ရန္ကုန္တိုင္းေဒသႀကီး၊ အမွတ္(၆)လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕စု (ရန္ကုန္)မွ တပ္ဖြဲ႕ဝင္ မ်ားသည္ မတ္လ ၁ ရက္ေန႔ ညေန ၄ နာရီအခ်ိန္ ဆိပ္ႀကီးခေနာင္တိုၿမိဳ႕နယ္ေန မ××××(၁၉)ႏွစ္အား တ႐ုတ္နိုင္ငံသားတစ္ဦးက ေငြက်ပ္(၄၅)သိန္းျဖင့္ ပြဲစားအမ်ိဳးသမီးတစ္ဦးႏွင့္ ဆက္သြယ္ဝယ္ယူခဲ့ေၾကာင္း သတင္းအရ မ××××အား သြားေရာက္ေတြ႕ဆုံေမးျမန္းခဲ့သည္။

ေမးျမန္းခ်က္အရ ၎အား လြန္ခဲ့ေသာ ၅ ရက္ခန္႔က လိႈင္သာယာၿမိဳ႕နယ္၊ (၅)ရပ္ကြက္ေန မႏုႏုခင္(၃၃)ႏွစ္က တ႐ုတ္အမ်ိဳးသား ခ်ိေရွာင္ခ်န္း(၃၃)ႏွစ္(ပတ္စပို႔စ္နံပါတ္ EE-9755725၊ ဗီဇာနံပါတ္ 1A-219954၊ အလည္အပတ္ဗီဇာ၊ သက္တမ္း ၂၃-၃-၂၀၁၉ မွ ၂၂-၄-၂၀၁၉ ထိ) လီလင္ ၿမိဳ႕၊ ဟူနန္ျပည္နယ္၊ တ႐ုတ္နိုင္ငံေနသူႏွင့္ လက္ထပ္ေပါင္းသင္းပါက ေငြက်ပ္(၄၅)သိန္းရမည္ ျဖစ္ကာ တစ္ႏွစ္ေပါင္းသင္းၿပီးပါက ျမန္မာနိုင္ငံသို႔ ျပန္လာရမည္ဟု ေျပာဆိုသျဖင့္ စားဝတ္ေနေရး အခက္အခဲေၾကာင့္ သေဘာတူလက္ခံခဲ့ေၾကာင္း၊ မတ္လ ၃၀ ရက္ေန႔တြင္ မႏုႏုခင္မွ တ႐ုတ္နိုင္ငံ သားႏွင့္ ေတြ႕ဆုံေပးရန္ေခၚသျဖင့္ ၎မွ မိခင္ျဖစ္သူ ေဒၚ×××× ႏွင့္အတူ လွိုင္သာယာၿမိဳ႕နယ္ရွိ စားေသာက္ဆိုင္(စိစစ္ဆဲ)သို႔ သြားေရာက္ခဲ့ေၾကာင္း။

အဆိုပါဆိုင္၌ တ႐ုတ္နိုင္ငံသား ခ်ိေရွာင္ခ်န္းႏွင့္အတူ ေက်ာက္တံတားၿမိဳ႕နယ္ေန မစႏၵာ(၄၈) ႏွစ္ပါ မ (၃)ဦး လိုက္ပါလာခဲ့ၿပီး အမ်ိဳးသမီး(၃)ဦးမွလည္း တ႐ုတ္နိုင္ငံသားႏွင့္ ေပါင္းသင္းရန္ စည္း႐ုံး ေျပာဆိုကာ လက္မထပ္မီ ဘုန္းႀကီးဆြမ္းကပ္ရန္ မစႏၵာမွ ေငြက်ပ္(၅)သိန္းေပးခဲ့ေၾကာင္း၊ မတ္လ ၃၁ ရက္တြင္ ေနအိမ္၌ ဘုန္းႀကီးဆြမ္းကပ္၍ တ႐ုတ္နိုင္ငံသားႏွင့္အတူ လွိုင္သာယာၿမိဳ႕နယ္၊(၆)ရပ္ကြက္ရွိ ၾကာပန္းတည္းခိုခန္း၌ အတူတည္းခိုေနထိုင္ခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ေသာေၾကာင့္ အေရးယူ ေပးရန္တိုင္တန္းခ်က္အရ ခ်ိေရွာင္ခ်န္းႏွင့္ မႏုႏုခင္ ပါ မ(၄)ဦးတို႔အား ဆိပ္ႀကီးခေနာင္တိုၿမိဳ႕မရဲစခန္း (ပ)၇၉/၂၀၁၉၊ လူကုန္ကူးမႈတားဆီးကာကြယ္ေရးဥပေဒပုဒ္မ ၂၄/၃၂ ျဖင့္ အေရးယူထားေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ရဲဇာနည္
 News Watch

