စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ နယ် ဆင်ဂေါင်းကျေးရွာတွင်ဖခင်ဖြစ်သူမှ (၁၄)နှစ်အရွယ်သမီးဖြစ်သူအားအလိုမတူ ဘဲသားမယားအဖြစ်ပြုကျင့်ခဲ့သဖြင့်သမီးဖြစ်သူမှကျေနပ်မှုမရှိ၍ကောလင်းမြို့မရဲစခန်းတွင်အမှု ဖွင့်တိုင်ကြားခဲ့သည်။

ဖြစ်ပွါးပုံမှာ ဖေဖေါ်ဝါရီလ(၂၈)ရက်နေ့ ည(၈)နာရီအချိန်တွင် ကောလင်းမြို့နယ်ဆင်ဂေါင်းကျေးရွာနေမ—-(၁၄)နှစ်အားဖခင်ဖြစ်သူဦးနန်းဝင်းသန်း(ခ)မောင်ငယ်မှရွာအရှ့ ပိုင်းလယ်ကွင်းအတွင်းရှိကောက်ရိုးပုံအားမီးမလောင်စေရန်မီးတားလုပ်ရန်ခေါ်သဖြင့်လိုက်ပါသွားခဲ့ပြီးမီးတားပြုလုပ်ပြီး၍ပြန်မည်ပြုစဉ် ဖခင်ဖြစ်သူဦးနန်းဝင်းသန်း(ခ)မောင်ငယ်မှမ—-အားဆွဲလှဲ၍သားမယားအဖြစ်ပြုကျင့်ခဲ့သည်။


ထိုကဲ့သို့ နောက်နောင်တွင်လည်းသားမယားအဖြစ်ထပ်မံပြုကျင့်လာမည်ကိုစဉ်းစားမိသဖြင့်မ——သည် မတ်လ(၃၁)ရက်နေ့ နံနက်(၃)နာရီအချိန်တွင်ကောလင်းမြို့မရဲစခန်းသို့ သွားရောက်၍မိမိအားအလိုမတူဘဲသားမယားအဖြစ်ပြုကျင့်သုဦးနန်းဝင်းသန်း(ခ)မောင်ငယ်အားအရေးယူပေးပါရန်အမှုဖွင့်လှစ်ခဲ့သည်။

ထို့ ကြောင် ဦးနန်းဝင်းသန်း(ခ)မောင်ငယ်(၃၄)နှစ်(ဘ)ဦးတက်ခါး ဆင်ဂေါင်းကျေးရွာ ကောလင်းမြို့နယ်နေထိုင်သူအားကောလင်းမြို့မရဲစခန်းမှ(ပ)——/၂၀၁၉ပုဒ်မ —–၊အမှုကြီးအမှတ်စဉ်(–)ဖြင့်အမှုရေးဖွင့်ကာဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

#Unicode Version#
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ နယ် ဆင်ဂေါင်းကျေးရွာတွင်ဖခင်ဖြစ်သူမှ (၁၄)နှစ်အရွယ်သမီးဖြစ်သူအားအလိုမတူ ဘဲသားမယားအဖြစ်ပြုကျင့်ခဲ့သဖြင့်သမီးဖြစ်သူမှကျေနပ်မှုမရှိ၍ကောလင်းမြိ့ုမရဲစခန်းတွင်အမှု ဖွင့်တိုင်ကြားခဲ့သည်။

ဖြစ်ပွါးပုံမှာ ဖေဖေါ်ဝါရီလ(၂၈)ရက်နေ့ည(၈)နာရီအချိန်တွင် ကောလင်းမြိ့ုနယ်ဆင်ဂေါင်းကျေးရွာနေမ—-(၁၄)နှစ်အားဖခင်ဖြစ်သူဦးနန်းဝင်းသန်း(ခ)မောင်ငယ်မှရွာအရှ့ပိုင်းလယ်ကွင်းအတွင်းရှိကောက်ရိုးပုံအားမီးမလောင်စေရန်မီးတားလုပ်ရန်ခေါ်သဖြင့်လိုက်ပါသွားခဲ့ပြီးမီးတားပြုလုပ်ပြီး၍ပြန်မည်ပြုစဉ် ဖခင်ဖြစ်သူဦးနန်းဝင်းသန်း(ခ)မောင်ငယ်မှမ—-အားဆွဲလှဲ၍သားမယားအဖြစ်ပြုကျင့်ခဲ့သည်။

ထို့နောက်ဖခင်ဖြစ်သူဦးနန်းဝင်းသန်း(ခ)မောင်ငယ်မှ”နင်ကငါ့သမီးအရင်းမဟုတ်ဘူး၊ဒီကိစ္စဘယ်သူ့မှပြန်မဟြေနဲ့၊ပြန်ဟြေရင်သတ်ပစ်မယ်”ဟုခြိမ်းခြောက်ခဲ့သဖြင့်မ—— မှာမည်သူ့မှမဟြေဘဲနေလာစဉ်မတ်လ(၃)ရက်နေ့ညနေ(၄)နာရီအချိန်တွင်မ——-သည်လယ်တဲသို့ကောက်ရိုးသွားတိုက်စဉ်ဖခင်ဖြစ်သူဦးနန်းဝင်းသန်း(ခ)မောင်ငယ်မှသားမယားအဖြစ်တစ်ကြိမ်ထပ်မံပြုကျင့်ခဲ့ပြန်သည်။

ထိုကဲ့သို့နောက်နောင်တွင်လည်းသားမယားအဖြစ်ထပ်မံပြုကျင့်လာမည်ကိုစဉ်းစားမိသဖြင့်မ——သည် မတ်လ(၃၁)ရက်နေ့နံနက်(၃)နာရီအချိန်တွင်ကောလင်းမြိ့ုမရဲစခန်းသို့သွားရောက်၍မိမိအားအလိုမတူဘဲသားမယားအဖြစ်ပြုကျင့်သုူဦးနန်းဝင်းသန်း(ခ)မောင်ငယ်အားအရေးယူပေးပါရန်အမှုဖွင့်လှစ်ခဲ့သည်။

ထို့ကြောင် ဦးနန်းဝင်းသန်း(ခ)မောင်ငယ်(၃၄)နှစ်(ဘ)ဦးတက်ခါး ဆင်ဂေါင်းကျေးရွာ ကောလင်းမြိ့ုနယ်နေထိုင်သူအားကောလင်းမြိ့ုမရဲစခန်းမှ(ပ)——/၂၀၁၉ပုဒ်မ —–၊အမှုကြီးအမှတ်စဉ်(–)ဖြင့်အမှုရေးဖွင့်ကာဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:အစဉ်အလာထူးတဲ့မင်္ဂလာဦးပါ
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top