ဟသၤာတျပည္သူ႔ေဆး႐ုံႀကီး၌ လူနာ၏ ဝမ္းဗိုက္ထဲ ခြဲစိတ္ခန္းသုံးကိရိယာ က်န္ခဲ့သည့္ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ဆရာဝန္အား အေရးယူေပးရန္မျဖစ္ႏိုင္ေၾကာင္း သက္ဆိုင္ရာက အေၾကာင္းျပန္ၾကားထားသည္ဟု လူနာရွင္ မိသားစုထံမွ သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ တိုင္ၾကားခ်က္အား ဟသၤာတခ႐ိုင္ကုသေရးဦးစီးဌာနသို႔ စိစစ္ေစခဲ့ၿပီးေနာက္ ခ႐ိုင္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနက လူနာထံထိုသို႔စာျဖင့္ အေၾကာင္းျပန္ၾကားခဲ့ျခင္း ျဖစ္သည္။

ထိုစဥ္က လူနာဦးဝင္းခိုင္၏ အေျခအေနမွာ အသက္အႏၲရာယ္စိုးရိမ္ရသျဖင့္ အေရးေပၚခြဲစိတ္ကုသမႈေပးခဲ့ၿပီး အသက္ကို အခ်ိန္မီကယ္တင္ႏိုင္ခဲ့သည့္အတြက္ ခြဲစိတ္ကုသေပးခဲ့ေသာ ဆရာဝန္သည္ ေပါ့ဆစြာ ေဆာင္႐ြက္ခဲ့ျခင္းမဟုတ္ေၾကာင္း၊ လူနာ၏ ဝမ္းဗိုက္ထဲတြင္ ခြဲစိတ္ခန္းသုံး ကိရိယာက်န္ရွိေနမႈသည္ လုပ္ငန္းသေဘာအရ ခြဲစိတ္ဆရာဝန္တစ္ဦးတည္းတြင္သာ တာဝန္ရွိသည္ မဟုတ္ဘဲ ၎ခြဲစိတ္မႈတြင္ ပါဝင္ခဲ့ၾကေသာ ဆရာဝန္၊ သူနာျပဳမ်ားအားလုံးတြင္ တာဝန္ရွိေၾကာင္း၊ လြန္ခဲ့ေသာ (၂၆)ႏွစ္ခန႔္က ျဖစ္စဥ္ျဖစ္သျဖင့္ လူနာ၏ ေဆးမွတ္တမ္းစာအုပ္မ်ား၊ ခြဲစိတ္ခန္းမွတ္တမ္းအေထာက္အထားမ်ားကို ျပည့္စုံစြာရွာေဖြမေတြ႕ရွိျခင္း၊ လူနာႏွင့္ လူနာရွင္မ်ားကိုယ္တိုင္ ေဒါက္တာဦးဦးဟန္ ခြဲစိတ္ခဲ့သည္ဟု တိုင္ၾကားခဲ့ေသာ္လည္း ေဒါက္တာဦး ဦးဟန္ခြဲစိတ္ခဲ့ေၾကာင္း လူနာမွတ္တမ္းအားတင္ ျပႏိုင္မႈမရွိခဲ့ေၾကာင္း၊ သို႔ျဖစ္ပါ၍ ေဒါက္တာဦးဦးဟန္အား စံနမူနာျပဳထိေရာက္စြာ အေရးယူေပးရန္ မျဖစ္ႏိုင္ေၾကာင္း သက္ဆိုင္ရာ ကလူနာထံ အေၾကာင္းျပန္ၾကားခဲ့သည့္စာအရ သိရသည္။