#Unicode Version#
ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(၆)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ရန်ကုန်)မှ တပ်ဖွဲ့ဝင် များသည် မတ်လ ၁ ရက်နေ့ ညနေ ၄ နာရီအချိန် ဆိပ်ကြီးခနောင်တိုမြို့နယ်နေ မ××××(၁၉)နှစ်အား တရုတ်နိုင်ငံသားတစ်ဦးက ငွေကျပ်(၄၅)သိန်းဖြင့် ပွဲစားအမျိုးသမီးတစ်ဦးနှင့် ဆက်သွယ်ဝယ်ယူခဲ့ကြောင်း သတင်းအရ မ××××အား သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။

မေးမြန်းချက်အရ ၎င်းအား လွန်ခဲ့သော ၅ ရက်ခန့်က လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်နေ မနုနုခင်(၃၃)နှစ်က တရုတ်အမျိုးသား ချိရှောင်ချန်း(၃၃)နှစ်(ပတ်စပို့စ်နံပါတ် EE-9755725၊ ဗီဇာနံပါတ် 1A-219954၊ အလည်အပတ်ဗီဇာ၊ သက်တမ်း ၂၃-၃-၂၀၁၉ မှ ၂၂-၄-၂၀၁၉ ထိ) လီလင် မြို့၊ ဟူနန်ပြည်နယ်၊ တရုတ်နိုင်ငံနေသူနှင့် လက်ထပ်ပေါင်းသင်းပါက ငွေကျပ်(၄၅)သိန်းရမည် ဖြစ်ကာ တစ်နှစ်ပေါင်းသင်းပြီးပါက မြန်မာနိုင်ငံသို့ ပြန်လာရမည်ဟု ပြောဆိုသဖြင့် စားဝတ်နေရေး အခက်အခဲကြောင့် သဘောတူလက်ခံခဲ့ကြောင်း၊ မတ်လ ၃၀ ရက်နေ့တွင် မနုနုခင်မှ တရုတ်နိုင်ငံ သားနှင့် တွေ့ဆုံပေးရန်ခေါ်သဖြင့် ၎င်းမှ မိခင်ဖြစ်သူ ဒေါ်×××× နှင့်အတူ လှိုင်သာယာမြို့နယ်ရှိ စားသောက်ဆိုင်(စိစစ်ဆဲ)သို့ သွားရောက်ခဲ့ကြောင်း။

အဆိုပါဆိုင်၌ တရုတ်နိုင်ငံသား ချိရှောင်ချန်းနှင့်အတူ ကျောက်တံတားမြို့နယ်နေ မစန္ဒာ(၄၈) နှစ်ပါ မ (၃)ဦး လိုက်ပါလာခဲ့ပြီး အမျိုးသမီး(၃)ဦးမှလည်း တရုတ်နိုင်ငံသားနှင့် ပေါင်းသင်းရန် စည်းရုံး ပြောဆိုကာ လက်မထပ်မီ ဘုန်းကြီးဆွမ်းကပ်ရန် မစန္ဒာမှ ငွေကျပ်(၅)သိန်းပေးခဲ့ကြောင်း၊ မတ်လ ၃၁ ရက်တွင် နေအိမ်၌ ဘုန်းကြီးဆွမ်းကပ်၍ တရုတ်နိုင်ငံသားနှင့်အတူ လှိုင်သာယာမြို့နယ်၊(၆)ရပ်ကွက်ရှိ ကြာပန်းတည်းခိုခန်း၌ အတူတည်းခိုနေထိုင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သောကြောင့် အရေးယူ ပေးရန်တိုင်တန်းချက်အရ ချိရှောင်ချန်းနှင့် မနုနုခင် ပါ မ(၄)ဦးတို့အား ဆိပ်ကြီးခနောင်တိုမြို့မရဲစခန်း (ပ)၇၉/၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:ရဲဇာနည်

 News Watch
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top