ရန္ကင္း ဆီဒိုးနားဟိုတယ္အနီး Star Villa (Sunian Park) ကြန္ဒိုအေရာင္းျပပြဲ
×

ဘယ္ေနရာကိုေရာက္ေရာက္ ဆယ္လ္ဖီဓါတ္ပုံရိုက္ကူးသူေတြအေနနဲ႔ ထိုင္းနိုင္ငံ ဖူခက္ေရာက္ရင္ သတိထားရမယ့္ သတင္းျဖစ္ပါတယ္။ ထိုင္းနိုင္ငံ ဖူခက္ရွိ ေလယာဥ္အတက္အဆင္း လမ္းေၾကာင္းတြင္ ဆယ္လ္ဖီဓါတ္ပုံ ရိုက္ကူးမွုေတြ႕ရွိပါက အျမင့္ဆုံး ျပစ္ဒဏ္ ေသဒဏ္ထိ ခ်မွတ္နိုင္သည္ဟု ဧၿပီလ ၈ ရက္ေန႔က ဘန္ေကာက္ပို႔စ္ သတင္းတြင္ ေဖာ္ျပပါရွိသည္။

ဖူခက္စီရင္စုရွိ  မိုင္ေခါကမ္းေျခသည္ ေလယာဥ္ကြင္းအတက္အဆင္းေျပးလမ္းနဲ႔ နီးကပ္ၿပီး နိုင္ငံျခားခရီးသြားမ်ားက ေလယာဥ္အတက္အဆင္းခ်ိန္မ်ားတြင္ ေနာက္ခံထားကာ ဆယ္လ္ဖီရိုက္ၿပီး အြန္လိုင္းေပၚတင္ရာမွ ပို၍ပို၍ နာမည္ႀကီးသည့္ ေနရာတစ္ခု ျဖစ္လာခဲ့ပါတယ္။

သတင္းတြင္ေဖာ္ျပခ်က္အရ ယင္းကဲ့သို႔ ဆယ္လ္ဖီရိုက္ျခင္းကို ေလေၾကာင္းလုံျခဳံေရးက ခြင့္ျပဳေတာ့မည္ မဟုတ္ေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။
အခုလို တားျမစ္ပိတ္ပင္ရျခင္းမွာ ေလယာဥ္ေမာင္းခန္းထဲမွ ေလယာဥ္မွူးေတြ အျမင္အာ႐ုံမွားနိုင္သည့္ အလင္းေရာင္၊ အထူးသျဖင့္ ညအခ်ိန္ခါမ်ားတြင္ ျဖစ္တတ္သျဖင့္ ေလေၾကာင္းေဘးကင္းလုံျခဳံေရးအရ ေလယာဥ္ေျပးလမ္းတစ္ေလၽွာက္ ဆယ္လ္ဖီရိုက္ကူးမွုကို တားျမစ္လိုက္ရေၾကာင္း ဖူခက္အျပည္ျပည္ဆိုင္ရာေလဆိပ္မွ ဒုဥကၠ႒ Vijit Kaewsaiteam က ေျပာဆိုခဲ့သည္။

အပန္းေၿဖ ကၽြန္းေပၚရွိ ေလဆိပ္အနီး ကန႔္သတ္နယ္ေျမအသစ္တစ္ခု ေဖာ္ေဆာင္ေနၿပီး အဆိုပါနယ္ေျမထဲသို႔ က်ဴးေက်ာ္ဝင္ေရာက္ကာ ဓါတ္ပုံရိုက္ကူးပါက အျပစ္ေပးခံရမည္ျဖစ္ေၾကာင္း ဖူခက္ေလဆိပ္ အႀကီးအကဲျဖစ္သူ Wichit Kaeothaithiam က ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က ေျပာၾကားခဲ့သည္။

ယင္းကဲ့သို႔ နယ္ေျမကန႔္သတ္ တားျမစ္ပိတ္ပင္မွုမ်ားကို ေဝဖန္မွုမ်ားအေပၚ Wichit က ေလဆိပ္အေနနဲ႔ နိုင္ငံျခားသားခရီးသြားလာမွုမ်ားကို ျမႇင့္တင္ရမည္ျဖစ္သလို တစ္ခ်ိန္တည္းမွာပဲ ေလေၾကာင္းလိုင္းမ်ားရဲ့ လုံျခဳံေရးကိုလည္း ကာကြယ္သြားရမည္ျဖစ္ေၾကာင္း ျပန္လည္ ေျပာဆိုခဲ့သည္။

