ခိုးေျပးသူကတစ္ေယာက္ ၾကားျဖတ္သားမယားက်င္႔သူကတစ္ေယာက္ ႏွစ္ေယာက္လုံးကုိ ဖမ္းဆီး

တရားလို ေဒၚ———–သည္ ၂၂ ၄. ၂၀၁၉ ရက္ေန႕ ေန႕လည္(၁)နာရီအခ်ိန္ခန႔္ သီရိမဂၤလာေစ်းမွကုန္စိမ္းေရာင္း၍ ျပန္လာခဲ့ၿပီး ေနအိမ္သို႔ေရာက္ရွိစဥ္ သမီးျဖစ္သူ မ——–၁၃နွစ္ ၇ လ အား ေနအိမ္တြင္မေတြ႕ရွိသျဖင့္မိခင္ျဖစ္သူ ေဒၚ———–အား ေမးျမန္းရာ

သမီးျဖစ္သူမ———–မွာ (၁၂)သမ မွတ္တိုင္တြင္ အေအးေသာက္ရန္ထြက္သြားေၾကာင္း ေျပာျပသိရွိရၿပီး ၎လည္းသမီးျဖစ္သူ ျပန္လာမည္အထင္ျဖင့္ ေနအိမ္တြင္ ေစာင့္ေနခဲ့ေၾကာင္း၊ ညေန(၅)နာရီေက်ာ္အခ်ိန္ခန႔္ထိ သမီးျဖစ္သူ မ——–မွာ ေနအိမ္သို႔ျပန္လည္ ေရာက္ရွိျခင္းမရွိ၍ စုံစမ္းခဲ့ရာ သမီးျဖစ္သူ မ——–အား

၎၏ ရည္းစားျဖစ္သူ မဲႀကီးႏွင့္ ၎၏ သူငယ္ခ်င္းျဖစ္သူ ခ်စ္ရေအာင္တို႔ႏွင့္အတူ အျပင္သို႔လိုက္သြားေၾကာင္း သိရသျဖင့္ မ——-၏ ရည္းစားျဖစ္သူ မဲၾကီးေနထိုင္ရာ ရွမ္းေခ်ာင္းေက်းရြာသို႔ သြားေရာက္ရွာေဖြေသာ္လည္း တရားလိုမွမ——-တို႔အား မေတြ႕ရွိရသျဖင့္ သီရိမဂၤလာေဈးတြင္ ေရာက္ရွိေနေၾကာင္း သိရွိရၿပီး သီရိမဂၤလာေဈးသို႔ လိုက္သြားခဲ့ေၾကာင္း၊

မဲႀကီးအားေတြ႕ရွိ၍ ေမးျမန္းရာ သမီးျဖစ္သူမွာ ခ်စ္ရေအာင္ဆိုသူႏွင့္ အမွတ္(၅)ရပ္ကြက္၊ အဆင့္ျမင့္မွတ္တိုင္အနီးရွိ ခ်စ္ရေအာင္၏ေနအိမ္လိုင္ခန္းတြင္ရွိေၾကာင္း ေျပာသျဖင့္ သြားေရာက္ခဲ႔ရာသမီးျဖစ္သူ မ——-ႏွင့္ ခ်စ္ရေအာင္ တို႔ေတြ႕ရွိရၿပီး သမီးျဖစ္သူ မ———–အားေမးျမန္းရာ ညေန(၅)နာရီအခ်ိန္ခန႔္)ရည္းစားျဖစ္သူ မဲႀကီးႏွင့္ ခ်စ္ရေအာင္တို႔မွ လာေရာက္ ေခၚေဆာင္ၿပီး မဲႀကီးမွသမီးျဖစ္သူ မ———–အား ခိုးေျပးခဲ့ေၾကာင္း၊

