







Credit:burmese.asia
# Unicode Version # ဖြင့် ဖတ်ပါ #


မြန်မာပြည်မှာ ခရမ်းလွန်ရောင်ခြည် လွန်ကဲတဲ့ အမြင့်ဆုံးအဆင့်ကို ရောက်နေပြီဖြစ်လို့ နေပူထဲမှာ အကာအကွယ်မဲ့ အချိန်အကြာကြီး မနေကြဖို့ မိုးလေဝသနဲ့ ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးလိုက်ပါတယ်။

ခရမ်းလွန်ရောင်ခြည် လွန်ကဲနေတဲ့ နေရောင်အောက်မှာ အချိန်အကြာကြီး နေမယ်ဆိုရင် အရေပြားနေလောင်တာကတဆင့် အရေပြားကင်ဆာဖြစ်နိုင်ပြီး၊ မျက်စိထိခိုက်တာ သားသမီး မရနိုင်တာတွေအထိပါ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

လက်ရှိမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဒေသအားလုံးမှာ အပူချိန်မြင့်တက်နေတာဖြစ်ပြီး ဒေသအလိုက်အပူချိန်ဟာ ၂၈ ဒီဂရီစင်တီဂရိတ်ကနေ ၅၇ ဒီဂရီစင်တီဂရိတ်အထိ ရှိတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မတ်လကနေ ဧပြီလအတွင်း အပူချိန် စံချိန်တင် မြင့်တက်နေတဲ့ တိုင်းနဲ့ ပြည်နယ်တွေကတော့ မွန်ပြည်နယ် ရေးမြို့၊ ပဲခူးတိုင်း ဖြူးမြို့၊ ဧရာဝတီတိုင်း ဖျာပုံမြို့၊ ရခိုင်ပြည်နယ် သံတွဲမြို့တို့ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top