ငါးမိနစ္တည္းေနာ္။ ႏွိပ္နယ္ျခင္းဟာ ၾကြက္သားေတြကုိ ေျပေလ်ာ႔ေစယံုသာမကဘဲခႏၶာကုိယ္က အဆိပ္အေတာက္ေတြကုိပါ ဖယ္ရွားေပးႏိုင္တယ္ဆိုတာ သင္သိပါသလား။

Lympaticႏွိပ္နယ္ျခင္းဟာဆိုရင္ သင္႔ကုိ က်န္းမာေရးေကာင္းမြန္လာေစျပီးေတာ႔ ၾကံ႕ခိုင္ လာေစပါတယ္။သင္႔ရဲ႕ လက္ေခ်ာင္းထိပ္ေလးေတြကုိ အသံုးျပဳျပီးေတာ႔ ေပါင္ကေနတင္ပါးအထိကုိ စက္၀ိုင္းပံုစံ ေရြ႕လ်ားေပးပါ။ႏွိပ္လိုက္တိုင္းအေပၚဘက္ကုိသြားတဲ႔ လမ္းေၾကာင္း
အေနအထားဘဲျပဳလုပ္ေပးပါ။

ေပါင္ျခံ

ေပါင္ျခံ လက္မရဲ႕သန္မာမႈ႕ကုိအားကုိးျပဳျပီးေတာ႔ေပါင္ျခံဧရိယာအတြင္းမွာ တင္းမာမႈ႕ေလး
ျဖစ္ေအာင္ ဖိေပးလိုက္ပါ။အဲ႔ဒီေနရာကေန အဆိပ္အေတာက္ေတြကုိထြက္သြားျပီးေတာ႔ တင္ပါးဆံုႏွင္႔ ေပါင္နားမွာရွိတဲ႔ အဆီခဲမ်ားကုိဖယ္ရွားေပးႏိုင္ပါတယ္။

ဒူးေခါင္း
ဒူးေခါင္း ဒူးေခါင္းေတြဟာလည္း ခႏၶာကုိယ္ရဲ႕အေရးၾကီးဆံုးအပိုင္းေတြျဖစ္တာေၾကာင္႔ ေမ႔ေလ်ာ႔ မထားသင္႔ပါဘူး။ပိုျပီး သက္ေတာင္႔သက္သာရွိေစဖို႔အတြက္ ကုလားထိုင္တစ္ခုေပၚမွာထိုင္ပါ။ဒူးစြပ္ရဲ႕ ထိပ္ကေန စတင္ျပီးေတာ႔အျပင္ဘက္ကုိ လက္ျဖင္႔ပြတ္ေပးရပါမယ္။ ဒူးစြပ္ရဲ႕ ပတ္ပတ္လည္ေနရာကုိ စက္၀ိုင္းပံုစံလွည္႔ျပီးေတာ႔ ႏိွပ္နယ္ေပးရပါမယ္။

ေျခသလံုး

ေျခသလံုး ဒီေလ႔က်င္႔ခန္းကုိျပဳလုပ္ဖို႔အတြက္ဆိုရင္ သင္႔အေနန႔ဲလဲေလ်ာင္းတဲ႔ အေနအထား
မွာရွိရပါမယ္။ ေျခသလံုးေတြရဲ႕ ေအာက္မွာ ေခါင္းအံုးႏွစ္လံုးကုိထားပါ။ျပီးေတာ႔ ေျခေထာက္ တစ္ေခ်ာင္းကုိ စတင္ျပီးေတာ႔ ၀မ္းဗိုက္ဆီကုိဆြဲယူလိုက္ပါ။

အဲ႔ဒီဆြဲယူထားတဲ႔ အေနအထားအတိုင္းဘဲ သင္႔ရဲ႕ေျခသလံုးေတြကုိႏွိပ္နယ္ေပးပါ။ လက္ေခ်ာင္းအား လံုးကုိ အသံုးျပဳျပီးေတာ႔ သာမာန္ဖိအားမ်ိဳးကေနခပ္ျပင္းျပင္းေလး ဆက္လက္ႏွိပ္နယ္ေပး ပါ။ေနာက္ျပီးရင္ေတာ႔အနားေပးရမွာျဖစ္ပါတယ္။