ခ်စ္ရေအာင္ေနအိမ္တြင္ မဲႀကီးမွ ၎မွာေငြမရွိ၍ အတည္တက်မယူနိုင္ေသးေၾကာင္းေျပာဆိုၿပီး သမီးျဖစ္သူအား ေနအိမ္တြင္ ထားခဲ႔ျပီး ျပန္သြားေၾကာင္း ထိုအခ်ိန္ ခ်စ္ရေအာင္မွ နင့္ကို မဲၾကီးက အတည္ယူမွာမဟုတ္ဘူး ႏွင့္ကိုငါလက္ထပ္မည္ဟု ေျပာဆိုကာ

သမီးျဖစ္သူမ——အား သားမယားအျဖစ္(၁)ႀကိမ္ခန႔္ ေပါင္းသင္း ဆက္ဆံေနထိုင္ေၾကာင္းအား ေျပာျပသိရွိသျဖင့္ သမီးျဖစ္သူ မ——အား သားမယားအျဖစ္ ေပါင္းသင္းဆက္ဆံ ေနထိုင္သူ ခ်စ္ရေအာင္ႏွင့္ သမီးျဖစ္သူအား ခ်စ္ရေအာင္မွ သားမယားအျဖစ္ ေပါင္းသင္းဆက္ဆံေစရန္ အားေပးကူညီသူ မဲႀကီးတို႔(၂)ဦးအား၊ဥပေဒအရ အေရးယူေပးပါရန္ တိုင္တန္းခဲ႔ေၾကာင္း သိရွိရသည္။

တရားလို ေဒၚ——–မွ တိုင္တန္သျဖင့္ခ်စ္ရေအာင္ ၁၇နွစ္ (က်ဴး)အမွတ္(၅)ရပ္ကြက္ လွိ ုင္သာယာျမိဳ႕နယ္ေနသူနွင့္ မဲၾကီး(ခ)သန္းတိုးေအာင္၁၈ နွစ္ (က်ဴး)ရွမ္းေခ်ာင္းေက်းရြာ လွိ ုင္သာယာျမိဳ႕နယ္ေနသူ(၂)ဦးအား ေသာင္ၾကီးနယ္ေျမ ရဲစခန္းမွ ပ/၁၂၀၉/၂၀၁၉ ရာဇသတ္ၾကီးပုဒ္မ ၃၇၆/၁၁၄ျဖင့္အမွ ုေရးဖြင့္ကာ ဖမ္းဆီးစစ္ေဆးေဆာင္ရြက္လ်ွက္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Tin Naing Tun

#Unicode Version# ျဖင့္ဖတ္ပါ ။

ခိုးပြေးသူကတစ်ယောက် ကြားဖြတ်သားမယားကျင့်သူကတစ်ယောက် နှစ်ယောက်လုံးကို ဖမ်းဆီး

တရားလို ဒေါ်———–သည် ၂၂ ၄. ၂၀၁၉ ရက်နေ့ နေ့လည်(၁)နာရီအချိန်ခန့် သီရိမင်္ဂလာဈေးမှကုန်စိမ်းရောင်း၍ ပြန်လာခဲ့ပြီး နေအိမ်သို့ရောက်ရှိစဉ် သမီးဖြစ်သူ မ——–၁၃နှစ် ၇ လ အား နေအိမ်တွင်မတွေ့ရှိသဖြင့်မိခင်ဖြစ်သူ ဒေါ်———–အား မေးမြန်းရာ

သမီးဖြစ်သူမ———–မှာ (၁၂)သမ မှတ်တိုင်တွင် အအေးသောက်ရန်ထွက်သွားကြောင်း ပြောပြသိရှိရပြီး ၎င်းလည်းသမီးဖြစ်သူ ပြန်လာမည်အထင်ဖြင့် နေအိမ်တွင် စောင့်နေခဲ့ကြောင်း၊ ညနေ(၅)နာရီကျော်အချိန်ခန့်ထိ သမီးဖြစ်သူ မ——–မှာ နေအိမ်သို့ပြန်လည် ရောက်ရှိခြင်းမရှိ၍ စုံစမ်းခဲ့ရာ သမီးဖြစ်သူ မ——–အား

