ျမန္မာျပည္ရဲ႕ ဧၿပီလ၊ ေမလေတြဟာ ေတာ္ေတာ္ကို ပူတဲ့လေတြပါ။ အထူးသျဖင့္ အညာ ေဒသေတြမွာ ႏွစ္စဥ္ဒီ အပူဒဏ္ကို ေရေရလည္လည္ ခံစားရပါတယ္။ အပူခ်ိန္က ဖာရင္ဟိုက္နဲ႔ ေျပာရရင္ ၁၀ဝ ေက်ာ္၊ စင္တီဂရိတ္နဲ႔ဆိုရင္ ၄၀ ေက်ာ္ေလာက္ ရွိပါတယ္။ ကၽြန္ေတာ္ငယ္ငယ္တုန္းက ေနခဲ့ဖူးတဲ့ အညာကၿမိဳ႕ေတြျဖစ္တဲ့ ျမင္းၿခံ၊ မိတၳီလာ၊ ဝမ္းတြင္းၿမိဳ႕ေတြမွာ ေႏြရာသီေက်ာင္းပိတ္မွာကို အထူးပဲေၾကာက္မိပါတယ္။

ပူတယ္ဆိုတာက ေလကလည္းပူ၊ ဟိုဟာထိလည္းပူ၊ ဒီဟာထိ လည္းပူ၊ ယပ္ခတ္လည္း ေလပူႀကီးပဲလာတာပဲ။ မီးဖိုႀကီးထဲ ဝင္ေနသလိုကို ပူပါတယ္။ ပူကလည္း ပူဆိုေတာ့ အေမကလည္း အျပင္မွာထြက္ၿပီး ေဆာ့ခြင့္၊ ကစားခြင့္မေပးဘူး။
hjgdho 1

အဲဒီတုန္းကေတာ့ ပူတာပဲသိတယ္။ အဲဒီလို ပူပူေလာင္ေလာင္မွာ ကၽြန္ေတာ့္ ဖခင္ႀကီး အၿငိမ္းစားရဲ ဝန္ေထာက္နဲ႔ ရန္ကုန္တကၠသိုလ္ တက္ေနၿပီး ေက်ာင္းပိတ္လို႔ ျပန္လာတဲ့ အစ္ကိုႀကီးက ေန႔လယ္မွာ ဖတ္ဖို႔အဂၤလိပ္စာအုပ္ေတြ သတ္မွတ္ေပး ထားပါတယ္။ အဲဒီတုန္းကေတာ့ ပူလို႔အျပင္မထြက္ရ၊ မေဆာ့ရစာဖတ္ေနရလို႔ စိတ္ညစ္တာပဲရွိတယ္။

အပူဒဏ္ဟာ လူေတြကို ဘယ္ေလာက္ေတာင္ ဒုကၡေပးႏိုင္တယ္၊ ေသေစႏိုင္တယ္ဆိုတာကို အဲဒီတုန္းကေတာ့ မသိဘူးေပါ့။

▄ အပူလၽွပ္က စနစ္တက်ကုသ ▄

မႏၲေလးေဆးတကၠသိုလ္ ေနာက္ဆုံးႏွစ္ေရာက္ေတာ့မွ ကၽြန္ေတာ္အထူးေလးစားတဲ့ ဆရာတစ္ဦးျဖစ္တဲ့ ဆရာႀကီး ပါေမာကၡဦးထြန္းသင္ကစာသင္ရင္းအပူအႏၲရာယ္ ေတြအေၾကာင္းေျပာေတာ့မွ တျဖည္းျဖည္းမွ အပူဒဏ္ ဘယ္ေလာက္ ေၾကာက္စရာ ေကာင္းတယ္ဆိုတာ သိလာပါတယ္။

ဆရာႀကီးေျပာတဲ့အတိုင္း ေျပာရရင္ေတာ့ “ငါအဂၤလန္မွာ ပညာသြားသင္ၿပီး MRCP ရၿပီး ျပန္ေရာက္ေရာက္ခ်င္း ငါ့ကိုမႏၲေလး ေဆး႐ုံႀကီးကို အထူးကုဆရာဝန္အေနနဲ႔ ပို႔လိုက္တယ္။ ငါကလည္း ေအာက္သား၊ ရန္ကုန္သား၊ အညာမွာတစ္ခါမွမေနဖူးဘူး။
hjgdho 2

မႏၲေလးေဆး ႐ုံႀကီးမွာ အလုပ္ဝင္ၿပီး ေႏြလည္းေရာက္ေရာ အေတာ္ပူတဲ့ ဧၿပီ၊ ေမလေတြေရာက္ေတာ့ ငါ့လူနာေတြ တျဖဳတ္ ျဖဳတ္ေသေတာ့တာပဲ။ တခ်ိဳ႕လည္း ႏွလုံး၊ ဆီးခ်ိဳစတဲ့ ေရာဂါေတြရွိလို႔ တခ်ိဳ႕လည္း ဘာေရာဂါမွမရွိဘဲ အေကာင္းႀကီးကေန သတိလစ္လို႔ဆိုေခၚလာ၊ ေဆး႐ုံလည္း ေရာက္ေရာ ေသေရာ၊ ေနာက္မွ သေဘာေပါက္တာကြ၊ ဒါေဆးအေခၚ (Heat-stroke)ျမန္မာလို အပူေလသင္တုန္း၊ ဒါမွမဟုတ္ အညာအေခၚ အပူလၽွပ္ သြားတာေပါ့။