ေျခခ်င္း၀တ္

ေျခခ်င္း၀တ္ ေျခခ်င္း၀တ္နားကုိေလ႔က်င္႔ခန္း အတြက္ လက္ႏွစ္ဖက္လံုးႏွင္႔ေျခခ်င္း၀တ္ကုိ ရစ္ပတ္လို႔ ေျခေထာက္အေပၚဘက္သို႔ႏွိပ္ေပးပါ။တံေကာက္ေကြးအထိႏွိပ္ေပးရမွာျဖစ္ပါ တယ္။ေနာက္တျဖည္းျဖည္းႏွင္႔ေကာင္းမြန္တဲ႔ ေျပာင္းလဲမႈ႕ေတြကုိ သင္ခံစားလာရမွာျဖစ္ပါတယ္။

အထူးဂရုျပဳရမွာေတြက

အထူးဂရုျပဳရမွာေတြက ေနရာတစ္ခုခ်င္းစီမွာ ၾကာခ်ိန္အနည္းဆံုးတစ္မိနစ္ေလာက္ရွိရမွာျဖစ္ပါ တယ္။ေျပာင္းလဲမႈ႕ေတြကုိ သင္႔အေနနဲ႔ ခံစားမိလာမွာျဖစ္ပါတယ္။ပထမပိုင္းမွာ ၾကြက္သား
ေတြေျပေလ်ာ႔မႈ႕ကုိ ခံစားႏိုင္မွာျဖစ္ျပီးေတာ႔ ေနာက္ပိုင္းရလာဒ္အေနနဲ႔သိသာထင္သာ လာပါ လိမ္႔မယ္။

တကယ္လို႔မ်ား သင္ဟာ အဆီက်ဖို႔အတြက္စနစ္တက်စားေသာက္ေနထိုင္ေနတဲ႔သူဆိုရင္ေတာ႔ ပိုျပီးျမန္ဆန္တဲ႔ တိုးတက္မႈ႕ကုိသင္ျမင္ေတြ႕ႏိုင္မွာျဖစ္ပါတယ္။ဒီႏွိပ္နယ္ျခင္းနည္းလမ္းက အႏၱရာယ္ကင္းတယ္လို႔ထင္ေနျမင္ေနရရင္ေတာင္မွသင္႔အေနနဲ႔ ယံုၾကည္ရတဲ႔ ကြ်မ္းက်င္ပညာရွင္ တစ္ေယာက္ႏွင္႔ႏွိပ္နယ္ျခင္းမျပဳခင္မွာ ေဆြးေႏြးတိုင္ပင္သင္႔ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:buzzy.com.mm
# Unicode Version # ျဖင့္ ဖတ္ပါ #


ငါးမိနစ်တည်းနော်။ နှိပ်နယ်ခြင်းဟာ ကြွက်သားတွေကို ပြေလျော့စေယုံသာမကဘဲခန္ဓာကိုယ်က အဆိပ်အတောက်တွေကိုပါ ဖယ်ရှားပေးနိုင်တယ်ဆိုတာ သင်သိပါသလား။

Lympaticနှိပ်နယ်ခြင်းဟာဆိုရင် သင့်ကို ကျန်းမာရေးကောင်းမွန်လာစေပြီးတော့ ကြံ့ခိုင် လာစေပါတယ်။သင့်ရဲ့ လက်ချောင်းထိပ်လေးတွေကို အသုံးပြုပြီးတော့ ပေါင်ကနေတင်ပါးအထိကို စက်ဝိုင်းပုံစံ ရွေ့လျားပေးပါ။နှိပ်လိုက်တိုင်းအပေါ်ဘက်ကိုသွားတဲ့ လမ်းကြောင်း
အနေအထားဘဲပြုလုပ်ပေးပါ။

ပေါင်ခြံ

ပေါင်ခြံ လက်မရဲ့သန်မာမှု့ကိုအားကိုးပြုပြီးတော့ပေါင်ခြံဧရိယာအတွင်းမှာ တင်းမာမှု့လေး
ဖြစ်အောင် ဖိပေးလိုက်ပါ။အဲ့ဒီနေရာကနေ အဆိပ်အတောက်တွေကိုထွက်သွားပြီးတော့ တင်ပါးဆုံနှင့် ပေါင်နားမှာရှိတဲ့ အဆီခဲများကိုဖယ်ရှားပေးနိုင်ပါတယ်။

