ရန္ကုန္တုိင္းေဒသႀကီး၊ ေက်ာက္တံတားၿမိဳ႕နယ္အတြင္းရိွ ဘဏ္လမ္းႏွင့္ ပန္းဆုိးတန္းလမ္း (ေအာက္ဘေလာက္)တုိ႔တြင္ အပတ္စဥ္ စေန၊ တနဂၤေႏြတုိင္းဖြင့္လွစ္ေရာင္းခ်မည့္ Yangon Weekend Market ၌ အေဖ်ာ္ယမကာဆုိင္မ်ားပါ ဖြင့္လွစ္ ေရာင္းခ်လာႏုိင္ေၾကာင္း သတင္းရရိွသည္။

Yangon Weekend Market ကုိ လာမည့္ ေမလမွစတင္ဖြင့္လွစ္မည္ျဖစ္ၿပီး အပတ္စဥ္ စေန၊ တနဂၤေႏြေန႔တုိင္း နံနက္ ပုိင္းႏွင့္ ညပုိင္းဟူ၍ အပုိင္း ၂ ပုိင္းသတ္မွတ္၍ ဖြင့္လွစ္ေရာင္းခ်မည္ျဖစ္ေၾကာင္း ေက်ာက္တံတားၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၁)လႊတ္ေတာ္ကုိယ္စားလွယ္ ေဒၚၾကည္ျပာက News Watch သုိ႔ ေျပာသည္။

”ဘဏ္လမ္းေတာက္ေလွ်ာက္နဲ႔ ပန္းဆုိးတန္းေအာက္လမ္း ၂ ေနရာလုပ္မယ္ေပါ့။ ပန္းဆုိးတန္းေအာက္မွာ သူတုိ႔က တျခမ္း ေတာင္းထားတာ။ ကားပါကင္ေနရာကိစၥလည္းရိွေနေတာ့ အဲဒါလည္း ျပန္ညိႇရဦးမယ္။ စေန၊ တနဂၤေႏြေန႔ေတြမွာ အဲဒီမွာ တကယ့္ကုိ အဆင့္မီမီေလးေပါ့။ အဓိကကေတာ့ ႏုိင္ငံျခားသားေတြ သြားၿပီးလည္ ပတ္လုိ႔ရတဲ့ေနရာတခုအျဖစ္နဲ႔ Bangkok Night Market လုိမ်ဳိးျဖစ္ေအာင္ဆုိၿပီး အဆင့္မီမီေလးနဲ႔ ဘီယာဆုိင္ေလး ၄ ဆုိင္ေလာက္ပါမယ္။ အစား အေသာက္ဆုိရင္လည္း လုံးဝ standard ျပည့္ျပည့္ေလးေတြနဲ႔ နာမည္ရိွၿပီးသား စားေသာက္ဆုိင္ေလးေတြပါမယ္ေပါ့။ အဓိကတုိင္းရင္းသားအစားအစာေတြလည္း ပါမွာေပါ့”ဟု ၎က ေျပာသည္။

ရန္ကုန္တုိင္းေဒသႀကီးအစုိးရက Yangon Weekend Market ျဖစ္ေျမာက္ေရးအတြက္ တင္ဒါေခၚယူေဆာင္ ရြက္ခဲ့ရာ Golden Market Myanmar ကုမၸဏီမွ Operator အျဖစ္ လုပ္ကုိင္ခြင့္ရရိွခဲ့ေၾကာင္းသိရသည္။ မတ္လ ၂၅ ရက္ေန႔တြင္ Yangon Weekend Market က်င္းပႏိုင္ေရးအတြက္ ဌာနဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ ျပဳလုပ္သည့္ ညိႇႏိႈင္းအစည္းအေဝးကုိ တိုင္းေဒသႀကီး အစိုးရအဖြဲ႕႐ုံး၊ အစည္းအေဝးခန္းမ၌ က်င္းပခဲ့ၿပီး ဘဏ္လမ္းတြင္ လက္ရိွေရာင္းခ်ေနသည့္ ေစ်းသည္မ်ား ကိစၥကုိ ထည့္သြင္းေဆြးေႏြးျဖစ္ခဲ့ေၾကာင္း ေဒၚၾကည္ျပာကေျပာသည္။