ေသတယ္ ေဟ့။ ပူရင္ေသတတ္တယ္ဆိုတာ မင္းတို႔ဘယ္ေတာ့မွ မေမ့ၾကနဲ႔။ (Heat-stroke)အပူမလၽွပ္ခင္က ႀကိဳတင္ကာကြယ္ရမယ္။ ျဖစ္ၿပီဆိုရင္ေတာ့ မလြယ္ဘူး၊ စနစ္တက် မကုလို႔က ေသတာမ်ားတယ္” လို႔ေျပာၿပီး သူ႕အေတြ႕အႀကဳံေပၚမူတည္ၿပီး သိပၸံနည္းက် အပူလၽွပ္ကုထုံး ကုနည္းေတြ သင္ေပးခဲ့တာကို ဒီေန႔အထိ မေမ့ပါ။

ဆရာဝန္ျဖစ္ လာလို႔ အလုပ္စဝင္ေတာ့လည္း မႏၲေလးေဆး ႐ုံႀကီးမွာပဲ ျဖစ္ပါတယ္။ အဲဒီေတာ့မွ အပူလၽွပ္တာေတြကိုနဖူးေတြ႕ ၊ ဒူးေတြ႕ကိုယ္တိုင္စေတြ႕ေတာ့တာပဲ။ မွတ္မိ ပါေသးတယ္၊ မႏၲေလးတကၠသိုလ္က ပထမႏွစ္ေက်ာင္းသူေလး ညေနဘတ္ စကက္ေဘာ ကစားတယ္၊ ၿပီးေတာ့ေရခ်ိဳးတယ္၊ ည ၇ နာရီေလာက္ေရာက္ေတာ့ ကေယာင္ကတမ္း ေျပာတယ္၊ ပေယာဂထင္ၿပီး ပေယာဂဆရာနဲ႔ကုတယ္။

အပူေတြတက္လာတယ္။ ေဆး႐ုံ ကို ည ၈ နာရီေရာက္တယ္။ ဒီေက်ာင္းသူေလး ဘာျဖစ္တယ္ဆိုတာကို ကၽြန္ေတာ္ တို႔ကေတာ့ (Heat-stroke) အပူလၽွပ္မွန္း သိပါတယ္။ နည္းမ်ိဳးစုံနဲ႔ ကုေပမယ့္ ေနာက္က် သြားပါၿပီ။ ေဆး႐ုံေရာက္ၿပီး နာရီဝက္အတြင္းမွာု ဆုံးသြားပါတယ္။

▄ အပူဒဏ္ဟာအႏၲရာယ္ရွိ ▄

ကၽြန္ေတာ္အခုလို အပူအႏၲရာယ္ေတြ အေရးႀကီးေၾကာင္း သတိေပးေရးေနရတာက အညာေႏြရာသီအပူဒဏ္ကို ျပည္သူေတြ ေပါ့ေပါ့ဆဆမေနဘဲ သတိထားဖို႔ပါ။ အခုအခါမွာ ရာသီဥတုေတြေျပာင္းလဲမႈေၾကာင့္ အပူဒဏ္ဟာ အညာမွာတင္ မကေတာ့ပါဘူး။ ရန္ကုန္မွာလည္း အပူခ်ိန္ေတြ ျမင့္ေနေတာ့ ျမန္မာတစ္ႏိုင္ငံလုံး ဘယ္မွာေနေန ေႏြရာသီမွာ သိပ္ပူလာတယ္ ဆိုရင္ အႏၲရာယ္ရွိႏိုင္တယ္။ ေသႏိုင္တယ္ဆိုတာ သတိေပးခ်င္လို႔ပါ။

ျမန္မာႏိုင္ငံရဲ႕ အဆိုး႐ြားဆုံး အေတြ႕အႀကဳံကို ေျပာရမယ္ဆိုရင္ ၁၉၈၈ ခုႏွစ္မွာ ပခုကၠဴၿမိဳ႕နယ္မွာ အပူလႈိင္းျဖတ္ၿပီး ႏွစ္ပတ္အတြင္းမွာ လူ၂၀ဝ ေက်ာ္ ေသခဲ့ပါတယ္။

အဲဒီတုန္းက ကၽြန္ေတာ္ေဆးသုေတသနမွာ တာဝန္ထမ္းေဆာင္ေနရေတာ့ ၫႊန္ၾကားေရးမွဴးခ်ဳပ္ျဖစ္တဲ့ ေဒါက္တာခင္ေမာင္တင္က “ခင္ဗ်ားအဖြဲ႕ေခါင္းေဆာင္ လုပ္ၿပီး ပခုကၠဴကိုသြားၿပီး ဘယ္လိုျဖစ္လို႔ ဒီေလာက္အပူဒဏ္ေၾကာင့္ ေသကုန္ရတာလဲ၊ သြားစုံစမ္းပါ” ဆိုလို႔ ကၽြန္ေတာ္အပူဒဏ္ သုေတသန လုပ္ဖို႔သုေတသနအရာရွိ ဦးထြန္းခင္ (ယခု USA) နဲ႔အတူ သြားေလ့လာခဲ့ဖူးပါတယ္။

ပခုကၠဴၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးအာဏာပိုင္၊ ၾကက္ေျခနီ၊ ျမန္မာႏိုင္ငံဆရာဝန္အသင္း၊ ေဆး႐ုံတို႔နဲ႔ ပူးေပါင္းၿပီးတစ္ၿမိဳ႕လုံး အိမ္တိုင္းကို သြားေရာက္ၿပီး သုေတသနစစ္တမ္း ထုတ္ခဲ့ဖူးပါတယ္။ ဘာေၾကာင့္ ဒီလိုေတြ ေသကုန္ၾကရသလဲဆိုေတာ့ ေနထိုင္၊ စားေသာက္၊ ဝတ္စားမႈနည္းလမ္းေတြလြဲလို႔ ဒီလိုအပူလၽွပ္ၿပီး ေသကုန္ရတာပါ။