ခ်ိဳးေဖာက္သူမ်ားကို ေလေၾကာင္းဥပေဒအရ အျပစ္ေပးမွာျဖစ္ၿပီး အျမင့္ဆုံး ေသဒဏ္ထိ ခ်မွတ္နိုင္ေၾကာင္း Wichit Kaeothaithiam က ေျပာၾကားခဲ့သည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Popolay
#Unicode Version#
ဘယ်နေရာကိုရောက်ရောက် ဆယ်လ်ဖီဓါတ်ပုံရိုက်ကူးသူတွေအနေနဲ့ ထိုင်းနိုင်ငံ ဖူခက်ရောက်ရင် သတိထားရမယ့် သတင်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဖူခက်ရှိ လေယာဉ်အတက်အဆင်း လမ်းကြောင်းတွင် ဆယ်လ်ဖီဓါတ်ပုံ ရိုက်ကူးမှုတွေ့ရှိပါက အမြင့်ဆုံး ပြစ်ဒဏ် သေဒဏ်ထိ ချမှတ်နိုင်သည်ဟု ဧပြီလ ၈ ရက်နေ့က ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြပါရှိသည်။

ဖူခက်စီရင်စုရှိ  မိုင်ခေါကမ်းခြေသည် လေယာဉ်ကွင်းအတက်အဆင်းပြေးလမ်းနဲ့ နီးကပ်ပြီး နိုင်ငံခြားခရီးသွားများက လေယာဉ်အတက်အဆင်းချိန်များတွင် နောက်ခံထားကာ ဆယ်လ်ဖီရိုက်ပြီး အွန်လိုင်းပေါ်တင်ရာမှ ပို၍ပို၍ နာမည်ကြီးသည့် နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

သတင်းတွင်ဖော်ပြချက်အရ ယင်းကဲ့သို့ ဆယ်လ်ဖီရိုက်ခြင်းကို လေကြောင်းလုံခြုံရေးက ခွင့်ပြုတော့မည် မဟုတ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
အခုလို တားမြစ်ပိတ်ပင်ရခြင်းမှာ လေယာဉ်မောင်းခန်းထဲမှ လေယာဉ်မှူးတွေ အမြင်အာရုံမှားနိုင်သည့် အလင်းရောင်၊ အထူးသဖြင့် ညအချိန်ခါများတွင် ဖြစ်တတ်သဖြင့် လေကြောင်းဘေးကင်းလုံခြုံရေးအရ လေယာဉ်ပြေးလမ်းတစ်လျှောက် ဆယ်လ်ဖီရိုက်ကူးမှုကို တားမြစ်လိုက်ရကြောင်း ဖူခက်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဒုဥက္ကဋ္ဌ Vijit Kaewsaiteam က ပြောဆိုခဲ့သည်။

အပန်းဖြေ ကျွန်းပေါ်ရှိ လေဆိပ်အနီး ကန့်သတ်နယ်မြေအသစ်တစ်ခု ဖော်ဆောင်နေပြီး အဆိုပါနယ်မြေထဲသို့ ကျူးကျော်ဝင်ရောက်ကာ ဓါတ်ပုံရိုက်ကူးပါက အပြစ်ပေးခံရမည်ဖြစ်ကြောင်း ဖူခက်လေဆိပ် အကြီးအကဲဖြစ်သူ Wichit Kaeothaithiam က ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြောကြားခဲ့သည်။

ယင်းကဲ့သို့ နယ်မြေကန့်သတ် တားမြစ်ပိတ်ပင်မှုများကို ဝေဖန်မှုများအပေါ် Wichit က လေဆိပ်အနေနဲ့ နိုင်ငံခြားသားခရီးသွားလာမှုများကို မြှင့်တင်ရမည်ဖြစ်သလို တစ်ချိန်တည်းမှာပဲ လေကြောင်းလိုင်းများရဲ့ လုံခြုံရေးကိုလည်း ကာကွယ်သွားရမည်ဖြစ်ကြောင်း ပြန်လည် ပြောဆိုခဲ့သည်။

ချိုးဖောက်သူများကို လေကြောင်းဥပဒေအရ အပြစ်ပေးမှာဖြစ်ပြီး အမြင့်ဆုံး သေဒဏ်ထိ ချမှတ်နိုင်ကြောင်း Wichit Kaeothaithiam က ပြောကြားခဲ့သည်။


ဖိုးသူတော်(www.phothutaw.com)
Credit:Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top