ၿပီးခ့ဲတ့ဲရက္ပိုင္းက ေဒၚေအာင္ဆန္းစုၾကည္ ဧရာဝတီတိုင္းကို လာေရာက္တ့ဲခရီးစဥ္ၿပီးေတာ့ မအူပင္ကေန ညဘက္ႀကီး ကားနဲ႔ ျပန္လာၾကတယ္။

ကားေပၚမွာ သတင္းေထာက္ေတြစကားေျပာၾကရင္း တေယာက္ကကားဆရာ သတင္းေထာက္ပခံုးကုိပုုတ္ၿပီး “ေ႐ွ႕မွာ ေ႐ွ႕မွာ”ဆိုၿပီး အေမွာင္ထဲကို လက္ညႇိဳးထိုးျပတယ္။

အဲဒါနဲ႔ ကားဆရာလည္း အ႐ွိန္ေလ်ွာ့ျ့ပီးအေမွာင္ထဲကို ေသခ်ာၾကည့္ေတာ့ ေရာင္ျပန္မပါ ဘာမပါနဲ႔ တအိအိေမာင္းေနတ့ဲ
ဒိန္းေဒါင္း (ေထာ္လာဂ်ီ) ျဖစ္ေနတယ္။ဒိန္းေဒါင္းေပၚမွာ လူက ၅ ေယာက္ေလာက္ ဝိုင္းထိုင္ၿပီး သီခ်င္းတေအးေအးနဲ႔ ဆိုေတာင္ေနေသးတယ္။

အရွိန္နဲ႕ ဝင္သာက်ံဳးမိရင္ အ့ဲလူေတြလည္း ဂန္႔၊ ကားဆရာလည္း ဘဝတကၠသိုလ္ သြားရမယ့္ကိန္း။ ကား၊ ဆိုင္ကယ္မွာကပ္တ့ဲ စတစ္ကာေရာင္ျပန္တစ္ခ်ပ္မွ ဘယ္ေလာက္မွ မ႐ွိပါဘူး။ တစ္ေထာင္ဖိုးေလာက္ဝယ္ရင္ အမ်ားႀကီးကပ္လုိ႔ရတယ္။

အခုက ဘာေရာင္ျပန္မွ မပါ၊ မီးမပါနဲ႔ပုသိမ္ – ရန္ကုန္လမ္းလို လမ္းဆိုးလမ္းက်ဥ္းေပၚမွာ ဒိန္းေဒါင္းေတြ ထင္သလိုတက္ေမာင္းေနတာ အႏၱရာယ္ကို ဖိတ္ေခၚေနတာပါပဲ။

“အသက္ကို ဥာဏ္ေစာင့္ပါတယ္”။ ဒိန္းေဒါင္းေမာင္းတ့ဲ ေတာသူေတာင္သားမ်ား မိမိအသက္အႏၱရာယ္ထိခိုက္ရေလာက္ေအာင္ မမိုက္မဲသင့္ဘူး ထင္မိတယ္။ ေမာင္းမယ္ဆို ေရာင္ျပန္ေလးေတြ ကပ္ဖို႔သင့္တယ္။ ေရာင္ျပန္ကပ္ဖို႔က ပုသိမ္ – ရန္ကုန္ လမ္းေပၚတက္ေမာင္းတ့ဲ ဒိန္းေဒါင္းအျပင္ ဆိုက္ကား၊ စက္ဘီးေတြလည္း ကပ္ဖို႔ကို ဌာနဆိုင္ရာအဖြဲ႔အစည္းမ်ား ၾကပ္မတ္ေပးသင့္တယ္။

“ခင္ဗ်ားတို႔ အသက္အႏၱရာယ္ ထိခိုက္မွာစိုးလို႔ ဒါေတြလုပ္ခိုင္းတာပါ”ဆိုတာမ်ိဳး အစိုးရအေနနဲ႔ ပညာေပးသင့္ပါတယ္။ဒီလိုၾကပ္မတ္ေပးျခင္းဟာ ယာဥ္စည္းကမ္း နားမလည္တ့ဲ ေတာင္သူလယ္သမားမ်ား ေဘးကင္းေရးအျပင္ ရန္ကုန္ – ပုသိမ္လမ္းေပၚမွာ သြားလာေနၾကတ့ဲ ခရီးသြားျပည္သူေတြ ေဘးကင္းေရးအတြက္လည္း အရမ္းအေရးႀကီးပါတယ္။အစိုးရအေနနဲ႔ လုပ္ေဆာင္ဖို႔လည္း မခဲယဥ္းဘူးလို႔ ထင္မိပါတယ္။