“ကြၽန္ေတာ္တို႔က အေထာက္အထားေတြနဲ႔ တင္ျပတိုင္ၾကားခဲ့တာပါ။ အခုအေျခအေနက သက္ဆိုင္ရာ တာဝန္ရွိသူေတြအေနနဲ႔ အလြယ္တကူ စိစစ္ေျဖရွင္းသလိုျဖစ္ေနတယ္။ တကယ္ထိခိုက္နစ္နာခဲ့တဲ့အတြက္ ထိေရာက္တဲ့ စစ္ေဆးေဆာင္႐ြက္မႈမ်ိဳး လိုခ်င္ပါတယ္။ အထက္အဆင့္ဆင့္က တာဝန္ရွိသူေတြအေနနဲ႔လည္း လ်စ္လ်ဴရႈမထားေစခ်င္ပါဘူး။ ထိေရာက္တဲ့ ေျဖရွင္းေဆာင္႐ြက္ ေပးမႈမ်ိဳးရေအာင္ ဘယ္လိုဆက္လုပ္ၾကမလဲဆိုတာ ကြၽန္ေတာ္တို႔မိသားစု တိုင္ပင္ေနပါတယ္”ဟု လူနာ၏ သားျဖစ္သူကိုရႈိင္းထက္ေအာင္က ေျပာၾကားသည္။

အဆိုပါျဖစ္စဥ္မွ လူနာဦးဝင္းခိုင္မွာ ဧရာဝတီတိုင္းေဒသႀကီး ဟသၤာတၿမိဳ႕နယ္ လယ္ႀကီးကြင္းအုပ္စု ႐ြာသစ္ေတာင္ေက်း႐ြာတြင္ ေနထိုင္သူျဖစ္ၿပီး ေဝဒနာႏွစ္ရွည္ခံစားခဲ့ရၿပီးေနာက္ ဝမ္းဗိုက္ထဲ၌ ခြဲစိတ္ခန္းသုံးကိရိယာကို ေတြ႕ရွိခဲ့ျခင္း ျဖစ္သည္။

၎င္းမွာ အူပုပ္သည့္ေဝဒနာေၾကာင့္ ၁၉၉၂ ခုႏွစ္ ၾသဂုတ္ ၂၀ ရက္က ဟသၤာတေဆး႐ုံႀကီး၌ ခြဲစိတ္မႈခံယူခဲ့ဖူးၿပီး ထိုသို႔ခြဲစိတ္ခဲ့ၿပီးေနာက္ ဝမ္းဗိုက္ေအာင့္သည့္ေဝဒနာ မၾကာခဏခံစားရသျဖင့္ ဆရာဝန္မ်ားထံ အႀကိမ္ႀကိမ္ျပသခဲ့ရာ အူေရာင္ေရာဂါ၊ အစာအိမ္ေရာဂါ၊ တီဘီအဆုတ္နာေရာဂါဟူ၍အ မ်ိဳးမ်ိဳးယူဆခဲ့ၾကသျဖင့္ ေဆးကုသမႈအမ်ိဳး မ်ိဳး ခံယူခဲ့ရေၾကာင္း သိရသည္။ ထို႔ေနာက္ ကာလရွည္ေဝဒနာခံစားခဲ့ရကာ ၿပီးခဲ့သည့္ ႏွစ္က ၀ါရင့္ဆရာဝန္ႀကီးတစ္ဦးက ဓာတ္မွန္႐ိုက္ၿပီး စစ္ေဆးရာမွ ဝမ္းဗိုက္ထဲ၌ ကတ္ေၾကးပုံသဏၭာန္ ကိရိယာတစ္ခုရွိေနသည္ကို ေတြ႕ရွိခဲ့ျခင္း ျဖစ္သည္။

ယင္းေနာက္ လူနာ၏ဝမ္းဗိုက္အတြင္းမွ ကိရိယာအား ၂၀၁၈ ခုႏွစ္ မတ္ ၂၇ ရက္တြင္ ဟသၤာတၿမိဳ႕၌ ခြဲစိတ္အထူးကုဆရာဝန္ႀကီး တစ္ဦးက ခြဲထုတ္ေပးခဲ့ၿပီး ၎ကိရိယာမွာ ေျခာက္လက္မခန႔္အ႐ြယ္ရွိ ခြဲစိတ္ခန္းသုံးေသြးေၾကာဖမ္းကိရိယာျဖစ္ေၾကာင္း အတည္ျပဳခဲ့သည္။