▄ အပူဒဏ္မခံရေအာင္ေနထိုင္ ▄

ျမန္မာေတြဟာ ႏွစ္ေပါင္းမ်ားစြာ အလြန္ပူတဲ့အညာေဒသမွာ ေနထိုင္ခဲ့ၾကတာပါ။ အရင္တုန္းကဆိုရင္ မိုးေခါင္ေရရွား ရပ္ဝန္းေဒသ လို႔ေတာင္အေခၚခံခဲ့ရတဲ့ မႏၲေလး၊ မိတၳီလာ၊မေကြး၊ ပခုကၠဴေဒသေတြမွာ ျမန္မာေတြဘိုးစဥ္ေဘာင္ဆက္အပူဒဏ္ အႏၲရာယ္ေတြ မခံရေအာင္ ဘယ္လိုေနထိုင္ လာခဲ့တယ္ဆိုတဲ့ ျမန္မာအညာ ဓေလ့ေတြကို ပထမဦးစြာေျပာပါရေစ။

အဲဒီလို ပူပူေလာင္ေလာင္ထဲမွာ အပူဒဏ္ေၾကာင့္ အႏၲရာယ္ မျဖစ္ေအာင္ ကာကြယ္ဖို႔ ဘယ္လိုေနရမယ္၊ ဘယ္လို စားေသာက္ရမယ္၊ ဘယ္လိုဝတ္စားရမယ္ဆိုတာ ကၽြန္ေတာ့္အေမႀကီး (အညာအေခၚ ျဖစ္ပါတယ္၊ မိခင္ရဲ႕ အေမကိုေခၚတာပါ) က ဆုံးမ သြန္သင္ခဲ့တာေတြကို အခုလိုပူလွတဲ့ လေတြတိုင္းမွာ သတိရမိပါတယ္။

အထူးသျဖင့္ ကၽြန္ေတာ္တို႔ ေဂါက္ကြင္းမွာ ငါးနာရီေလာက္ၾကာေအာင္ ေဂါက္သီး႐ိုက္၊ ေနပူထဲမွာ ကစားၿပီး ေဂါက္ကလပ္ထဲ ေရာက္ေရာက္ခ်င္း နည္းနည္းေလးမွမနားဘဲ ေရတန္းခ်ိဳးတဲ့ ကၽြန္ေတာ့္မိတ္ေဆြ ေဂါက္သမားေတြ ကိုေတြ႕တိုင္းအေမႀကီး ေျပာခဲ့တာေတြကို သူတို႔ကို ေျပာျပခ်င္ပါတယ္။

▄ အပူဒဏ္ကာကြယ္နည္း ▄

အဝတ္အစားအေနနဲ႔ စၿပီးေျပာရမယ္ဆိုရင္ အညာေဒသ႐ြာေတြမွာ ဟိုတုန္းက လက္ရက္ဖ်င္သား အက်ႌကိုပဲ ဝတ္ၾကပါတယ္။

ဒီအက်ႌေတြကေတာ့ အခုေခတ္အေမရိကန္၊ အဂၤလန္ႏိုင္ငံျခားမွာ ဝယ္မယ္ဆိုရင္ ေစ်းအလြန္ႀကီးတဲ့ ခ်ည္သားစစ္စစ္ (Pure Cotton) ေတြလို လက္လုပ္ခ်ည္စစ္စစ္နဲ႔ ႐ြာမွာရက္ထားတဲ့ ဖ်င္စေတြကို ခ်ဳပ္ထားတာပါ။အညာမွာဝတ္တဲ့ဖ်င္အက်ႌအေရာင္ကလည္းဘယ္ေတာ့မွ အေရာင္မရင့္ဘူး၊ ခပ္ေဖ်ာ့ေဖ်ာ့ေလးေတြ ခ်ည္းပဲ၊ အဲဒီလိုအေရာင္ေဖ်ာ့ေတာ့အပူကို မစုပ္ေတာ့ အပူေတြကို ကန္ထုတ္ၿပီး ကိုယ္ထဲကိုအပူေတြ မဝင္ဘူးေပါ့၊ ဖ်င္သားအစဟာ ဝတ္လိုက္ရင္ အသားနဲ႔ထိရတာေအးေနပါတယ္။

လက္နဲ႔ရက္ထားေတာ့ အသားဟာက်စ္မေနဘဲ၊ ပြေနၿပီး အေပါက္ေလးေတြနဲ႔ ေလဝင္ေလထြက္ေကာင္းၿပီး အပူဒဏ္ကို ကာကြယ္တဲ့ (Insulation Effect) အက်ိဳးေက်းဇူးရတာေပါ့။ လုံခ်ည္ေတြကလည္း ခ်ည္သား လုံခ်ည္ပဲ၊ အခုေခတ္မွာေတာ့ အဝတ္အထည္ေတြကို ႏိုင္လြန္ (Nylon)၊ ေရ႐ြန္ (Rayon) အစရွိတဲ့သဘာဝမဟုတ္တဲ့(Synthetic) လို႔ေခၚတဲ့ ဓာတုေဗဒ နည္းနဲ႔ လုပ္ထားတဲ့ခ်ည္ေတြနဲ႔ ရက္ေတာ့၊ ပူတာေပါ့။

