့ျမန္မာႏွစ္ကူး ၾသကၤန္ပြဲကေတာ့မၾကာမီေရာက္ရွိေတာ့မွာပဲျဖစ္ပါတယ္။ ျမန္မာ လူမ်ိဳးေတြရဲ့ ခ်စ္စရာအေမြအႏွစ္ေတြထဲကတစ္ခု ဆိုလည္း မွားမယ္မထင္ပါဘူးေနာ္။

ျပည္တြင္းေနရာအႏွံ့အျပားမွာ မ႑န္ေတြေဆာက္လုပ္ေနၿပီး ေပ်ာ္ရႊင္စရာေတြနဲ႔ အတူျဖတ္သန္းဖို့ အားလုံးလည္း ျပင္ဆင္ေနၾကၿပီထင္ပါတယ္။

အဆိုပါ ျမန္မာ့ၾသကၤန္ပြဲေလးကို ခ်စ္စရာပုံစံေလးေတြနဲ႔ အလွဆင္ထားတဲ့ ပုံရိပ္ေလးေတြကေတာ့ ပရိသတ္ေတြၾကားမွာ ေရပန္းစားခဲ့တာေတြ႕ရပါတယ္။

လက္ရွိ ရန္ကုန္ႏွစ္သစ္ကူးၾသကၤန္ပြဲအတြက္ ေရကစားမ႑ပ္နဲ႔ ေဖ်ာ္ေျဖေရး မ႑ပ္ မ်ားစြာကို ေဆာက္လုပ္ၿပီးစီးေနၿပီး ျပင္ဆင္မွုအျပည့္အစုံျပဳလုပ္ထားေၾကာင္း သိရပါတယ္။

ရန္ကုန္ၿမိဳ့ရဲ့ အဓိက လူစည္ကားရာေနရာတစ္ခုျဖစ္တဲ့ အင္းလ်ားကန္ေဘာင္ေပၚတြင္ မေန႔က ၾသကၤန္ျပင္ဆင္မွုတစ္ခု ျပဳလုပ္ခဲ့တာေတြ႕ရပါတယ္။ အဆိုပါ ျပင္ဆင္မွုေလးကေတာ့မႏွစ္က စတင္ျပဳလုပ္ခဲ့တဲ့ လမ္းေလၽွာက္ၾသကၤန္ပြဲေလးပဲျဖစ္ပါတယ္။

ခ်စ္စရာ ပုသိမ္ထီးေလးေတြနဲ႔ ျပဳလုပ္ထားၿပီး လက္ရွိသြားေရာက္ ဓာတ္ဖမ္းသူေတြကလည္း မ်ားစြာရွိေနခဲ့တာေတြ႕ရပါတယ္။ မႏွစ္ကထက္ပိုမိုလွပလာၿပီး ျမန္မာ့ၾသကၤန္ပြဲကို

ယဥ္ေက်းသိမ့္ေမြ႕ကာ စည္စည္ကားကားျပဳလုပ္ထားတာေၾကာင့္ လူႀကီးလူငယ္မေရြးလာေရာက္လည္ပတ္သူေတြကိုလည္း ၾကည္ႏူးေစခဲ့တာပဲျဖစ္ပါတယ္။

ခ်စ္စရာေကာင္းတဲ့ အင္းလ်ားကန္ေဘာင္မွ ဒီကေန႔ ပုံရိပ္ေလးေတြကို ခ်စ္ပရိသတ္ေတြအတြက္ မၽွေဝေပးလိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:BBC

#Unicode Version# ျဖင့္ဖတ္ပါ ။

့မြန်မာနှစ်ကူး သြင်္ကန်ပွဲကတော့မကြာမီရောက်ရှိတော့မှာပဲဖြစ်ပါတယ်။ မြန်မာ လူမျိုးတွေရဲ့ ချစ်စရာအမွေအနှစ်တွေထဲကတစ်ခု ဆိုလည်း မှားမယ်မထင်ပါဘူးနော်။

ပြည်တွင်းနေရာအနှံ့အပြားမှာ မဏ္ဍန်တွေဆောက်လုပ်နေပြီး ပျော်ရွှင်စရာတွေနဲ့ အတူဖြတ်သန်းဖို့ အားလုံးလည်း ပြင်ဆင်နေကြပြီထင်ပါတယ်။

အဆိုပါ မြန်မာ့သြင်္ကန်ပွဲလေးကို ချစ်စရာပုံစံလေးတွေနဲ့ အလှဆင်ထားတဲ့ ပုံရိပ်လေးတွေကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တာတွေ့ရပါတယ်။

လက်ရှိ ရန်ကုန်နှစ်သစ်ကူးသြင်္ကန်ပွဲအတွက် ရေကစားမဏ္ဍပ်နဲ့ ဖျော်ဖြေရေး မဏ္ဍပ် များစွာကို ဆောက်လုပ်ပြီးစီးနေပြီး ပြင်ဆင်မှုအပြည့်အစုံပြုလုပ်ထားကြောင်း သိရပါတယ်။

ရန်ကုန်မြို့ရဲ့ အဓိက လူစည်ကားရာနေရာတစ်ခုဖြစ်တဲ့ အင်းလျားကန်ဘောင်ပေါ်တွင် မနေ့က သြင်္ကန်ပြင်ဆင်မှုတစ်ခု ပြုလုပ်ခဲ့တာတွေ့ရပါတယ်။ အဆိုပါ ပြင်ဆင်မှုလေးကတော့မနှစ်က စတင်ပြုလုပ်ခဲ့တဲ့ လမ်းလျှောက်သြင်္ကန်ပွဲလေးပဲဖြစ်ပါတယ်။

ချစ်စရာ ပုသိမ်ထီးလေးတွေနဲ့ ပြုလုပ်ထားပြီး လက်ရှိသွားရောက် ဓာတ်ဖမ်းသူတွေကလည်း များစွာရှိနေခဲ့တာတွေ့ရပါတယ်။ မနှစ်ကထက်ပိုမိုလှပလာပြီး မြန်မာ့သြင်္ကန်ပွဲကို

ယဉ်ကျေးသိမ့်မွေ့ကာ စည်စည်ကားကားပြုလုပ်ထားတာကြောင့် လူကြီးလူငယ်မရွေးလာရောက်လည်ပတ်သူတွေကိုလည်း ကြည်နူးစေခဲ့တာပဲဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ အင်းလျားကန်ဘောင်မှ ဒီကနေ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:BBC
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top