”အဲဒီေစ်းသည္ေတြကုိ သူတုိ႔က စေန၊ တနဂၤေႏြေတြမွာ မေရာင္းခုိင္းဘူးေပါ့။ ၿပီးေတာ့ အဲဒီေစ်းသည္ေတြက စေန၊ တနဂၤေႏြ ဆုိရင္လည္း မ်ားေသာအားျဖင့္မေရာင္းၾကဘူး။ သူတုိ႔က ဝန္ထမ္းေတြကုိ အဓိကအားထားၿပီး ေရာင္းၾကတာ ဆုိေတာ့ မ်ားေသာအားျဖင့္က မေရာင္းဘူး။ မေရာင္းၾကဘူးဆုိေတာ့ စည္ပင္က သူတုိ႔ ကုိ ေရဖုိး၊ မီးဖုိးေကာက္တဲ့အခါမွာ ၁ လစာ မွာ ၈ ရက္ကုိ ျပန္ေလွ်ာ့ေပးမယ္။ ၿပီးရင္ အဲဒီရက္ သူတုိ႔ကုိမေရာင္းခုိင္းဘူး။ ၾကား ရက္ေတြမွာပဲေရာင္းေပါ့။ အကယ္၍ သူတုိ႔ကမျဖစ္မေနေရာင္းခ်င္တယ္ဆုိရင္ စံသတ္မွတ္ခ်က္ေတြရွိ တယ္။ ဒီဟာက တရက္ကုိ ဘယ္ေလာက္ ေပးရမယ္။ အစားအေသာက္ဆုိ ဘယ္လုိ၊ ဘယ္ပစၥည္းကုိ သုံးရမယ္ ဆုိတာမ်ဳိး standard ေတြကုိ မီႏုိင္ရင္ေတာ့ သူတုိ႔ သတ္မွတ္တဲ့ ေစ်းႏႈန္းအတုိင္းမီရင္ေတာ့ သူတုိ႔ကို ထည့္သြင္းစဥ္းစားေပးမယ္လုိ႔ သိရပါတယ္”ဟု ၎ကေျပာသည္။

သုိ႔ေသာ္လည္း Operator အျဖစ္ လုပ္ကုိင္ခြင့္ရကုမၸဏီမွ အဆုိပါေနရာတြင္ ဆုိင္ခန္းဖြင့္လွစ္ေရာင္းခ် လိုသူမ်ားအား မည္သည့္ပုံစံျဖင့္ မည္သုိ႔မည္ပုံ ေနရာခ်ေပးမည္ကုိ မသိရိွရေသးေပ။ ရန္ကုန္ၿမိဳ႕ ေတာ္စည္ပင္ သာယာေရး ေကာ္မတီ အေနျဖင့္ ယခုတပတ္အတြင္း ဘဏ္လမ္းရိွေစ်းသည္မ်ားႏွင့္ေတြ႕ဆုံ၍ ညိႇႏႈိင္းေဆြးေႏြး သြားမည္ဟုသိရေၾကာင္း ေဒၚၾကည္ျပာက ေျပာသည္။

Yangon Weekend Market ဖြင့္လွစ္မည္ဆုိပါက ဘဏ္လမ္းရိွေစ်းသည္မ်ားကိစၥ၊ ပန္းဆုိးတန္းလမ္း (ေအာက္ဘ ေလာက္)တြင္ ကားပါကင္ရိွေနရာကိစၥမ်ားအပါအဝင္ ေျမျပင္အေျခအေနမ်ားႏွင့္ပတ္သက္၍ ႀကိဳတင္ျပင္မႈမ်ား ကုိ ဧၿပီလအတြင္း အၿပီးေဆာင္ရြက္မည္ျဖစ္ၿပီး ရန္ကုန္တိုင္းေဒသႀကီးအစုိးရအဖြဲ႕က ဖြဲ႕စည္းတာဝန္ေပး အပ္ထားသည့္ Yangon Weekend Market ျဖစ္ေျမာက္ေရး လုပ္ငန္းေကာ္မတီႏွင့္ Golden Market Myanmar ကုမၸဏီတုိ႔ စာခ်ဳပ္ ခ်ဳပ္ဆုိမႈကုိ လာမည့္တပတ္အတြင္းျပဳလုပ္မည္ဟု သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:လင္းလင္းေအာင္

#Unicode Version# ျဖင့္ဖတ္ပါ ။

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်အတွင်းရှိ ဘဏ်လမ်းနှင့် ပန်းဆိုးတန်းလမ်း (အောက်ဘလောက်)တို့တွင် အပတ်စဉ် စနေ၊ တနင်္ဂနွေတိုင်းဖွင့်လှစ်ရောင်းချမည့် Yangon Weekend Market ၌ အဖျော်ယမကာဆိုင်များပါ ဖွင့်လှစ် ရောင်းချလာနိုင်ကြောင်း သတင်းရရှိသည်။

Yangon Weekend Market ကို လာမည့် မေလမှစတင်ဖွင့်လှစ်မည်ဖြစ်ပြီး အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း နံနက် ပိုင်းနှင့် ညပိုင်းဟူ၍ အပိုင်း ၂ ပိုင်းသတ်မှတ်၍ ဖွင့်လှစ်ရောင်းချမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက News Watch သို့ ပြောသည်။