ေႏြရာသီပူပူႀကီးမွာ အဲဒီလို ႏိုင္ငံျခားလုပ္ အက်ႌအေရာင္ ရင့္ရင့္ႀကီးေတြ၊ မည္းမည္းႀကီးေတြ ဝတ္ေတာ့၊ အပူေတြကို ေလွာင္ထားၿပီး အျပင္ကအပူေတြကို ကိုယ္ထဲကို စုပ္ယူေတာ့တာေပါ့။ အညာမွာဆိုရင္ ႐ြာသား ေတြဟာ ေနပူထဲကိုထြက္ရင္ မ်က္ႏွာသုတ္ပဝါအျဖဴနဲ႔ ေခါင္းေပါင္း အၿမဲေပါင္းေလ့ရွိတယ္။ ဒါလည္းအပူဒဏ္ကာကြယ္နည္း တစ္ခုေပါ့။

အညာကလူေတြ ရာသီဥတုပူတုန္းမွာဆိုရင္ အေၾကာက္ဆုံးအရာက အေအးဓာတ္ပဲ၊ ေအးလို႔ရွိရင္ ေခၽြးငုပ္တယ္လို႔ အယူရွိတယ္။ အပူထဲကလာၿပီး ေရခ်ိဳးမယ္။ ေရေအးနဲ႔ ဖ်န္းမယ္၊ ပက္မယ္၊ ေရခဲေရေသာက္မယ္၊ ေရခဲမုန္႔စားမယ္၊ ေလေအးစက္ (Ari con) တပ္ထားတဲ့ အခန္းထဲကို ႐ုတ္တရက္ဝင္မယ္ ဆိုတာေတြဟာ ကၽြန္ေတာ့္ အေမႀကီးနဲ႔ အညာသူအညာသားေတြ သိပ္ေၾကာက္တဲ့ အရာေတြပါ။

ကိုယ္ကလည္း ကေလးဆိုေတာ့ ေျပးလႊားေဆာ့ၿပီးျပန္လာရင္ ေရေအးေအးေသာက္ခ်င္တာ။ လူႀကီးေတြက လုံးဝခြင့္မျပဳပါဘူး။ အညာလက္စြဲ ကေတာ့ ေရေႏြးၾကမ္း ခပ္ေႏြးေႏြးပဲ တစ္ခ်ိန္လုံးေသာက္ၾကပါတယ္။

▄ ပန္ကာေလဟာေၾကာက္စရာ ▄

အညာအယူအဆကေတာ့ အေအးနဲ႔ပတ္သက္လာရင္ ေရခဲဆိုတာ ေဝလာေဝးပါပဲ။ မနက္ ၁၀ နာရီေက်ာ္ရင္ ေရမခ်ိဳးရပါဘူး။ ညေနဆိုရင္လည္း ေနေအးၿပီး ၅ နာရီ၊ ၆ နာရီေက်ာ္မွ ေရခ်ိဳးခြင့္ေပးပါတယ္။ မ်က္စိထဲမွာျမင္ၾကည့္စမ္းပါ။ အညာမွာ ႐ြာသားတစ္ေယာက္ လက္ရက္ဖ်င္အက်ႌအေရာင္ ေဖ်ာ့ေဖ်ာ့ေလးကို ဝတ္ၿပီး ခ်ည္လုံခ်ည္နဲ႔ ေရေႏြးၾကမ္း ခပ္ေႏြးေႏြးေလးေသာက္လို႔ ေခၽြးေလးတစိုစိုနဲ႔ တင္ပ်ဥ္ေခြထိုင္ေနတဲ့ ပုံေပါ့။

အညာ လူႀကီးေတြေၾကာက္တာ ေနာက္တစ္ခုရွိပါေသးတယ္။ အဲဒါကေတာ့ ပန္ကာေလပါပဲ။ ေႏြရာသီမွာ ပန္ကာေလခံရင္ ေသတတ္တယ္ဆိုတဲ့အယူဟာ ကၽြန္ေတာ္ငယ္စဥ္က တစ္ခ်ိန္လုံးၾကားခဲ့ရတာပါ။

အဲဒီလို အညာအယူအဆေတြဟာ သိပၸံနည္းက် က်န္းမာေရး အယူအဆေတြနဲ႔ အထူးကိုက္ညီၿပီး အညာရဲ႕ အပူဒဏ္အႏၲရာယ္၊ အပူလၽွပ္တာေတြကို ကာကြယ္ႏိုင္တယ္ဆိုတာ တျဖည္းျဖည္းမွ ကၽြန္ေတာ္သေဘာေပါက္ခဲ့ပါတယ္။ ငယ္ငယ္တုန္းကေတာ့ အေမႀကီးတို႔လူႀကီးေတြဟာ အလြန္အယူသည္းတာပဲ၊ ေရွးလူႀကီးအညာအယူအဆေတြဟာ ဘာမွအဓိပၸာယ္မရွိ ေရခဲကိုေၾကာက္၊ ေရခဲေရမေသာက္ရ၊ ေရေအးဖတ္ မတင္ရနဲ႔ ၊ ဘာေတြမွန္းလည္းမသိဘူး၊ ေခတ္ေနာက္က်လိုက္တာလို႔ ေတြးခဲ့မိပါတယ္။

အခုေတာ့ဆရာဝန္လည္းျဖစ္ၿပီ၊ သိပၸံပညာလည္း ေလ့လာၿပီးၿပီ၊ အပူဓာတ္ဘယ္လို ကူးတယ္၊ အပူဒဏ္အႏၲရာယ္ ဘယ္လိုကာကြယ္ရမလဲ ဆိုတာေတြကို ေခတ္မီနည္းစနစ္ ေတြနဲ႔ ေလ့လာၾကည့္လိုက္ေတာ့ အေမႀကီးေျပာခဲ့တာေတြဟာ အကုန္မွန္ေနပါလား၊ ျမန္မာအညာဓေလ့ထုံးစံနဲ႔ သိပၸံပညာေပါင္းစပ္ၿပီး စနစ္တက်ေနထိုင္ၾကမယ္ဆိုရင္ ေတာ့ အပူဒဏ္အႏၲရာယ္ေတြ ရလာစရာမရွိပါဘူး။

