
ညီမလေး …..


#Unicode Version# ဖြင့်ဖတ်ပါ ။
“ အရင်က အရမ်းချစ်တယ်ဆို ”
လက်ထပ်ပြီးတဲ့နောက်ကြာသောအခါ “ သိပ်ချစ်ပါတယ် ” ဆိုတဲ့သူက ကိုယ့်အတွက်ရန်သူ ဖြစ်လာတယ် ။ အဲဒါ ဘာကြောင့်လဲ သိလာ ညီမလေး?…
ဆင်ခြင်တတ်အောင် တင်ပေးပါတယ် ။ ရည်းစားစကား အပြောခံတုံးက အပြောကောင်းတာကို “ အဲဒါပဲ အချစ်စစ် ” လို့ မခံယူပါနဲ့၊ အကြီးအကျယ် မှားသွားလိမ့်မယ်၊
ညီမလေး …..
ယောက်ကျားတစ်ယောက်ရဲ့ အပြောကောင်းတာမှာ မသာယာမိပါစေနဲ့။ အပြောကောင်းတာကို ယုံမိပြီး ဒူးနဲ့ ချွေးသုတ်ခဲ့တဲ့သူတွေ လောကမှာ အများကြီးပါ။
အထူးသဖြင့် အရက်သောက်တတ်သူတွေကို ခေါင်းထဲကနေ ထုတ်ပစ်လိုက်ပါ ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်အတွက် အန္တရာယ်ဖြစ်တတ်လို့ ။
အရက်သောက်တဲ့သူတိုင်း မဟုတ်ပေမဲ့ အများစုတော့ အရက်သောက်တတ်သောသူတွေက ကိုယ်ထိလက်ရောက်များတယ်။
Admin ရဲ့ ညီမလေးဘဝကိုလည်း အရက်သမားက ဖျက်ဆီးခဲ့တယ် ။ ကဲ အရက်သမားတွေကို ယူအုံးမလာ ၊ ဒီလောက်ဆိုရင် သဘောပေါက်သင့်ပြီ ။
ယုံကြည်သူဆိုရင် ကိုယ့်အတွက်အကောင်းဆုံး ရဖို့က ဘုရားဆီမှာပဲ ရှိတယ် ။ ဘုရားဆီမှာပဲ တောင်းပါ ။ နှလုံးသားကို အလိုမလိုက်ပါနဲ့…..။
ဖိုးသူတော် (www.phothutaw.com)
Credit:မျိုးချစ်ထက်နိုင်