary တွေရိုက်ပြီးတဲ့အချိန်မှာ အမြဲတမ်း နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေကို တင်တယ်၊ ရွေးချယ်ခံရတာတွေရှိတယ်၊ ရွေးချယ်မခံရတာတွေလည်းရှိတယ်။

ကျွန်တော်က အရင်ကတည်းက နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ရွေးချယ်ခံရဖူးတယ်။ ဆုတွေလည်း ရဖူးတယ်၊ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေကိုလည်း တက်ဖူးတယ်ပေါ့နော်။ ဒါကတော့ ကျွန်တော့်အတွက် ပထမဆုံးရုပ်ရှင်ကားကြီးဖြစ်နေတယ်ဆိုတော့ ရင်ခုန်ရတာပေါ့နော်’’ လို့ ဆိုပါတယ်။

ဒီဇာတ်ကားဟာ အိန္ဒိယနိုင်ငံ ကာလာကတ္တားမြို့မှာ ပြုလုပ်မယ့် Cult Critic Movie Award နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ရဲ့ Jean Luc Godard Award အတွက် Monthly Winner (March 2019) အဖြစ် ဆန်ခါတင် ရွေးချယ်ခြင်းခံခဲ့ရတဲ့ ဇာတ်ကားဖြစ်ပါတယ်။ မဟူရာ ရုပ်ရှင်ရုံ ဇာတ်ကားကြီးအတွက် ကြိုးစားမှုတွေကိုလည်း ကိုပြည့်ဇော်ဖြိုးက ဆက်လက်ပြောပြလာပါသေးတယ်။

‘’ ဘတ်ဂျက်ကလည်း အများကြီး ကြီးတယ်။ ကုန်ခဲ့ရတဲ့အချိန်တွေ၊ ဒီဇာတ်ကားအတွက် အလုပ်လုပ်တာ ၂ နှစ်ကျော်ပြီပေါ့နော်။ ဒီဇာတ်ကားအတွက် ဇာတ်လမ်းတွေ၊ ဇာတ်ညွှန်းတွေ ရေးတဲ့အချိန်ကနေ စပြီးတော့ အခုချိန်ထိကို ဒီဇာတ်ကားအတွက်ပဲ အာရုံစူးစိုက်ထားတာဆိုတော့ အများကြီး ရင်းနှီးခဲ့ရတဲ့အရာဖြစ်တဲ့အတွက်ကြောင့် အခုလို ပထမဆုံးအနေနဲ့ ရွေးချယ်ခံခဲ့ရတဲ့ ပွဲ နှစ်ပွဲပေါ့နော်။ နောက်ထပ်လည်း တင်ထားတဲ့ပွဲတွေရှိပါတယ်။ ဆုတွေရဖို့လည်း မျှော်လင့်နေပါတယ်’’ လို့ သူကဆိုပါတယ်။

အဲဒီနောက် မဟူရာ ရုပ်ရှင်ရုံ ဇာတ်ကားနဲ့ ပတ်သက်ပြီး သရုပ်ဆောင် အကယ်ဒမီနေတိုးကလည်း The Best Actor ဆုရရှိခဲ့ပြန်ပါသေးတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် နေတိုး၊ မင်းသွေး၊ ကျော်ကျော်ဗို၊ အိန္ဒိယမင်းသမီးလေး ရီဟာရေး၊ နန်းဆုဦး၊ ထွန်းမင်းနဲ့ ခေးလရောင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top