Credit:nanmalgyi
# Unicode Version # ဖြင့် ဖတ်ပါ #
မြန်မာRap သီချင်းတွေသီဆိုပြီး ၊ မြန်မာကောင်မလေးတစ်ယောကမနဲ့ချစ်ကျွမ်းဝင်နေရုံသာမက မြန်ပရိသတ်အများစုရဲ့ချစ်ခြင်းကိုရရှိထားတဲ့ ဂျာမဏီနိုင်ငံသားလေးမစ်ကီကိုတော့ အားလုံးပဲသိကြမယ်ထင်ပါတယ် ။
အင်တာဗျူးတစ်ခုမှာ သူ့အကြောင်းတွေ၊သူရဲ့လတ်တလောအနုပညာ လှုပ်ရှားမှုတွေ ကိုပြောပြသွားတာရှိပါတယ် ။ သူပြောပြသွားတဲ့အကြောင်းတွေကို ပရိသတ်ကြီးသိအောင် ပြန်ပြောပြပေးလိုက်ပါရစေခင်ဗျာ ။
“အခုဇာတ်လမ်းတွဲရိုက်နေတယ် ၊ MRTV-4 ဇာတခလမ်းတွဲရိုက်နေတယ် ထူးအောင်နဲ့ ။အဲ့ဒီဇာတ်လမ်းတွဲက TV ထဲမှာ လွှင့်တော့မယ် ရုပ်ရှင်ကားထွက်ဖို့အစီစဉ်ရှိတယ် ။ ဘယ်တော့ထွက်မလဲမသိတော့ နောက်ပြီးတေယ့ ကိုအာကာရိုက်တဲ့ကားဒီနှစ်ထဲမှာ သေချာထွက်သွားမယ် And then ဒါပေမယ့် Date ကသေချာမသိဘူး ။
ဇာတ်လမ်းတွဲကတော့ ၉ လပိုင်းမှာ သေချာထွက်မှာ။မှန်မှန်ပြောရရင် ကျနော် ဆိုက်ကို ကာရိုက်တာပဲလိုချင်တယ် ။ အခုဇာတ်လမ်းတွဲ ထဲမှာ လူဆိုးကာရိုက်တာရပါတယ် ။ ကျနော်အရမ်းသဘောကျ တယ် ။
လူဆိုးကာရိုက်တာလုပ်ရတာက ကျနော်အမြဲတမ်းလိမ္မာတဲ့ကာရိုက်လုပ်ရမယ် ဆိုရင် သရုပ်ဆောင်မလုပ်တတ် ဘူးလေ ဘာလို့လဲဆိုတော့ You know ကျနော်ကအပြင်မှာ လိမ္မာတယ်လေ ။
ဆိုက်ကိုနဲ့ဆေးသမားပုံစံမျိုးလုပ်ချင်တယ် ၊နောက်ပြီးတော့အခြောက်လည်းအရမ်းလုပ်ချင်တယ် ။ အခြောက်လိုတော့တော်တော်တတ်တယ် ။ကျနော် ဟာသသရုပ်ဆောင်သိပ်မလုပ်ချင်ဘူး ။ကျနော်အပြင်မှာ ရယ်ရတယ် ။
အပြင်မှာ ဟာသပြောတာများတယ် ။ဟာသရုပ်ဆောင်ရရင် လွန်သွားတယ် လေ ကျနော်အဲ့ဒီလိုမျိုးမရိုက်ချင်ဘူး ။စီးရီးလေးတွေကိုပိုစိတ်ဝင်စားတယ် ။ ကောင်းတဲ့ ဟာသလေးတွေရှိရင်တော့လုပ်ချင်တယ် ။ I try to more serious အပြင်မှာ Private ဆိုရင် ကျနော်ဟာသလုပ်တယ် ။
ကျနော်မြန်မာနိုင်ငံကိုရောက်ကတည်းက မြန်မာစကားလေ့လာနေတာ ။ ဒါပေမယ့် လေ့လာတဲ့ပုံစံနည်းနည်းတစ်မျိုးပဲ ကျနော်ဆရာနဲ့လေ့လာတာမဟုတ်ဘူး ကိုယ့်ကိုယ့်ကိုယ် သင်ပေးနေတယ် ကျနော်မေးခွန်းမေးပြီးတော့အမြဲတမ်းလေ့လာနေတယ် ။
ကျနော်က သင်္ချာမှာ Stupid ဖြစ်တယ် ။ ငယ်ငယ်က ကျောင်းမှာ ဆရာကပြောတယ် ။ မစ်ကီ မင်းသကသင်္ချာမရဘူးထားခဲ့လိုက်မင်းကစကားတတ်တယ် ။ ငယ်ငယ်ကကျောင်းတွေ စကားပုံရှိတယ် ဘာသာစကားရရင် သော့ရှိတယ် ဥပမာကျနော် ဂျာမဏီမှာဆိုရင် ပြင်သစ်စကားကိုလေ့လာတယ် ။
 ပြင်သစ်စကားပြောပြီးတော့ ပြင်သစ်မှာ ဘယ်သူမှအင်္ဂလိပ်လ်ုမတတ်ဘူး အားလုံးပြင်သစ်လိုပြောတယ်ဆိုတော့ပြင်သစ်စကားရရင် ပြင်သစ်မှာ သွားရလာရတာလွယ်တယ်လေ ။မြန်မာစကားကလည်းအတူတူပဲလေ ကျနော်မြန်မာနိုင်ငံမှာနေချင်ရငကျနော် မြန်မာစကားပဲပြောရမယ်။
အဲ့ဒါပဲတောင်းတယ်လေ ။ဘယ်နိုင်ငံပဲဖြစ်ဖြစ်နေချင်ရင် မေချင်တဲ့နိုင်ငံကသုံးတဲ့စကားလေ့လာရမယ် ။ အဲ့တာအရေးကြီးဆုံး ။ကိုယ့်ကိုယ့်ကိုယ်ပေါ်မှာ အဲ့ဒီဖိအားရှိတယ်လေ ။” ဆိုပြီးပြောပြသွားပါတယ်
ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top