”ဘဏ်လမ်းတောက်လျှောက်နဲ့ ပန်းဆိုးတန်းအောက်လမ်း ၂ နေရာလုပ်မယ်ပေါ့။ ပန်းဆိုးတန်းအောက်မှာ သူတို့က တခြမ်း တောင်းထားတာ။ ကားပါကင်နေရာကိစ္စလည်းရှိနေတော့ အဲဒါလည်း ပြန်ညှိရဦးမယ်။ စနေ၊ တနင်္ဂနွေနေ့တွေမှာ အဲဒီမှာ တကယ့်ကို အဆင့်မီမီလေးပေါ့။ အဓိကကတော့ နိုင်ငံခြားသားတွေ သွားပြီးလည် ပတ်လို့ရတဲ့နေရာတခုအဖြစ်နဲ့ Bangkok Night Market လိုမျိုးဖြစ်အောင်ဆိုပြီး အဆင့်မီမီလေးနဲ့ ဘီယာဆိုင်လေး ၄ ဆိုင်လောက်ပါမယ်။ အစား အသောက်ဆိုရင်လည်း လုံးဝ standard ပြည့်ပြည့်လေးတွေနဲ့ နာမည်ရှိပြီးသား စားသောက်ဆိုင်လေးတွေပါမယ်ပေါ့။ အဓိကတိုင်းရင်းသားအစားအစာတွေလည်း ပါမှာပေါ့”ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက Yangon Weekend Market ဖြစ်မြောက်ရေးအတွက် တင်ဒါခေါ်ယူဆောင် ရွက်ခဲ့ရာ Golden Market Myanmar ကုမ္ပဏီမှ Operator အဖြစ် လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်းသိရသည်။ မတ်လ ၂၅ ရက်နေ့တွင် Yangon Weekend Market ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ဘဏ်လမ်းတွင် လက်ရှိရောင်းချနေသည့် ဈေးသည်များ ကိစ္စကို ထည့်သွင်းဆွေးနွေးဖြစ်ခဲ့ကြောင်း ဒေါ်ကြည်ပြာကပြောသည်။

”အဲဒီဈေးသည်တွေကို သူတို့က စနေ၊ တနင်္ဂနွေတွေမှာ မရောင်းခိုင်းဘူးပေါ့။ ပြီးတော့ အဲဒီဈေးသည်တွေက စနေ၊ တနင်္ဂနွေ ဆိုရင်လည်း များသောအားဖြင့်မရောင်းကြဘူး။ သူတို့က ဝန်ထမ်းတွေကို အဓိကအားထားပြီး ရောင်းကြတာ ဆိုတော့ များသောအားဖြင့်က မရောင်းဘူး။ မရောင်းကြဘူးဆိုတော့ စည်ပင်က သူတို့ ကို ရေဖိုး၊ မီးဖိုးကောက်တဲ့အခါမှာ ၁ လစာ မှာ ၈ ရက်ကို ပြန်လျှော့ပေးမယ်။ ပြီးရင် အဲဒီရက် သူတို့ကိုမရောင်းခိုင်းဘူး။ ကြား ရက်တွေမှာပဲရောင်းပေါ့။ အကယ်၍ သူတို့ကမဖြစ်မနေရောင်းချင်တယ်ဆိုရင် စံသတ်မှတ်ချက်တွေရှိ တယ်။ ဒီဟာက တရက်ကို ဘယ်လောက် ပေးရမယ်။ အစားအသောက်ဆို ဘယ်လို၊ ဘယ်ပစ္စည်းကို သုံးရမယ် ဆိုတာမျိုး standard တွေကို မီနိုင်ရင်တော့ သူတို့ သတ်မှတ်တဲ့ ဈေးနှုန်းအတိုင်းမီရင်တော့ သူတို့ကို ထည့်သွင်းစဉ်းစားပေးမယ်လို့ သိရပါတယ်”ဟု ၎င်းကပြောသည်။

သို့သော်လည်း Operator အဖြစ် လုပ်ကိုင်ခွင့်ရကုမ္ပဏီမှ အဆိုပါနေရာတွင် ဆိုင်ခန်းဖွင့်လှစ်ရောင်းချ လိုသူများအား မည်သည့်ပုံစံဖြင့် မည်သို့မည်ပုံ နေရာချပေးမည်ကို မသိရှိရသေးပေ။ ရန်ကုန်မြို့ တော်စည်ပင် သာယာရေး ကော်မတီ အနေဖြင့် ယခုတပတ်အတွင်း ဘဏ်လမ်းရှိဈေးသည်များနှင့်တွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေး သွားမည်ဟုသိရကြောင်း ဒေါ်ကြည်ပြာက ပြောသည်။

Yangon Weekend Market ဖွင့်လှစ်မည်ဆိုပါက ဘဏ်လမ်းရှိဈေးသည်များကိစ္စ၊ ပန်းဆိုးတန်းလမ်း (အောက်ဘ လောက်)တွင် ကားပါကင်ရှိနေရာကိစ္စများအပါအဝင် မြေပြင်အခြေအနေများနှင့်ပတ်သက်၍ ကြိုတင်ပြင်မှုများ ကို ဧပြီလအတွင်း အပြီးဆောင်ရွက်မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွဲ့စည်းတာဝန်ပေး အပ်ထားသည့် Yangon Weekend Market ဖြစ်မြောက်ရေး လုပ်ငန်းကော်မတီနှင့် Golden Market Myanmar ကုမ္ပဏီတို့ စာချုပ် ချုပ်ဆိုမှုကို လာမည့်တပတ်အတွင်းပြုလုပ်မည်ဟု သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:လင်းလင်းအောင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top