ကၽြန္ေတာ္ငယ္စဥ္တုန္းက အညာမွာလူႀကီးေတြက ေႏြရာသီေရာက္ရင္ သြန္သင္ ဆုံးမေျပာၾကားခဲ့တဲ့ အပူဒဏ္ကာကြယ္နည္းအညာဓေလ့ေတြဟာ၊ အေတြးအေခၚ အယူအဆေတြဟာ၊ အခုေခတ္ေဆးပညာ႐ႈေထာင့္ကၾကည့္ရင္ ဘယ္လိုမွန္ကန္တယ္ ဆိုတာကို သေဘာေပါက္လာလို႔ ေခတ္မီသိပၸံနည္းစနစ္နဲ႔ ေဆးပညာ႐ႈေထာင့္ကေန အညာအယူအဆေတြရဲ႕ အႏွစ္သာရေတြကို ရွင္းျပခ်င္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:myanmarnewsteam

#Unicode Version# ျဖင့္ဖတ္ပါ ။

မြန်မာပြည်ရဲ့ ဧပြီလ၊ မေလတွေဟာ တော်တော်ကို ပူတဲ့လတွေပါ။ အထူးသဖြင့် အညာ ဒေသတွေမှာ နှစ်စဉ်ဒီ အပူဒဏ်ကို ရေရေလည်လည် ခံစားရပါတယ်။ အပူချိန်က ဖာရင်ဟိုက်နဲ့ ပြောရရင် ၁၀ဝ ကျော်၊ စင်တီဂရိတ်နဲ့ဆိုရင် ၄၀ ကျော်လောက် ရှိပါတယ်။ ကျွန်တော်ငယ်ငယ်တုန်းက နေခဲ့ဖူးတဲ့ အညာကမြို့တွေဖြစ်တဲ့ မြင်းခြံ၊ မိတ္ထီလာ၊ ဝမ်းတွင်းမြို့တွေမှာ နွေရာသီကျောင်းပိတ်မှာကို အထူးပဲကြောက်မိပါတယ်။

ပူတယ်ဆိုတာက လေကလည်းပူ၊ ဟိုဟာထိလည်းပူ၊ ဒီဟာထိ လည်းပူ၊ ယပ်ခတ်လည်း လေပူကြီးပဲလာတာပဲ။ မီးဖိုကြီးထဲ ဝင်နေသလိုကို ပူပါတယ်။ ပူကလည်း ပူဆိုတော့ အမေကလည်း အပြင်မှာထွက်ပြီး ဆော့ခွင့်၊ ကစားခွင့်မပေးဘူး။
hjgdho 1

အဲဒီတုန်းကတော့ ပူတာပဲသိတယ်။ အဲဒီလို ပူပူလောင်လောင်မှာ ကျွန်တော့် ဖခင်ကြီး အငြိမ်းစားရဲ ဝန်ထောက်နဲ့ ရန်ကုန်တက္ကသိုလ် တက်နေပြီး ကျောင်းပိတ်လို့ ပြန်လာတဲ့ အစ်ကိုကြီးက နေ့လယ်မှာ ဖတ်ဖို့အင်္ဂလိပ်စာအုပ်တွေ သတ်မှတ်ပေး ထားပါတယ်။ အဲဒီတုန်းကတော့ ပူလို့အပြင်မထွက်ရ၊ မဆော့ရစာဖတ်နေရလို့ စိတ်ညစ်တာပဲရှိတယ်။

အပူဒဏ်ဟာ လူတွေကို ဘယ်လောက်တောင် ဒုက္ခပေးနိုင်တယ်၊ သေစေနိုင်တယ်ဆိုတာကို အဲဒီတုန်းကတော့ မသိဘူးပေါ့။

▄ အပူလျှပ်က စနစ်တကျကုသ ▄

မန္တလေးဆေးတက္ကသိုလ် နောက်ဆုံးနှစ်ရောက်တော့မှ ကျွန်တော်အထူးလေးစားတဲ့ ဆရာတစ်ဦးဖြစ်တဲ့ ဆရာကြီး ပါမောက္ခဦးထွန်းသင်ကစာသင်ရင်းအပူအန္တရာယ် တွေအကြောင်းပြောတော့မှ တဖြည်းဖြည်းမှ အပူဒဏ် ဘယ်လောက် ကြောက်စရာ ကောင်းတယ်ဆိုတာ သိလာပါတယ်။

ဆရာကြီးပြောတဲ့အတိုင်း ပြောရရင်တော့ “ငါအင်္ဂလန်မှာ ပညာသွားသင်ပြီး MRCP ရပြီး ပြန်ရောက်ရောက်ချင်း ငါ့ကိုမန္တလေး ဆေးရုံကြီးကို အထူးကုဆရာဝန်အနေနဲ့ ပို့လိုက်တယ်။ ငါကလည်း အောက်သား၊ ရန်ကုန်သား၊ အညာမှာတစ်ခါမှမနေဖူးဘူး။
hjgdho 2

မန္တလေးဆေး ရုံကြီးမှာ အလုပ်ဝင်ပြီး နွေလည်းရောက်ရော အတော်ပူတဲ့ ဧပြီ၊ မေလတွေရောက်တော့ ငါ့လူနာတွေ တဖြုတ် ဖြုတ်သေတော့တာပဲ။ တချို့လည်း နှလုံး၊ ဆီးချိုစတဲ့ ရောဂါတွေရှိလို့ တချို့လည်း ဘာရောဂါမှမရှိဘဲ အကောင်းကြီးကနေ သတိလစ်လို့ဆိုခေါ်လာ၊ ဆေးရုံလည်း ရောက်ရော သေရော၊ နောက်မှ သဘောပေါက်တာကွ၊ ဒါဆေးအခေါ် (Heat-stroke)မြန်မာလို အပူလေသင်တုန်း၊ ဒါမှမဟုတ် အညာအခေါ် အပူလျှပ် သွားတာပေါ့။