ဒူးခေါင်း
ဒူးခေါင်း ဒူးခေါင်းတွေဟာလည်း ခန္ဓာကိုယ်ရဲ့အရေးကြီးဆုံးအပိုင်းတွေဖြစ်တာကြောင့် မေ့လျော့ မထားသင့်ပါဘူး။ပိုပြီး သက်တောင့်သက်သာရှိစေဖို့အတွက် ကုလားထိုင်တစ်ခုပေါ်မှာထိုင်ပါ။ဒူးစွပ်ရဲ့ ထိပ်ကနေ စတင်ပြီးတော့အပြင်ဘက်ကို လက်ဖြင့်ပွတ်ပေးရပါမယ်။ ဒူးစွပ်ရဲ့ ပတ်ပတ်လည်နေရာကို စက်ဝိုင်းပုံစံလှည့်ပြီးတော့ နှိပ်နယ်ပေးရပါမယ်။

ခြေသလုံး

ခြေသလုံး ဒီလေ့ကျင့်ခန်းကိုပြုလုပ်ဖို့အတွက်ဆိုရင် သင့်အနေနဲ့လဲလျောင်းတဲ့ အနေအထား
မှာရှိရပါမယ်။ ခြေသလုံးတွေရဲ့ အောက်မှာ ခေါင်းအုံးနှစ်လုံးကိုထားပါ။ပြီးတော့ ခြေထောက် တစ်ချောင်းကို စတင်ပြီးတော့ ဝမ်းဗိုက်ဆီကိုဆွဲယူလိုက်ပါ။

အဲ့ဒီဆွဲယူထားတဲ့ အနေအထားအတိုင်းဘဲ သင့်ရဲ့ခြေသလုံးတွေကိုနှိပ်နယ်ပေးပါ။ လက်ချောင်းအား လုံးကို အသုံးပြုပြီးတော့ သာမာန်ဖိအားမျိုးကနေခပ်ပြင်းပြင်းလေး ဆက်လက်နှိပ်နယ်ပေး ပါ။နောက်ပြီးရင်တော့အနားပေးရမှာဖြစ်ပါတယ်။

ခြေချင်းဝတ်

ခြေချင်းဝတ် ခြေချင်းဝတ်နားကိုလေ့ကျင့်ခန်း အတွက် လက်နှစ်ဖက်လုံးနှင့်ခြေချင်းဝတ်ကို ရစ်ပတ်လို့ ခြေထောက်အပေါ်ဘက်သို့နှိပ်ပေးပါ။တံကောက်ကွေးအထိနှိပ်ပေးရမှာဖြစ်ပါ တယ်။နောက်တဖြည်းဖြည်းနှင့်ကောင်းမွန်တဲ့ ပြောင်းလဲမှု့တွေကို သင်ခံစားလာရမှာဖြစ်ပါတယ်။

အထူးဂရုပြုရမှာတွေက

အထူးဂရုပြုရမှာတွေက နေရာတစ်ခုချင်းစီမှာ ကြာချိန်အနည်းဆုံးတစ်မိနစ်လောက်ရှိရမှာဖြစ်ပါ တယ်။ပြောင်းလဲမှု့တွေကို သင့်အနေနဲ့ ခံစားမိလာမှာဖြစ်ပါတယ်။ပထမပိုင်းမှာ ကြွက်သား
တွေပြေလျော့မှု့ကို ခံစားနိုင်မှာဖြစ်ပြီးတော့ နောက်ပိုင်းရလာဒ်အနေနဲ့သိသာထင်သာ လာပါ လိမ့်မယ်။

တကယ်လို့များ သင်ဟာ အဆီကျဖို့အတွက်စနစ်တကျစားသောက်နေထိုင်နေတဲ့သူဆိုရင်တော့ ပိုပြီးမြန်ဆန်တဲ့ တိုးတက်မှု့ကိုသင်မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ဒီနှိပ်နယ်ခြင်းနည်းလမ်းက အန္တရာယ်ကင်းတယ်လို့ထင်နေမြင်နေရရင်တောင်မှသင့်အနေနဲ့ ယုံကြည်ရတဲ့ ကျွမ်းကျင်ပညာရှင် တစ်ယောက်နှင့်နှိပ်နယ်ခြင်းမပြုခင်မှာ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:buzzy.com.mm
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top