ရန္ကုန္ – ပုသိမ္လမ္းမေပၚ သြားလာေနၾကတ့ဲ ခရီးသြားျပည္သူမ်ား ေဘးကင္းၾကပါေစ….(စာေရးသူ Salai Zamte ၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေဖာ္ျပထားေသာပို႔စ္ကို ခြင့္ျပဳခ်က္ေတာင္း၍ ကူးယူ ေဖာ္ျပျခင္းျဖစ္ပါသည္။)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: bamakhit

#Unicode Version# ျဖင့္ဖတ္ပါ ။

ပြီးခဲ့တဲ့ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်းကို လာရောက်တဲ့ခရီးစဉ်ပြီးတော့ မအူပင်ကနေ ညဘက်ကြီး ကားနဲ့ ပြန်လာကြတယ်။

ကားပေါ်မှာ သတင်းထောက်တွေစကားပြောကြရင်း တယောက်ကကားဆရာ သတင်းထောက်ပခုံးကိုပုတ်ပြီး “ရှေ့မှာ ရှေ့မှာ”ဆိုပြီး အမှောင်ထဲကို လက်ညှိုးထိုးပြတယ်။

အဲဒါနဲ့ ကားဆရာလည်း အရှိန်လျှော့ြ့ပီးအမှောင်ထဲကို သေချာကြည့်တော့ ရောင်ပြန်မပါ ဘာမပါနဲ့ တအိအိမောင်းနေတဲ့
ဒိန်းဒေါင်း (ထော်လာဂျီ) ဖြစ်နေတယ်။ဒိန်းဒေါင်းပေါ်မှာ လူက ၅ ယောက်လောက် ဝိုင်းထိုင်ပြီး သီချင်းတအေးအေးနဲ့ ဆိုတောင်နေသေးတယ်။

အရှိန်နဲ့ ဝင်သာကျုံးမိရင် အဲ့လူတွေလည်း ဂန့်၊ ကားဆရာလည်း ဘဝတက္ကသိုလ် သွားရမယ့်ကိန်း။ ကား၊ ဆိုင်ကယ်မှာကပ်တဲ့ စတစ်ကာရောင်ပြန်တစ်ချပ်မှ ဘယ်လောက်မှ မရှိပါဘူး။ တစ်ထောင်ဖိုးလောက်ဝယ်ရင် အများကြီးကပ်လို့ရတယ်။

အခုက ဘာရောင်ပြန်မှ မပါ၊ မီးမပါနဲ့ပုသိမ် – ရန်ကုန်လမ်းလို လမ်းဆိုးလမ်းကျဉ်းပေါ်မှာ ဒိန်းဒေါင်းတွေ ထင်သလိုတက်မောင်းနေတာ အန္တရာယ်ကို ဖိတ်ခေါ်နေတာပါပဲ။

“အသက်ကို ဉာဏ်စောင့်ပါတယ်”။ ဒိန်းဒေါင်းမောင်းတဲ့ တောသူတောင်သားများ မိမိအသက်အန္တရာယ်ထိခိုက်ရလောက်အောင် မမိုက်မဲသင့်ဘူး ထင်မိတယ်။ မောင်းမယ်ဆို ရောင်ပြန်လေးတွေ ကပ်ဖို့သင့်တယ်။ ရောင်ပြန်ကပ်ဖို့က ပုသိမ် – ရန်ကုန် လမ်းပေါ်တက်မောင်းတဲ့ ဒိန်းဒေါင်းအပြင် ဆိုက်ကား၊ စက်ဘီးတွေလည်း ကပ်ဖို့ကို ဌာနဆိုင်ရာအဖွဲ့အစည်းများ ကြပ်မတ်ပေးသင့်တယ်။

“ခင်ဗျားတို့ အသက်အန္တရာယ် ထိခိုက်မှာစိုးလို့ ဒါတွေလုပ်ခိုင်းတာပါ”ဆိုတာမျိုး အစိုးရအနေနဲ့ ပညာပေးသင့်ပါတယ်။ဒီလိုကြပ်မတ်ပေးခြင်းဟာ ယာဉ်စည်းကမ်း နားမလည်တဲ့ တောင်သူလယ်သမားများ ဘေးကင်းရေးအပြင် ရန်ကုန် – ပုသိမ်လမ်းပေါ်မှာ သွားလာနေကြတဲ့ ခရီးသွားပြည်သူတွေ ဘေးကင်းရေးအတွက်လည်း အရမ်းအရေးကြီးပါတယ်။အစိုးရအနေနဲ့ လုပ်ဆောင်ဖို့လည်း မခဲယဉ်းဘူးလို့ ထင်မိပါတယ်။

ရန်ကုန် – ပုသိမ်လမ်းမပေါ် သွားလာနေကြတဲ့ ခရီးသွားပြည်သူများ ဘေးကင်းကြပါစေ….(စာရေးသူ Salai Zamte ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသောပို့စ်ကို ခွင့်ပြုချက်တောင်း၍ ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။)

ဖိုးသူတော် (www.phothutaw.com)
Credit: bamakhit
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top