သေတယ် ဟေ့။ ပူရင်သေတတ်တယ်ဆိုတာ မင်းတို့ဘယ်တော့မှ မမေ့ကြနဲ့။ (Heat-stroke)အပူမလျှပ်ခင်က ကြိုတင်ကာကွယ်ရမယ်။ ဖြစ်ပြီဆိုရင်တော့ မလွယ်ဘူး၊ စနစ်တကျ မကုလို့က သေတာများတယ်” လို့ပြောပြီး သူ့အတွေ့အကြုံပေါ်မူတည်ပြီး သိပ္ပံနည်းကျ အပူလျှပ်ကုထုံး ကုနည်းတွေ သင်ပေးခဲ့တာကို ဒီနေ့အထိ မမေ့ပါ။

ဆရာဝန်ဖြစ် လာလို့ အလုပ်စဝင်တော့လည်း မန္တလေးဆေး ရုံကြီးမှာပဲ ဖြစ်ပါတယ်။ အဲဒီတော့မှ အပူလျှပ်တာတွေကိုနဖူးတွေ့ ၊ ဒူးတွေ့ကိုယ်တိုင်စတွေ့တော့တာပဲ။ မှတ်မိ ပါသေးတယ်၊ မန္တလေးတက္ကသိုလ်က ပထမနှစ်ကျောင်းသူလေး ညနေဘတ် စကက်ဘော ကစားတယ်၊ ပြီးတော့ရေချိုးတယ်၊ ည ၇ နာရီလောက်ရောက်တော့ ကယောင်ကတမ်း ပြောတယ်၊ ပယောဂထင်ပြီး ပယောဂဆရာနဲ့ကုတယ်။

အပူတွေတက်လာတယ်။ ဆေးရုံ ကို ည ၈ နာရီရောက်တယ်။ ဒီကျောင်းသူလေး ဘာဖြစ်တယ်ဆိုတာကို ကျွန်တော် တို့ကတော့ (Heat-stroke) အပူလျှပ်မှန်း သိပါတယ်။ နည်းမျိုးစုံနဲ့ ကုပေမယ့် နောက်ကျ သွားပါပြီ။ ဆေးရုံရောက်ပြီး နာရီဝက်အတွင်းမှာု ဆုံးသွားပါတယ်။

▄ အပူဒဏ်ဟာအန္တရာယ်ရှိ ▄

ကျွန်တော်အခုလို အပူအန္တရာယ်တွေ အရေးကြီးကြောင်း သတိပေးရေးနေရတာက အညာနွေရာသီအပူဒဏ်ကို ပြည်သူတွေ ပေါ့ပေါ့ဆဆမနေဘဲ သတိထားဖို့ပါ။ အခုအခါမှာ ရာသီဥတုတွေပြောင်းလဲမှုကြောင့် အပူဒဏ်ဟာ အညာမှာတင် မကတော့ပါဘူး။ ရန်ကုန်မှာလည်း အပူချိန်တွေ မြင့်နေတော့ မြန်မာတစ်နိုင်ငံလုံး ဘယ်မှာနေနေ နွေရာသီမှာ သိပ်ပူလာတယ် ဆိုရင် အန္တရာယ်ရှိနိုင်တယ်။ သေနိုင်တယ်ဆိုတာ သတိပေးချင်လို့ပါ။

မြန်မာနိုင်ငံရဲ့ အဆိုးရွားဆုံး အတွေ့အကြုံကို ပြောရမယ်ဆိုရင် ၁၉၈၈ ခုနှစ်မှာ ပခုက္ကူမြို့နယ်မှာ အပူလှိုင်းဖြတ်ပြီး နှစ်ပတ်အတွင်းမှာ လူ၂၀ဝ ကျော် သေခဲ့ပါတယ်။

အဲဒီတုန်းက ကျွန်တော်ဆေးသုတေသနမှာ တာဝန်ထမ်းဆောင်နေရတော့ ညွှန်ကြားရေးမှူးချုပ်ဖြစ်တဲ့ ဒေါက်တာခင်မောင်တင်က “ခင်ဗျားအဖွဲ့ခေါင်းဆောင် လုပ်ပြီး ပခုက္ကူကိုသွားပြီး ဘယ်လိုဖြစ်လို့ ဒီလောက်အပူဒဏ်ကြောင့် သေကုန်ရတာလဲ၊ သွားစုံစမ်းပါ” ဆိုလို့ ကျွန်တော်အပူဒဏ် သုတေသန လုပ်ဖို့သုတေသနအရာရှိ ဦးထွန်းခင် (ယခု USA) နဲ့အတူ သွားလေ့လာခဲ့ဖူးပါတယ်။

ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးအာဏာပိုင်၊ ကြက်ခြေနီ၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ ဆေးရုံတို့နဲ့ ပူးပေါင်းပြီးတစ်မြို့လုံး အိမ်တိုင်းကို သွားရောက်ပြီး သုတေသနစစ်တမ်း ထုတ်ခဲ့ဖူးပါတယ်။ ဘာကြောင့် ဒီလိုတွေ သေကုန်ကြရသလဲဆိုတော့ နေထိုင်၊ စားသောက်၊ ဝတ်စားမှုနည်းလမ်းတွေလွဲလို့ ဒီလိုအပူလျှပ်ပြီး သေကုန်ရတာပါ။