အဆိုပါလူနာမွာ ၁၉၉၂ ခုႏွစ္က ဟသၤာတေဆး႐ုံႀကီး၌ ခြဲစိတ္ကုသခဲ့ၿပီးေနာက္ ၾကားကာလတြင္ ခြဲစိတ္မႈတစ္စုံတစ္ရာမရွိခဲ့သျဖင့္ ထိုစဥ္က ခြဲစိတ္ကုသခဲ့သည့္ဆရာဝန္အား ထိေရာက္စြာအေရးယူေပးရန္ လူနာကိုယ္တိုင္လက္မွတ္ေရးထိုးကာ အေထာက္အထားမ်ားျဖင့္ ႏိုင္ငံေတာ္သမၼတႏွင့္တာ ဝန္ရွိသူမ်ားထံ တိုင္ၾကားထားသည့္ျဖစ္စဥ္ျဖစ္ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Eleven Media Group

#Unicode Version# ျဖင့္ဖတ္ပါ ။

ဟင်္သာတပြည်သူ့ဆေးရုံကြီး၌ လူနာ၏ ဝမ်းဗိုက်ထဲ ခွဲစိတ်ခန်းသုံးကိရိယာ ကျန်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ဆရာဝန်အား အရေးယူပေးရန်မဖြစ်နိုင်ကြောင်း သက်ဆိုင်ရာက အကြောင်းပြန်ကြားထားသည်ဟု လူနာရှင် မိသားစုထံမှ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တိုင်ကြားချက်အား ဟင်္သာတခရိုင်ကုသရေးဦးစီးဌာနသို့ စိစစ်စေခဲ့ပြီးနောက် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက လူနာထံထိုသို့စာဖြင့် အကြောင်းပြန်ကြားခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က လူနာဦးဝင်းခိုင်၏ အခြေအနေမှာ အသက်အန္တရာယ်စိုးရိမ်ရသဖြင့် အရေးပေါ်ခွဲစိတ်ကုသမှုပေးခဲ့ပြီး အသက်ကို အချိန်မီကယ်တင်နိုင်ခဲ့သည့်အတွက် ခွဲစိတ်ကုသပေးခဲ့သော ဆရာဝန်သည် ပေါ့ဆစွာ ဆောင်ရွက်ခဲ့ခြင်းမဟုတ်ကြောင်း၊ လူနာ၏ ဝမ်းဗိုက်ထဲတွင် ခွဲစိတ်ခန်းသုံး ကိရိယာကျန်ရှိနေမှုသည် လုပ်ငန်းသဘောအရ ခွဲစိတ်ဆရာဝန်တစ်ဦးတည်းတွင်သာ တာဝန်ရှိသည် မဟုတ်ဘဲ ၎င်းခွဲစိတ်မှုတွင် ပါဝင်ခဲ့ကြသော ဆရာဝန်၊ သူနာပြုများအားလုံးတွင် တာဝန်ရှိကြောင်း၊ လွန်ခဲ့သော (၂၆)နှစ်ခန့်က ဖြစ်စဉ်ဖြစ်သဖြင့် လူနာ၏ ဆေးမှတ်တမ်းစာအုပ်များ၊ ခွဲစိတ်ခန်းမှတ်တမ်းအထောက်အထားများကို ပြည့်စုံစွာရှာဖွေမတွေ့ရှိခြင်း၊ လူနာနှင့် လူနာရှင်များကိုယ်တိုင် ဒေါက်တာဦးဦးဟန် ခွဲစိတ်ခဲ့သည်ဟု တိုင်ကြားခဲ့သော်လည်း ဒေါက်တာဦး ဦးဟန်ခွဲစိတ်ခဲ့ကြောင်း လူနာမှတ်တမ်းအားတင် ပြနိုင်မှုမရှိခဲ့ကြောင်း၊ သို့ဖြစ်ပါ၍ ဒေါက်တာဦးဦးဟန်အား စံနမူနာပြုထိရောက်စွာ အရေးယူပေးရန် မဖြစ်နိုင်ကြောင်း သက်ဆိုင်ရာ ကလူနာထံ အကြောင်းပြန်ကြားခဲ့သည့်စာအရ သိရသည်။