၎င်း၏ ရည်းစားဖြစ်သူ မဲကြီးနှင့် ၎င်း၏ သူငယ်ချင်းဖြစ်သူ ချစ်ရအောင်တို့နှင့်အတူ အပြင်သို့လိုက်သွားကြောင်း သိရသဖြင့် မ——-၏ ရည်းစားဖြစ်သူ မဲကြီးနေထိုင်ရာ ရှမ်းချောင်းကျေးရွာသို့ သွားရောက်ရှာဖွေသော်လည်း တရားလိုမှမ——-တို့အား မတွေ့ရှိရသဖြင့် သီရိမင်္ဂလာဈေးတွင် ရောက်ရှိနေကြောင်း သိရှိရပြီး သီရိမင်္ဂလာဈေးသို့ လိုက်သွားခဲ့ကြောင်း၊

မဲကြီးအားတွေ့ရှိ၍ မေးမြန်းရာ သမီးဖြစ်သူမှာ ချစ်ရအောင်ဆိုသူနှင့် အမှတ်(၅)ရပ်ကွက်၊ အဆင့်မြင့်မှတ်တိုင်အနီးရှိ ချစ်ရအောင်၏နေအိမ်လိုင်ခန်းတွင်ရှိကြောင်း ပြောသဖြင့် သွားရောက်ခဲ့ရာသမီးဖြစ်သူ မ——-နှင့် ချစ်ရအောင် တို့တွေ့ရှိရပြီး သမီးဖြစ်သူ မ———–အားမေးမြန်းရာ ညနေ(၅)နာရီအချိန်ခန့်)ရည်းစားဖြစ်သူ မဲကြီးနှင့် ချစ်ရအောင်တို့မှ လာရောက် ခေါ်ဆောင်ပြီး မဲကြီးမှသမီးဖြစ်သူ မ———–အား ခိုးပြေးခဲ့ကြောင်း၊

ချစ်ရအောင်နေအိမ်တွင် မဲကြီးမှ ၎င်းမှာငွေမရှိ၍ အတည်တကျမယူနိုင်သေးကြောင်းပြောဆိုပြီး သမီးဖြစ်သူအား နေအိမ်တွင် ထားခဲ့ပြီး ပြန်သွားကြောင်း ထိုအချိန် ချစ်ရအောင်မှ နင့်ကို မဲကြီးက အတည်ယူမှာမဟုတ်ဘူး နှင့်ကိုငါလက်ထပ်မည်ဟု ပြောဆိုကာ

သမီးဖြစ်သူမ——အား သားမယားအဖြစ်(၁)ကြိမ်ခန့် ပေါင်းသင်း ဆက်ဆံနေထိုင်ကြောင်းအား ပြောပြသိရှိသဖြင့် သမီးဖြစ်သူ မ——အား သားမယားအဖြစ် ပေါင်းသင်းဆက်ဆံ နေထိုင်သူ ချစ်ရအောင်နှင့် သမီးဖြစ်သူအား ချစ်ရအောင်မှ သားမယားအဖြစ် ပေါင်းသင်းဆက်ဆံစေရန် အားပေးကူညီသူ မဲကြီးတို့(၂)ဦးအား၊ဥပဒေအရ အရေးယူပေးပါရန် တိုင်တန်းခဲ့ကြောင်း သိရှိရသည်။

တရားလို ဒေါ်——–မှ တိုင်တန်သဖြင့်ချစ်ရအောင် ၁၇နှစ် (ကျူး)အမှတ်(၅)ရပ်ကွက် လှိ ုင်သာယာမြို့နယ်နေသူနှင့် မဲကြီး(ခ)သန်းတိုးအောင်၁၈ နှစ် (ကျူး)ရှမ်းချောင်းကျေးရွာ လှိ ုင်သာယာမြို့နယ်နေသူ(၂)ဦးအား သောင်ကြီးနယ်မြေ ရဲစခန်းမှ ပ/၁၂၀၉/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၁၁၄ဖြင့်အမှ ုရေးဖွင့်ကာ ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:Tin Naing Tun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top