▄ အပူဒဏ်မခံရအောင်နေထိုင် ▄

မြန်မာတွေဟာ နှစ်ပေါင်းများစွာ အလွန်ပူတဲ့အညာဒေသမှာ နေထိုင်ခဲ့ကြတာပါ။ အရင်တုန်းကဆိုရင် မိုးခေါင်ရေရှား ရပ်ဝန်းဒေသ လို့တောင်အခေါ်ခံခဲ့ရတဲ့ မန္တလေး၊ မိတ္ထီလာ၊မကွေး၊ ပခုက္ကူဒေသတွေမှာ မြန်မာတွေဘိုးစဉ်ဘောင်ဆက်အပူဒဏ် အန္တရာယ်တွေ မခံရအောင် ဘယ်လိုနေထိုင် လာခဲ့တယ်ဆိုတဲ့ မြန်မာအညာ ဓလေ့တွေကို ပထမဦးစွာပြောပါရစေ။

အဲဒီလို ပူပူလောင်လောင်ထဲမှာ အပူဒဏ်ကြောင့် အန္တရာယ် မဖြစ်အောင် ကာကွယ်ဖို့ ဘယ်လိုနေရမယ်၊ ဘယ်လို စားသောက်ရမယ်၊ ဘယ်လိုဝတ်စားရမယ်ဆိုတာ ကျွန်တော့်အမေကြီး (အညာအခေါ် ဖြစ်ပါတယ်၊ မိခင်ရဲ့ အမေကိုခေါ်တာပါ) က ဆုံးမ သွန်သင်ခဲ့တာတွေကို အခုလိုပူလှတဲ့ လတွေတိုင်းမှာ သတိရမိပါတယ်။

အထူးသဖြင့် ကျွန်တော်တို့ ဂေါက်ကွင်းမှာ ငါးနာရီလောက်ကြာအောင် ဂေါက်သီးရိုက်၊ နေပူထဲမှာ ကစားပြီး ဂေါက်ကလပ်ထဲ ရောက်ရောက်ချင်း နည်းနည်းလေးမှမနားဘဲ ရေတန်းချိုးတဲ့ ကျွန်တော့်မိတ်ဆွေ ဂေါက်သမားတွေ ကိုတွေ့တိုင်းအမေကြီး ပြောခဲ့တာတွေကို သူတို့ကို ပြောပြချင်ပါတယ်။

▄ အပူဒဏ်ကာကွယ်နည်း ▄

အဝတ်အစားအနေနဲ့ စပြီးပြောရမယ်ဆိုရင် အညာဒေသရွာတွေမှာ ဟိုတုန်းက လက်ရက်ဖျင်သား အင်္ကျီကိုပဲ ဝတ်ကြပါတယ်။

ဒီအင်္ကျီတွေကတော့ အခုခေတ်အမေရိကန်၊ အင်္ဂလန်နိုင်ငံခြားမှာ ဝယ်မယ်ဆိုရင် ဈေးအလွန်ကြီးတဲ့ ချည်သားစစ်စစ် (Pure Cotton) တွေလို လက်လုပ်ချည်စစ်စစ်နဲ့ ရွာမှာရက်ထားတဲ့ ဖျင်စတွေကို ချုပ်ထားတာပါ။အညာမှာဝတ်တဲ့ဖျင်အင်္ကျီအရောင်ကလည်းဘယ်တော့မှ အရောင်မရင့်ဘူး၊ ခပ်ဖျော့ဖျော့လေးတွေ ချည်းပဲ၊ အဲဒီလိုအရောင်ဖျော့တော့အပူကို မစုပ်တော့ အပူတွေကို ကန်ထုတ်ပြီး ကိုယ်ထဲကိုအပူတွေ မဝင်ဘူးပေါ့၊ ဖျင်သားအစဟာ ဝတ်လိုက်ရင် အသားနဲ့ထိရတာအေးနေပါတယ်။

လက်နဲ့ရက်ထားတော့ အသားဟာကျစ်မနေဘဲ၊ ပွနေပြီး အပေါက်လေးတွေနဲ့ လေဝင်လေထွက်ကောင်းပြီး အပူဒဏ်ကို ကာကွယ်တဲ့ (Insulation Effect) အကျိုးကျေးဇူးရတာပေါ့။ လုံချည်တွေကလည်း ချည်သား လုံချည်ပဲ၊ အခုခေတ်မှာတော့ အဝတ်အထည်တွေကို နိုင်လွန် (Nylon)၊ ရေရွန် (Rayon) အစရှိတဲ့သဘာဝမဟုတ်တဲ့(Synthetic) လို့ခေါ်တဲ့ ဓာတုဗေဒ နည်းနဲ့ လုပ်ထားတဲ့ချည်တွေနဲ့ ရက်တော့၊ ပူတာပေါ့။

နွေရာသီပူပူကြီးမှာ အဲဒီလို နိုင်ငံခြားလုပ် အင်္ကျီအရောင် ရင့်ရင့်ကြီးတွေ၊ မည်းမည်းကြီးတွေ ဝတ်တော့၊ အပူတွေကို လှောင်ထားပြီး အပြင်ကအပူတွေကို ကိုယ်ထဲကို စုပ်ယူတော့တာပေါ့။ အညာမှာဆိုရင် ရွာသား တွေဟာ နေပူထဲကိုထွက်ရင် မျက်နှာသုတ်ပဝါအဖြူနဲ့ ခေါင်းပေါင်း အမြဲပေါင်းလေ့ရှိတယ်။ ဒါလည်းအပူဒဏ်ကာကွယ်နည်း တစ်ခုပေါ့။

