ဘဝဆိုတာ …?
တွေ့ကြဆုံကြ ခဏလေးပါ
#Unicode Version# ဖြင့်ဖတ်ပါ ။
အခြေအနေတစ်ခုကြောင့် …မတိုက်ဆိုင်လို့ လမ်းခွဲသွားကြရင်ဝမ်းနည်းစရာ မလိုသလိုပြန်ပြီးလည်း မမျှော်လင့်ပါနဲ့
ရေစက်ရှိလို့ ဆုံခဲ့ကြပြီးကံကုန်ရင် လမ်းခွဲကြရမယ် …
ကံမကုန်သေးရင် ပြန်ဆုံတွေ့ဖြစ်ကြမယ်~~~
ဘဝရဲ့လှည့်ကွက်တွေအောက်မှာတစ်ယောက်နဲ့ တစ်ယောက်မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ကြပြီး
မျှော်လင့်မထားတဲ့ ကံကြမ္မာမုန်တိုင်းဖန်တီးလာပြီဆိုရင် ထင်မှတ်မထားတဲ့
အခြေအနေတွေကြောင့်လည်းတစ်ယောက်နဲ့ တစ်ယောက်ဝေးကွာသွားကြရတာပါပဲ
တစ်ကယ်တမ်းကြတော့ ရေစက်ရှိလို့ ဆုံတာထက်
တစ်ယောက်ကို တစ်ယောက်ဝဋ်ကြွေးဆပ်ဖို့ ဆုံဖြစ်ခဲ့ကြတာပါ
အနားမှာ ထွက်ခွါသွားသူကိုကျေးဇူးတင်လိုက်ပါ …
သူကြောင့် ဝဋ်ဒုက္ခမှ လွတ်ကင်းသွားလို့ပါ
ဘဝဆိုတာ …?
ကိုယ်က ချစ်နေပြန်တော့လည်းတစ်ဖက်သားက မုန်းနေပြန်တတ်တယ်
ကိုယ်က မုန်းနေပြန်တော့လည်းတစ်ဖက်သားက ချစ်နေပြန်တတ်တယ်
ချစ်ခြင်းမုန်းခြင်းတွေအောက်မှာသိပ်ပြီးတော့လည်း လိုက်ခံစားမနေပါနဲ့
တွေ့ကြဆုံကြ ခဏလေးပါ
နေရတဲ့အချိန်လေးမှာကိုယ့်ကြောင့်လည်း သူတစ်ပါး စိတ်မဆင်းရဲစေနဲ့
သူတစ်ပါကြောင့်လည်းကိုယ့်ကိုယ်ကို စိတ်ညစ်မခံပါနဲ့
ကိုယ့်ကိုယ်ကို အေးချမ်းစွာနေရင်းဘဝလမ်းခရီးကို အကောင်းမြင်တတ်တဲ့ မျက်လုံး
စာနာတတ်တဲ့ နှလုံးသားကူညီတတ်တဲ့ လက်တစ်စုံနဲ့လျှောက်လှမ်းကြပါ
ဖိုးသူတော် (www.phothutaw.com)
Credit:အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
Home
»
ချစ်ရေးချစ်ရာ
»
ဗဟုသုတ
»
အထွေထွေ
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။