“ကျွန်တော်တို့က အထောက်အထားတွေနဲ့ တင်ပြတိုင်ကြားခဲ့တာပါ။ အခုအခြေအနေက သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အလွယ်တကူ စိစစ်ဖြေရှင်းသလိုဖြစ်နေတယ်။ တကယ်ထိခိုက်နစ်နာခဲ့တဲ့အတွက် ထိရောက်တဲ့ စစ်ဆေးဆောင်ရွက်မှုမျိုး လိုချင်ပါတယ်။ အထက်အဆင့်ဆင့်က တာဝန်ရှိသူတွေအနေနဲ့လည်း လျစ်လျူရှုမထားစေချင်ပါဘူး။ ထိရောက်တဲ့ ဖြေရှင်းဆောင်ရွက် ပေးမှုမျိုးရအောင် ဘယ်လိုဆက်လုပ်ကြမလဲဆိုတာ ကျွန်တော်တို့မိသားစု တိုင်ပင်နေပါတယ်”ဟု လူနာ၏ သားဖြစ်သူကိုရှိုင်းထက်အောင်က ပြောကြားသည်။

အဆိုပါဖြစ်စဉ်မှ လူနာဦးဝင်းခိုင်မှာ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် လယ်ကြီးကွင်းအုပ်စု ရွာသစ်တောင်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ဝေဒနာနှစ်ရှည်ခံစားခဲ့ရပြီးနောက် ဝမ်းဗိုက်ထဲ၌ ခွဲစိတ်ခန်းသုံးကိရိယာကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၎င်းင်းမှာ အူပုပ်သည့်ဝေဒနာကြောင့် ၁၉၉၂ ခုနှစ် သြဂုတ် ၂၀ ရက်က ဟင်္သာတဆေးရုံကြီး၌ ခွဲစိတ်မှုခံယူခဲ့ဖူးပြီး ထိုသို့ခွဲစိတ်ခဲ့ပြီးနောက် ဝမ်းဗိုက်အောင့်သည့်ဝေဒနာ မကြာခဏခံစားရသဖြင့် ဆရာဝန်များထံ အကြိမ်ကြိမ်ပြသခဲ့ရာ အူရောင်ရောဂါ၊ အစာအိမ်ရောဂါ၊ တီဘီအဆုတ်နာရောဂါဟူ၍အ မျိုးမျိုးယူဆခဲ့ကြသဖြင့် ဆေးကုသမှုအမျိုး မျိုး ခံယူခဲ့ရကြောင်း သိရသည်။ ထို့နောက် ကာလရှည်ဝေဒနာခံစားခဲ့ရကာ ပြီးခဲ့သည့် နှစ်က ဝါရင့်ဆရာဝန်ကြီးတစ်ဦးက ဓာတ်မှန်ရိုက်ပြီး စစ်ဆေးရာမှ ဝမ်းဗိုက်ထဲ၌ ကတ်ကြေးပုံသဏ္ဌာန် ကိရိယာတစ်ခုရှိနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် လူနာ၏ဝမ်းဗိုက်အတွင်းမှ ကိရိယာအား ၂၀၁၈ ခုနှစ် မတ် ၂၇ ရက်တွင် ဟင်္သာတမြို့၌ ခွဲစိတ်အထူးကုဆရာဝန်ကြီး တစ်ဦးက ခွဲထုတ်ပေးခဲ့ပြီး ၎င်းကိရိယာမှာ ခြောက်လက်မခန့်အရွယ်ရှိ ခွဲစိတ်ခန်းသုံးသွေးကြောဖမ်းကိရိယာဖြစ်ကြောင်း အတည်ပြုခဲ့သည်။

အဆိုပါလူနာမှာ ၁၉၉၂ ခုနှစ်က ဟင်္သာတဆေးရုံကြီး၌ ခွဲစိတ်ကုသခဲ့ပြီးနောက် ကြားကာလတွင် ခွဲစိတ်မှုတစ်စုံတစ်ရာမရှိခဲ့သဖြင့် ထိုစဉ်က ခွဲစိတ်ကုသခဲ့သည့်ဆရာဝန်အား ထိရောက်စွာအရေးယူပေးရန် လူနာကိုယ်တိုင်လက်မှတ်ရေးထိုးကာ အထောက်အထားများဖြင့် နိုင်ငံတော်သမ္မတနှင့်တာ ဝန်ရှိသူများထံ တိုင်ကြားထားသည့်ဖြစ်စဉ်ဖြစ်ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Eleven Media Group
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top