အညာကလူတွေ ရာသီဥတုပူတုန်းမှာဆိုရင် အကြောက်ဆုံးအရာက အအေးဓာတ်ပဲ၊ အေးလို့ရှိရင် ချွေးငုပ်တယ်လို့ အယူရှိတယ်။ အပူထဲကလာပြီး ရေချိုးမယ်။ ရေအေးနဲ့ ဖျန်းမယ်၊ ပက်မယ်၊ ရေခဲရေသောက်မယ်၊ ရေခဲမုန့်စားမယ်၊ လေအေးစက် (Ari con) တပ်ထားတဲ့ အခန်းထဲကို ရုတ်တရက်ဝင်မယ် ဆိုတာတွေဟာ ကျွန်တော့် အမေကြီးနဲ့ အညာသူအညာသားတွေ သိပ်ကြောက်တဲ့ အရာတွေပါ။

ကိုယ်ကလည်း ကလေးဆိုတော့ ပြေးလွှားဆော့ပြီးပြန်လာရင် ရေအေးအေးသောက်ချင်တာ။ လူကြီးတွေက လုံးဝခွင့်မပြုပါဘူး။ အညာလက်စွဲ ကတော့ ရေနွေးကြမ်း ခပ်နွေးနွေးပဲ တစ်ချိန်လုံးသောက်ကြပါတယ်။

▄ ပန်ကာလေဟာကြောက်စရာ ▄

အညာအယူအဆကတော့ အအေးနဲ့ပတ်သက်လာရင် ရေခဲဆိုတာ ဝေလာဝေးပါပဲ။ မနက် ၁၀ နာရီကျော်ရင် ရေမချိုးရပါဘူး။ ညနေဆိုရင်လည်း နေအေးပြီး ၅ နာရီ၊ ၆ နာရီကျော်မှ ရေချိုးခွင့်ပေးပါတယ်။ မျက်စိထဲမှာမြင်ကြည့်စမ်းပါ။ အညာမှာ ရွာသားတစ်ယောက် လက်ရက်ဖျင်အင်္ကျီအရောင် ဖျော့ဖျော့လေးကို ဝတ်ပြီး ချည်လုံချည်နဲ့ ရေနွေးကြမ်း ခပ်နွေးနွေးလေးသောက်လို့ ချွေးလေးတစိုစိုနဲ့ တင်ပျဉ်ခွေထိုင်နေတဲ့ ပုံပေါ့။

အညာ လူကြီးတွေကြောက်တာ နောက်တစ်ခုရှိပါသေးတယ်။ အဲဒါကတော့ ပန်ကာလေပါပဲ။ နွေရာသီမှာ ပန်ကာလေခံရင် သေတတ်တယ်ဆိုတဲ့အယူဟာ ကျွန်တော်ငယ်စဉ်က တစ်ချိန်လုံးကြားခဲ့ရတာပါ။

အဲဒီလို အညာအယူအဆတွေဟာ သိပ္ပံနည်းကျ ကျန်းမာရေး အယူအဆတွေနဲ့ အထူးကိုက်ညီပြီး အညာရဲ့ အပူဒဏ်အန္တရာယ်၊ အပူလျှပ်တာတွေကို ကာကွယ်နိုင်တယ်ဆိုတာ တဖြည်းဖြည်းမှ ကျွန်တော်သဘောပေါက်ခဲ့ပါတယ်။ ငယ်ငယ်တုန်းကတော့ အမေကြီးတို့လူကြီးတွေဟာ အလွန်အယူသည်းတာပဲ၊ ရှေးလူကြီးအညာအယူအဆတွေဟာ ဘာမှအဓိပ္ပာယ်မရှိ ရေခဲကိုကြောက်၊ ရေခဲရေမသောက်ရ၊ ရေအေးဖတ် မတင်ရနဲ့ ၊ ဘာတွေမှန်းလည်းမသိဘူး၊ ခေတ်နောက်ကျလိုက်တာလို့ တွေးခဲ့မိပါတယ်။

အခုတော့ဆရာဝန်လည်းဖြစ်ပြီ၊ သိပ္ပံပညာလည်း လေ့လာပြီးပြီ၊ အပူဓာတ်ဘယ်လို ကူးတယ်၊ အပူဒဏ်အန္တရာယ် ဘယ်လိုကာကွယ်ရမလဲ ဆိုတာတွေကို ခေတ်မီနည်းစနစ် တွေနဲ့ လေ့လာကြည့်လိုက်တော့ အမေကြီးပြောခဲ့တာတွေဟာ အကုန်မှန်နေပါလား၊ မြန်မာအညာဓလေ့ထုံးစံနဲ့ သိပ္ပံပညာပေါင်းစပ်ပြီး စနစ်တကျနေထိုင်ကြမယ်ဆိုရင် တော့ အပူဒဏ်အန္တရာယ်တွေ ရလာစရာမရှိပါဘူး။

ကျွန်တော်ငယ်စဉ်တုန်းက အညာမှာလူကြီးတွေက နွေရာသီရောက်ရင် သွန်သင် ဆုံးမပြောကြားခဲ့တဲ့ အပူဒဏ်ကာကွယ်နည်းအညာဓလေ့တွေဟာ၊ အတွေးအခေါ် အယူအဆတွေဟာ၊ အခုခေတ်ဆေးပညာရှုထောင့်ကကြည့်ရင် ဘယ်လိုမှန်ကန်တယ် ဆိုတာကို သဘောပေါက်လာလို့ ခေတ်မီသိပ္ပံနည်းစနစ်နဲ့ ဆေးပညာရှုထောင့်ကနေ အညာအယူအဆတွေရဲ့ အနှစ်သာရတွေကို ရှင်းပြချင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:myanmarnewsteam
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top